သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 6, 2013

ဂါဗင်ဟိုနှင့် ချာမတ်တို့ အာဆင်နယ်မှ ထွက်ခွာမည်

ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ ထိပ်တန်းအသင်း တစ်သင်းဖြစ်သည့် အာဆင်နယ် အသင်း၏ ရှေ့တန်း တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်သော ဂါဗင်ဟိုနှင့် ချာမတ်တို့သည် အာဆင်နယ် အသင်းမှ ထွက်ခွာမည်ဟု အသင်း နည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့ကြောင်း BBC သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အာဆင်နယ်အသင်း နည်းပြ အာဆင်ဝင်းဂါးက “ဂါဗင်ဟိုက ရိုးမား အသင်း ကို ပြောင်းမယ်။ ချာမတ်က ခရစ်စတယ်ပဲလေ့စ်အသင်းကို ပြောင်းမယ်” ဟု ပြောကြားခဲ့သည်။

ဂါဗင်ဟိုမှာ အီတလီ စီးရီးအေကလပ် ရိုးမား အသင်း သို့ ပြောင်းရွှေ့ကြေး ပေါင် ၆ ဒသမ ၉ သန်းဖြင့် ပြောင်းရွှေ့မည်ဖြစ်ပြီး ချာမတ်မှာမူ ခရစ်စတယ်ပဲလေ့စ်အသင်းသို့ အငှား သို့မဟုတ် အပြီးပြောင်းရွှေ့မည် ဆိုသည်ကို မသိရသေးကြောင်း BBC သတင်းဌာန က ဖော်ပြထားသည်။

ရိုးမားအသင်းနှင့် ဆေးစစ်ဆေးမှု ခံယူရန်အတွက် အီတလီနိုင်ငံ ရောမမြို့ သို့ ရောက်ရှိလာသော ဂါဗင်ဟိုက “ကျွန်တော် အရမ်းပျော်ပါတယ်။ ဒါက ကျွန်တော့်အိပ်မက်ပါပဲ” ဟု အီတလီ သတင်းစာ Gazzetta Dello Sport သို့ ပြောကြားခဲ့သည်။

ဂါဗင်ဟိုသည် ၂၀၁၁ ခုနှစ်တွင် လိုင်လီအသင်းမှ နေ၍ အာဆင်နယ် အသင်းသို့ ပေါင် ၁၁ သန်း ဝန်းကျင်ဖြင့် ပြောင်းရွှေ့လာပြီးနောက် ပြိုင်ပွဲ အရပ်ရပ်တွင် ၆၃ ပွဲ ပွဲထွက် ကစားခွင့် ရခဲ့ပြီး အသင်းအတွက် ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ချာမတ်မှာလည်း ၂၀၁၀ ပြည့်နှစ်တွင် ပြင်သစ်လီဂူး ကလပ် ဘော်ဒိုးအသင်းမှ နေ၍ အာဆင်နယ် အသင်းသို့ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာပြီး နောက် ပထမဆုံး ရာသီတွင် ပြိုင်ပွဲ အရပ်ရပ်၌ အသင်းအတွက် ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့ ပြီး နောက်ပိုင်းတွင် ပွဲထွက် ကစားခွင့် နည်းပါးခဲ့သလို ပြီးခဲ့သော ရာသီတွင် လည်း ဝက်စ်ဟမ်း အသင်း၌ အငှားဖြင့် ထွက်ကစားခဲ့ရသည်။

အာဆင်နယ် အသင်းမှာ ယခုနှစ် ရာသီတွင် အသင်း၏ တိုက်စစ်ပိုင်းကို ပိုမို အင်အား တောင့်တင်းစေရန်အတွက် ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဟီဂူအင်ကို ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း အီတလီ စီးရီးအေကလပ် နာပိုလီ အသင်းက ကြားဖြတ် ခေါ်ယူသွားခဲ့သည်။ လီဗာပူးလ်အသင်း တိုက်စစ်မှူး လူးဝစ္စဆွာရတ်ကို ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံ ထားရသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D