ဝိုင်းမော်မြို့ခံတစ်ဦးက “ ဒီတစ်ပတ် နှစ်ပတ်အတွင်း ရွှေမှော်ထဲက အဖွဲ့တွေ ဆန်တွေလာဝယ်တာတွေ့ တယ်၊ အချို့ကလည်း ဆီပုံးလိုက်၊ ဆားအိတ်လိုက် ၀ယ်သွားကြတယ်၊ နန်ဆန်ယန်တစ်ဝိုက် မှာ ရွှေတူးနေ တဲ့ကုမ္ပဏီ တွေအများဆုံးလာဝယ်တာ၊အခါတိုင်းဆိုဒီမြို့ပေါ်က ဈေးသည်တွေကအဲဒီမှော်ထဲကိုသွားရောင်း တာလေ၊ ကြားရတဲ့သတင်းကတော့ KIA အဖွဲ့ကိုပေးရတာလို့ ပြောကြတာပဲ ” ဟု ပြောပြခဲ့ပါသည်။
မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်များတွင်ယခုရက်ပိုင်းအတွင်းဆန်နှင့်ဆီဆိုင်များသို့ပုံမှန်ထက်ရွာနှင့် မှော်ထဲ မှ ဒေသခံများမှ လာရောက်ဝယ်ယူ နေကြကြောင်း၊ ၎င်းဆန်နှင့်ဆီများကို KIA အဖွဲ့အား ဆက်ကြေးငွေ အစား ပေးရခြင်းဖြစ်ကြောင်း၊ KIA မှ ရွှေလုပ်ငန်းရှင်များနှင့် ဒေသခံများဆီမှ ကောက်ခံရရှိသော ဆန်၊ ဆီ နှင့် ဆားများကို ဗဟိုဌာနချုပ် လိုင်ဇာနှင့် လိုင်စင်ပို့စ်စခန်းများသို့ သယ်ယူလျက်ရှိကြောင်း ယင်းနန် ဆန်ယန်ချောင်း တစ်ဝိုက်ရှိ ရွှေတူးဖော်နေသူ ဒေသခံများထံမှ သိရှိရသည်။
“ဟိုတစ်လောက KIA နဲ့အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းမှာ အခုလို ဆန်နဲ့ဆီတွေ ချက်ချင်းဆိုသ လို လိုက်လံစုဆောင်းနေတာ သာမန်သဘော တော့ မဟုတ်နိုင်ဘူး၊ KIA ကအစိုးရနဲ့(၁၆)ရက်နေ့မှာ တွေ့ ဆုံ ဆွေးနွေးပွဲ လုပ်မယ်လို့ကြားတယ်၊ တွေ့ဆုံဆွေးနွေးပွဲက ရလဒ်မကောင်းရင် အစိုးရ တပ်မတွေနဲ့ တိုက်ပွဲဖြစ်နိုင် တယ်လို့ ယူဆထားပုံရပါတယ်၊ ဟိုတလော ကလည်း ပန်ဝါဘက်မှာ ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲဖြစ်ကြတယ်၊ မချမ်းဘော မှာဖြစ်တဲ့တိုက်ပွဲမှာ အစိုးရတပ်က အရာရှိတစ်ယောက်ကို KIA က ခေါင်းဖြတ် သတ်လို့ လိုင်ဇာကို (၄၈) နာရီအတွင်းတိုက်တော့မယ်ဆိုပြီး သတင်းတွေ ထွက်နေတာ လည်းရှိတယ်၊ အဲဒီလို တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေကြပြီး တကယ်လို့ ဖြစ်လာ ခဲ့ရင် ဒေသခံ တိုင်းရင်းသားတွေ ခွေးပြေးဝက်ပြေးနဲ့ ဒုက္ခသည် စခန်းတွေဆီသွားကြရဦးမှာပေါ့ ” ဟု မြစ်ကြီးနားမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြသွားသည်။
စက်တင်ဘာ (၁၂) ရက်နေ့တွင် နန်ဆန်ယန်ချောင်း အနီးတစ်ဝိုက်တွင် ရွှေတူးဖော်နေသော ကုမ္ပဏီနှင့် လုပ်ငန်းရှင်များထံမှ ဆန် (၁၄) အိတ်နှင့် ဆား (၂) အိတ် ကို KIA အဖွဲ့တစ်ဖွဲ့က လာရောက် တောင်းခံ သွားခဲ့ကြောင်း သိရှိရသည်။
ခွန်နော်
FROM-THWAY THIT SAR


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...