သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, February 8, 2012

ခိုတစ်ကောင်ရဲ့သီချင်း

အချိန်ရမယ်ဆို ...
မေတ္တာတရားအကြောင်း ပြောပြမယ်
ဉာဏ်ပညာအကြောင်း ဆွေးနွေးမယ်
စိတ်ဝင်စားမယ်ဆို ...
မကျက်တော့တဲ့ ဒဏ်ရာတွေအကြောင်းပြောလို့
တစ်ဦးအနာကို တစ်ဦးက လျှာနဲ့ရက်ပေးရင်း
အချင်းချင်း ရေငုံနှုတ်ပိတ်ပေးသင့် ပေးရမယ်။

ကိုယ့်အကုသိုလ်နဲ့ ကိုယ်
ခဏ ခဏ ကျကွဲနေတဲ့ကောင်
ဒါတောင် အသံမြည်ခွင့် မရခဲ့ ...
ပိုက်ဆံမရှိတဲ့အကြောင်း
ခိုတစ်ကောင်လို ညည်းမနေချင်ဘူး
အဆင်မပြေမှုတွေကတော့
တောက်တဲ့ တစ်ကောင်လို
ခြေမြဲ လက်မြဲ
ဘ၀က သေပေးမှ ကျေအေးမှာလား။

အမြီးတောင် မကျက်သေးဘူး
ခေါင်းစားလိုသူတွေက ခပ်များများ
အဆီတ၀င်းဝင်း ကိုယ်ကျင့်တရားများနဲ့
ဟီးဟီးထ အရှက်မဲ့ စိတ်ဓါတ်များ
ပါးစပ်ဟောင်းလောင်းနဲ့
သွားကြားထိုးတံ တစ်ပွေ့တစ်ပိုက် ဟန်ရေးပြသူများ
ကိုယ့်ထက်နိမ့်တာတွေကို
မော့မော့ကြည့်ရတာ နာတယ်။

လူညံ့အကြောင်းတွေသိဖို့
ငါကိုယ်တိုင် ညံ့ပေးလိုက်ရခြင်းများ
ကမ္ဘာ့သတင်းစာများနဲ့
တန်ဖိုးမဖြတ်နိုင်တဲ့ မနက်စာများ
ဖွတ်ကျောပေါ် ထင်းခွေပြီးချက်ပြုတ်တဲ့ညစာ
ဘာမှ မရှိရင်တော့
ရေသောက် ဗိုက်မောက် အိပ်နေလိုက်ရုံပဲ
တစိမ်းပြင်ပြင် မျက်နှာတွေကြား
အသွေးတူ အသားတူချင်း နင်းတာ ရွံတယ်

နွမ်းနယ်တဲ့ ဦးခေါင်းကိုထူရင်း
အရေခွံလဲ မြွေတစ်ကောင်လို လူးလွန့်
အကောင်သေးပေမယ့် ဇ,ရှိတယ်ဆိုဆို
မြွေပွေးမှန်းသိအောင် အမောက်ထောင်တယ်ဆိုဆို
လမ်းတွေပျောက်နေသရွေ့
လမ်းတွေလျှောက်နေကြဦးမှာဘဲ
လမ်းဟာ
အကြွေစေ့သံ တချွင်ချွင်နဲ့ ...
အိမ်ပြန်ဖို့ လှမ်းနေဦးမယ်ထင်မယ်။

ပိုက်ဆံမရှိတဲ့အကြောင်း
အဆင်ပြေတာ မပြေတာတွေလည်း
ခိုတစ်ကောင်လို ညည်းမနေချင်တော့ဘူး ...။ ။

"လေပြည်"

တစ်နေ့တော့ပြန်လာခဲ့ပါ့မယ် . . . မေမေ

ဟိုးအဝေးမှာ

ကြယ်စင်တွေ..သူတို့စွမ်းသလောက်

မှုန်ပြပြပေမယ့်..“ လင်း ” ပြရှာတယ် မေမေ

ကျွန်တော်ရော...မေမေ့အတွက်

ဘယ်လို သစ္စာတရားတွေနဲ့

ဘယ်လို မေတ္တာတရားတွေနဲ့

“ လင်း ” ပြခဲ့ပြီးပြီလဲဟင် ...

မေမေ

ကျွန်တော်တို့အရပ်မှာ

နေတွေမပွင့်ဘူး .. လတွေမသာဘူး

အချိန်တိုင်းမှာ ဖိနှိပ်စီးပိုးမှုတွေနဲ့

ဘယ်လိုများ နေသာစရာကောင်းမှာတဲ့လဲ

ဂါရ၀တရား နဲ့ ရိုသေမှုဟာ

လူ့ဘုံသမိုင်းမှာ ပျောက်ဆုံးနေလေရဲ့

မေမေသင်ကြားခဲ့သမျှ

ကျွန်တော့်မှာ . . . . နောင်တ ဆိုတာကိုအဖော်ပြုလို့

ခရီးကြမ်းကို ဆက်လက်လွှင့်နေမိဆဲ

မေမေ

ဒီမြေဒီရေဟာ ကျွန်တော့်အတွက်တော့

တမာခါးတွေစိုက်ပျိုးထားတဲ့ ပူပြင်းစူးရှ

ကန္တာရသက်သက်ရယ်ပါ မေမေ

တခမ်းတနား အဆောက်အအုံတွေနဲ့

မီးရထားဖြူဖြူကြီးတွေနဲ့

သူတို့ဟာ စက်ရုပ်တွေများလားမေမေ

အချိန်တန်အိပ် အချိန်တန်စား

ဘ၀ဟာ နေခြင်းလား... သေခြင်းလား

ဘယ်လို အသိတရားမျိုးတွေနဲ့

ကျွန်တော်ဆက်နေထိုင်ရမလဲဟင် မေမေ

Friday, January 27, 2012

ကျေးဇူးပြု၍ ငါ့ကိုချစ်ရင် မုန်းပါ

ကောင်မလေးရေ……..
ငါ့ရင်ခွင်မှာ မင်း တစ်ကိုယ်စာလေးတောင်
ခိုလှုံ ခွင့် မပေးနိုင်ခဲ့ဘူး။
ငါဟာ “တေမိ” မဟုတ်သလို
“အရိယာ”လည်း မဖြစ်သေးပါဘူး။
မင်းခံစားရတဲ့ ဝေဒနာဝါကျတွေအတိုင်း
ဤ သည် မရွေး ငါကိုယ်တိုင်လည်း
ခံစားခဲ့ရဖူးပါတယ်။
ဒါပေမယ့်……….
ဘ၀မှာလိုအပ်ရင် အချစ်ဆိုတာလည်း
တိတ်တိတ်လေး ရှင်သန်ပေးရတယ်။
ကိုယ်တိုင်ဆွဲတဲ့ စည်းမျဉ်းအပြင်ဘက်ကို
ငါဟာ ခြေချော်လက်ချော်လေးတောင်
လျှောက်မကြည့်ဝင့်သူပါကွယ်။
လက်ညှိုးပေါင်းများစွာရဲ့ တံတွေးခွက်ထဲ
ငါကိုယ်တိုင်လည်း မစီးမျောဝံ့သလို
မင်းကိုလည်း မသိမ်းသွင်းချင်ဘူး။
ကောင်မလေးရေ………..
မင်းအိမ်မက်တွေထဲ ငါ့ကိုအလည်မခေါ်ချင်ပါနဲ့
ငါဟာ မင်း မျှော်လင့်တဲ့ အိန်လ်ဂျယ်မဟုတ်ခဲ့ပါဘူးကွယ်။
တကယ်တော့ အချစ်ဆိုတာ
အချစ်ခံရတာထက် ချစ်နေရတာက
ပိုပြီးမွန်မြတ်သန့်စင်ပါတယ်။
ကောင်မလေးရေ….
ကျေးဇူးပြု၍ ငါ့ကိုချစ်ရင် မုန်းလိုက်ပါ။

"ခိုင်နုငယ်"

Friday, December 10, 2010

တွယ်တာလှပေမယ့်

တွယ်တာလှပေမယ့်
ကွယ်ရာကပဲချစ်တော့မယ်

ဆင်ခက်လေတော့
မကြင်ရက်တယ် သခင်ဆိုမလား
ငြိုငြင်ရင် ကိုယ့်အပြစ်ပါပဲ
စိတ်ညစ်တယ် ကွယ် ။ ။

သံယောဇဉ် ခွေကာရစ်ပေမယ့်
ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူ အမူလုပ်ပါလို့
မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်
ရင်တွင်းမှာ မကြည်မွေ့လေတော့
သည်နေ့လည်း စိတ်ညစ်တယ်
သိပ်ချစ်တယ် လို့ မဆိုသာတော့ ။ ။

ပါးစပ် ကပြောရမှာလား
နှုတ်ဖျား က မေတ္တာ မရှိပါဘူး
အကြည့်ဆုံ ဝေဒနာနွေးတွေ က
အကြင်နာ ခြေရာလေးတွေပဲ
အတွေးမှာ ရစ်ဝဲဝဲ နဲ့
ချစ်သည်းရယ် ဘာသာဖြေလို့
မာယာတွေ ဟန်ဆောင်ထိမ်းကာ
သူစိမ်း တွေပေါ့ ။ ။


***************************************************

ဖြောင့်ချက် ( မောင်စိန်ဝင်း )

လွမ်းဖို့ ရှိတာ သိလိုက် ပါကြောင်း
မျက်ရည်ချောင်း မှာ ခေါင်း အုံးလေး မျော နေမှ .....

***************************************************

ချစ်သူသိစေ ( မောင်စိန်ဝင်း )

ပန်းပွင့်ရှိမှ ၊ ရနံ့ ရတာ
မဟုတ်ပါဘူး ၊ ဖူးသည့်ဝတ်ငုံ
ထုံသည့်တစ်ပွင့် ၊ နမ်းခွင့်တစ်ရှိုက်
ရသည့်ခိုက်မှ ၊ ထာဝရတည်
ကာလရှည်လျား ၊ နှလုံးသားမှာ
စွဲမြဲစွာဖြစ် ၊ ထုံနံ့ယစ်ဝေ
ပျံ့ဆွတ်စေ၏ ၊ ချစ်သူသိစေ...။

မျက်နှာတွေ့မှ ၊ မြင်ခွင့်ရတာ
မဟုတ်ပါကွယ် ၊ ဘယ်ကိုသွားသွား
ဘယ်နားရောက်ရောက် ၊ ဘယ်လောက်ဝေးဝေး
အတွေးမှာရှိ ၊ အကြည့်မှာမြင်
သူပဲထင်တယ် ၊ ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ ၊ တွေ့နိုင်ပါ၏
ချစ်သူသိစေ ။

အသံကြားမှ ၊ နားမှာဆတ်ဆတ်
ကြားလာတတ်တာ ၊ မဟုတ်ပါလေ
စမ်းရေသံကြား ၊ သူ့စကားရှိ
ငှက်၏ တေးမှာ ၊ သူ့သံသာတွေ
နှုတ်ခြွေစကား ၊ နားမှာတီးတိုး
ဟိုးးးးးး အရင်လို ၊ ရွှင်ကြည်ချိုမြ
ကြားနေရ၏ ၊ ချစ်သူ သိစေ ။

ချစ်သူသိလေ.....
သတိယလျှင် ၊ ဒေသအကွာ
နေရတာကွဲ ၊ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာ မလဲ
ဘယ်မှာဖြစ်ဖြစ် ၊ တွယ်တာရစ်ငင်
ထာဝရထင်သော ၊ ရင်ထဲ အရိပ်
စွဲလမ်းစိတ်ဖြင့်
အိမ်မက်တိုင်းမှာ ရှိနေသူ ။ ။

********************************************************

Sunday, November 28, 2010

ဒီတစ်ခါတွေ့ရင် ပြောလိုက်ပါ့မယ်

Tuesday, March 23rd, 2010

ဒီတစ်ခါတွေ့ရင် ပြောလိုက်ပါ့မယ်

မတွေ့လိုက်ဘူးဆိုတဲ့ အကြောင်း

ဘာမှ မပြောလိုက်တဲ့ အကြောင်း

သွားပါသေးတယ်

ဒီနေ့ထိ အဲ့ဒီကိုမရောက်ဘူး

ဆေးရုံဆေးခန်းဆိုရင်

မတွေ့လိုက်ဘူးဆိုတဲ့ အကြောင်း

ဘာမှ မသိဘူးဆိုတဲ့ အကြောင်း

ဒီတစ်ခါတွေ့ရင် ပြောလိုက်ပါ့မယ်

စိတ်မှာလဲ ဒဏ်ရာကြီးနဲ့

ပတ်တီးစည်းပါအုံးလား

မျက်လုံးထဲမှာလဲ အမှုန်တွေဝင်နေတယ်

အဲ့ဒီ ကြီးပွားချင်စိတ်ကို နည်းနည်းလောက်

ဖယ်လိုက်ပါလား

ဘာမှမသိတဲ့အကြောင်း

မနေ့က သူနဲ့တွေ့တော့ပြောလိုက်တယ်...။

Labels: ကဗျာ

သွေးအေးခြင်း

Friday, November 6th, 2009

မီးတောင်တစ်လုံးလို
အလွမ်းတွေအုံဖွဲ့လာတဲ့အခါ
ညနေစောင်းတစ်ခုမှာ ငိုခဲ့ဖူးတယ်။

အရင်တုန်းကလို
အသံတွေပြန်ပေးပါ
အနိုင်ပိုင်းခံရသူလို
မှတ်တိုင်မှားဆင်းမိသောအခါ
လူမှန်းသူမှန်းမသိ
လွတ်ကျသွာသောဘဝကို
ပြန်အဖတ်ဆယ်နေရတယ်။

ပိုင်ဆိုင်ခြင်းတွေများလာတဲ
့တစ်နေ့
စွန့်လွှတ်ရခြင်းတွေများလာပြီဆိုတာ
သူနဲ့စကားလက်ဆုံမကျခင်ကတည်းက
မျက်ရည်စက်လက်နဲ့သိခဲ့တယ်။

အချစ်ဆိုတာ
တစ်စုံတစ်ယောက်ကို
သည်းထန်စွာ သတိရခြင်းတစ်မျိုးပဲလို့
လူတစ်ချို့ကပြောတဲ့အခါ
သူ့တို့မျက်နှာတွေကို စေ့စေ့ ကြည့်ဖြစ်ခဲ့တယ်။

တစ်ကယ်တော့
လူဟာသွေးနွေးသတ္တဝါဆိုတာကို
တစ်ခါတစ်ရံ သံသယရှိတယ်။
အဝေးသို့ ဆွဲယူလွင့်ပစ်ခံလိုက်ရသော
ခဲတစ်လုံးဟာ ကြာတော့လုံးပါးပါးခဲ့တယ်။

လော့ဂျစ်တွေများလာတဲ့အချစ်ကြောင့်
လူတွေဟာ စက်ရုပ်သာသာဖြစ်သွားကြသတဲ့
တစ်ချို့သောပွင့်လင်းမှုတွေကတော့
ချစ်သူတစ်ချို့ကို စိမ်းခဲ့တယ်။

တစ်ခါကပေါ့ ညနေစောင်းမှာငိုခဲ့တယ်။
လူတစ်ယောက်မှာ မျှော်လင့်ချက်တွေ
ဘယ်လောက်ဆုံးရှုံးသလဲလို့
ငါ့ မျက်ရည်များများ သက်သေအဖြစ်
လိမ့်ဆင်းသွားကြတယ်။

Labels: ကဗျာ

posted by Bluecoffe @ 09:02 PM hits(129) 5 Comments
ဝေးကွာခြင်း၏ နောက်ကွယ်
Friday, November 6th, 2009

နွယ်ပင်ရယ်….ငါချစ်တယ်..
ရင်နာလည်း….ချစ်အုံးမယ်..
ဘေးကတိုးတိုး..လာဆိုသလို
အလွမ်းတွေက အမျိုးမျိုးဆေးရောင်ခြယ်ကြ
အ နေတဲ့ပါးစပ်ကြီးနဲ့မှ
ရင်ခုန်သံတွေကစကားများတယ်။

ငါတို့ဝေးကွာသတဲ့လား
မင်းကို မချစ်နိုင်ဘူးဆိုတဲ့ဆင်ခြေက
ဝေးကွာသတဲ့လား မမ ရယ်..။

ညောင်ပင်မှာကပ်ပေါက်တဲ့ နွယ်ပင်
ဘယ်အထိ ဘဝင်မြင့်နိုင်မှာမို့လဲ
အဲဒီနိုင်ငံက နှင်းတွေပဲဖြစ်လိုက်ပါတော့
စိုစိုစွတ်စွတ် အမြဲတမ်းကြည့်နေချင်
ရော့ ဒီမှာ မီးလင်းဖိုလေး တစ်ထည်
တွေ့ချင်တယ်..
တွေ့ချင်တယ်…
တွေ့ချင်တယ်….
ဒီကောင်မြိုသိပ်ခဲ့
အခု
မမ ရောက်လာတတ်တဲ့
ည ၇ နာရီတွေ မီးပျက်နေရ။

သွားတက်လေးတွေပေါ်အောင်ပြုံး
လိုက်
ရယ်ဒီမိတ်အလွမ်းတစ်ထုပ်နဲ့
ဘယ်လို ပန်းပုရုပ်လဲ
အိပ်မရအောင်ကို အိပ်မက်မက်ခဲ့ရတယ်။

ပန်းပွင့်တိုင်းပန်ပေးချင်တဲ့သူ
မမုန်းပဲနဲ့မချစ်ခဲ့သူ
တိုးတိတ်စွာပဲကြည့်နေခဲ့ပါတယ်..
မျက်ရည်စက်လက်
တတ်နိုင်သလောက်မျှော်လင့်
ကြည့်နေကျဓာတ်ပုံတွေဝါးသွားတဲ့တစ်နေ့
ဆုတောင်းခဲ့
နောက်ဘဝ
ချစ်ခွင့်


သဒ္ဒါမတတ် စာမတတ်
ဗမာစကားတော့တတ်ပါတယ်
ချစ်တယ်လို့ပြောဖို့အတွက်
နောက်ထပ်ဘာသာစကား
တတ်ရအုံးမယ်။

Labels: ကဗျာ

တင်ပြီးသား post များ

3D