သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Monday, November 19, 2012
အိပ်မက်တွေ ငိုကြွေးတဲ့အခါ ..
အိပ်မက်တွေထဲ လန့်နိုးခဲ့ရ
သွေးပျက်နေတဲ့ ခံစားချက်ရဲ့
ရင်ခုန်ခြင်းမဲ့ တေးသွားတစ်ပုဒ်
ဘာသာပြန်မရခဲ့ ဘဝရဲ့ ဆိုနာတာ ...
စိတ်ပြတင်းပေါက်က ကယောင်ကတမ်းနဲ့
ဝမ်းနည်းခြင်းကို ကဗျာစပ်တယ် ..
အလင်းဖျော့  ကြယ်ကလေးတွေရဲ့
ကွဲအက်ကြေ ငိုသံတွေက
လမင်းကြီးကို ရောင်ပြန်ဟပ်တဲ့အခါ ...
တိတ်ဆိတ် ညတွေထဲ
မှောင်မိုက်ခြင်းရဲ့ အသက်ရှူသံတွေ
ခြောက်ကပ် မွန်းကျပ်တယ် ။ ။
သက်အောင်
Labels:
poem
ကျွန်တော့်အိပ်မက်
ဖုန်မှုန့်ပျံ့စင်…
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု..လင်းနို့တွေအောင်းနေပြီမေမေ..။
လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့….။
စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ်..။
မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်..။
“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်…
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်…။
ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့…။
...တာရာမင်းဝေ...
Labels:
poem
ကျွန်တော်မှတ်မိသမျှ…
မေမေ့မျက်လုံးဟာဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊နှင်းစက်တွေဖုံး
နေရောင်တွေလည်းခါးကုန်းအောင်ရုန်းခဲ့ရပေါ့
သစ်ကိုင်းခြောက်ကြီးကမီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင်ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ…
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကိုလျှောက်နင်းခိုင်းခဲ့တယ်…။
မုသားတစ်လွှာမာယာတစ်ထပ်၊၀တ်ရည်တစ်စက်နဲ့
အို…ခတ္တာရေ…
ပုခက်လွှဲသောလက်တွေနဲ့ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင်ပုခက်ဖြစ်ပြခဲ့တယ်…။
“အမေ”အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။
...တာရာမင်းဝေ...
Labels:
poem
*ဆွံ့အ .. အလွမ်း*
ဆောင်းရက်တွေကုန်ဆုံးလို့ 
နွေရဲ့ အလင်းတွေအရည်ပျော်ကျ
ငါ့ရင်ထဲက ရင်ကွဲနာအလွမ်းတွေက
ပုံဆောင်ခဲံအဖြစ်ကျန်ရှိနေသေးတယ် ..
တကယ်တော့ ..
နင်နဲ့ငါက နီးရက်နဲ့ .. ဝေး ..
အဝေးကို .. ငေးမောမိတယ် ..
လေညင်းတွေက တိုးတိတ်စွာ
စိတ်ရဲ့ နာမကျန်းမှု့တွေကို ကုစားတယ် ..
အချိန်တွေကုန်ဆုံးတယ် ..
နေရာတွေ ပျောက်ဆုံးတယ် ..
ကြေကွဲခြင်းရဲ့ မျက်ကွယ်ပြုမှု့ တွေနောက် ..
နင် နဲ့ ငါ ပုန်းခိုခဲ့မိကြတယ် ..
မျက်ရည်စတွေ ခန်းခြောက်သွားစေဖို့ 
စကားလုံးတွေကို ရှာမရခဲ့ ..
နင့်ကို .. ငါ မုန်း တယ် .. ( လိမ်ညာ ခွင့်ပြုပါ )
နာကျင်ပစ်လိုက်ပါ ငါ့ကိုမေ့လိုက်ပါ
ကျွမ်းကျင်စွာ ပြုလုပ်ထားတဲ့
ဥပက္ခာပြုမှု့တွေ ..
အလွမ်းစိတ်တွေ ..
နာကျင်ခြင်းတွေ ..
ငါ့သွေးသား.. ငါ့ခန္ဓာထဲ ..
ပူလောင်စွာနဲ့ စီးဆင်းတယ်
ငါ့ ရင်ခွင်ကို နင် နှုတ်ဆက်သွားတော့
ရင်ဘတ်ကြီးထဲ အလွမ်းတွေ နဲ့ ငါ ..
တိုးတိတ်စွာ ကျန်ရစ်ခဲ့ရတယ် ..
တကယ်တော့ ..
ငါနင့်ကို .. အရမ်း ချစ်တယ်
ဆွံ့အစွာ တမ်းတနေမိတယ် ..
^သက်အောင်^
Labels:
poem
Sunday, November 18, 2012
သူမဆီသို့ လွင့်စင်သွားသောနွေ
လေစိမ်းတွေတိုက်တိုင်း
အမှတ်တရတွေကိုအိပ်မက်နဲ့ လွမ်း
ဆုံဖူးတဲ့မျက်ဝန်းတွေကိုပဲ
တမ်းတမ်းတတစွဲလမ်းမိတယ် ။
တောင်တန်းတွေတောင်အသက်မရှိပဲ
တန်ပြန်ပဲ့တင်သံ ရှိသေးတာပဲ
နှလုံးသားရှိတဲ့သူတစ်ယောက်ဆီက
တန်ပြန်ပဲ့တင်သံ ငါ တမ်းတမိပါရဲ့ ။
နွေပျိုရဲ့ည
ကောင်းကင်ဝင်းရိုးစွန်းတန်းကို ကြည့်ရင်း
စိတ်ကူးနဲ့ပျော်အိပ်မက်နဲ့ လွမ်း
နင့်ပုံရိပ်တွေတမ်းတရင်း
လရောင်ချည်တိုင်အောက်က
ပြေးမထွက်နိုင်တဲ့ကြယ်လေးလို
နင်ငါ့ကို ဖမ်းစားခဲ့ပေါ့
ကောင်မလေးရယ်။
အနေဝေးရေမြေတွေ ခြားနေပေမဲ့
မဖွင့်ဟမိတဲ့စကားလုံးတွေနဲ့အတူ
နင့်ရဲ့ အတိတ်မှာ
ငါမကျန်ခဲ့ပါရစေနဲ့
နင့်မျက်နှာ ၀င်းပပလေး
ငါ ငေးကြည့် နေ ခွင့် လေး ရ ပါ ရ စေ ။
လင်းခေတ်ဒီနို ( 6.6.12 )
Labels:
poem
စေ . . .
ရိုးတံကျဲကျဲခပ်ဖွာဖွာလွင့်မျှောနေတဲ့ ကောင်းကင်ဟာ
အက်ကြောင်းရာတွေထပ်နေတဲ့ ပန်းတစ်ပွင့်လိုပါပဲ
ကျွန်တော်ဟာပန်းအကြေတွေ ကြားထဲမှာ
လက်ပြနှုတ်ဆက်သွားခဲ့တဲ့ အချစ်ကို ပြုံးပြခဲ့ဖူးတယ် ။
ညဥ့်ဦးယံရဲ့ကြယ်ရောင်ပျပျ အောက်မှာ
လေပြေဟာကျွန်တော်ကို
ကြေကွဲခြင်းလွင်ပြင်ကနေထွက်ခွါဖို့ နှစ်သိမ့်ပေးခဲ့တယ်
ကျေးဇူးတင်ပါတယ်လေပြေ . . . . .
ကျွန်တော်နဲ့ကြယ်စင်တွေဟာ
ချစ်သူရဲ့အစေအပါးအဖြစ်သာ နေချင်ခဲ့သူတွေပါ ။
ဒီလိုနဲ့ပဲ . . .
စွယ်တော်ရွက်တစ်ရွက်မှာ
သူ့အတွက်ရေးခဲ့ဖူးတဲ့
ကဗျာ တစ်ဝက်ဟာလည်း
အေးစက်စက်စကားလုံးတွေ သီထားတဲ့
ဒိုင်ယာရီတစ်အုပ်ဖြစ်သွားခဲ့ပေါ့ ။
အိပ်မက်ဆိုတာ
နေမညိုတတ်တဲ့ကောင်းကင်မှ မဟုတ်တာပဲလေ . .
ပြိုကျလာတဲ့ မိုးခါးစက်တွေအောက်မှာ
ဥပေက္ခာတွေ ခပ်စိတ်စိတ် ပျိုးလှည့်ခဲ့ပါ
ချစ်သူ. . . ။
အလွမ်းညနေနဲ့နေညိုချိန်ဆိုတာ
ကိုယ်နဲ့အသားကျပြီးသား
ခပ်နွမ်းနွမ်းကံကြမ္မာလေးပဲ. . .
. . .. . .
ကိုယ်ကျေနပ်သင့်တာပေါ့ ။
လမ်းဆုံးတစ်နေရာရောက်နေတာတောင်မှ
နောက်ပြန်မလှည့်ချင်ခဲ့ဘူး
ကိုယ်ရဲ့စိတ်စေတသိုက်ဟာ
ကိုယ့်ကိုယ်ကိုတောင်မစေနိုင်ခဲ့ဘူး . . . .
ချစ်သူ . . .
ကိုယ်ဟာမင်းရဲ့ စေလိုရာစေ ဖြစ်ခဲ့သူပေါ့ ။
မင်းရဲ့နှုတ်ထွက်စကားတစ်ချက်ဟာ
ဓားသွားတစ်လက်ဆိုရင်
အဲဒီဓားအဖျားထက်မှာ
ကိုယ့်နှလုံးသားကိုတင်ထားပေးလိုက်မယ်
ကိုယ့်အိပ်မက်ကိုတောင်
မင်းစေလိုရာစေနိုင်တယ်ကွယ် ။
လင်းခေတ်ဒီနို ( 14.5.12 , 1း40 AM )
Labels:
poem
"သူငယ်ချင်း ချစ်သူ"
နင်ဘာလုပ်မှာလဲ
နင်ဘယ်သွားမှာလဲ
ခဏခဏမေးမိတဲ့အခါ
စိတ်မရှည်တဲ့ဟန်လေးနဲ့
မျက်စောင်းထိုးတတ်တာတွေကို
အခု နှမြောနေမိတယ်သူငယ်ချင်လေး...။
ဘာတွေစားမလို့လဲ
နင်နဲ့တည့်လို့လား..မေးတဲ့အခါ
နင်နဲ့ဘာဆိုင်လဲလို
အမြဲပြေတဲ့နုတ်ခမ်လေးကိုလည်း
ငါမေ့မရခဲ့တာအခုထိပါပဲ....။
အရာရာပြောလိုက်တိုင်း
ဆန့်ကျင် နေတဲ့နင့်ကို
ငါမပြောရဲခဲ့တဲစကားနဲ့
ရင်ထဲမှာစောင့်ရှောက်ခဲ့တာပါ..။
သွာတေ့မယ်လို့နုတ်ဆက်တဲ့အခါ
ငိုချင်ပါလျှက်မျက်ရည်မကျခဲ့တဲ့နင်
မျက်ရည်သုတ်ပေးချင်တဲ့ငါ့ကို
နည်းနည်းလေးတော့ကိုယ်ချင်းစာသင့်တာပေါ့
အခုတော့........နင် နဲ့ ငါ..
စာအုပ်ငယ်လေးကိုသာနောက်ပြန်ကြည့်ရင်း
နှလုံးသားချင်းပေးဆပ်နေရပြီပေါ့
အကယ်လို့သာ..............
ငါသိတဲ့နေ့ရက်တွေငါရှိတဲ့အရပ်ဆီ
ခုတ်မောင်းလာခဲ့မယ်ဆို......
နင်လေ............
မာယာ တွေမသုံးဘဲ
အကြင်နာတွေသာဖုံးစေချင်တယ်ဟ
စိတ်ကူးတွေနဲ့ငါပြန်မေးချင်ပါတယ်
အရင်ကလို ပြန်မဖြေလိုက်ပါနဲ
အခု.............
နင် ဘယ်အရပ်မှာလဲ..........။
ဘယ်သူ့အနားမှာလဲ...........။
ငါလွမ်နေတာနင်မသိတာလား
နှလုံးသာနဲ့ဖြေပေးပါသူငယ်ချင်းချစ်သူရယ်....။
Natural (ဗန်းမော်)
Labels:
poem
Subscribe to:
Posts (Atom)
တင်ပြီးသား post များ
-
▼
2014
(18)
-
▼
10/19 - 10/26
(18)
- သရဲအိမ်တွင်း ၀င်မိတဲ့ အမျိုးသား၊ အမျိုးသမီး ၈ ဦး ...
- ရဲ အားလုံးကို သေနတ်ထုတ်ပေးထား … ခွင့်ပြုချက် မတင်ဘ...
- အွန်လိုင်းမှာနာမည်ကြီးခဲ့သည့် သေဆုံးသွားသူအဖွားမှ ...
- ဘုရားပွဲနဲ့ မော်ဒယ်ဂဲလ် (သတိပြုဆင်ခြင်ဖွယ်ရာ)
- မောင်တောတွင် အမျိုးသမီးများအား ဓားဖြင့်လိုက်ခုတ်သူ...
- ကျွန်တော်သိသော ထေရဝါဒ ဗုဒ္ဓဘာသာ
- ကာတာဘက်သို့ မြန်မာဒုတိယဂိုးသွင်းယူအပြီး ပခုက္ကူမှပရ...
- ပါကစ္စတန်နိုင်ငံတွင် မော်လဝီဆရာမှ ၁၂ နှစ် သမီး ကျော...
- ရုံးပြန်နောက်ကျသူ အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့အဓ...
- ဝေဖန်မှု၊ ရူးသွပ်မှုများနှင့် မိန်းမလှများ၏ အရေပြားေ...
- ဒီ မြင်ကွင်းမျိုး မြင်ဖူးလား ???
- ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ ယူ-၁၉ တစ်သင်းလုံး သင်္ကန်း...
- ဆင်ဆာဖွင့်ပြီးနောက်ပိုင်း မြန်မာဇာတ်ကားတွေမှာ လိင်...
- ကမ္ဘာ့အဆင့် ပရိသတ်ဖြစ်ဖို့ အသင့်ဖြစ်ပြီလား
- ဒီမှာ ဒီမှာ မောင် မဲပြာနဲ့ မ ကလျာ
- အမျိုးသားတွေ သူ့ချစ်သူကို လမ်းခွဲတတ်တဲ့ အကြောင်းအရ...
- ကောင်မလေးရဲ့ကောင်ကလေး
- နည်းစနစ်ကျကျအတွေးအခေါ်
-
▼
10/19 - 10/26
(18)
-
►
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)

