သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 22, 2013

ကုဋေကြွယ် ခရိုနီ နဲ့ တခြမ်းပဲ့ ဒီမိုကရေစီ

ဗမာအစိုးရနဲ့ ပုလဲနံပသင့်ပြီး အကြီးအကျယ် ချမ်းသာလာတဲ့ ကုဋေကြွယ်သူဋ္ဌေး (၄၀) လောက် မြန်မာပြည်မှာရှိကြောင်း သိရပါတယ်။ ဒေါ်လာသန်း (၃၀) သို့မဟုတ် (၃) ကုဋေရှိသူကို ဆိုလို တာဖြစ်ပါတယ်။ နောက်ဆယ်နှစ်ကြာရင်တော့ ကုဋေကြွယ်သူဋ္ဌေး (၃၀၀) ကျော် ရှိလာမယ်လို့ Wealth-X လေ့လာရေးဌာန အရာရှိချုပ် Mr. Rambus က ပြောဆိုကြောင်း သြဂုတ်လ (၂၂) ရက်နေ့ထုတ် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လွှတ်တော် နာယကကြီး မှာထားပေး ပါအုန်း

မီဒီယာကို စိတ်ဆိုးမာန်ဆိုး တုန့်ပြန်
တလောက သမ္မတဦးသိန်းစိန်နဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)တွေ့တော့ သမ္မတက သူ့အစိုးရအဖွဲ့ကို
မီဒီယာကိုပြောဖို့ သူမှာထားတဲ့အကြောင်းနဲ့ မီဒီယာကို မကြောက်ဖို့ ပြောထားတဲ့အကြောင်း တွေ့ဆုံ
ပွဲမှာ တက်ခဲ့တဲ့ သမ္မတပြောခွင့်ရတွေ ပြန်ပြောပြလို့ သိရပါတယ်။

“အောင်ပဒင်..အင်ပဒေါင်း” ဇာတ်ကားမှ အသုံး အနှုန်းများ အတွက် မတောင်းပန် ပါက တရားစွဲမည်

လွန်ခဲ့သည့် ခြောက်လခန့်ကတည်းက ဖြန့်ချီခဲ့သည့် နေတိုးပါဝင် သရုပ်ဆောင်ထားသော
“အောင်ပဒင်...အင်ပဒေါင်း”
ဇာတ်ကားတွင် ပါဝင်သော အသုံးအနှုန်းများ၊ အပြုအမူများနှင့် ပတ်သက်၍ မတောင်းပန်ပါက ကယန်း
စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ နှင့် ကယန်းအမျိုးသားပါတီတို့မှ တရားစွဲဆိုမည်ဖြစ်ကြောင်း ကယန်းစာ
ပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ကိုခွန်ကလဲ့မင်းက ပြောသည်။

KIA, တပ်ရင်း (၁၂ ) နှင့် (၂၇) ဒေသတွင် တိုက်ပွဲ ပြင်းထန်

ကချင် ပြည်နယ် ၊ ကချင် လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ (၃) လက်အောက်ခံ ၊KIA,တပ်ရင်း (၁၂) အုပ်ချုပ်ဒေသ၊နယ် မြေ အတွင်းသို့ ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်လာသော မြန်မာအစိုးရစစ်တပ် (ခ.မ.ရ - ၅၂၂) စစ်ကြောင်း၊ခ.လ.ရ-(၆၉)၊ ခ.မ.ရ-(၃၂၃) တပ်မှ စစ်ကြောင်း နှင့်နှင့် KIA, တပ်ရင်း (၁၂) မှKIA,မျိုးချစ်ရဲဘော်တို့အကြားKIA,တပ်ရင်း(၁၂)နယ်မြေကောင်းဂျာရွာအနီးတွင်(၂၀၁၃၊စက်တင်ဘာလ၊၁၄) ရက်နေ့တစ်နေလုံးနီးပါးအပြင်းအထန်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ  ဖြစ်ပွားကြောင်းသတင်းရရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာရဲ့ ပြဿနာအိုးကြီး ဟု ဂိုချောက်ထောင် ပြောကြား

အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ပြဿနာ အိုးတစ်ခု “is part of the problem” တစ်ခုပါ။ သူ့ကိုယ်သူ.. 
Aung San Suu Kyi “is part of the problem” in Burma’s political crisis because she still believes she is the government, said former Singaporean prime minister Goh Chok Tong yesterday.

မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း ဆိုသည့်အချက် လုံးဝမှားယွင်း

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။  တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ ဦးမြင့်ဇော်၊ ဦးသိန်းအောင်၊ ဒေါက်တာပွင့်ဆန်းနှင့် ဒေါက်တာ မောင်မောင်သိမ်း၊ မြန်မာနိုင်ငံတော်  ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောမူနှင့် တာဝန်ရှိသူများ၊ ပြည်တွင်းနိုင်ငံခြား သတင်းထောက်များ၊ စာနယ်ဇင်းများနှင့် ရုပ်သံလိုင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

နေပြည်တော် ပုဗ္ဗသီရိမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွား

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအခင်းဖြစ်ပြီး ရွာသားတချို့ တိမ်းရှောင်နေရသလို၊ ရဲတပ်ဖွဲ့ဝင်တချို့ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
အဲဒီဒေသမှာ လယ်သိမ်းခံထားရသူတွေဘက်ကကူညီနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဌ ကိုဇော်လတ်နဲ့ အခြားရွာသား ၃ ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၁၉ ရက်နေ့ ညသန်းခေါင်ကျော်မှာ ဝင်ရောက်ဖမ်းဆီးရာ ရွာသားတွေကရဲတွေကို ပြန်ပြီးဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ မနက်လင်းအားကြီးအချိန်မှာတော့ ရဲတပ်ဖွဲ့တွေထပ်ရောက်သွားပြီး ရွာထဲမှာအဖမ်းခံထားရတဲ့ ရဲတွေကိုခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။

တင်ပြီးသား post များ

3D