“ဖမ်းဆီးရမိတာတွေကတော့
စိတ်ကြွဆေးပြားများတယ်၊ အခုက စိတ်ကြွဆေးပြားခေတ်ဆိုတော့ ဘိန်းဖြူတို့
ဘိန်းဆီခဲတို့ အသုံးပြုမှုကတော့ နည်းပါတယ်”ဟု ရန်ကုန်အနောက်ပိုင်းခရိုင်
မူးယစ်အထူးအဖွဲ့မှ ရဲမှူး ဦးခင်မောင်သိန်း ကပြောသည်။
မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများ၌ ဘိန်းဖြူ၊ဘိန်းဆီ၊ ဆေးခြောက်များထက် စိတ်ကြွဆေးပြားများမှာ အများဆုံး ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။
၂၀၁၃
ခုနှစ် ခုနှစ်လတာကာလအတွင်း စိတ်ကြွဆေးပြားအလုံးရေ ၅ သိန်းခွဲခန့်
ဖမ်းဆီးရမိခဲ့ပြီး တန်ဖိုး
ကျပ်သိန်းပေါင်းနှစ်သောင်းခုနှစ်ထောင်ကျော်ဖိုးခန့်
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ဆီက
ဆေးဆိုင်အချို့မှာတောင် စိတ်ကြွဆေးတွေရောင်းနေတယ်၊ သိတဲ့လူကိုမှ ရောင်းပေး
တယ်လို့ သိရတယ်” ဟု တောင်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ကင်ဆာရောဂါကုသဆေးနှင့်
ချောင်းဆိုးပျောက်ဆေးများကိုလည်း မူးယစ်ဆေးအသွင်ဖြင့် လမ်းဘေးကွမ်းယာ
ဆိုင်၊ ဆေးဆိုင်အချို့၌အလွယ်တကူဝယ်ယူ အသုံးပြုမှုများ ရှိနေကြောင်းကိုလည်း
သိရသည်။
“လူငယ်တွေက
မူးရင်ပြီးရောဆိုတဲ့ သဘောနဲ့ ကင်ဆာပျောက်ဆေးတို့ ချောင်းဆိုးပျောက်ဆေးတို့
ကော်ရှု တာတို့ကို လုပ်နေကြတာ။ တကယ်က မူးယစ်ဆေးလို့ ပြောလို့မရပေမယ့်
အဲဒါတွေအထဲမှာ ပါတဲ့ ဓာတုဗေဒ ကွန်ပေါင်းတွေက လူကိုမူး ဝေစေတယ်”ဟု
ဦးခင်မောင်သိန်းက ဆက်ပြောသည်။ မူးယစ်အထူးအဖွဲ့များအနေဖြင့် သြဂုတ်လအတွင်း၌
မူးယစ်ဆေးဝါးနှင့်ပက်သက်သည့် အသိပညာပေး ဟော ပြောပွဲများ ပြုလုပ်သွားမည်ဟု
သိရှိရသည်။
မူးယစ်ဆေးဝါးဖမ်းဆီးမှုများအနေဖြင့်
အမေရိကန် အလယ်ပိုင်း၊ အရှေ့အာရှနှင့် အရှေ့တောင်အာရှေ ဒသတွင်း၌
ဖမ်းဆီးရရှိမှုများမှာ ၂၀၀၉ ခုနှစ်မှစ၍ ၂ ဆကျော်မြင့်တက်နေသည်ဟု အင်တာနက်
သတင်း များအရ သိရသည်။From : ..မြစ်မခ


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...