ဒေါက်တာဝင်းဇော်နေရာမှာ
ဒေါက်တာ မင်းသိန်း အဖြစ်ထင်ပြီး..ဇာတ်နာအောင်ရေး၊ PM 
မလုပ်တာကိုလဲလုပ်တယ်လုပ်၊ ဒေါက်တာစောလွင်လဲ
PMလုပ်လို့ထွက်ပြေးရ ဆိုပြီး..ဇာတ်နာ အောင်ရေးပြီး 
စွဲဆောင်မှုရအောင်ပြုလုပ်ခဲ့တယ်..ဘာရည်ရွယ်ချက်နဲ့ရေးခဲ့သလဲတော့မသိဘူး…
အဖြစ်မှန်ကိုမမေးဘူး..မသိပဲလိုချင်တာကိုရအောင်ရေးသွားခဲ့တယ်..အသံ Fileပါတင်ထားတာ တွေတွေ့ရတယ်..ဓါတ်ပုံမှာပါရှိသော လက်ရှိအသက်ထင်ရှား ရှိနေသော ဒေါက်တာ ၀င်းဇော် ၏ ရှင်းလင်းချက်……
အဖြစ်မှန်ကိုမမေးဘူး..မသိပဲလိုချင်တာကိုရအောင်ရေးသွားခဲ့တယ်..အသံ Fileပါတင်ထားတာ တွေတွေ့ရတယ်..ဓါတ်ပုံမှာပါရှိသော လက်ရှိအသက်ထင်ရှား ရှိနေသော ဒေါက်တာ ၀င်းဇော် ၏ ရှင်းလင်းချက်……
ကျွန်တော်တို့တစ်တွေလူနာကောက်ကတည်းကပြည်သူတွေရဲ့အသက်ကိုကယ်ဘို့ဆိုတဲ့ရည်ရွယ်ချက်
ပဲဖြစ်ပါတယ်..အခြားရည်၇ွယ်ချက်မရှိပါဘူး..။
 ဓါတ်ပုံဆရာတစ်ဦးရဲ့ ဓါတ်ပုံအရိုက်ခံလိုက်ရလို့သာ
မှတ်တမ်းတင်တဲ့ပုံဖြစ်သွားတာပါ။ ဓါတ်ပုံက ၃-၁၀-၈၈ နေ့ထုတ် Newsweek 
မှာပါလာပြီးနောက်
ကျွန်တော့်ကို MI ခေါ်မေးပါတယ်… (၅)ရက်ကြာပါ တယ်…ကိုစော လွင်ကို (၃) ရက်ကြာေ
 မး 
ပါတယ်….။ခေါ်မမေးခင်အထိတော့..ငါ့ကိုဘယ်တော့လာဖမ်းမလဲဆိုတဲ့စိုးရိမ်စိတ်ကအမြဲရှိနေတာပါ…
အမေးခံပြီးတဲ့နောက်မှာလဲ…ဘဝကိုအေးအေးပဲဖြတ်သန်းနေခဲ့ပါတယ်…
စာစောင်တွေ..Internet
 blog တွေ၊ Media တွေမှာခဏခဏ ပါလာတယ်…တိုင်းပြည်အခြေအနေက
လည်းကိုသူရသိတဲ့ အတိုင်းပဲလေ…။ 
မနှစ်ကအထိမပွင့်လင်းသေးဘူး…ဒီဓါတ်ပုံကခေတ်စားလာတော့..Media
တွေက ရှာဖွေပြီးရေးလာကြတယ်….မဝင်းမော်ဦးမိဘတွေကြတော့ Interview တွေ၊ 
Internet မှာအခြေခံပြီး
ရေးကြတယ်..
ဒီကြားထဲမှာကြယ်တွေကြွေနေတဲ့တိုင်းပြည်ဆိုတဲ့
Internet ဆောင်းပါးနဲ့ဒေါက်တာ ဝင်းဇော် နေရာမှာ ဒေါက်တာ မင်းသိန်း 
အဖြစ်ထင်ပြီး..ဇာတ်နာအောင်ရေး၊PMမလုပ်တာကိုလဲ
လုပ်တယ် လုပ်၊ ဒေါက်တာစောလွင်လဲ PM 
လုပ်လို့ထွက်ပြေးရဆိုပြီး..ဇာတ်နာအောင်ရေးပြီး စွဲဆောင်
မှုရအောင်ပြုလုပ်ခဲ့တယ်..ဘာရည်ရွယ်ချက်နဲ့ရေးခဲ့သလဲတော့မသိဘူး…အဖြစ်မှန်ကိုမမေးဘူး..မသိပဲလိုချင်တာကိုရအောင်ရေးသွားခဲ့တယ်..
အသံ File ပါတင်ထားတာတွေတွေ့ရတယ်…ရှင်းနေရင်
လဲထပ်ရှုပ်နေမှာပဲ..ဒါကြောင့်မရှင်းဖြစ်ခဲ့ဘူး၊ 
ဒေါက်တာစောလွင်မိသားစုကလည်းမရှင်းပဲ၊
ဒါပေမဲ့တစ်ချိန်မှာရှင်းရမည်ဆိုတာသိနေတယ်အခု ပွင့်လင်းလာတဲ့အချိန် ၈၈၈၈ 
နီးလို့အများအာရုံစိုက်တဲ့
အချိန်မှာ ရှင်းတာက ပိုကောင်း တယ်…ဒီကြား 
ထဲဒေါက်တာမြတ်ထူးရာဇာတ်ပြန်လာတာနဲ့တွေ့ တော့ပိုပြီးအဆင်ပြေသွား
တယ်..ရှင်းဘို့အချိန် တန်ပြီ..ငွေရတုလဲတိုင်ပြီပေါ့ နော်..
ဒါကြောင့် 
သမိုင်းအမှန်ကိုပြန်ဖြစ်စေချင်တဲ့ရည်ရွယ်ချက်ပဲရှိပါတယ်..ကျွန်တော်ကိုယ်၌
ကလူရှေ့ကို ထွက်တဲ့အကျင့်မရှိပါဘူး…နောက်ကပဲပံ့ပိုးတဲ့အလုပ်ကိုပဲဝါသနာပါတာ..စလုပ်ကတည်းကဓါတ်ပုံထဲပါအောင်လုပ်ခဲ့တာမဟုတ်ဘူး..ကိုယ်ထက်ပင်ပင်ပမ်းပမ်းနဲ့ထိထိရောက်ရောက်လုပ်ဆောင်တဲ့သူတွေလဲ
အများကြီးပါ….ဒါပေမဲ့..မှတ်တမ်း
 အတင်မခံခဲ့ရပါဘူး…ဒါကြောင့်ဒီပုံနဲ့ပတ်သက်ပြီး အခွင့်အရေး
မယူချင်ဘူး ရှေ့မထွက် ချင်ဘူး…..
ဒါနဲ့ပဲဒီလိုနေတာပါ… နောက်တစ်ခုကလဲ…၂၀၁၂-၂၀၁၃
လောက်မှာဒီမိုကရေစီ အရေး တော်ပုံနဲ့ပတ် သက်ပြီ..ရုပ်ရှင်၊ 
ဇာတ်လမ်းတွေရိုက်မယ်ဆိုပြီစာစောင်၊ဂျာနယ်တွေမှာ
ဒီဓါတ်ပုံကိုခဏ ခဏ 
ဖော်ပြလာကြကထဲကရှင်းချိန်တန်ပြီ..ရှေ့ထွက်ဘို့အချိန်တန်ပြီလို့ယူဆလို့ရှင်းတာပါ….ဆေးကျောင်းသားတစ်ယောက်
(ဆရာဝန်တစ်ယောက်)
 အနေနဲ့လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရမယ့် အချိန်မှာ 
လုပ်ခွင့်ရပြီးလုပ်နိုင်ခဲ့တာကိုပဲကြေနပ်နေမိပါတယ်….
လူသားတစ်ယောက်အနေနဲ့ဆရာဝန်တစ်ယောက်အနေနဲ့သမိုင်းမှာတာဝန်ကျေပြွန်အောင်ဆောင်ရွက်နိုင်တာကိုပဲဂုဏ်ယူမိပါတယ်…။ကျွန်တော်..အဲဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့
“
 ရှင်သန်နေဆဲ “ ဆိုတဲ့စာအုပ်ရေးနေပါတယ်…ပြီးလုပါပြီ…စက်တင်ဘာ ၁၉ 
အမီထွက်ပါမယ်…အဖြစ်အပျက်
တွေကို မှတ်တမ်းတင်တာဖြစ်ပါတယ်…။ 
http://singaporefeelfeel.blogspot.com
FROM-Dr Win Zaw


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...