သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 6, 2013

နီပေါနိုင်ငံတွင် ဆင်တိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံး

နီပေါနိုင်ငံ ဆာလာဟီခရိုင် အတွင်း ရှိ ဟာရီပါ- ၁ ဒေသ၌ သြဂုတ် ၄ ရက် က ဆင်တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဆင်သည် ခရိုင်အတွင်း အသက် ၃ဝအရွယ်ရှိ ယူပန်ဒရာ မဟာတို ဆိုသူနှင့် နှစ်နှစ်ခွဲ အရွယ် ဟီရီယာမဟာတို တို့အားတိုက်ခိုက်ခဲ့ခြင်း ဖြစ်
သည်။

တိုက်ခိုက်ခံရ

ယူပန်ဒရာသည် ဆင်၏ တိုက်ခိုက် မှုခံရချိန်တွင် ၎င်း၏ လယ်ကွင်းထဲ၌ အိပ်ပျော် နေခဲ့ခြင်းဖြစ်ပြီး ဟီရီယာမှာမူ သူမ၏ နေအိမ် အပြင်၌ အိပ်ပျော်နေစဉ် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးလွတ်မြောက်

ဆင်၏ တိုက်ခိုက်မှု ခံနေရစဉ်အတွင်း သူမ၏ အခြားသော မိသားစုဝင်
များသည် ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြသည်။ မိမိတို့သည် အိမ်ရှေ့၌ ရှိနေစဉ်တွင် ၎င်းဆင်သည် ရုတ်တရက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့မှာ ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း သမီးဖြစ်သူအား မကယ် ဆယ်နိုင်ခဲ့ကြောင်း ဟီရီယာ၏ ဖခင်က ဆင်ဟွာ သတင်းဌာနကို ပြောကြား
ထားသည်။

သေဆုံးခဲ့

၎င်းဆင်၏ တိုက်ခိုက်မှုကြောင့် အခြား ဒေသခံတစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်လအတွင်း အဆိုပါ ခရိုင်၌ ဆင်တိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ပြောကြား ထားသည်။

မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D