သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 17, 2013

လောကနီတိ တရားတွေမေ့ပစ်လိုက်တဲ့ ၈၈ ကျောင်းသားတွေ

၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ သမ္မတကြီးတို့ဟာ သမ္မတကြီးရဲ့လယ်တောအိမ်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာကို ကြားရမြင်ရတော့ အနာဂတ်အတွက် လမ်းတွေကောင်းလာပြီဆိုတာကို ယုံကြည်မိလာပါတယ်
 

ဒီတွေ့ဆုံပွဲမှာ အားတတ်စရာ နဲ့ စိတ်ပျက်စရာ ရသနှစ်ခုကိုတပြိုင်နက်တည်း ခံစားမိလိုက်ပါတယ်။ သူတို့တွေ တွေ့တွေ့ချင်းမှာ သမ္မတကြီး ဦးသိန်းစိန်က အပြုံးနဲ့နှုတ်ဆက်ပြီး ဘာများပြောစရာရှိကြလဲမသိဘူး ဆိုတဲ့စကားနဲ့အခမ်းအနားစတင်ခဲ့တယ် ဆိုပဲ ။ဘယ်လောက်တောင် ရိုးရှင်းလိုက်သလဲ ။ သူတို့ တွေ့ဆုံကြတဲ့အခါမှာ ပြည်ထောင်စု ၀န်ကြီးတွေက အကြောင်းအရာတစ်ခုစီ ၊ ခေါင်းစဉ်တစ်ခုစီကိုဆွေးနွေးတိုင်း မတ်တပ်ရပ်ပြီးဆွေးနွေးကြတယ်ဗျာ ။မရှင်းလို့ပြန်မေးတာတွေရှိရင်တောင် ထိုင်နေရာကနေ ထပြီး ရှင်းပြတယ်။
 
ဒါပေမယ့် ၈၈ ကျောင်းသားခေါင်းဆောင်တွေက ဘယ်လိုပြုမူတယ် ဆိုတာကတော့ဗျာ။ ဘာပြောပြော ထိုင်ရာကမထ ထိုင်ခုံလက်တင်ပေါ် တံတောင်းလေးထောက်ပြီး တကယ့် ပညာရှင်တွေလိုလို ဘာလိုလို နဲ့ဗျာ။ အမြင် ရိုင်းတယ်ဗျာ။ မခန့်မလေးစား လုပ်လွန်းရာကျတယ်။ ကျွန်တော်ပြောနေတာ ခေါက်ရိုးကျိုးနေတာတွေ ၊ ကြိုးနီစနစ်တွေ ထွန်းကားတဲ့ ဓလေ့အကြောင်း မဟုတ်ဘူးနော် ။ဒါ.မြန်မာနိင်ငံဗျာ။ ကြီးသူကို လေးစားရမယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည် တောင် သမ္မတကြီးကို တွေ့ရင် အမြဲ အရိုအသေပေးတယ်။ ခရီးဦးကြိုတယ်။ဒါဟာ လူတစ်ယောက်ရဲ့ စိတ်ထဲ ဘယ်လိုနေနေ ကိုယ့်ထက်ရာထူးကြီးသူ အသက်ကြီးသူကိုဦးစားပေးတယ် ။ရိုသေ ကိုင်းရှိုင်းတာ မြန်မာဓလေ့ပါပဲ ။နောက်ပြီး အခုသူတို့တွေ့နေတာက နိုင်ငံဥသျှောင် သမ္မတကြီးပါ ။ပိုပြီးတော့တောင် ရိုသေရမယ်။ အနည်းဆုံးတော့ စိတ်ထဲမှာ ဘယ်လောက်ပဲ မုန်းနေပါစေဦး။မြန်မာ့ဓလေ့နဲ့ လောကနီတိ ကို လေးစားရမှာပေါ့။

အခုတော့ဗျာ ။၈၈ ကျောင်းသားခေါင်းဆောင်တွေလည်းဆိုသေးတယ်ဗျာ ။ လူကြီးသူမ ကိုရိုသေရ ကောင်းမှန်းလည်းမသိ။ နိုင်ငံတော်သမ္မတကိုလည်း အလေးထားရကောင်းမှန်းမသိ။သူတို့ရဲ့ ကိုယ် အမူအရာ ရိုင်းစိုင်းပုံ ကိုကြည့်ပြီး ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဆိုပြီး လောကနီတိတရားတောင် ခေါင်းပါးတာကိုအံသြမိတယ်။ခေါင်းဆောင် ဆိုတဲ့သူတွေ ကိုယ်တိုင်တောင် ဒီလို သမ္မတရဲ့ ဧည့်သည်ဖြစ်တာနဲ့ပဲ လေးစားသမှူမရှိ ၊ယဉ်ကျေးမှူ လည်း နားမလည် ၊လောကနီတိတောင် မသိ/မလိုက်နာနိုင် ပဲ ပြည်ထောင်စု ၀န်ကြီးတွေကိုတောင် ဂရုမစိုက်ပဲ မလေးမစား အမူအရာပြတာကတော့ လောကနီတိသဘောကို ကျောင်းမတတ်ရလို့ ဆင်ခြင်ပေးနိုင်ရင် ထားတော့(တက္ကသိုလ်ကျောင်းသားဟောင်းတွေဖြစ်ပြီး လောကနီတိသဘောတရားမသိတာတော့ မဟုတ်သေးဘူးဗျနော်) ၊မိဘတွေဆီကပဲ အမွေမရခဲ့တာလား. ဘာသာတရား လိုက်စားမှူမရှိခဲ့တာလားပဲ။
 

နောက်တစ်ခုက ရှိသေးသဗျ ။ တခြားတော့ မဟုတ်ဘူး စာဖတ်သူရေ။ဆွေးနွေးပွဲလည်းပြီးရော နေ့လည်စာ စားကြသပေါ့။အဲ စုပေါင်းဓါတ်ပုံရိုက်တော့ ပြဿနာကစတော့တာပဲ ။ဓါတ်ပုံရိုက်ပြီဆိုရင် အကျင့်ပါနေလား မပြောတတ်ပေါင်ဗျာ။၈၈ ခေါင်းဆောင်တွေက ကင်မရာရှေ့မှာ စတိုင်ကျကျ မတ်တပ်ရပ်တော့တာပဲ ။သမ္မတကြီးတို့ကတော့ ပြုံးပြုံးလေးနဲ့ တောသားမြို့တက် တွေကို ကိုယ်ချင်းစာသလို သနားသလို အကြည့်နဲ့ ကြည့်နေမိတော့တာပဲဗျို့။ ဘယ်နှယ့် လက်ကလေးတွေရှေ့ချပြီး သမာဓိလူကြီးတွေပုံနဲ့ ဘေးဘီမကြည့် ရှေ့လူနောက်လူမကြည့် အဆိုးဆုံးကတော့ သမ္မတကြီးနဲ့ပြည်ထောင်စုဝန်ကြီးတွေက သူတို့နောက်ကနေ ရသဗျ။အဲလိုတွေ ရှိသဗျို့ ။သမ္မတကြီးဆိုရင် မင်းကိုနိုင်နဲ့ ကိုကိုကြီးကြားက ကွပ်လပ်လေးမှာ ၀င်ရပ်ပြီး သူတို့လိုလက်ကလေးတောင် ရှေ့ချ စတိုင်မထုတ်နိုင်ပေါ်င်ဗျ ။ဓါတ်ပုံရိုက် လူအထင်ကြီးခံချင်တဲ့ ၈၈ တွေကတော့ သြချသဗျ ။ 
 
အဲဒီလို ဓါတ်ပုံလည်းရိုက်ပြီးရော ဘာပြောကောင်းမလဲ ။မာကီလက်ကို နီလာသိန်းက ဆွဲလို့တဲ့ ။မာကီ ဇနီး စုစုနွေးက ထပေါက်ကွဲတော့တာပဲ ။ဟုတ်တယ်လေ ။နီလာသိန်း က မာကီလက်ကို ဆွဲချိတ်ထားတဲ့ လက်ကိုကြည့်ဦးလေ။တော်ရုံရင်းနှီးမှူနဲ့ ဆွဲချိတ်တဲ့ပုံမှမဟုတ်။သမီးရီးစားတွေ ၊လင်မယားတွေ က ကိုယ့်ကြင်ဖော်ကိုအားကိုးတကြီး ဆွဲချိတ်ထားတဲ့လက်ပုံဖြစ်နေတာကတော့ မိန်းမချင်းသိတာပေါ့လေဗျာ။ 
 
အဲမှာတင် မာကီနဲ့စုစုနွေးလည်း နောင်ဂျိန်တွေ ချကြတယ်ဆိုပဲဗျ။ သိတယ်မလား ၊၈၈ တွေ ခရီးဝေးသွားရင် မိန်းမနဲ့ယောကျာင်္းတွဲသွားခဲ့ရင် ဖောက်ပြန်တတ်တာတွေကလည်း အထင်အရှားကိုးဗျ။ မှတ်မိတယ်မလား ဌေးကြွယ်နဲ့ စန္ဒာမင်းတို့ရဲ့ အရှုပ်တော်ပုံ နောက်မီးနီနီတွေလင်းခဲ့တဲ့ဖြစ်ရပ်ကလည်း ရှိနေတော့ ဒီတစ်ခေါက် ခရီးဝေးသွားတာ ဌေးကြွယ်လည်းပါတယ်ဆိုတော့ မာကီ ကိုများဌေးကြွယ် မြှောက်ပေးသလား အောင်သွယ် ပေးသလား ဆိုပြီး စုစုနွေးက ဒေါသူပုန်ထနေတော့တယ်ဗျို့။ဒီပွဲမှာ နီလာသိန်း နဲ့မာကီတို့ရဲ့ ပြောဆိုမှူက အတော်လေးပွင့်လင်းပုံရတယ်လို့ မျက်မြင်တွေကလည်း ဆိုသဗျ ။

ဂါရဝေါစ တရားလည်းမရှိ ၊ သူတို့ထောင်ကျခဲ့တာကိုပဲ သူရဲကောင်းကြီးလုပ်ပြီးပြောတတ်ဆိုတတ် ၊ ဘာသာခြား တွေဘက်ကပဲ နာတတ် ၊ တစ်ခုခုဖြစ်ရင် စစ်တပ်စနက်လို့ပဲ အော်တတ်တဲ့ ၈၈ ကကျောင်းသား ခေါင်းဆောင်ကြီးများ ၊ ကိုယ်ကျင့်တရားပျက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်ရင်တောင် ကိုယ့်အချင်းချင်း ဇာတ်တူသား စားနေတဲ့ ၈၈ ခေါင်းဆောင်ဆိုသူတွေကိုတော့ တိုင်းပြည်အတွက် သူရဲကောင်းမဟုတ်ပြီလို့ ဆိုချင်သေးသဗျ ။   


From: မောင်မျက်မှန်(Nikon)
MEG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D