မြန်မာနိုင်ငံ တွင်
လာမည့် ၂၀၁၃ ခုနှစ်
ဒီဇင်ဘာလ တွင် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပပြုလုပ်မည့် ၂၇
ကြိမ်မြောက် အရှေ့တောင်
အာရှ အားကစားပြိုင်ပွဲ ၏ ဖွင့်ပွဲ အခမ်းအနားတွင် ပြိုင်ပွဲဝင် အာဆီယံ
နိုင်ငံများမှ
အနုပညာရှင် ၃၀၀ ကျော်သည် မြန်မာနိုင်ငံ မှ အနုပညာရှင် များနှင့်အတူ ပါဝင်
ဖျော်ဖြေမည်
ဖြစ်ကြောင်း သိရသည်။
ဆီးဂိမ်းဖွင့်ပွဲ
အခမ်းအနား တွင် ထိုင်း
၊ စင်ကာပူ ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊
ကမ္ဘောဒီးယား ၊ ဘရူနိုင်း
နှင့် လာအို အစရှိသော ပြိုင်ပွဲဝင် နိုင်ငံများမှ အနုပညာရှင် စုစုပေါင်း
၃၀၀ ကျော်တို့သည်
ဖွင့်ပွဲ အခမ်းအနား အစီအစဉ်တွင် ပါဝင်သော သီချင်းတစ်ပုဒ် ၌ အိမ်ရှင်
မြန်မာနိုင်ငံ
မှ ယဉ်ကျေးမှု အနုပညာရှင် များနှင့်အတူ တွဲဖက် ဖျော်ဖြေ တင်ဆက် နိုင်ရန်
သက်ဆိုင်ရာ နိုင်ငံများမှ
တေးသွားများ ပေါင်းစပ် ပါဝင်သော သီးချင်း တစ်ပုဒ်ကို ရေးစပ် ဖန်တီး
ထားသည်ဟု ယဉ်ကျေးမှု
ဝန်ကြီးဌာနမှ သိရသည်။
အားကစား ပွဲစဉ်များကို
ရန်ကုန် ၊ မန္တလေး
၊ နေပြည်တော် ၊ ငွေဆောင်ကမ်းခြေ အစရှိသော နေရာ များတွင် ကျင်းပ သွားမည်
ဖြစ်သော်လည်း
ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနား များကိုမူ နေပြည်တော် ရှိ ၀ဏ္ဏသိဒ္ဓိ
အားကစားကွင်း၌
ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး လူအင်အားပေါင်း တစ်သောင်း ခြောက်ထောင်ကျော်
ပါဝင် ဆင်နွှဲကြမည်
ဖြစ်ကြောင်း သိရှိရသည်။
Pyi Chit Thar


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...