သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Saturday, November 17, 2012
အပျော်
မနေ့ညက အပျော်
ဒီနေ့ထိ ပျော်နေမိတယ်။
မနေ့ညက ကြည်နူးမှု
ဒီနေ့ထိ ကြည်နူးမိတယ်။
ဒီအပျော်နဲ့ ကြည်နူးမှု
ပျောက်ကွယ်မှာကို
စိုးရိမ်မိလို့ ရင်ဝယ်အမြဲ
မဖြစ်မနေ ထိန်းချုပ်ရင်းနဲ့
သိမ်းထားတယ်လေး ...... ။
ချစ်ပါတယ်
မြတ်နိုးစွာ ဆိုချင်တယ်
ယုံတ၀က် မယုံတ၀က်
မလုပ်ပါနဲ့
ရူးမိုက်စွာ ချစ်တာပါ။
စွဲလမ်းတယ်
မမြင်ရရင် ရူးချင်တယ်
တောင့်တတာ
နေတိုင်းကို
လွမ်းစိတ်နဲ့ ချစ်တာပါ။
အကြိမ်တစ်ထောင်မက
ပြောနေရလဲ
ရင်ထဲက စကားလုံးတွေ
မကုန်ခမ်းနိုင်အောင်
ချစ်တာပါ ။
ငါ မင်းကို
ဘ၀တစ်ခုလုံးအတွက်
သိပ်ချစ်တယ်။
မောင်စေတနာ
Labels:
poem
လွမ်းချင်း
လွမ်းစိတ်တွေဖြင့်
ချစ်နေမိသည်။
ချစ်စိတ်တွေဖြင့်
တမ်းတမိသည်။
တမ်းတရင်းဖြင့်
မျှော်နေမိသည်။
မျှော်နေရင်းဖြင့်
တွေ့ချင်မိသည်။
တွေ့ချင်စိတ်ဖြင့်
လွမ်းနေမိသည်။
လွမ်းလွန်းလွန်လို့
လွမ်းကာနေသည်။
မောင်စေတနာ
Labels:
poem
နင့်ကို ငါ ချစ် တယ်
နင့်ကို ငါချစ်တယ်
နေရောင်ခြည်ကို ချစ်သလို
လေထုကို ချစ်သလို
ရေငွေ့ကို ချစ်သလို
ပင်လယ်ကို ချစ်သလို
ပန်းတွေကို ချစ်သလို
လောကကြီးကို ချစ်သလို
ငါ့ကိုယ်ငါ ချစ်သလို
နင့်ကို ငါ ချစ် တယ်
နင့်လက်ကို ငါတွဲထားတယ်။
တစ်ခါတလေ ဖြတ်တိုက်သွားတဲ့
လမ်းဘေးက လေရိုင်းရဲ့ အနှောင့်အယှက်တွေ ရှိပေမယ့်
တွဲထားတဲ့ နင့်လက်မှာ အနွေးဓာတ်တွေ ရှိနေသေးရင်
လေရိုင်းတွေ ဘယ်လောက်ကြမ်းပါစေ ငါ မမှုဘူး။
လူတိုင်းမှာ စကားလုံးကိုယ်စီရှိတယ်
ပုံပြင် ဇာတ်လမ်း ကိုယ်စီရှိတယ်။
ငါတို့မှာလည်း ငါတို့ ယုံကြည်ချက်တွေ ရှိတယ်
ယုံကြည်ချက်နဲ့ အပြုံးကိုယ်စီကို တွဲလက်နဲ့အတူ ငါတို့ဆုပ်ကိုင်ထားတယ်။
*နိုင်းနိုင်းစနေ*
Labels:
poem
ပေါင်းစပ်ခြင်း
အကြောင်းအရာက ကဗျာ
အအိပ်နှုတ်ခဲ့မျက်လုံးငိုသံနဲ့
ထွန်းချုပ်မဲ့ညအလယ်သန်းခေါင်
ပေါင်းစပ်ခြင်းဆိုတဲ့
အကြောင်းမဲ့အလင်းတရားက
မနက်တဖန်လင်းစေပြန်ပြီ။
နေရောင်ကို အသေအချာရှောင်ချင်တော့
လမင်းကို ငါအလင်းတဝက်ပေးခဲ့ရတယ်။
တိမ်နက်အသံမှန်စွာနဲ့ ငါ့ရင်မျက်ထန်ရအောင်
လမင်းက လှိုင်းမဖြည့်ခဲ့ဘူး။
မထူးပါဘူး ရူးရင်တောင် သိပ်မခမ်းနားလို့
လမင်းအပြုံးကို အကြိုလင့်နေရတဲ့ဘဝ။
Labels:
poem
ရူ့ထောင့် (ဒေါင့်)
မှန်သလား…မှားသလား
ဒီနေရာမှာ ဒီမေးခွန်းဟာ
အဖြေမရှိတဲ့ စကား။
အနုပညာ ငါမြတ်နိုးလို့
ဆေးစက်ကျရာ
အရုပ်ထင်ဖို့ သရုပ်ပြနိုင်ခဲ့ပေမယ့်
ဟန်ဆောင်ခြင်း အတတ်ပညာ
ငါမကျွမ်းကျင်ခဲ့လေတော့
“မိတ်ဆွေရေ”
မင်းရူ့ထောင့်(ဒေါင့်) မင်းအမြင်
လွတ်လပ်စွါ ဝေဖန်နိုင်ပေမယ့်
စေတနာအထူးနဲ့ ငါရှုထောင့်
ငါ့အမြင် မင်းသိအောင်တော့
လင်းချင်သေးရဲ့…………
လောကကြီးကို မင်းအမြင်ခပ်ပါးပါးနဲ့
တစ်ဖက်တည်း မကြည့်ပါနဲ့ လားကွာ
“ဗုဒ္ဓနှင့်အနုပညာ ဘာဆိုင်လို့လဲ”
ဆိုခဲ့လိမ့်မယ်။
ရှေးပဝေသဏီ လက်ထက်ကပင်
“ဆို၊က၊ရေး၊တီး”
အနုပညာဂုဏ်ရောင်ဝါကြောင့်
ဗုဒ္ဓသာသနာ ထွန်းလင်းပြောင်ခဲ့၏။
တစ်ခေတ်ပြောင်းပေမယ့် ခေတ်ဟောင်းက
သာသနာသမိုင်းကိုတော့
“မိတ်ဆွေ”
သေချာလေ့လာလိုက်ပါ။
Posted by မြန်မာ့အားမာန်
Labels:
poem
တိတ်တဆိတ် အလွမ်း
သတိရစိတ်တွေ ဆိတ်ဆိတ်နေမိကာမှ
အလွမ်းတွေ တံခါးလာလာခေါက်နေကြတယ်။
တိုက်ဆိုင်မူ့တွေတိုင်း မျက်လွှာချလို့
လစ်လျှူရှူ့နေပြန်တော့ လွမ်းသက်ရှိုက်သံတို့
ဒီရင်ဘတ်ထဲတသဲသဲနဲ့တိုးဝင်နေကြတယ်။
အမြင့်ကိုရောက်ဖို့ ဝေဟင်ထဲ
ပျံသန်းခဲ့ပြီးကာမှ မြေပြင်ထက်ဆင်းသက်ဖို့
ရင်ခွင်တစ်ခုလုံး နာကျင်ရမယ်ဆိုလည်း
အလွမ်းသင့်နေတာထက် ပိုမယ်မထင်
ကမ်းရှိလျှက် ရွက်လွင့်နေရတဲ့
လှေငယ်ဟာ မုန်းတိုင်းထက်
ရှပ်တိုက်ပြေးသွားတဲ့ အလွမ်းလေပြေနုတွေက
ရင်ခွင်အစုံကို အထိနာစေတယ်။
ရာသီမညီ ချိန်ခါမလင့်
ရွာတတ်တဲ့မိုးကလည်း အလွမ်းသရုပ်ကို
ပီပီပြင်ပြင်ရုပ်လုံးဖော်နေသလိုပါပဲ
အထီးကျန်နေ့ရက်တွေကို အလိုက်မသိ
ဥသြသံနှောလို့ တေးသီငှက်တို့
လွမ်းတေးသီနေပုံက အကျည်းတန်စရာ
တိတ်တိတ်ဆိတ်ဆိတ် ဖြေသိမ့်ရင်း
ဆိတ်ဆိတ်လေး..လွမ်းလို့။
Posted by မြန်မာ့အားမာန်
ခိုင်နုငယ် ၂၄.၄.၂၀၁၀ ၁း၅၄pm
အလွမ်းတွေ တံခါးလာလာခေါက်နေကြတယ်။
တိုက်ဆိုင်မူ့တွေတိုင်း မျက်လွှာချလို့
လစ်လျှူရှူ့နေပြန်တော့ လွမ်းသက်ရှိုက်သံတို့
ဒီရင်ဘတ်ထဲတသဲသဲနဲ့တိုးဝင်နေကြတယ်။
အမြင့်ကိုရောက်ဖို့ ဝေဟင်ထဲ
ပျံသန်းခဲ့ပြီးကာမှ မြေပြင်ထက်ဆင်းသက်ဖို့
ရင်ခွင်တစ်ခုလုံး နာကျင်ရမယ်ဆိုလည်း
အလွမ်းသင့်နေတာထက် ပိုမယ်မထင်
ကမ်းရှိလျှက် ရွက်လွင့်နေရတဲ့
လှေငယ်ဟာ မုန်းတိုင်းထက်
ရှပ်တိုက်ပြေးသွားတဲ့ အလွမ်းလေပြေနုတွေက
ရင်ခွင်အစုံကို အထိနာစေတယ်။
ရာသီမညီ ချိန်ခါမလင့်
ရွာတတ်တဲ့မိုးကလည်း အလွမ်းသရုပ်ကို
ပီပီပြင်ပြင်ရုပ်လုံးဖော်နေသလိုပါပဲ
အထီးကျန်နေ့ရက်တွေကို အလိုက်မသိ
ဥသြသံနှောလို့ တေးသီငှက်တို့
လွမ်းတေးသီနေပုံက အကျည်းတန်စရာ
တိတ်တိတ်ဆိတ်ဆိတ် ဖြေသိမ့်ရင်း
ဆိတ်ဆိတ်လေး..လွမ်းလို့။
Posted by မြန်မာ့အားမာန်
ခိုင်နုငယ် ၂၄.၄.၂၀၁၀ ၁း၅၄pm
Labels:
poem
အိပ်မက်
သိပ်ချောက်ချောက်ချားချားကြီးတော့ မဟုတ်ပါဘူး
လေရူးတွေတိုက်နေတဲ့နွေဦးလို
မငိုဘဲမျက်ရည်ကျနေရုံပါပဲ...
ရွက်ဝါတွေကြွေနေသလိုပေါ့... ။
ရှပ်တိုက်ပြေးလွှားနေရတဲ့မြေပြင်
မင်းရင်ခွင်ဖြစ်သင့်စေချင်ခဲ့
အိပ်မက်ရဲ့အပြင်ဘက်
ခြေတစ်ဖက်မှမချနိုင်သေးသရွေ့တော့
ဦးမော့နေသေးတဲ့မာနတချို့ဟာ
ဝေးကွာခြင်းရာသီထဲ
စိမ်းဝေဆဲဖြစ်နေဦးမှာ... ။
အီကွေတာရပ်ဝန်းက
အမြဲစိမ်းသစ်တောတွေရဲ့အတွင်းဘက်
တစ်ချက်လောက်စောင်းငဲ့ကြည့်စမ်းပါ
ရွက်ဝါတချို့
စိမ့်ဝင်သွားခဲ့တဲ့မြေပြင်
ရင်ခွင်တစ်ခုဖြစ်ခဲ့ရင်။
Labels:
poem
Subscribe to:
Posts (Atom)
တင်ပြီးသား post များ
-
▼
2014
(18)
-
▼
10/19 - 10/26
(18)
- သရဲအိမ်တွင်း ၀င်မိတဲ့ အမျိုးသား၊ အမျိုးသမီး ၈ ဦး ...
- ရဲ အားလုံးကို သေနတ်ထုတ်ပေးထား … ခွင့်ပြုချက် မတင်ဘ...
- အွန်လိုင်းမှာနာမည်ကြီးခဲ့သည့် သေဆုံးသွားသူအဖွားမှ ...
- ဘုရားပွဲနဲ့ မော်ဒယ်ဂဲလ် (သတိပြုဆင်ခြင်ဖွယ်ရာ)
- မောင်တောတွင် အမျိုးသမီးများအား ဓားဖြင့်လိုက်ခုတ်သူ...
- ကျွန်တော်သိသော ထေရဝါဒ ဗုဒ္ဓဘာသာ
- ကာတာဘက်သို့ မြန်မာဒုတိယဂိုးသွင်းယူအပြီး ပခုက္ကူမှပရ...
- ပါကစ္စတန်နိုင်ငံတွင် မော်လဝီဆရာမှ ၁၂ နှစ် သမီး ကျော...
- ရုံးပြန်နောက်ကျသူ အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့အဓ...
- ဝေဖန်မှု၊ ရူးသွပ်မှုများနှင့် မိန်းမလှများ၏ အရေပြားေ...
- ဒီ မြင်ကွင်းမျိုး မြင်ဖူးလား ???
- ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ ယူ-၁၉ တစ်သင်းလုံး သင်္ကန်း...
- ဆင်ဆာဖွင့်ပြီးနောက်ပိုင်း မြန်မာဇာတ်ကားတွေမှာ လိင်...
- ကမ္ဘာ့အဆင့် ပရိသတ်ဖြစ်ဖို့ အသင့်ဖြစ်ပြီလား
- ဒီမှာ ဒီမှာ မောင် မဲပြာနဲ့ မ ကလျာ
- အမျိုးသားတွေ သူ့ချစ်သူကို လမ်းခွဲတတ်တဲ့ အကြောင်းအရ...
- ကောင်မလေးရဲ့ကောင်ကလေး
- နည်းစနစ်ကျကျအတွေးအခေါ်
-
▼
10/19 - 10/26
(18)
-
►
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)

