၃၀.၃.၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရွှေပြည်သာမြို့နယ်နေ ဦးသန်းအေးသည် သမီးဖြစ်သူ
မ----- အား ရွှေပြည်သာမြို့နယ်နေသူများဖြစ်သည့် မမာမာဦး၊
မအေးမြတ်မွန်(ခ)အငယ်လေးနှင့်
မစိုးစိုး (စိစစ်ဆဲ)တို့ (၃)ဦးမှ စည်းရုံးခေါ်ဆောင်သွားပြီး လာရှိုးမြို့၊
အားကစားကွင်း အနီး၌ကြိုတင်ရောက်ရှိနေသူ သားငယ်(စိစစ်ဆဲ)နှင့်အတူ
လားရှိုးမြို့၊ (၉)ရပ်ကွက်နေ မစုစုခိုင်ထွေး ၏နေအိမ်သို့ပို့ဆောင်ခဲ့
ကြောင်း၊ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ခိုးဝင်ပြီး
ရွှေလီမြို့၊ အန်ဝှေ့ရပ် ကွက်ရှိ မရှမ်းမ(စိစစ်ဆဲ)၏ နေအိမ်သို့
ပို့ဆောင်ခဲ့ကြောင်း မရှမ်းမနှင့် ခင်ပွန်းဖြစ်သူတို့က သမီးဖြစ်သူအား
တရုတ်အမျိုးသား (၂)ဦးထံ ရောင်းစားခဲ့ကြကြောင်းတို့ကို ရွှေလီမြို့၌
သမီးဖြစ်သူနှင့်
တွေ့ခဲ့သော မဇာခြည်စိမ့်စိမ့်ကျော်မှ ၂၀.၇.၂၀၁၃ နေ့တွင်နေအိမ်
အနီးရှိဖုန်းဆိုင်သို့ဆက် သွယ် အကြောင်းကြားပေး လာသဖြင့်
သိရှိခဲ့ရသောကြောင့် သမီးဖြစ်သူအား စည်းရုံးခေါ်ဆောင်ကာ
တရုတ်နိုင်ငံ တွင်ရောင်းစားခဲ့ကြသူများဖြစ်သည့် မမာမာဦး၊
မအေးမြတ်မွန်(ခ)အငယ်လေး၊ မစိုးစိုး၊ သားငယ်၊ မစုစုခိုင်ထွေး၊ မရှမ်းမနှင့်
၎င်း၏ခင်ပွန်းတို့အား အရေးယူပေးပါရန် ၄.၈.၂၀၁၃ ရက်နေ့ တွင်
လှော်ကားနယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် (ပ)၂၃၅/၂၀၁၃၊
လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄ ဖြင့်အမှုဖွင့်ပြီး
စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...