သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Showing posts with label အမေကဗျာ. Show all posts
Showing posts with label အမေကဗျာ. Show all posts

Tuesday, October 1, 2013

အမေ့ရင်ခွင်ရဲ့ အဝေးမှာ(ရေး …သံစဉ်ဖြိုး)

တက်လိုက်ကျလိုက်စိတ်ဓာတ်တစ်ချို့ရယ်..
လွမ်းဖျားလွမ်းနာလို့နာမည်တပ်လို့ရတဲ့ခဏခဏနေမကောင်းဖြစ်တာတွေရယ်..

ဘာကြောင့်လည်းလို့မေးခဲ့ရင်တောင်အဖြေမရှိတဲ့
တစ်ချို့ညတွေမှာကျတတ်တဲ့မျက်ရည်တွေရယ် ..

တစ်ခုမကလိုချင်လို့ တစ်ခုခုပေးတော့မလိုလို ဂရုစိုက်မှုတွေရယ် ..

အမြဲတမ်းအဖော်ပြုပေးနေတတ်တဲ့
ခပ်ရင့်ရင့် သန်းခေါင်ကျော်ညတွေရယ် ..

အဲဒါတွေအားလုံးက သမီးဘေးနားမှာ သိုက်သိုက်ဝန်းဝန်း လေးနဲ့ဆိုတော့
အမေ့ရင်ခွင်ကို သမီး မတမ်းတပါဘူး
အဲလိုမျိုးလေးမေ့ချင်ဟန်ဆောင်ထားတာပေါ့ ..

၂၂ နှစ်အမေ့သမီးကို
၃၂ နှစ်လောက်ရှိတဲ့ ရင့်ကျက်မှုမျိုးတွေ လာတောင်းကြတိုင်း
အမေပြောလေ့ရှိတဲ့ ငါ့သမီးကအမေ့မျက်စိထဲမှာ အမြဲကလေးပဲဆိုတဲ့ စကားကိုတော့
တကယ်သတိရတယ် အမေရယ်..

Globalization ဆိုပေမယ့်
သမီးဝမ်းနည်းတိုင်း အမေ့ရင်ခွင်ကိုပြေးလာလို့မရမှတော့
အဲဒီ Globalization ကလည်းအသုံးမ၀င်ပါဘူးအမေရာ..

ဒီလိုနဲ့ အမေ့ရင်ခွင်ရဲ့ အဝေးကသမီး
ကြမ်းလိုက် လွမ်းလိုက် လမ်းခရီးမှာ
တစ်ခုခုဆို အမေ့အသံကိုပဲ ပြန်ကြားယောင်ပြီး
စိတ်ဓာတ်ကို အရောင်ပြန်တင်နေရတယ် အမေရယ်။
 
(သံစဉ်ဖြိုး)

Thursday, September 12, 2013

အမေ့ကို အဝေးတစ်နေရာကနေ လွမ်းနေတဲ့ သား

အမေ့ရင်ခွင် ရဲ့ တနေရာက သား

~~~~~~~~~~~~~~~~~~
နှလုံးသားက ခါးသီး
ရင်ထဲမှာ နာကျည်းနေခဲ့ရတဲ့
နေ့ ရက်တွေ
ကျွန်တော် မှာ မနည်းတော့ပါဘူးအမေ။
ကျွန်တော်ရဲ့ ဘဝ ဒိုင်ယာရီ
မှင်နီတွေ နဲ့ ပြည့်နှက်လို့ 
သူတင်မက
အရောင် မျိုးစုံပါ
ခြယ်သမိခဲ့ပါပြီ။

Sunday, August 25, 2013

အမေ့ဆီ

အမေ...
အမေ့နှလုံးသားအတွက်
ကံကြမ္မာမုဆိုးက
မာန်ပါပါဒုတ်ချိုးပြီး ချွန်လိုက်တဲ့
ဝေဒနာ အဆိပ်လူး
ဆူးကလေးတစ်ချောင်းဟာကျွန်တော်ပါ
အမေ...။
အမေ့မျက်ရည်...
နွေနှစ်စက်
ကြွေသက်တဲ့နှစ်မှာ..
ဧရာဝတီရဲ့ခါးရိုး
သွင်သွင်ကျိုးတဲ့အရပ်ကို ကျောခိုင်း
ဘဝကိုထင်ရာစိုင်းခဲ့
အကြင်နာသမိုင်းရဲ့ ဖတ်စာမှာ
ကျွန်တော်ဟာ

Sunday, August 18, 2013

အမေ

ခရီးတွေ လျှောက်ခဲ့ တာ
နာရီပေါင်း ဘယ်နဲ တော့မလဲ ကွယ်...
အမေ့ပါးပြင်မှာ..
အသားလေးတွေက
တစ်ချို့ နေရာ ပို
တစ်ချို့ နေရာ လို နဲ့ 
အရင်လို အမေ့ အသားအရည် တွေ မစိုတော့ဘူး ။

Thursday, July 18, 2013

" အိမ်အပြန်"


" အိမ်အပြန်"
မျက်ရည်ဆိုတာ...
အမေကိုလွမ်းလို့ကျတဲ့အခါ
ပူတတ်လွန်းတယ်။
အမေဆိုတဲ့ငိုတေးလေးကို
ကြားမိလို့ရပါရဲ့။

Thursday, June 27, 2013

အမေနဲ့အတူတူပါပဲ

အဖေ
မမျှတ တဲ့လောကကြီးထဲမှာ
အဖေ့ရဲ့ ချွေးစက်တွေက
သားသမီးတွေအတွက် မျှမျှတတပါပဲလေ
မှတ်မိသလောက်
ဘာ့အတွက်မှမျက်ရည်မတတ်တဲ့ အဖေ
သားသမီးတွေအတွတ်
 ချစ်ခြင်း မေတ္တာကတော့
အမေနဲ့အတူတူပါပဲ…

ဖေဖေနှင့်မေမေကျမ်းမာပါစေ…

၂၇း၆း၂၀၁၃

ရဲဝင်နိုင်…

Saturday, June 8, 2013

တို့မေမေ

========

ကုလား ထိလျှင် ချက်ချင်းပင်
အသက်ဝင်လာပေ တို့မေမေ...

ကုလားအခေါ် တို့များပေါ်
ဝေဖန်တတ်ပေ တို့မေမေ...

ကုလားအခွင့်အရေး ဝင်တိုက်ပေး
လေးစားလောက်ပေ တို့မေမေ...

ငယ်စဉ်ကာလ ရူးနှမ်းစ
ကုလားနဲ့ ထသလေ တို့မေမေ...

ကုလားနဲ့ရော ပျက်စီးသော
မွတ်ဒေါင်းပိုင်ပေ တို့မေမေ...

ပါတီဝင်များ လွန်လေးစား
ခွေးစကားပြောနေ တို့မေမေ...

ပြည်သူ့သဘော မစောကြော
မောကြောတွေ့နေ တို့မေမေ...

နှစ်ထောင့် ဆယ့်ငါး အတွေးများ
ဝေးဝေးမှာနေ တို့မေမေ...

ပါတီပျက်သုန်း လူကျဆုံး
လောင်းကြေးထပ်မလေ တို့မေမေ...

ကုလားကိစ္စ အဝဝ
လွှတ်ချနိုင်စေ တို့မေမေ...

ကုလားနဲ့တွဲ ခွပ်ဒေါင်းလည်း
ရပ်တည်မှန်ပါစေ တို့မေမေ...

ပြည်သူ့အသည်း ချည်နှောင်တွဲ
(ပြန်ပြီးတော့လေ) ယူတတ်ပါစေ တို့မေမေ

သို့ပါမှပဲ မျိုးရိုးလည်း
မြတ်ဂုဏ်ရှိစေ တို့မေမေ...

မောင်ရစ်ရေးသည်။

Wednesday, May 15, 2013

" အမေ နွေးထွေးမူနဲ့ ခဏလောက်ပွေ့ဖက်ပေးပါနော် "

တခါတလေ....
ဘေးမှာ လူအများကြီးရှိနေပေမယ့်..
အထီးကျန်တယ်လို့ ခံစားနေမိတယ်....။
တခါတလေ...
ပြသနာတချို့ရင်ဆိုင်နေမိတဲ့အချိန်မှာ...
ဘယ်သူမှ ကိုယ့်ကို နားမလည်ကြဘူးလို့ ထင်မြင်နေမိတယ်..။
တခါတလေ...
လောကကြီးရဲ့ အပယ်ခံဘ၀ကို ရောက်ရှိပြီး....
ကိုယ့်ဘ၀ကို ပြန်ပြီးမုန်းတီးနေမိတယ်....။

တခါတလေတိုင်းမှာ...
အထီးကျန်မူ ကို ပြန်ပြီးပျော်ရွင်ပေးနိုင်မည့် ..
အားလုံးထက်ပိုပြီး နားလည်ပေးနိုင်မည့်..
သူမ မျက်နှာကိုမြင်ယောင်ပြီးတမ်းတနေမိတယ်။
 
" အမေ နွေးထွေးမူနဲ့ ခဏလောက်ပွေ့ဖက်ပေးပါနော် "
 

မင်းအလင်္ကာ

တင်ပြီးသား post များ

3D