သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, August 18, 2013

“ မြန်မာနိုင်ငံသားများ၏ အနှိုင်းမဲ့ကျေးဇူးရှင် ”


Photo: “ မြန်မာနိုင်ငံသားများ၏ အနှိုင်းမဲ့ကျေးဇူးရှင် ”
Sunday, August 18, 2013

{ ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို စတင်
မျိုးစေ့ချပေးတော်မူသည့် အရှင်အရဟံမထေရ်မြတ်နှင့် မထေရ်မြတ်အား
အသက်ကိုအပ်နှင်း၍ ဆည်းကပ်ကာ သာသနာတော် အရှည်ခံ့၍ သန့်ရှင်း တည်တံ့ 
ပြန့်ပွားစေရန်ကြိုးပမ်းအားထုတ်တော်မူခဲ့သော အနော်ရထာမင်းမြတ်တို့၏ 
ကျေးဇူးများကြောင့်သာ
ကျွန်ုပ်တို့သည် သမ္မာဒိဋ္ဌိအယူ၌တည်ကာ သံသရာဝဋ်ဆင်းရဲတို့မှလွတ်ကြောင်း
နည်းလမ်းကောင်းများကို ယနေ့ထိတိုင် သင်ယူ မှတ်သား လိုက်နာ ကျင့်ကြံ
အားထုတ်နိုင်ကြခြင်း ဖြစ်ပေသည်။ }

Ko Ko
မြန်မာ့အလှတရား ဓါတ်ပုံဝါသနာရှင်များ .
{ ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို စတင်
မျိုးစေ့ချပေးတော်မူသည့် အရှင်အရဟံမထေရ်မြတ်နှင့် မထေရ်မြတ်အား
အသက်ကိုအပ်နှင်း၍ ဆည်းကပ်ကာ သာသနာတော် အရှည်ခံ့၍ သန့်ရှင်း တည်တံ့

(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဈေးနှုန်းသက်သာစွာ တည်းခိုနိုင်ရေး စီစဉ်ထားရာ Media,Observer များနှင့် လိုက်ပါအားပေးမည့်သူများ အိုလံပစ်ကော်မတီ၏ ခွင့်ပြုချက် ရယူရန်လို

U-18-8

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား ကျင်းပမည့် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ - သက်ထွန်းအောင်)
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဈေးနှုန်းသက်သာစွာဖြင့် တည်းခိုနိုင်ရန် စီစဉ်ထားရှိရာ Media Observer များနှင့် လိုက်ပါအားပေးမည့်သူများ အနေဖြင့် နိုင်ငံအလိုက် အိုလံပစ်ကော်မတီ၏ ခွင့်ပြုချက် ရယူရန်လိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ လာရောက်မည့် Media Observer များနှင့်

ဇာတ်ကားသစ် အရောင်းမြှင့်တင်ရန် ပရိသတ်များနှင့် ရှာရွတ်ခန်း Facebook တွင် တိုက်ရိုက်စကားပြော

Photo: ဇာတ်ကားသစ် အရောင်းမြှင့်တင်ရန် ပရိသတ်များနှင့် ရှာရွတ်ခန်း 
Facebook တွင် တိုက်ရိုက်စကားပြော
Sunday, August 18, 2013

မကြာသေးခင်က ထွက်ရှိထားတဲ့ ဘောလိဝုဒ် ဆူပါအကျော်အမော် ရှာရွတ်ခန်းရဲ့ 
ဇာတ်ကားသစ် Chennai Express ဇာတ်ကားကို ကြော်ငြာတဲ့ သဘောအဖြစ် ဒီဇာတ်ကားနဲ့
 ပတ်သက်တဲ့ အကြောင်း အရာတွေကို ရှာရွတ်ခန်းရဲ့ ပရိသတ်တွေဟာ Facebook မှာ 
တိုက်ရိုက်စကားပြောနိုင်တဲ့ အစီအစဉ်တစ်ခု ပြုလုပ်ခဲ့တယ်လို့ Zee News 
သတင်းတစ်ရပ်မှာ ဆိုထားပါတယ်။

သရုပ်ဆောင် ရှာရွတ်ခန်းနဲ့ ဇာတ်ကားရဲ့ ဒါရိုက်တာ ရိုဟစ်ရှက်တီးတို့ဟာ 
သြဂုတ် လ ၁၄ရက်နေ့ည ၉ နာရီအချိန်မှာ Facebook ပေါ်ကို တက်လာမှာ ဖြစ်ပြီးတော့
 ပရိသတ်တွေနဲ့ ဇာတ်ကား အကြောင်း ပြောခဲ့ကြတယ်လို့လည်း ဒီသတင်းမှာ 
ဖော်ပြထားပါတယ်။

ရှာရွတ်ခန်းဟာ သူ့ရဲ့ Facebook စာမျက်နှာ I am srk ကနေ တစ်ကမ္ဘာလုံးက 
ပရိသတ်နဲ့ တိုက်ရိုက် စကားပြောခဲ့ခြင်းဟာ ဘောလိဝုဒ် 
အကျော်အမော်တွေထဲမှာတော့ ပထမဆုံး ဖြစ်ပါတယ်။ 

“Chennai Express ဇာတ်ကား ရိုက်ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ရုပ်ရှင်အကြောင်း၊
 လူတွေမေးချင်တဲ့အကြောင်းတွေကို ဖြေရတာကို စိတ်လှုပ်ရှားမိပါတယ်” ဟု 
ရှာရွတ်ခန်းက ပြောကြားပါတယ်။
လက်ရှိ ရုံတင်နေပြီဖြစ်တဲ့ ရှာရွတ်ခန်း ဇာတ်ကားသစ်ဟာ ဝင်ငွေကောင်းပြီး 
အောင်မြင်လိမ့်မယ်လို့ ရုပ်ရှင် အကဲဖြတ်သူတွေက ပြောကြပါတယ်။

The Voice Weekly
မကြာသေးခင်က ထွက်ရှိထားတဲ့ ဘောလိဝုဒ် ဆူပါအကျော်အမော် ရှာရွတ်ခန်းရဲ့ ဇာတ်ကားသစ် Chennai Express ဇာတ်ကားကို ကြော်ငြာတဲ့ သဘောအဖြစ် ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေကို ရှာရွတ်ခန်းရဲ့ ပရိသတ်တွေဟာ Facebook မှာ တိုက်ရိုက်စကားပြောနိုင်တဲ့ အစီအစဉ်တစ်ခု ပြုလုပ်ခဲ့တယ်လို့ Zee News သတင်းတစ်ရပ်မှာ ဆိုထားပါတယ်။

တောမှီ ဆရာဝန်ကြီး

Photo: တောမှီ ဆရာဝန်ကြီး
Sunday, August 18, 2013 

အိန္ဒိယနိုင်ငံ မဟာရာသျှတြာပြည်နယ် တောတောင်ထဲတွင် နေထိုင်သည့် 
မာဒီရာဂွန်းမျိုးနွယ်စုများ အတွက်တော့ အဘိုးဆရာဝန် ဘာဘူကြီး ဒေါက်တာ 
ပရာကက်ရှ်တို့ ဇနီးမောင်နှံသည် အမှောင်ခွင်းပေးခဲ့သည့် အလင်းပြသူများပင် 
ဖြစ်သည်။

လွန်ခဲ့သော သုံးဆယ့်ငါးနှစ်က ဖြစ်သည်။ ဒေါက်တာ ပရာကက်ရှ်အမ်တီနှင့် ဇနီးသည်
 ဒေါက်တာ မန်ဒါကီနီအမ်တီတို့သည် အိန္ဒိယနိုင်ငံ၏ ဝေးလံ 
ခေါင်ဖျားမျိုးနွယ်စုဒေသ ဂတ်ချီရိုလီက တံခါးမရှိ၊ လျှပ်စစ်မီးမရှိ 
တဲကလေးမှာသွားနေဖို့ ဆုံးဖြတ်လိုက်ကြသည်။ ရည်ရွယ်ချက်က 
မျိုးနွယ်စုဒေသခံများကို အခမဲ့ ဖွံ့ဖြိုးရေးအတွက် အစေခံပေးရန်၊ ကျန်းမာရေး 
စောင့်ရှောက်ပေးရန် ဖြစ်သည်။ သူတို့လျှောက်ခဲ့ရသည့် လမ်းသည် ချောမွေ့ခဲ့သည်
 မဟုတ်သော်လည်း သူတို့ဘဝ တစ်လျှောက်လုံး အတွက် ဇောက်ချလုပ်မည်ဟု 
ယုံယုံကြည်ကြည် တက်လှမ်းခဲ့ခြင်း ဖြစ်သည်။

၁၉၇၃ ခုနှစ်တွင် လော့ဘီရာဒါရီ ပရာကတ်ပ်ဟု အမည်ပေးထားသည့် 
ဆေးကုသခန်းတစ်ခုကို တည်ထောင်ခဲ့သည်။ သူတို့ဇနီးမောင်နှံ အခြေချရာ ဟီမယ်ကာဆာ
 ဒေသ၏ လမ်းပန်းဆက်သွယ်ရေး ကလည်း ထိုစဉ်က အလွန့်အလွန် ကြမ်းတမ်းသည်။

ယခုဆိုလျှင် သူတို့တည်ထောင်ထားသည့် ရပ်ရွာ ကျန်းမာရေးဌာနကြီး သာမကဘဲ 
ဂေဟာလေးတစ်ခု ပြုလုပ်ပေးထားပြီး ဒဏ်ရာရ တိရစ္ဆာန်များကိုပါ ပြုစု 
ကျွေးမွေးပေးလျက်ရှိရာ အာသျှရန်ရှာလာဟု အမည်ပေးထားသည့် သားရိုင်းတိရစ္ဆာန် 
ဂေဟာလေးပင် ရှိလာပြီ ဖြစ်သည်။
ယင်းဒေသသည် အစိုးရက ဘေးမဲ့ပြုထားသော ကြိုးဝိုင်းဒေသ ဖြစ်သည်။ 
သားရိုင်းသတ္တဝါများ အန္တရာယ်ကြောင့် အခြေချ နေထိုင်ရန်ဝေးစွ သွားရောက် 
လည်ပတ်ဖို့ပင် ခက်ခဲလှပေသည်။

အစပိုင်းတွင် အဆိုပါဒေသကို ဝင်ရောက် အခြေချ ပြီး အကူအညီပေးရေး လုပ်ငန်းများ
 လုပ်ရသည်မှာ လွယ်လှသည်တော့ မဟုတ်ပေ။ ဒေသခံ မာဒီရာဂွန် မျိုးနွယ်စုများ၏ 
ဘာသာစကားကို လုံးလုံးနားမလည်ခဲ့ပေ။

သူတို့မျိုးနွယ်စုသည် ၎င်းတို့ ရှေးမဆွက သုံးခဲ့သည့် ရိုးရာနည်း 
မန်းမှုတ်ခြင်းများကိုသာ တွယ်ဖက်နေ ခဲ့ကြသဖြင့် ဆရာဝန်ဇနီးမောင်နှံ၏ 
ကျန်းမာရေး စောင့်ရှောက်မှုများကို လက်ခံလာအောင် အစပိုင်းက 
မဖျောင်းဖျနိုင်ခဲ့ပါ။

မည်သို့ပင် အခက်အခဲများ ကြုံခဲ့ရသည်ဖြစ်စေ ကုတ်ကတ်ပြီး ရအောင် 
စည်းရုံးခဲ့ကြသည်။ ဒေါက်တာ ပရာကက်ရှ်ဆိုလျှင် သူ့ပထမဆုံး ရင်သွေးသည် 
သားယောက်ျားလေး ဖြစ်ကြောင်းကို တစ်လလောက်ကြာမှ သိခဲ့ရသည်။ 
တောတွင်းတစ်နေရာနှင့် တစ်နေရာ ဆက်သွယ်ရေး အခြေအနေက ထိုမျှခက်ခဲသည်။
ဆယ်စုနှစ်သုံးခုလောက် မမောနိုင်မပန်းနိုင် အလုပ်ကြိုးစားပြခဲ့ပြီး 
ယခုဆိုလျှင် သူတို့လုပ်ကိုင်နေ သည့် တောနက်ထဲက ပရဟိတ လုပ်ငန်းများမှာ နောက်
 မျိုးဆက်ကိုပင် လက်ဆင့်ကမ်းနိုင် လောက်အောင် အဆင်သင့် ဖြစ်နေပေပြီ။

သူတို့မိသားစုလေးသည် လူမှုပရဟိတ လုပ်ငန်းများ လုပ်ဆောင်ရခြင်းကို 
အမြစ်တွယ်သလို ကူးစက်ခံ ထားရကြောင်း ဒေါက်တာပရာကက်ရှ်က ပြောကြားသည်။ 
သူပြန်ကုသ မွေးမြူပေးထားသည့် တောရိုင်း သတ္တဝါများက သူနှင့် 
တော်တော်ယဉ်ကြသည်ကိုလည်း တွေ့ရသည်။ သူ့ Facebook စာမျက်နှာ Fan Page တွင် 
အကောင်ပလောင်ပေါင်းစုံ သူ့ကိုယ်ပေါ် တွယ်တက်နေသည့် ဓာတ်ပုံများကို 
မြင်နိုင်သည်။

၂၀၀၈ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက ချီးမြှင့်သည့် မက်ဂ်ဆေးဆေး 
ရပ်ရွာဖွံ့ဖြိုးရေးဆုကို သူတို့ဇနီးမောင်နှံ ရရှိကြောင်း သတင်းရောက်လာစဉ်က 
စပါးအုံးမြွေကြီး တစ်ကောင်နှင့် သူအလုပ်များနေခဲ့သည်။
“ရှစ်ပေလောက်ရှည်တဲ့ စပါးအုံးကြီး ပိုက်တစ်ခုထဲမှာ မိနေတာကို တောတွင်းသား 
တိုင်းရင်းသားတွေက တွေ့လို့ ကျုပ်ဆီ ယူလာကြတယ်ဗျို့။ ပိုက်ထဲက ဖြည်ပေးပြီး 
ဒဏ်ရာတွေကို ဆေးကုပေးနေတာ” ဟု ဆရာဝန်ကြီးက ပြောဆိုသည်။

ရာမွန်မက်ဂ်ဆေးဆေး ဖောင်ဒေးရှင်းက ပေးအပ်သည့် ရပ်ရွာဖွံ့ဖြိုးရေး 
လုပ်ဆောင်မှုဆုကို သူတို့ဇနီး မောင်နှံ ဆယ်စုနှစ်ပေါင်းများစွာ 
အိန္ဒိယနိုင်ငံ မဟာရာသျှတြာပြည်နယ် တောထဲတောင်ထဲတွင် မြှုပ်နှံ ပြီး 
မျိုးနွယ်စုများအတွက် ဘဝအဆင့်အတန်း မြင့်လာရေး ကူညီလုပ်ဆောင်ပေးမှုအတွက် 
ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ယင်းဆုသည် အာရှနိုဘယ်လ်ဆုဟု လူသိများပြီး အများအကျိုး ရွပ်ရွပ်ချွံချွံ 
လုပ်ဆောင်သော နိုင်ငံရေး သမားများ၊ ပရဟိတသမားများ၊ တီထွင်ဖန်တီးသူများကို 
ပေးအပ်ခြင်း ဖြစ်ပေသည်။

တောမှီဆရာဝန်ကြီးသည် ဆေးသိပ္ပံပညာ အကယ်ဒမီက ပေးအပ်သည့် ထူးချွန်သော ဆေးပညာ 
သည် ဆုကိုလည်း ရရှိခဲ့ပေသည်။

မစ္စတာပရာကက်ရှ်အမ်တီ၏ ပရဟိတသွေးသည် မျိုးရိုးလိုက်ခဲ့သည်ဟု ဆိုလျှင် 
ရနိုင်ပေသည်။ သူ့ဖခင်ကြီး ဘာဘာအမ်တီသည်လည်း မက်ဂ်ဆေးဆေး အများအကျိုး 
ဆောင်သူဆုကို ၁၉၈၅ ခုနှစ်က ရခဲ့ဖူးပြီး ယင်းဆုပေးသည့် 
သမိုင်းတစ်လျှောက်တွင် အဖေရော သားရော ရခဲ့သည့် မှတ်တမ်းလည်း ဝင်ခဲ့သည်။

သူပရဟိတ လောကထဲသို့ စတင်ဝင်ရောက်လာစဉ်က သူ့ဖခင်ကြီး ဒေါက်တာဘာဘာအမ်တီ၏ 
လမ်းညွှန်ချက်များများစွာ အထောက်အပံ့ ရရှိခဲ့သည်။ ၁၉၇၃ခုနှစ်မှာ 
ဆရာဝန်ဇနီးမောင်နှံ ၁၇ နှစ်ကြာ ရုန်းကန်ခဲ့ရသည့် ခရီးရှည်၏ အစအဖြစ် 
တောထဲတောင်ထဲ လူမနီးသူမနီးမီးမရှိ၊ ဇိမ်ခံပစ္စည်းမရှိ ကျန်းမာရေး 
စောင့်ရှောက်မှု စခန်းစဖွင့်ခဲ့စဉ်က ဖခင်ကြီးအိန္ဒိယ နာမည်ကျော် 
စေတနာ့ဝန်ထမ်းကြီး ဒေါက်တာဘာဘာအမ်တီထံမှ စိတ်ဝိညာဉ် ခွန်အားများစွာ 
ယူခဲ့ရပေသည်။

အိန္ဒိယတွင် ဆင်းရဲမွဲတေမှုနှင့် အနာရောဂါ၏ ဖိစီးထုထောင်းမှုကို ခံခဲ့ရကြသော 
နူနာရောဂါသည်များ ကို ဘဝကို နှစ်မြှုပ်ပြီး ကုသပေးခဲ့သည့် ဆရာဝန်ကြီး 
ဒေါက်တာဘာဘာအမ်တီ၏ ပရဟိတအမွေကို သားဖြစ်သူ ဒေါက်တာပရာကက်ရှ်အမ်တီနှင့် 
ချွေးမတို့က တောထဲတောင်ထဲ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြင့် လက်ဆင့်ကမ်း 
ရယူနိုင်ခဲ့ပေသည်။

ပရဟိတကို စိတ်ဝင်တစား လုပ်ကိုင်နေကြသူများစွာ ကျွန်ုပ်တို့ နေထိုင်ရာ 
လူ့ကမ္ဘာတွင် ရှိကြသည်။ သို့သော် မိမိဘဝကို နှစ်မြှုပ်၍ မိမိကူညီလိုသူ 
အသိုင်းအဝိုင်းနှင့် တစ်သားတည်း နေထိုင်ခဲ့ပြီး အချိန်နှစ်ပေါင်းများစွာ 
ရင်းနှီးပေးဆပ်ကြသူများမှာကား အလွန်နည်းလှပေသည်။ ယင်းသို့ မွန်မြတ်သည့် 
အလုပ်ကို လုပ်ဆောင်ပေးခဲ့သူများအနက် တစ်ယောက်ဟု ဆိုနိုင်သည့် ဆရာဝန်ကြီး 
ဒေါက်တာပရာကက်ရှ်နှင့် မိသားစု အကြောင်းကို မျှဝေပေးရင်း ပရဟိတကို ဘဝပေး 
အစေခံနေကြသူများကို ဂုဏ်ပြုလိုက်ရပေသည်။ 

(သန့်ဇင်စိုး)
The Voice Weekly
အိန္ဒိယနိုင်ငံ မဟာရာသျှတြာပြည်နယ် တောတောင်ထဲတွင် နေထိုင်သည့် မာဒီရာဂွန်းမျိုးနွယ်စုများ အတွက်တော့ အဘိုးဆရာဝန် ဘာဘူကြီး ဒေါက်တာ ပရာကက်ရှ်တို့ ဇနီးမောင်နှံသည် အမှောင်ခွင်းပေးခဲ့သည့် အလင်းပြသူများပင် ဖြစ်သည်။
လွန်ခဲ့သော သုံးဆယ့်ငါးနှစ်က ဖြစ်သည်။ ဒေါက်တာ ပရာကက်ရှ်အမ်တီနှင့် ဇနီးသည် ဒေါက်တာ မန်ဒါကီနီအမ်တီတို့သည် အိန္ဒိယနိုင်ငံ၏ ဝေးလံ ခေါင်ဖျားမျိုးနွယ်စုဒေသ ဂတ်ချီရိုလီက တံခါးမရှိ၊

BRT စနစ် ပြောင်းလဲမှုအား နိုင်ငံတော် အစိုးရသို့ အဆိုပြု တင်ပြထားပြီဖြစ်

Photo: BRT စနစ် ပြောင်းလဲမှုအား နိုင်ငံတော် အစိုးရသို့ အဆိုပြု 
တင်ပြထားပြီဖြစ်
Sunday, August 18, 2013 

ပြည်တွင်းမှ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်တဲ့ မေတ္တာလှိုင်း ယာဉ်လိုင်းပိုင် OMNI
 Focus ကုမ္ပဏီ လီမိတက်မှ ရန်ကုန်တိုင်း ဒေသကြီး အတွင်း 
ယာဉ်ကြောကြပ်တည်းမှုမှ ကင်းဝေးစေဖို့ Bus Rapid Transit(BRT) စနစ်သို့ 
ပြောင်းလဲဖို့ အတွက် နိုင်ငံတော် အစိုးရသို့ အဆိုပြု တင်ပြထားတာ 
ဖြစ်တယ်လို့ သြဂုတ်လ ၁၇ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ BRT စနစ်နဲ့ပတ်သက်ပြီး
 ရှင်းလင်းခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှ သိရပါတယ်။

ဒီလို BRT စနစ် အသုံးပြုဖို့ အတွက် Pilot Project စတင် လုပ်ဆောင်ရန် 
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ နေရာ ၄ နေရာကို ရွေးချယ် ထားရှိပြီး 
အဆိုပါ BRT စနစ်အတွက် ကိုရီးယားနိုင်ငံထုတ် CNG Bus ကား ၉၄ စီး အသုံးပြု 
သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို BRT စနစ် အသုံးပြုဖို့နဲ့ ပတ်သက်ပြီး
 လက်ရှိမှာ နိုင်ငံတော် အစိုးရကို အဆိုပြု တင်ပြထားပြီး ခွင့်ပြုချက် 
ရရှိပါက ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားဖို့ ရှိတာ ဖြစ်တယ်လို့ 
သိရှိရပါတယ်။

Mrtv-4
ပြည်တွင်းမှ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်တဲ့ မေတ္တာလှိုင်း ယာဉ်လိုင်းပိုင် OMNI Focus ကုမ္ပဏီ လီမိတက်မှ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ယာဉ်ကြောကြပ်တည်းမှုမှ ကင်းဝေးစေဖို့ Bus Rapid Transit(BRT) စနစ်သို့ ပြောင်းလဲဖို့ အတွက် နိုင်ငံတော် အစိုးရသို့ အဆိုပြု တင်ပြထားတာ ဖြစ်တယ်လို့ သြဂုတ်လ ၁၇ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ BRT စနစ်နဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှ သိရပါတယ်။

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး အဓ္ဓမ ကျင့်ခံရ

မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည် အခင်းဖြစ် ပွားပုံမှာ ည ၁၀ နာရီ ခွဲ အချိန်ခန့်တွင် မိန်းကလေးအဆောင်နောက်ဘေး အဆောင် တံခါးပေါက် အားဖြတ်ဆီး၍ မလေးသုံး ယောက်မှာ အဆောင်တွင်းသို့ ဝင်ရောက်လာသောအခါ အဆောင် တွင်းနေ မြန်မာမိန်း ကလေးများ ကြောက်ရွံ့အော်ဟစ်ခါ သူငယ်ချင်းများအားလုံး သတိပေးကာ အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြလေ သည်။

လသားအရွယ် ကလေးငယ်လေး အရေးပေါ်ဆေးကုသမှု ခံယူရန်လိုအပ်

Photo: လသားအရွယ် ကလေးငယ်လေး အရေးပေါ်ဆေးကုသမှု ခံယူရန်လိုအပ်
Sunday, August 18, 2013

ဒီတစ်လသားလေး ကတော့တကယ်ကိုကံဆိုးရှာသူလေးပါ။ မိခင်ဖြစ်ဖြစ်သူ
မချိုပြုံးသူ့ကို မွေးဖွားစဉ်က မွေးရာပါစအိုကြီးနေတာကြောင့် 
အရပ်လက်သည်ကမမွေးဖွားရဲတော့တာကြောင့် ကလေးကိုယ်တပိုင်းထွက် တန်းလန်းနဲ့ 
ရွာငံဆေးရုံကို ထော်လာဂျီနဲ့ ပြေးရတာပါ။ရွာငံဆေ
ရုံမှာ မွေးဖွားပြီးပေမယ့် မွေးရာပါစအိုကြီးတာက ပိုဆိုးရွှားလာတာကြောင့် 
ရွှာကလူတွေ စုဆောင်းပေးလိုက်တဲ့ငွေလေးနဲ့မန္တလေးဆေးရုံ ကိုလာတက်ကြတာပါ။

ကလေးဟာခွဲစိတ်ဖို့လိုပြီး မိဘတွေကငွေကြေးမတတ်နိုင်တာကြောင့် အခက်
အခဲဖြစ်နေရပါတယ်။ မိဘတွေကတော့အဖေ ကိုအောင်ဆန်းဝင်း အမေ 
မချိုပြုံးပအိုဝ်တိုင်းရင်းသားတွေပါ။ နေတာကတော့ ရွှာငံမြို့နယ် 
လက်ပံပင်ကျေးရွှာဖြစ်ပါတယ်။ 

ကလေးက မန္တလေး ကုတင် ၅၅၀ဆန့် ကလေးဆေးရုံ သစ် ခွဲစိတ်ရုံ( ၂ )မှာပါ။ One To 
One စုပေါင်းကူညီ
ရေးအနေနဲ့ မနက်ဖြန်သွားရောက်ကူညီဖို့ ရှိပါတယ်။ 

သဒ္ဒါတရားထက်သန်တဲ့သူများသွားရောက်ကူညီပေးနိုင်ဖို့တင်ပြလိုက်ရပါ
တယ်။

Kayan Times
Shan News
ဒီတစ်လသားလေး ကတော့တကယ်ကိုကံဆိုးရှာသူလေးပါ။ မိခင်ဖြစ်ဖြစ်သူ
မချိုပြုံးသူ့ကို မွေးဖွားစဉ်က မွေးရာပါစအိုကြီးနေတာကြောင့် အရပ်လက်သည်ကမမွေးဖွားရဲတော့တာကြောင့် ကလေးကိုယ်တပိုင်းထွက် တန်းလန်းနဲ့ ရွာငံဆေးရုံကို ထော်လာဂျီနဲ့ ပြေးရတာပါ။ရွာငံဆေ

တင်ပြီးသား post များ

3D