သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, November 12, 2012

ရဲရင့်နီ ၏ ဖီလိုဆိုဖီများ

ဘယ်အရာကိုမှ ပုံသေကားချပ်တွက်လို့ မရနိုင်ပါဘူး။ မမျှော်လင့်ထားတဲ့ အဆိုးဆုံး အခြေအနေတစ်ခုကို ရင်ဆိုင်နိုင်ဖို့ အတွက်တော့ ကိုယ့်အတွက် ထောင့်ချိုးလေးတစ်ခုကို ကိုယ်ဟာကိုယ်ဘဲ ချန်ထားနိုင်ခဲ့ရပါမယ်။ ဘဝမှာ ရင်မော့ ခေါင်းကော့ပြီး..... လမ်မလျှောက်နိုင်ရင်နေပါစေ.... ဒူးထောက်.. လက်မြှောက်ပြီး... အရှူံးပေးမနေရဖို့တော့လိုတယ်။ ငါ......... မှားခဲ့ဘူးတယ်...... မှားနေသေးတယ်...... ထပ်မှားနိုင်သေးတယ်........ ဒါပေမယ့်......နောက်ဆုံးမှာ ... အနည်းဆုံးတော့ အရင်ကထက် အမှားတွေနည်းသွားအောင်တော့ လုပ်နိုင်ပါသေးတယ်လေ... ကိုယ့်ရဲ့  အိပ်မက်တွေကို တစ်ကယ်တမ်းအကောင်အထည်ဖေါ်တော့မယ်ဆိုရင်တော့....... ကိုယ့်ကိုယ်ကို မညှာပါနဲ့။ ကိုယ့်ကိုယ်ကို မညာပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အကြောင်းကို ကိုယ်ကိုတိုင်ဘဲအသိနိုင်ဆုံးမို့ပါ။ ပထမဦးဆုံးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖြစ်အောင်လုပ်လိုက်ပါ။ ဒုတိယအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေက..... သူ့ဟာနဲ့သူ ဖြစ်နိုင်သလောက် လိုက်ဖြစ်လာပါလိမ့်မယ်။ ဘာမှမလုပ်ဘဲနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါ။ နောက်ဆုံး ခံတပ် ရေဆန်ကို ဆန်မတက်နိုင်ဘူးဆိုရင်တောင်.... ရေစုန်မှာတော့ မျောပါမသွားစေနဲ့။ ရောက်နေတဲ့ နေရာ၊အဆင့်အတန်းမှာ... တည်မြဲနေနိုင်ဖို့အတွက်တော့ ခြေလှုပ်၊လက်လှုပ်နဲ့.... ရေစီးမှာ မျောပါမသွားအောင်... ရေထဲမှာ နစ်မြုပ်မသွားအောင်.... လုပ်နိုင်ဖို့တော့လိုမယ်။

အမှန်

ငါ့အတွက်တော့ ..... ငါအသက်ရှင်နေသမျှကာလပတ်လုံး...... ငါဟာ ဘယ်သောအခါမှ ဆုံးရှုံးနေမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါဘဝရဲ့  အရာအားလုံးဟာ ငါတစ်ယောက်တည်းရဲ့  လက်ထဲမှာသာရှိနေတယ်လို့ ယုံကြည်ထားလို့ပါဘဲ။

"သူငယ်ချင်း"

သူငယ်ချင်းဆိုတာ...... ဘဝအတွက် .... အမြဲလိုအပ်နေမယ့် ......အရာတစ်ခုပါ။ သင်အဖေါ်မဲ့နေချိန်မှာ... သင့်အနားမှာရှိနေမယ်။ သင်ပျော်ရွင်နေချိန်မှာ..... သင်နဲ့အတူ.... လိုက်ရီမောနေမယ်။ သင်ဝမ်းနည်းနေချိန်မှာ... သင့်ကိုအားပေးနေမယ်....။ သင့်ရဲ့  အနီးဆုံးလူ မဖြစ်နေပေမယ့်လည်း...... ထာဝရ လူအဖြစ်နဲ့တော့ သင်နဲ့အတူတူ အမြဲရှိနေမယ်။ (ဆိုဒ်တစ်ခုမှကူးယူထားသည်)

အပျော်ဆုံးလူ

စံပယ်နှစ်ပွင့် မင်းဆံနွယ်ဆီ ယုယကြင်နာ ကိုယ်တိုင် ဆင်မြန်း လုပ်ပေးရလို့ ကျေနပ်ပီတိဖြစ်ရ၏။ ဤကဲ့သို့ပင် ကြိမ်ဖန်များစွာ လုပ်ပိုင်ခွင့်လေး ပေးသနားရင် ဒီလောကတွင် အပျော်ဆုံး ငါ လူသားတစ်ဦး ဖြစ်လိမ့်မည်။ "မောင်စေတနာ"

Wednesday, August 15, 2012

သိုးကျောင်းသားအချစ်

ကြေကွဲစွာ နားလည်ခဲ့တယ် အချစ်ဆိုတာ ရက်စက်တဲ့ နတ်ဖုရား တောမှာဖွားလို့ ခြင်္သေ့မရဲ့ နို့စို့ပြီး ကြီးပြင်းလာသူပါလားကွယ်။ သူ့ရဲ့ တောက်ပတဲ့ မီးလျှံ ငါ့ကို ရိုးတွင်းခြင်ဆီအထိ လောင်ကျွမ်းစေခဲ့တယ်။ ညမျက်ခုံးအောက်က စူရှမာကြောတဲ့ အကြည့်နဲ့ ကြည့်သူရယ် မင်းရဲ့ သိုးကျောင်းသားရင်ခွင် တစ်ခါလောက် ပြန်ဝင်ပါဦးလား တစ်ခါလောက် နမ်းပါဦးလား ဪသာ်.. အချည်းနှီးအနမ်းဆိုတာလဲ ကြည်နူးမှုကို ပေးစွမ်းတာပါပဲ ရက်စက်တဲ့မိန်းကလေးရယ်..။ သီယိုကရီးတပ်စ် (ဘီစီ ၃၀ဝ-၂၅၀ခန့်) by YinWayKyal | 8/16/2012 06:08:00 AM

Friday, March 9, 2012

အမေ့ရုပ်ရည်

အမေ့ပါးပြင် သနပ်ခါးမရှိပေမယ့်
သားအပေါ်ထား မေတ္တာစွမ်းကြောင့် ချောမောနေဆဲ။
အမေ့ခန္ဓာ ၀ဖြိုးပေမယ့်
သမီးအပေါ်ထား စေတနာစွမ်းကြောင့် ကြည့်ကောင်းနေဆဲ၊၊
အမေ့လက်ဖျား ကြမ်းတမ်းပေမယ့်
မြေးအပေါ်ထား စိတ်ထားစွမ်းကြောင့် နူးအိနေဆဲ။
အမေ့ခြေဖ၀ါး ကွဲအပ်ပေမယ့်
သားသမီးပေါ်ထား သတ္တိစွမ်းကြောင့် လျှောက်လှမ်းနေဆဲ။
အလုပ်များစွာ သားမြေးများကြောင့်
လုပ်နေရလဲ တစ်ချက်မညည်း ပင်ပန်းကြီးလဲ လုပ်နေဆဲပါ
လုပ်လျက်ပဲမို့ အမေရုပ်ရည် ကြမ်းတမ်းနေလဲ
သားတို့တွက်တော့ ကြည့်ကောင်းပါ၏
"မောင်စေတနာ"

Saturday, March 3, 2012

အရိုင်းအချစ်



ငယ်ငယ်ကအရိုင်းအချစ်
အပိုင်းပိုင်းဖျတ်လို့ထားခဲ့ပြီ
ဆင်းစားလို့တွေးတောပြန်ပြောလို့ခက်တဲ့
အတွေးမျိုးနဲ့မင်းကိုငါချစ်ခဲ့မိတယ်
ဒါပေမဲ့...ပြန်ဆင်းစားရင်ရေးရေးလေးတောင
မပေါ်တော့ဘူး.....
မောင်ရဲဝင်းနိုင်"

တင်ပြီးသား post များ

3D