သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, March 22, 2013

အသည်းကွဲအထိမ်းအမှတ်



အချစ်ရယ်...
မာယာနန်းတော်ထဲမှာ အလွမ်းတွေ
အခန်းသီးသန့်ဖွဲ ကိုယ့်အတွတ်ပဲလား
မင်းပေးသွားမယ်ဆို ကမ္ဘာတခွင်လုံးက
အလွမ်းများပဲ ဖြစ်ပါစေ...
ငါ့ ရင်ခွင်မှာပိုက်ထာမယ်
ငမိုက်သားလို့
ပြောကြစေတော့

မင်းမုန်းတဲ့ည
ကမ္ဘာ အဆက်ဆက်
ထင်မှတ်မထားဘူ ဒီမိုးမည်းညတွေ
ငါ့အတွက်
အသည်းကွဲအထိမ်းအမှတ် အဖြစ်
ရွာသွန်းဖြိုးခဲ့တယ်...

ရွယ်ရည်သူ...သို့...

သူခိုး

ခေါင်းစဉ်...သူခိုး
စာသား...သူခိုး
ကဗျာ... သူခိုး
ပါဝါ... သူခိုး
အာဏာ...သူခိုး
ဆိုင်ကယ်...သူခိုး
ကား....သူခိုး
သူခိုးအမျိုးမျိုး ထိုလူဆိုးများအနက်

သူ့ကိုမြတ်နိုး တိတ်တခိုး
အချစ်သူခိုး...ဖြစ်ချင်၏...။

မောင်မြင့်မြတ်

Wednesday, March 20, 2013

ဗုဒ္ဓဥာဏ်တော်ကို ဝေဖန်သော ဘာသာခြား

ဒကာ ။ ဆရာတော်တို့ဘုရားက သဗ္ဗညုတ သိစရာမှန်သမျှ အကုန်သိတယ် လို့လည်း ပြောကြတယ် ။ တစ်ခါ အခုလို သာသနာနှစ် ကြာလာတဲ့အချိန်မှာ အဆိုးဆုံး ဘာသာခြားတစ်ခု ပေါ်လာလိမ့်မယ် ။အဲဒီဘာသာခြားတွေက ဗုဒ္ဓဘာသာကို လူဖောက် သာသနာပြုပြီးဖျက်ဆီးကြလိမ့်မည်လို့ဟောခဲ့တယ်လို့လည်း တပည့်တော် မကြားဖူးပါ ဘုရား ။ဒီတော့ အကုန်သိတယ်ဆိုရင်လည်း
ဒီအကြောင်းတွေ ဟောခဲ့ရမယ် ။ အခု မဟောခဲ့ပုံကိုထောက်သောအားဖြင့် ဒီအကြောင်းတွေဖြစ်လာမယ်ဆိုတာ မသိလို့ဆိုတဲ့သဘော သက်ရောက်မနေဘူးလား ဘုရား ။
ဆရာတော် ။ ဒကာ ၊ ဒကာတို့အိမ်ဝိုင်းမှာ သရက်ပင် ၊ ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ လေးပင်ရှိပါတယ်ဘုရား ။
ဆရာတော် ။ အုန်းပင်ရော ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ ငါးပင်ရှိပါတယ် ဘုရား ။
ဆရာတော် ။ ဒါနဲ့ မြက်ပင်တွေရော ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ ဟာ…..မြက်ပင်တွေတော့ တပည့်တော် ဘယ်ရေတွက်ထားမလဲဘုရား။
ဆရာတော် ။ သရက်ပင် ၊ အုန်းပင် ကျတော့ ရေတွက်ထားပြီး မြက်ပင်ကျတော့ဘာလို့
ရေတွက်မထားတာလဲ ။
ဒကာ ။သရက်ပင် ၊ အုန်းပင် ကတော့ တန်ဘိုးရှိတဲ့အပင်ဆိုတော့ မှတ်ထားတာပေါ့ဘုရား ။ မြက်ပင်တွေကတော့ ကောင်းကျိုးမပြုတဲ့ အပင်တွေဆိုတော့ ဘယ်ရေတွက်ပြီး မှတ်ထားတော့မလဲ ဘုရား ။
ဆရာတော် ။ ဒကာ ၊ အဲဒီဥပမာအတိုင်းပဲ ၊ဗုဒ္ဓကမသိလို့မဟုတ်ဘူးသိတယ်။ဒါပေမယ့်ဒကာကိုယ်တိုင်
တန်ဘိုးမရှိတဲ့ မြက်ပင်တွေကို ရေတွက်ပြီးမှတ်မထားသလိုဗုဒ္ဓကလည်း တန်ဘိုးမရှိတဲ့ မြက်အမှိုက်
လောက်အဆင့်သာရှိတဲ့ ဒကာတို့ဘာသာဝင်တွေကိုလည်း တကူးတက ထည့်မဟောခဲ့တာပါ ။
အတွေးအခေါ် အသိဥာဏ် ရှိတဲ့လူသားတွေ လက်မခံတဲ့ ဒကာတို့ဘာသာဟာလည်း ကြာလေ ကမ္ဘာက ပျောက်လေ ဖြစ်သွားမှာကို ကြိုသိလို့ ဘာမှပူစရာမရှိလို့ ဗုဒ္ဓက ကြိုမဟောခဲ့တာပဲ ဒကာ ။
ထို ဘာသာခြားဒကာကား ခေါင်းငိုက်စိုက်ချလျက် ဘာမှ ဆက် မပြောနိုင်တော့ပေ။
ကျမ်းကိုး
မေတ္တာရှင် ( ရွှေပြည်သာ ) ဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ-စာ-၁၈၇
ပန်းကမ္ဘာ တရားတော် များမှ
ပြန်လည် မျှ ဝေ လိုက် ပါ သည်

လမ်းပြမြေပုံလေး.

ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး၏ ရှင်းလင်းလွယ်ကူသော တရားစာစု




ရှုပ်ထွေးပွေလီလှတဲ့ လူ့လောက သဘာဝ ပျားသကာဖုံးနေတဲ့ ဆေးခါးခါးတစ်ခွက်ပမာ လှည့်စားမူများဖြင့် ပြည့်နှက်၍ နေပါသည် ။


သို့သော် ၀ါဝါမြင်တိုင်းရွှေထင်တတ်ကြသမို့ သကာ ဖုံးထားတာကိုပင် မဟုတ်ကြီးထင် တက်မက်နေတတ်ကြပြန်သည် ။ ထိုသို့ သူယောင်မယ်လိုလှပ သော တဏှာရဲ့ အုပ်ချုပ်မူအောက်တွင် ကျွန်သဘောက် ဘ၀ ကျရောက်ခဲ့သည်မှာ ဘ၀ပေါင်းစွာ ရေတွက်လို့ ပင်မရနိုင်ပါ ။

ထိုကဲသို့ ကျင်လည်ခဲသော ဘ၀ များစွာ အတွက် ကျွတ်လွတ်မဲ့ လှမ်းမှန်ကိုရောက်အောင် အ၀ိဇ္ဖာအမိုက်မှောင်ကို တော်လှန်ပစ်သင့်ပါပြီ။

အလင်းရောင်လာချိန်လေးမှာ ကိုယ့် သံသရာအတွက် ဘ၀ ရိက္ခာ အထုပ်ကို ထုပ်ပိုးသင့်ပါပြီ။ သစ္စာတရားများ ထွန်းကား လာချိန်တွင် တဏှာပျော်၌ နစ်မွန်း၍ မနေကြပါရန်တိုက်တွန်း ချင်ပါသည် ။

ဖတ်ဖူး သမျှထဲမှ ရှင်းလင်းလွယ်ကူသော ဝေဘူဆရာတော် ဘုရားကြီး၏ သံသရာလွတ်ကြောင်း တရားတစ်ပုတ်ကို ဖော်ပြလိုက်ပါသည် ။


၁။ ။ သီလရှိလျင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။

၂။ ။သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ်(စရဏ)ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်။

၃။ ။ ဘုရားစကား၊ ဆရာ့စကားကို မြေဝယ်မကျ တထစ်ချနာယူရန်။

ယခုကဲ့သို့ နေနိုင်ခြင်းသည်ပင်” ပါရမီရှိသူ” မည်၍ အချိန်အခါ ဘဝကောင်းသည်မှာ ဘုရားရှင်လက်ထက်တော်ကနှင့်မထူး၊ ထို့ကြောင့် ရှေးကပုဂ္ဂိုလ်များကဲ့သို့ ဝီရိယကို အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။

၎။ ။သင်ကြားမှတ်သားထားချက်များ ပြော၍မကုန်အောင် အများကြီးတတ်သိကြသည်။ ထိုသို့များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ဝီရိယသန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်ထိ ထင်ရှားရှိနေသော ထွက်လေ-ဝင်လေကား လူတိုင်းသိလွယ်၊ ထင်လွယ်၍ ဝင်တိုင်း၊ ထွက်တိုင်း နှာဖျားဝ၌ ထိသည်ကိုသာ သိအောင်လုပ်၊ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်ငင်းချမ်းသာ၏။
ယင်းသို့ရှုမှတ်ခြင်းဖြင့် ကိုယ်နှုတ်နှလုံး သောင်းကျန်းမှုမရှိ၊ စိတ်သောင်းကျန်းမှုမရှိ၊ ရုပ်နာမ်မျှသာရှိပါကလားဟု နှာဖျားဝမှ တစ်ကိုယ်လုံး တလှုပ်လှုပ် တရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်။ သို့ဖြစ်၍ သိက္ခာသုံးပါး အကျုံးဝင်သွားပြီ။ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးလည်း ပါသွားပြီ။ သတိပဋ္ဌာန်လေးပါးစသော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလည်း လုပ်ပြီးဖြစ်သွားပြီ။ အာနာပါနလုပ်နေခြင်းဖြင့် ပိဋကတ်သုံးပုံလုံးပင် အကျူံးဝင်လေပြီဖြစ်၍ ထွေလီကာလီ လျှောက်လုပ်မနေနဲ့။ တွေးသမျှ၊ ထင်သမျှမှားတတ်သည်။
ရေခပ်ရင်း၊ ထမင်းချက်ရင်း၊ အလုပ်လုပ်ရင်းလည်း ရှုမှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်နှစ်ခုပြီးသည်။ မည်သည့်ဣရိယာပုဒ်နှင့်မဆို ရှုမှတ်နိုင်၏။ ကမ္မဋ္ဌာန်းထိုင်ရတာ ဘာမှလဲ မတွေ့ပေါင်၊ မရပေါင်ဟု မမှတ်ရ။ တစ်ခဏအတွင်းရသည့် အကျိုးကား ကုန်စင်အောင်ပင်မပြောနိုင်။ တစ်နေ့ထက်တစ်နေ့ တိုးတက်၍သာ သွားတော့သည်။

၅။ ။ အိမ်အမိုးမိုးသောအခါ စပ်အောင်မိုးလျှင် မိုး၊ နေကာကွယ်နိုင်သကဲ့သို့ တစ်ရက် နှစ်ဆယ့်လေးနာရီ တစ်ဆက်တည်း၊ တစ်စပ်တည်း ရှုမှတ်နိုင်အောင်ကြိုးစားရမည်။ နှစ်ဆယ့် လေးနာရီ တစ်စပ်လောက် ရလျှင်ပင် ထူးခြားသိသာလာမည်။

၆။ ။ မိမိအနားရှိ မြင်သမျှ၊ ကြားသမျှ ကျေးဇူးရှင်ချည်းဖြစ်သည်။ အသံဗလံဆူညံ၍ နေရာမပြောင်းနှင့်။ ဆူညံသံများက ဝီရိယတိုးလိုက်ပါဦးဟု ပြောသော ကျေးဇူးရှင်များဖြစ်သည်။ မေတ္တာထား၊ သည်းခံရှုမှတ်။

၇။ ။ မိဘ၊ သားသမီး ဝတ္တရားများကို ပြုလုပ်ရခြင်း၊ ကလေးငို၍ ချော့ထိန်းရခြင်းမှအစ သီလ၊ စရဏကုသိုလ်ချည်းဖြစ်သည်။

၈။ ။ မိမိ အာနာပါနရှုမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ မရေမတွက် နိုင်အောင် ကျေးဇူးများကုန်ကြတော့သည်။

၉။ ။ ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါ့မလား? ထွက်လေဝင်လေ နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိ ရှိနေတာ။ ဘုရားရှင် ဆုံးမတဲ့အတိုင်း စိတ်ကို ရုပ်ပေါ်၊ နာမ်ပေါ်ထားရတာ ပင်ပန်းသလား? ပိုက်ဆံရော ကုန်သလား? ငှားရ၊ ချေးရသေးသလား? အချိန်ရော ကုန်သလော? တစ်ပါးသူရော သိသလား? ထားတာက ဝီရိယ၊ ထားတဲ့အတိုင်း နေတာက ဝီရိယိဒ္ဓိပါဒ်၊ အခုထား၊ အခုနေ၊ အခုပစ္စုပ္ပာန်ချမ်းသာ၊ ဒီချမ်းသာ ဆိုက်လာတော့ ဝီရိယပိုင်ရှင် သိတယ်။ သများသွားမေးစရာ မလိုဘူး။ တစ်နေ့ထက်တစ်နေ့ မတိုးတက်ဘဲ နေပါ့မလား? ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ တားဆီးပိတ်ပင်လို့ မရဘူး။ ဒီလူ့ထံမှ ချမ်းသာကို လုယူမယ်ဆိုပြီး အနိုင့်အထက် လုယူလို့ရော ရနိုင်ပါ့မလား? ဘယ်ဣရိယာပုဒ်နဲ့မှ ဖြစ်တာ၊ ဘယ်ဣရိယာပုဒ်နဲ့ မဖြစ်ဘူးလို့ရော ရှိရဲ့လား? နေရာရော ရွေးရဦးမှလား? ကိုယ်တစ်ယောက်တည်းနေရင်းရော၊ စေတီရင်ပြင်၊ ဗောဓိရင်ပြင်မှာ နေရင်းရော၊ သားတွေ၊ သမီးတွေနဲ့ နေရင်းရော၊ လုပ်လို့ရပါသဗျာ။ ခန္ဓာဝန်ကြီးက ရှိနေလေတော့ မိမိတို့ ရည်ရွယ်ထားတဲ့ အလုပ်လဲ လုပ်ရမှာပေါ့။ အဲဒီအလုပ်တွေ လုပ်ရင်းနဲ့ ရှုလို့မရဘူးလား? ရပါတယ်ဗျာ။ တစ်ချိန်ထဲမှာ အလုပ်နှစ်မျိုး ပြီးပါသဗျာ။ ဒီလိုလုပ်တော့ ပိုပြီးအလုပ်တွင်တယ်၊ အကျိုးများတယ် မဟုတ်လား? ဒီချမ်းသာကို သိပြီလားဆိုမှဖြင့် အားချိန်၊ နားချိန်မှ မထားဘဲ တစ်ဆက်တည်း ဆောင်ထားကြာတော့ တာပါပဲ။


ခင်မင်လေးစား လျှက်
ဆန္ဒမွန်ဖြင့်
မှုံနံ.သာဖြူ

Tuesday, March 19, 2013

ထေရဝါဒနဲ့ လွဲနေတဲ့ဘာသာရေး အယူဆများ ၁

ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် သိကြားသာသနာလို့ပြောနေတာမှားယွင်နေတဲ့ ဘာသာရေးအယူဆတွေပါ တကယ်တော့  သိကြားသာသနာ မရှိပါဘူး။

စာရေးသူတို့ ငယ်ရွယ်စဉ်က သာသနာ နှစ်ထောင့်ငါးရာ ကျော်ရင် သိကြားသာသနာ ရောက်လိမ့်မယ်။ အဲဒီအခါ သိကြားမင်းက မကောင်းသူတွေကို ပယ်၊ ကောင်းသူတွေကို ကယ်လိမ့်မယ်-ဟု လူကြီးများ ပြောဆို သံ ကြားခဲ့ရဖူး၏။ ယခုလည်း အချို့လူများကသိကြားသာသနာ အကြောင်း မေးကြ မြန်း ကြ၏ ။ ယခု ကျမ်းဂန် လာသည့်အတိုင်း ဤအကြောင်းကို တင်ပြပါမည်။
သာသနာဆိုသည်မှာ ဘုရား၏အဆုံးအမ တရားတော်များဖြစ်သည့်အတွက် သိကြားသာသနာမရှိပါ။ ဘုရား သာသနာသာ ရှိပါသည်။ ကျွန်ုပ်တို့ ကိုးကွယ်သော ဂေါတမဘုရားရှင်၏ သာသနာတွင် သိကြားသာသနာ မရှိပါ။ ဘုရားရှင်၏ သာသနာတ၀က်ကျော်သည့်အခါ သို့မဟုတ်-သာသနာနှစ် ၅၀၀၀-ကုန်ဆုံးသောအခါ သိကြားမင်းက သာသနာဆက်လက်ပြု မည်ဟု ထေရ၀ါဒ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လုံးဝမတွေ့ရပါ။ ရှိလည်းမရှိပါ။

သို့သော် ကဿပဘုရား သာသနာတော် ဆုတ်ယုတ်ချိန်တွင် သိကြားမင်းလူ့ပြည်ဆင်း၍ နောက်ထပ်   နှစ်ပေါင်း တထောင် သာသနာတော် တည်အောင် ပြုလုပ်အားထုတ်ခဲ့ကြောင်းကိုမူ ဒွါဒသက နိပါတ်၊ မဟာကဏှဇာတ်၌ တွေ့ရှိရသည်။ ဤအကြောင်းအရာကိုပင် အစပြု၍ လူကြီးများ သိကြားသာသနာ အကြောင်း-ကို ဆိုခဲ့ကြဟန် ရှိပါသည်။

(နတ်သိကြားနှင့် မြတ်ဘုရားသာသနာ)
======================
ကျွန်ုပ်တို့ ကိုးကွယ်နေသော ဂေါတမဘုရားရှင်နှင့်လည်း သိကြားမင်းတို့ ကတိစကား ရှိခဲ့ကြသည်။ မှန်၏။ ဘုရားပွင့်တော်မူပြီးစ ဗောဓိပင်ရင်းမှာ သီတင်းသုံးတော်မူစဉ် ဗုဒ္ဓစက္ခု(ဘုရားမျက်လုံး) တော်ဖြင့်   လောကကြီး ကို ကြည့်တော်မူရာ နောင်သောအခါတွင် အရှင်မဟာမဟိန္ဒ ရဟန်းတော်သည် သီဟိုဠ် ကျွန်း   (သီရိလင်္ကာ) သို့ ကြွ၍ သာသနာပြုမည်။ ထိုအခါ သီဟိုဠ်ကျွန်း(သီရိလင်္ကာ) တွင် သာသနာ ထွန်းလင်း မည်ဟု မြင်တော်မူ၏။ ထို့ကြောင့် သိကြားမင်းကြီးကို အရှင်မဟာမဟိန္ဒ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ သာသနာပြု ကြွသည့်အခါ သင်လည်း မထေရ်၏ အဖော်အဖြစ်ဖြင့် သာသနာကို ကူညီစောင့်ရှောက်ပါ-ဟု မိန့်ကြားတော်မူရာ သိကြားမင်းကြီးက ကူညီစောင့်ရှောက်ပါမည်-ဟု ၀န်ခံကတိပြု ခဲ့ကြောင်း ပါရာဇိကဏ် အဋ္ဌကထာ၊ ဗာဟိရ နိဒါနကထာ၌ တွေ့ရ၏။

နောက် ဒုတိယအကြိမ်မှာ ဘုရားဖြစ်ပြီး ၄၉-ရက်အကြာတွင် ဖြစ်သည်။ ဘုရားရှင်သည် ဘုရားဖြစ်တော် မူပြီး ၄၉-ရက်အကြာတွင် ငါဘုရားကိုယ်တိုင် ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်းသိမြင်ခဲ့သော သစ္စာလေးပါး တရားတော်ကား အလွန်နက်နဲ၏။ တပါးသူတို့ သိနိုင်ခဲ၏။ သတ္တ၀ါများမှာလည်း အ၀ိဇ္ဇာမှောင် ထုအောက်တွင် ပညာအလင်းရောင် ပျောက်နေကြ၍ ရာဂ၊ ဒေါသ၊ ထူပြောနေကြသည့် သတ္တ၀ါက များပေသည်။ ငါဟောသည့် တရားကို ထိုသတ္တ၀ါများ နားလည်နိုင်ကြမည်မဟုတ်။ ယခု လောလောဆယ် တရားဟောရန် မဖြစ်သေး-ဟုတရားဟောမှု၌ ကြောင့်ကြမှုမပြုဘဲ နေတော် မူလေသည်။

ထိုအခါ သိကြားမင်းသည် သဟမ္ပတိဗြဟ္မာကြီးနှင့် အတူ မြတ်စွာ ဘုရားအထံတော်မှောက်သို့ လာရောက် ကာ ဗုဒ္ဓရှင်တော်မြတ်ဘုရား၊ ဝေနေယျ သတ္တ၀ါများအား တရားဟောကြားတော် မူပါ။ အရှင်ဘုရားတို့ အာဏာတော် မတည်ခဲ့ပါလျှင် အာဏာတော် တည်အောင် တပည့်တော်များ ကူညီပါမည်။ ရှင်တော်ဘုရား ကသာ ဓမ္မစက်ကို လည်တော်မူပါ။ အာဏာစက်အတွက် တပည့်တော်တို့ တာဝန်ယူပါမည်ဘုရား-ဟု ၀န်ခံကတိပြုခဲ့ကြောင်း သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာ အမ္ဗဋ္ဌသုတ်အဖွင့်၌ လေ့လာတွေ့ရှိရသည်။



(သိကြားဒေ၀ါနှင့် သီဟိုဠ်၉သီရိလင်္ကာ သာသနာ)
============================
ဤသို့ သာသနာတော်ကို ကူညီစောင့်ရှောက်ပါမည်ဟု နှစ်ကြိမ်တိုင်တိုင် ဘုရားရှင်ထံ ၀န်ခံကတိပြုခဲ့သည့် အတိုင်း တတိယသင်္ဂါယနာ တင်အပြီး၌ အသောကမင်းတရားကြီး၏ သားတော် အရှင်မဟာမဟိန္ဒ ရဟန္တာမထေရ် သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွခါနီးတွင် သိကြားမင်းသည် အရှင်မဟာမဟိန္ဒ မထေရ်ထံ ရောက်လာပြီး အရှင်မြတ်ဘုရား-ဗုဒ္ဓမြတ်စွာက နောင်သောအခါတွင် မဟိန္ဒမည်သောမထေရ်သည် သီရိလင်္ကာသို့ကြွ၍ သာသနာပြုလိမ့်မည်။ ထိုအခါ သင်သိကြားလည်း သာသနာပြုဖော်ပြုဖက်အဖြစ် ကူညီဆောင်ရွက်ပါ-ဟုမိန့်ကြားတော်မူခဲ့ရာ ဘုရားတပည့်တော်ကလည်း ကူညီပါမည့်အကြောင်း တာဝန်ယူခဲ့ပါသည်။

ယခု သီဟိုဠ်ကျွန်း (သီရိလင်္ကာ) တွင် မုဋသိဝမင်း နတ်ရွာစံပြီး ဒေ၀ါနံပိယတိဿမင်းမြတ် နန်းစံချိန်ဖြစ်၍ သာသနာပြုသွားရန် အချိန်တန်ပါပြီ။ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ ကြွတော်မူပါ။ ဘုရားတပည့်တော်ကလည်း ဘုရားရှင်ထံ ၀န်ခံကတိပြုခဲ့သည့်အတိုင်း ကူညီ၍ သာသနာပြုပါမည်-ဟု လျှောက်ထားပြီး သီရိလင်္ကာ သာသနာ ထွန်းလင်းဖြာအောင် ကူညီစောင့်ရှောက်ခဲ့သည်ဟု ပါရာဇိကဏ် အဋ္ဌကထာ တတိယသင်္ဂီတိကထာ၌ မိန့်ဆိုထားလေသည်။

သာသနာနှစ် ၄၃၀-ပြည့်တွင် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ၌ ၀ဋ္ဋဂါမဏိမင်းကြီး နန်းတက်သည်။ ထိုမင်း နန်းတက်ပြီး ငါးလအကြာတွင် စဏ္ဍာလတိဿ သူပုန်ဘေးကြီး ဖြစ်ပေါ်လာသဖြင့် တိုင်းပြည်မငြိမ်မသက် ဖြစ်လာသည်။ ထိုအတောအတွင်း တကျွန်းလုံး မိုးခေါင်၍ ငတ်မွတ်ခေါင်းပါးသောကပ်ကြီး ဆိုက်ရောက် လာပြန်သည်။ ဤသို့ဖြစ်လာမည်ကို သိကြားမင်း ကြိုတင်သိ၍ မဖြစ်လာမီကပင် သာသနာ့ဝန်ထမ်း ရဟန်းတော်များကို ဤသို့ လျှောက်ထားခဲ့သည်။

ဒီကျွန်းမှာ မကြာမီ လက်နက်ဘေးနဲ့ ငတ်မွတ်ခေါင်းပါး တဲ့ဘေးကြီးတွေ ဖြစ် လာပါလိမ့်မယ်။ အဲဒီအခါမှာ အရှင်ဘုရားများဟာ ပစ္စည်းလေးပါး အခက် အခဲတွေကြောင့် ပရိယတ္တိစာပေကျမ်းဂန်တွေ ကို ဆောင် ထားနိုင် ကြမှာ မဟုတ်ပါ။ ဒါကြောင့် အခြားနေရာသို့ ကြွပြီး ကျန်းမာသက်ရှည်စွာ ပရိယတ္တိ ကို အားထုတ် သင့်ကြပါတယ်။ အခုပဲ တပည့်တော် ဖောင်ကြီးပေါ်သို့ ကြွတော်မူပါ-ဟု လျှောက်ထားသတဲ့။

ထို့နောက် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ရှိ သံဃာတော်အားလုံးကို တခြားဒေသသို့ ဖောင်ကြီးဖြင့် ပို့ဆောင်ပေးခဲ့သည်။ သီဟိုဠ်ကျွန်း( သီရိလင်္ကာ) ၌ မလိုက်ပါလိုသည့် ရဟန်းတော်ခြောက်ကျိပ်မျှသာ ကျန်ခဲ့သည်။ ဤသို့လည်း သိကြားမင်းသာသနာတော် ကို စောင့်ရှောက် ခဲ့ကြောင်း အဋ္ဌကထာများ၌ မိန့်ဆိုထား၏။

ဆက်ရန်

( ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ)

( မြတ်မင်္ဂလာ ၂၀၀၂-ခု ဇူလိုင်လ)
ရေးသူ လူထု မောင်ကာဠု အချိန်

Sunday, March 17, 2013

အိမ်မပြန်ဖြစ်တာ ကြာပြီဖြစ်တဲ့ အမေ့သား



ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲတဲ့ ညတစ်ညမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အမေ့အနား ပြန်ရောက်တဲ့ အကြောင်းကို
လွမ်းမျက်ရည် တစ်စက်နှစ်စက်နဲ့
အိပ်မက် မြင်မက်ပါသတဲ့။

သားပို့ထားတဲ့ ဓာတ်ပုံလေးတွေ
အလွမ်းပြေကြည့်ကြည့်နေခဲ့ရတဲ့ အမေဟာ
သားပြန်လာတာကို မြင်တော့
ဝမ်းပန်းတသာနဲ့
အပြေးအလွှား လာကြိုပါသတဲ့။

အမေ့အတွက် ကောင်းနိုးရာရာ
ဝယ်လာတာတွေကို ဂရုမထား
`ငါ့သားပြန်လာတာက အဓိကပါ´တဲ့။
နှစ်တွေ အတော်ကြာ
အိမ်ပြန်ရောက်မလာတဲ့ သားကို
ချစ်အားတွေ ပိုရှာပါသတဲ့။

`နေပူထဲက လာတာမဟုတ်လား။
ရေချက်ချင်းသွားမချိုးနဲ့။
ချွေးတိတ်အောင် ခဏနား
ငါ့သားက တယ်ခက်သကိုး´တဲ့။
ဒီအရွယ်ရောက်နေတဲ့သားကို
ကလေးလို အမှတ်ထား
စိတ်များပင် ပူရှာပါသတဲ့။

`သားအခုလို ပြန်လာတာ
အမေ ၀မ်းသာလိုက်တာ။
သားကြိုက်တဲ့ ဟင်းတွေ
အမေ ချက်ထားတာ
စားကြည့်စမ်းပါဦး´တဲ့။
အမေ့လက်ရာ ငတ်နေတဲ့သား
ဗိုက်ကားအောင် စားမိပါသတဲ့။

ထမင်းစားပြီးလို့ ခဏနား
အမေ့အနားနေမယ် ကြံတော့မှ
နှိုးစက်သံ တတီတီ
ထပြီး မြည်ပါသတဲ့။

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲနေတဲ့ မနက်ခင်းတစ်ခုမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အလုပ်သွားဖို့ အားခဲ
ရင်ထဲက ဟာတာတာနဲ့
အမေ့ဓာတ်ပုံ ထုတ်ကြည့်တုန်းခဏမှာ
မျက်ရည်ကျမိပါသေးသတဲ့။


ခရီရေတာ

အုပ်စုဖွဲ့အဓမ္မကျင့်မှု အိန္ဒိယမှာ ထပ်မံဖြစ်ပွား

အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသူ ဆွစ်ဇာလန် အမျိုးသမီးကို ဆေးစစ်ချက်ရယူရန် ဆေးရုံကိုအသွား။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသူ ဆွစ်ဇာလန် အမျိုးသမီးကို ဆေးစစ်ချက်ရယူရန် ဆေးရုံကိုအသွား။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။ဗွီအိုအေ (မြန်မာဌာန)
17.03.2013

အိန္ဒိယနိုင်ငံ မက်ဒ်ယာ ပရာဒက်ရှ်ပြည်နယ်အတွင်း ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသူ အမျိုးသား ၅ ယောက်က သူတို့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ကြတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

အသက် ၃၉ နှစ်အရွယ် အဓမ္မပြုကျင့်ခံရသူအမျိုးသမီးဟာ သူမရဲ့ယောင်္ကျားဖြစ်သူနဲ့အတူ စက်ဘီးနဲ့ ဘုရားကျောင်းတခုကို သွားရောက်ခဲ့ပြီးနောက် လမ်းဘေးတနေရာ တောတွင်းစခန်း ကျတဲ့နေရာမှာ လူတစုကနေ ၀ိုင်းဝန်းအဓမ္မ ပြုကျင့်တာ ခံခဲ့ရတာပါ။

သူမရဲ့ယောင်္ကျား ဖြစ်သူကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ဇနီးဖြစ်သူကို ခင်ပွန်းသည်ရဲ့ ရှေ့မှာတင် အဓမ္မပြုကျင့်ခဲ့ကြတာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတဲ့ ရဲအရာရှိ DK Arya ကပြောပါတယ်။ သူတို့ထံက လပ်တော့ ကွန်ပျူတာ ရူပီးငွေ တသောင်း နဲ့ လက်ကိုင်ဖုန်းစတာတွေကိုလည်း ခိုးယူခဲ့ကြတယ်လို့ပြောပါတယ်။

အမျိုးသမီးကို ဒေသတွင်းက ဆေးရုံမှာ ဆေးဝါးကုသမှုပေးခဲ့ရပြီး အခုတော့ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဆွစ်ဇာလန် သံအမတ်ကြီးက အကြမ်းဖက်ခံခဲ့ရတဲ့ ဇနီးမောင်နှံနဲ့ စနေနေ့မှာတွေ့ဆုံစကားပြောခဲ့ပြီး ဒီအမှုကို အမြန်ဖော်ထုတ်ပေးဖို့ အိန္ဒိယ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံရသူအမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းတို့ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ နယူးဒေလီမြို့အထိ ၃ လကြာ စက်ဘီးနဲ့ခရီးသွားနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း နယူးဒေလီမြို့က ဘတ်စ်ကား တစီးပေါ်မှာ ၂၃ နှစ်အရွယ်ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့အတွက် လူအများဒေါသထွက်ခဲ့ကြပါတယ်။ အဲဒီလိုလိင်ပိုင်းဆိုင်ရာစော်ကားမှု ဖြစ်ပွားခဲ့ပြီး ၃ လအကြာမှာ အခုအမှု ထပ်မံဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
(VOA)မှ.....

တင်ပြီးသား post များ

3D