သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, March 2, 2013

ဆန္ဒကိုလစာဖြင့် ထိန်းနေရသောဘဝနှင့် ရုန်းမထွက်နိုင်သော သံသရာ




တာဝန်များစွာ….
အခက်အခဲများစွာ….
စိုးရိမ်မှုများစွာ….
ယှဉ်ပြိုင်မှု များစွာ…
ဘဝက တစ်ခုတည်းဖြစ်သော် လည်းထိုတစ်ခုတည်းသော ဘဝထဲ ၌ လက်ခံသိမ်းယူထားရသည့် အရာတွေ က အများသား။ ဘဝဟူ သည် တိုတောင်းသည်..။ ရှည် လျားသည် စသည်ဖြင့် …။လိုက် မမီနိုင်သော အဓိပ္ပာယ် တို့ဖြင့် အသီးသီး အနက်ဖွင့်ဆိုကြ၏။’ဝ’လုံးကို ချရေးပြီး ရှင်သန်လာ သည့် အချိန်မှစ၍ အက္ခ ရာ တစ်ဝက် လော က်ကို မည်သို့မည်ပုံ ရေး ခဲ့မိပြီလဲ ရေရေရာရာ မပြောပြနိုင် တော့၊ သို့သော် ‘အ’အက္ခ ရာ အထိ မရောက်မချင်း ဘဝကို ဆက်သွား ရမည်မှာမလွဲ။ တကယ်တော့ ခဲ ဖျက်ဖြင့် ဖျက်မရသော ဘဝများ စွာ ထဲ၊ သူတို့သည်ဘွာခတ်၍ နောက် လှည့်မရသော အစိုးရဝန်ထမ်း (သို့ မဟုတ်) နိုင်ငံ၏ ဝန်ထမ်း သို့တည်း မဟုတ် တိုင်းပြည်၏ အရေးပါသော ယန္တာရားများဖြစ်ကြသည်။ သို့သော် . . ‘ကျွီ’ခနဲ မြည် သံနှ င့် အတူ လီဗာပေါ်မှညာခြေကိုကြွ၊ မျက်လုံး ကိုစုံမှိတ်ပြီးအကျင့်ပါနေသော လက်ဖြင့် ဂီယာက ဖြုတ်ပြီး သား။ နင်းလိုက်မိသည့်ဘရိတ်က အိမ်မှာ ကျန်ခဲ့သည့်မိန်းမနှင့် ကလေး၏မျက်နှာကို ကယ် တင်ခြင်း ဟု ယုံ ကြည်မိ၏။ လမ်းဖြတ်ကူးသူ တစ်ဦးက ရဲတင်းလှသည်။ မတော် တဆ ၏နောက်ကွယ်တွင် လျော် ကြေးနှင့်ကံကြမ္မာက ဓားထမ်း၍ စောင့်မျှော် နေမည်ကို တွေးမိရင်း သက်ပြင်းချ မိသည်။ မိမိဘဝ သည် နိုင်ငံနှင့် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ပါ မည်ဟုသစ္စာဓိဋ္ဌာန်ပြုထားသည် မ ဟုတ်ပါလား။ သူ့တာဝန်က ရေတပ် ဌာနမှတပ်ထိန်းသို့သော် သူကွက်ခနဲ့မြင်ယောင်မိပြီး သူတို့ဘ ဝတွေ ကိုပါ ရောက်နေသည်က အငှား ယာဉ်၏ စတီယာရင်ရှေ့။
တစ်ဦးတည်း မဟုတ်သော စားဝတ်နေရေးကို အန်ကြိတ်ခံ၍ မဖြစ်၊ ထို့အပြင် တာဝန်ချိန် နီးလာေ သာကြောင့် စိတ်ရောကိုယ် ပါ ပူလောင်နေသည်ဟု ကိုမင်းသူ က ပြော သည်။ ခြောက်ထပ်ကြီး ဘုရားကို လှမ်းမြင်ေ တာ့မှ မိမိဌာန ကိုပြန်ရောက်ပြီဟုအာရုံတွင်လင်း သွားသည်။ သက်ပြင်းတို့ပါ ကွယ် ပျောက် သွား သည်။ ည တစ်ဝက် ကျော်ေ ကျာ်ကားဆွဲ၍ ရသောငွေကို အုံနာအားပေးပြီး ကျန်ငွေကို မိန်းမ နှင့် ကလေး အတွက် ပေးဆပ်ခဲ့ရ သည်မှာ ၆ လကျော်လာပြီ ဖြစ် ကြောင်း၊ ကြုံခဲ့ရသည့် မြင်ကွင်း ကြောင့်တုန် ခါ ခဲ့ သည့်ရင်ကို ထိန်း ၍ သူကလေသံဖင့်ပုံ ထင်ပြသည်။ နေ့ကို ည,ညကို နေ့အဖြစ် သတ် မှတ်ခဲ့ ရသည့် ရက်ပေါင်း မနည်း တော့ကြောင်းညိုနေသော မျက်ဝန်း တို့ကသက်သေပြနေ သယောင်။ ”စစ်သားဆိုတော့ အခြား အစိုးရဝန်ထမ်းထက် လစာပိုရမယ် ထင်ပေမယ့် မိန်းမနဲ့ကလေးရှိတော့ ခုနစ်ေ သာင်း တစ်ထောင် က ဘယ် လိုမှ မလောက်ဘူး။ အိမ်ထောင်ကျ စက မိန်းမကိုနားလည်အောင် မနည်ြးေ ပာ ရတယ်။ သူအ င်္ကျီ ချုပ် တတ်လာတော့ ပိုငွေလေးရလာ တယ်။ အဒေါ်ဆီက ပိုက်ဆံချေးပြီး ခုလို တက္ကစီ ဆွဲတော့ မှပဲ အဆင်ပြေ တော့တယ်ဗျာ” ဟု တပ်ထိန်းကို မင်းသူက ဆိုသည်။
ဝန်ထမ်းဆိုသည်မှာ နာမည်၏စေစားရာအလား လူအားလုံးသူ့ဝန် နှင့်သူ။ အစိုးရဝန်ထမ်း သာမက ပုဂ္ဂလိ က ဝန်ထမ်းမှစ တောင်သူအား လုံးသည် ပြည်သူ၏ ဝန်ထမ်းဖြစ် သည်။ ဖြစ်သင့်ဖြစ်ထိုက်သော အချိန်အ ခါတွင် ရသင့်သော ငွေ ကြေးနှင့် ဖြစ်သင့်သည့်စည်းစိမ် ကိုရယူလိုကြ၏၊ လူတို့၏ အတ္တ ဟုပင်ဆိုစေကာမူ အသက် ရှင်နေ ထိုင်ရေးအတွက် ပူပန်ကြရသည်မှာ နေ့စဉ်နှင့်မမျှ..။ တောင့်တတိုင်း အကျိုးပေးရန် ဘုရား ရှင်က ပညတ် မထားခဲ့ဟု ဗုဒ္ဓဘာသာတိုင်း ယုံကြည်ကြသော်လည်း ဝမ်းမီး တောက် လောင်ချိန် တွင်လူ တို့ ၏ အတ္တအတွက် စဉ်းစားချင့်ချိန်ဖို့ ခက်၏။
ဖြစ်တည်ခဲ့ရသော အသက် သည် တာဝန်ကိုအားပြု မဖြစ် စလောက် လစာကိုမှီတွယ် နေရ သည့် ခန္ဓာ များနှင့် လောကဓံကြား မိသားစုကို နေတတ်အောင် သင်ပြ ခဲ့ရသ ည်မှာ နှစ်ပေါင်းမနည်းတော့။ ကျန်း မာရေး ဆိုသည့် အသံကို မ ကြားဝံ့၊ မိဘအဆင်မပြေပါက ပတ်ဝန်းကျင်ကို အားပြုရ၏။ပတ် ဝန်းကျင်သည် ကိုယ်ကောင်းမှ သူ ကောင်းကြောင်း တရိပ်ရိပ်ထင်ဟပ် လာခဲ့ပြီးနောက် နောက်ဆုံးမာန်မာန ကုန် ဆုံးကာ အတိုး တနင့်တပိုးဖြင့် အြေ<ွကး တင်လာခြင်းက ဝန်ထမ်း ၏ ပြယုဂ်၊ ထိုအရာ သည်ပင် ဝန်ထမ်းဘဝ အတွက် ကပ်ပါးကောင် တစ်မျိုး ဖြစ်လာသည်။ ထိုရောဂါ ကျွမ်းလာပါက ဖြစ်သလို ရပ်တည် ရန်အတွက် ဦးနှောက် က နှလုံးသား ၏ ဆင်ခြင်တုံ တရားတို့ကို မလွဲမ သွေ ဖောက်ထွက်လာရ၏။ သို့ သော် ရင်းနှီးသူ တို့ ၏ နာရေးဖိတ် စာ၊သာရေးဖိတ်စာတို့ကလည်း နှစ်စဉ်ကြုံတွေ့နေကျ။
”လောက်တယ်၊ လစာက လောက်တယ်၊ မသေ ထမင်းမသေ ဟင်းနဲ့ဆို လောက်တယ်၊ တစ်ခုပဲ ပြောမယ်၊ သူေ ဌးတော့ ဘယ်တော့ မှ မဖြစ်ဘူး။ ဆရာမတို့ အလယ် တန်းပြတွေ ရဲ့လစာက ၅၈ဝဝဝ ၊ ရှားပါး စရိတ် က သုံးသောင်း၊ ဆန်တစ်ပြည်ကိုတစ်ထောင်၊ အရေးထဲ မီတာခ၊ ရေခ တွက်ကြည့်ရင် ဘယ်လိုမှမလောက် ပါဘူး။ ရွှေငွေ စုဆောင်းတာမရှိ၊ မိဘဆင်ထားတဲ့ နားကတ်လေး တစ်ရံတောင် အပေါင်ဆိုင် ခဏခဏ ရောက် တာ၊ သားသမီးတွေလည်း ပေးရဦးမယ်။ အဝတ်အစားမဝယ်နဲ့၊ ကျန်း မာရေး မကောင်းရင် ဆေးမ ကုနဲ့၊ ဆေးမြီး တိုနဲ့ကု၊ သာရေးထက် နာရေးက ရှောင်ရခက်ပါတယ်”ဟု ဆရာမ တစ်ဦးက ရန်ကုန်၏ စာသင်ဆရာ စရိတ်ကို ခင်းကျင်းသည်။ အဖြူရင်ဖုံးနှင့် အစိမ်းထဘီကို ခါးလုံအောင်ဝတ်ဆင်ထားသည်နှင့် ရှေ့မှဖြတ်သွားသူတချို့ ဦးခေါင်း လျှိုသွားသည့်အခါ စားမကုန်သော ပီတိက ကိုက်ခဲလာသော ညာဘက် ဒူး၏ အနာကို လျော့ အောင်မ လုပ်နိုင်။ တစ်ခါတစ်ခါမသိမသာ နှိပ်နေသည်။
အထူးကားနှင့် ကျောင်းတက် ချိန်ကိုညှိနှိုင်းမရ၊ သိတတ်သူစာနာ သူတချို့က ထိုင်ခုံနေရာ ဖယ်ပေးသည့် အခါ ”ကျေးဇူးစကားများ”သည်သာ ပိုလျှံ ပစ္စည်းများအဖြစ် ပြည်ပသို့ တင်ပို့ရလောက်ပြီဟု ထင်မိသည်။ အမြဲလိုဝတ်ဆင်ထားခဲ့သည့် အဖြူ ထည်အင်္ကျီကအဝါရောင်သမ်းနေ မှန်း မိမိကိုယ်မိမိသိသည်ဟု သူမ က ဖြေသည်။ သို့သော် လာမည့်နှစ် ပင်စင် သွားရတော့မည်မို့ ထပ်ပြီး ငွေကုန် မခံဝံ့။ညနေ ၄ နာရီထိုးလျှင် ကျူရှင် ဝိုင်းလေးကို မဖြစ်မနေ ပြေးရမည်။ သားအငယ် တစ် ယောက်၏ ကျောင်းစရိတ်က တားမြစ်ထား သည့် ကျူရှင်ကိုခေါင်းငုံ့ခံ အန်တုနေရသည်။
”မကြာခင် ပင်စင်ယူရတော့ မယ်ဆိုတာတွေးပြီး ရင်မောပါတယ် သားရယ်၊အိမ်ဝယ်ဖို့ မစဉ်းစားနဲ့ အိမ်ငှား ဖို့ေ တာင် ခုလိုပဲ ရင်တမမ၊ ရတဲ့လစာက ၅၈ဝဝဝ၊ ထောက်ပံ့ ကြေးက သုံးသောင်း ၊ပင်စင်ဆိုရင် ဂရက် ဂျူတီ က ၁ဝ သိန်းကျော် လောက်ရမယ်၊ဒါနဲ့ပဲမြို့ပြင်ထွက် ရမှာပဲလေ”ဟု အသက် ၅၉ နှစ်၏ ဇရာကို ထမ်း ရင်း လမ်း(၃ဝ) မှတ် တိုင်မှ အထူးကားတို့ကို လှမ်းကြည့် ရင်း သူမ ပြောရှာသည်။ဇန်နဝါရီလ နောက် ဆုံးအ ပတ်၊ လွှတ်တော်မှ ပြောကြားခဲ့သော ဘဏ္ဍာရေးဒုဝန်ကြီး၏ အသံ၊ တစ်ဆင့်စ ကားဖြင့် ရင်ဝသို့ လျှံတက် လာသည်။ မျှော်လင့်ချက်တို့ ချည်နဲ့၊ ရက်ပေါင်း ၃ဝဝ ကျော်ကို မှော်သွင်းပြီး ကျော်ဖြတ်လိုက်ချင် သည်။ မိမိတို့ လိုချင်သည်က ငွေ မဟုတ်။ အနေအစားချောင်လည်ယုံ ဟု ဆိုကြသည်။ ဆက်သွယ်ရေး ကိစ္စ များ ထွက်ပေါ်လာသောကြောင့် မိမိတို့အပြင် အထက်ဌာနမှ လူကြီး များကိုပါ သံသယဝင်လာသည် ။ကိုယ့် ကိုယ်ကိုယ်လည်း မချင့်မရဲ၊ ရှည်လျားသော မိသားစုအိပ်မက်တို့ က အဓိပ္ပာယ်မရှိ တွေဝေစွာ၊ လုံခြုံရေး သည်အသက်ထက်ဆုံး တာဝန် စားဝတ်နေရေးသည်ဘဝ၌ ကွက်လပ်အဖြစ်သာ ထားနေရ ကြောင်း ပြောလာသည်က ရန်ကုန် တိုင်း ရဲဝန်ထမ်းတစ်ဦး။
”ရဲတစ်ယောက်ကို ဘယ်သူမှ တစ်သိန်းထက် ပိုမပေးဘူး။ ပေး တာတွေရှိတယ်။ ဝန်ခံတယ်။ ဒါက သူဌေး သား သမီး မုန့်ဖိုးပဲရှိတယ်။ လစာတိုးပေးဖို့တော့ မျှော်လင့်တာေ ပါ့ဗျာ။ နောက်ကြောင်းမလုံရင် ဘယ်လို လုပ်မလဲ။ ခုချိန်ထိ မိသား စုကငွေသုံးသိန်းပြည့်အောင်မကိုင် ဖူးဘူး။ ကျွန်တော်ပြောမယ်။ ရဲဆိုတာ မုန်းတဲ့ သူရှိတယ်။ ဒါပေမဲ့ ဘယ်သူမှမစာနာဘူး၊ အသက်စွန့်ပါ မယ်လို့ အဓိဋ္ဌာန်ပြုထားပြီးပြီ။ ဒီလစာလေးနဲ့လုပ် နေ တာကြာပြီ။ ကျွန်တော်တို့နောင်ရေးကို မကြည့် ရင်တော့ စားဝတ်နေရေးကို ဒီလစာ နဲ့ဖြစ်သလို၊ ရသ လို လုပ်သွားရမှာပဲ။ ကျွန်တော်လည်း ပြည်သူပါပဲဗျာ” ဟု ပွင့်ပွင့်လင်းလင်း ဆိုသော်လည်း မပြတ်နို င်သေးေ သာဘဝ ရပ်တည်မှု အတွက် နာမည်ကွယ်ဝှက်ပေးရန် မေတ္တာရပ်ခံသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက လည်း”ဝန်ထမ်းတွေ မလောက်မင ဖြစ်နေ တာ ကို အားလုံး အသိပဲ။ ဖြစ် သင့်ဖြစ်ထိုက်တာကို အစိုးရက တိုး ပေးသင့်တယ်။ လာဘ်ပေးလာဘ်ယူ တာကို ကျွန်တော် အားမပေးဘူး။မလောက်ငတဲ့အတွက် သူတို့မှာ အဖြေတစ်ခုရှာ လာရတော့တယ်။ ဝန် ထမ်း တစ်ယောက်ဟာ သူ့မိသား စုအတွက်ပဲလေ။ အစိုးရကဝန်ထမ်း အတွက် လစာ တိုးပေးရမယ်။ လောက် ငမှုရှိအောင် စီစဉ်ပေးရ မယ်။ ဘာေ ကြာင့်လဲလို့ ပြောရင် သန့်ရှင်းသောအစိုးရ ဖြစ်အောင် လုပ်ဖို့ အတွက် ဝန်ထမ်းရဲ့ လုပ်ခ လစာကို ခေတ်နဲ့အညီ တိုးပေးရ မယ်” ဟု အမြင်ကို ပြောသည်။
တစ်နိုင်ငံလုံး၏ ဝန်ထမ်းဦးရေ က ၃ ဒသမ ၈ သန်း၊ ဝန်ကြီးဌာ န ၃၁ ခု၊ ယင်းဝန်ထမ်းဦးရေ၏ တိုးမည့် လစာ တစ်ဦးတစ်ကျပ်ဖြင့် တိုးမည်ဆိုဦးစို့ မနည်းလှသော ငွေ ကြေး၊ လက်ရှိ အတည်မပြုရသေး သော အခွန် ဥပဒေ၊ အခွန်ရရှိရေး က ကောင်းသည့်ဘက် ဦးတည်ဖို့လို သည်။ အခွန်ရရှိမှ နိုင်ငံဝန်ထမ်း နှင့် ပြည်သူ အတွက် ရလဒ်ကောင်း မည်ဟု ဆိုကြသည်။ လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရန် နိုင်ငံတော် သမ္မတ ၏ သဘောထားမှတ်ချက်နှင့် လုပ်ဆောင်မှုတို့ကတရိပ်ရိပ် လိုက် လာသည့် အချိန်ဖြစ်သည်။ ခရိုနီ တို့ ရေ ပန်းစားလာပြီးသည့်နောက် ပိုင်း စိတ်ဓာတ်တချို့ ကို ခဝါချပြီး နောက်ဆုတ်ကုန်ကြသူများ ရှိသ လို ဖန် တီးနေသူများက အရှိန်မ ကုန်သေး။ ကားသစ်ကို အိမ်မှာထား ပြီး အဟောင်းဖြင့် လူလုံးထွက်ပြနေ ကြ သူများ ရှိသေးသည်။ လက်ရှိတွင်လာဘ်ပေးလာဘ်ယူပ ပျောက် ရေး ဥပဒေကြမ်းကိုလွှတ် တော် တွင် ရေး ဆွဲနေပြီဖြစ်သည်။ သို့သော် အရေအတွက် ကြီးမားသော အောက်ခြေ ဝန်ထမ်းတို့ကတော့ အလူးအလိမ့်၊ လာဘ်မစားပါ၊ သဒ္ဓါကြေးကိုသာ မျှော်လင့်ရပါ တော့မ ည်။၊ ဒါက ဒုတိယမ္မိသန္နိဋ္ဌာန် …
”အခြေအနေ မကောင်းဘူး ထင်ရင် ကိုယ်ပါ ဒုက္ခရောက်နိုင် တယ်။ တစ်ခါတလေ သူတို့ဘာသာ သူတို့ လာပေး တာတွေရှိတယ်။ သတိနဲ့ ယူပေါ့။ ခုစစ်ဆေးရေးတွေ ဝင်လာတော့ လူကြီးတွေက ပြော တယ်။ ပြဿနာ တက်ရင် အပြစ်ပေး မယ်တဲ့။ သူတို့လည်းသူ့နည်း သူ့ ဟန်နဲ့ပဲ လောက်နေရင် ကိုယ့်ဒုက္ခ ကိုယ် ရှာပြီး ဘ ယ်သူမှ မယူချင်ပါဘူး ဗျာ။ လစာရရင်တော့ မိန်းမကို အ ကုန်အပ်လိုက်တာပဲ။ အဲဒီဘာကြေး ညာကြေးနဲ့ ပဲ အသုံးစရိတ်လုပ်နေရ တာ။ ပင်စင်ရရင်တော့ နယ်ပဲပြန် တော့မယ်။ သားသမီးတွေကို အတောင် ပံပေါက်အောင်တော့ စောင့် ရမှာပေါ့”ဟုဗဟန်းမြို့နယ်မှ ရဲ ဝန်ထမ်းတစ်ဦးက ဆိုသည်။
နိုင်ငံ၏၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ ငွေကို လွှတ်တော်တွင် အတည် ပြုတော့မည့်ဆဲဆဲ ငွေကြေးဖောင်းပွ မှုနှင့် ရငွေ သုံးငွေတို့ကို စိစစ်နေရ ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန် ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။”လစာတိုးဖို့ကိစ္စက အရင်ဝန် ကြီးပြောခဲ့တာပါ။ နိုင်ငံမှာလစာတိုး ဖို့အမျိုးမျိုး စီစဉ်ဆောင်ရွက်ရတယ်။ ရငွေ ရယ်။ သုံးငွေရယ်။ အဲဒီနှစ်ခု ဆီက လိုငွေရယ်ပေါ့။ ကျွန်တော်တို့ ပိုလို့ မရပါဘူး”ဟု ဝန်ကြီးက ဝန် ထမ်းလစာ တိုးမပေးရသေးသည့် အခြေအနေကိုအနည်းငယ်မျှ အ ကျဉ်းချုပ်သည်။
လကုန်ရက်ရောက်ဖို့ ..မမျှော် လင့်ပါ။ လစာရလျှင် ပျော်ရသည် ဟုထင်ကြသည်မှာ အများအမြင်၊ လက်တွေ့ ခံစားနေရသူတို့ကတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ။ နှစ် သိန်းဖုန်း တစ်လုံးအတွက် ရုံးမှ ဖြတ်မည့် အရစ်ကျငွေ၊ သားလေး၏ မူကြိုစရိတ်ကလစဉ်နှင့်အမျှ၊ ဆီ၊ ဆား၊ ငရုတ်ကြက်သွန်က ဝယ်ထား မှဖြစ်မည်။ ပေါင်ထားသော နား ကတ်လေးအတွက် အတိုးသတ် ထားမှဖြစ်မည်။ ဆန်ဈေးကို တွက် ပြီး သည့် အခါ လက်ထဲမှာ ငွေဆို၍ နတ္တိ၊ အခန်းက ဝန်ထမ်း တိုက်ခန်းဖြစ် ၍တော်သေး သည်..။ဆိုင် ကယ် အငှား ယူပြီး တက္ကစီဆွဲနေသော ယောက်ျားက နေပြည်တော်၏ အ အေးဒဏ်ကြောင့် ခဏခဏအဖျား ပိုးပြန်ထ တတ်သည်။ ညစ် ပါများ သောစိတ်တို့က အရောင် တလွင့် လွင့်။ အသားမာ တက်နေ ပြီဖြစ် သည် ဟု နေပြည်တော်မှ ဝန်ထမ်း တစ်ဦးက ရင်ဖွင့်သည်။
”တိုက်ခန်းမှာ နေရတယ်ဆို လို့ အမေက နေပျော်လို့ ရောက် လာသေးတယ်။ တစ်ယောက်စာ အတွက် မသိသာပါဘူး၊ ဒါပေမဲ့ အမေလည်း နယ်ကိုပြန်သွားရှာပြီ။ တစ်ခါတစ်ခါမှ လာမယ်လို့ပြော တယ်။ ကျွန်မလည်း စိတ်မကောင်း ဘူး။ မိဘကျေးဇူးတော့တတ်နိုင် သလောက်ဆပ်ချင်တယ်လေ။ အခု အချိန်ပိုကြေးတွေရမယ်ဆို လို့ ပျော် မိတယ်။ နည်းနည်းလောက် စု မိလာရင် အမေ့ကိုတစ်လလောက် ပြန်လာနေဖို့ ခေါ်ဦးမယ်”ဟု မျှော် လင့်ချက်စကားတို့ကသူမနှုတ်ဖျား မှ ခပ်ဟဟ ထွက်လာသ ည်။
”ခြံစိုက်လို့ ရတယ်၊ ကိုယ် အားတဲ့ရက်တွေကို လင်မယားနှစ် ယောက် ပေါင်းခုတ်ပြီး စိုက်ထားတဲ့ သင်္ဘောပင်တို့ ချဉ်ပေါင်ပင်တို့က အစ ဟင်းတစ်မျိုးစီ ရတာပေါ့။ မြေ ကတော့ အစိုးရပိုင်မြေလေ။ ရှာလို့ ရတဲ့ငွေကို ယောက်ျားအရက် တွေ ဘာတွေတောင်မသောက်အောင် ပြောထားရတယ်။ သူငယ်ချင်း တွေ လာလို့ သောက်စားမိမှာ ကိုကြောက်လို့ မိတ်တွေဘာတွေ ပျက်လည်း ထည့်မတွက်နိုင်တော့ ဘူး။ နောင်ရေးက ပိုအရေးကြီးပါ တယ်ရှင်” ဟု သူမ၏ ယူဆထား သော လတ်တလောအရေးကို ဆို သည် အစိုးရဝန်ထမ်းတို့၏ အချိန်ပို ကြေးက အားလုံးရမရတော့ မသေ ချာ။ မဝံ့မရဲ မျှော်လင့်ချက်များ ကြောင့်ပင် ဘဝပန်းတိုင်ဆို သည်မှာ အဘယ်နည်းဟု သံသယ များလာကြ သည်။ တစ်နေ့လျှင် ၈ နာရီ အလုပ်လုပ်ချိန်ရှိသော်လည်း ၂၄ နာရီဂျူတီကို ON (အွန်)ထားရသူ တို့ကပိုဆိုးသည်ဟုဆို သည်။ အခြေအနေ အရ မိမိတို့၏ လားရာသည်တစ်နေ့တော့ ပင်စင် ၏ ရင်ငွေ့ကိုခိုလှုံပြီး ထွက်သက် ကောင်းဖို့ရာ ဆုတောင်းရတော့ မည်။ သို့သော်ရက်ရောစွာ ဝင် ရောက်လာတတ် သောကုန်ဈေးနူန်း က ဒီမိုကရေစီနှင့်အပြိုင် ရှင်သန်နေ ဦးမည်ဟု ထင်ကြသည်မှာ မလွဲ။
”လစာဆိုတာ မျှော်လင့်ထား တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံ တော်သမ္မတက ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာပို့ထားတဲ့ အထဲမှာ ပါတာပဲ။ ခုက အပြောတစ် မျိုး။ အလုပ်တစ်မျိုး ဖြစ်နေတယ်။ ကျွန်တော်တို့က ၂၄ နာရီလုံး တာ ဝန်ယူထားရတာလစာတော့ ပို မျှော်လင့်တာပေါ့” ဟု ရန်ကုန်တိုင်း ဒေသကြီးမှ ဒုရဲမှူးကြီးတစ်ဦးက ပျောက်ဆုံးလုနီးပါး ဖြစ်နေသည့် မျှော်လင့်ချက်ကို မဆိုင်းမတွ ပြော သည်။ ”ရဲတပ်ရင်းမှာ တစ်ယောက် ရဲ့ ရိက္ခာစရိတ်က တစ်ရက်မှ ၅ဝဝ ဗျာ။ ရက် ၃ဝ မှ တစ်သောင်း ခွဲ။ အကုန် စုပေါင်းရင် ၇ သောင်းခွဲ။ တစ်ရက်ကို ၂၅ဝဝ ပေါ့။ လုပ်သက် နှစ်နှစ်ကျော်ရှိတဲ့ အောက်ခြေဝန် ထမ်းတစ်ဦးက အလွန်ဆုံး ကိုး သောင်းပဲ။ရန်ကုန်မှာမိသားစု ဘယ် လိုစားမလဲ။ ဒါတောင်နေရတာက ရဲတန်းလျားမှာမို့ တော်သေးတာ” ဟု ¤င်းက တပည့်များ၏အရေး ရှေးရှုကာ ဆိုသည်။
အခြေခံလစာနှင့် ထောက်ပံ့ ကြေးတို့သည် ဝန်ထမ်းမိသားစုအ တွက် ထောင့်ဖြတ်မျဉ်းဆွဲပြီး ကျော် တက်ဖို့မဖြစ်သာ၊ ကျုဉ်းမြောင်းလှ သည့်လမ်းကလေးကို ထောက်ချွန် ဖြင့် ထိပ်ပိုင်းမှ ကိုင်လှည့်နေသည့် အလားတူသည်။ ထိုအရာသည်အခြားမဟုတ်၊လစဉ်ခံစား ထိတွေ့ နေရသော သံသရာစက်ဝန်း၊ ထောင့်ဖြတ်မျဉ်းကိုယ်တိုင် ဆွဲသူ များ တချို့စစ်ဆေးရေးဝဋ် ချက်ချင်း တက်လာပြီဟု ထင်နေကြပြီ၊ လက် ခံလာကြပြီ။ နိုင်ငံအရေးသည် ပြည်သူ၏အရေးသို့မဟုတ် ဝန်ထမ်း အရေးသာ ပဓာန၊ ”ဝန် ထမ်း
ကောင်းမှ နိုင်ငံကောင်းမည်”ဟူ သော ဆောင်ပုဒ်ကို လွှတ်တော်၌ ယနေ့အချိန်အထိ ပယ်ဖျက်မှု မရှိ သေးပေ။အဆိုတင်မည့် ကိုယ်စား လှယ်လည်း ရှိမည်မဟုတ်။
”လိုချင်တာက မိဖုရား၊ ညား နေတာက ဘုရင်မ ပေါ့ညီရာ၊ နိုင်ငံရေးအနေနဲ့ ပြောရရင် ကိုယ့် နိုင်ငံမှာက ချမ်းသာသင့်လို့ ချမ်း သာတယ်ပဲမှတ်ယူပါတယ်၊ အစိုးရနဲ့ ပေါင်း ကူးတွေပဲ ကောင်းနေသေး တာကိုး၊ မသေခင်တော့ ကိုယ်ပိုင် တိုက်ခန်းလေးတစ်ခုတော့လိုချင် တယ်၊ မရရင် သန်လျင်ဘက် ခြံ စိုက်ပြီး နေသွားဖို့ပဲ။ ပင်စင်ရ တော့မှပဲ စာလေးရေးနိုင်ရင်ရေး မယ်၊သားနှစ် ယောက်အတွက်တော့ ရင်လေးနေသေးတာပေါ့၊ ပညာ လေး ရပြီး လုပ်ငန်းခွင်ဝင်သွား ရင် တော့ စိတ်ချရပြီလို့ပဲ သဘော ထား တယ်”ဟု ရှေ့နေတစ်ဦးက ပြောသည်။
လစာကို မျှော်ကိုးပြီး အိမ် ထောင်မပြုရဲကြ ၊ ဤသို့ ဆိုလျှင် လူမျိုးကြီးနိုင်ငံနှစ်ခုကြား ရောက်ရှိ နေသော မိမိတို့ နိုင်ငံရှိ ဝန်ထမ်းနှင့် ပြည်သူများ လူဦးရေ တိုးတက်ရန် လှုံ့ဆော်ပြောကြားခဲ့သော လွတ် လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ အမှာစကားကိုမသိစိတ်တို့က ချေဖျက်နေသည့် အသွင်ဆောင်နေ မည်လား၊ လောက ဓမ္မတာ က ငွေ ကြေးကို လွန်ဆန်ဖို့ မဖြစ်သာသော အခြေအနေများ၊ ရတောင့် ရခဲ သော ဘဝတွင် ကြုံတွေ့နေရသော အဓိပ္ပာယ်များ …၊ အားလုံးသည် သံသရာ ဝဋ်ဆင်းရဲမှ ကင်းလွတ် ချင်ကြသည်။
”ဘယ်လိုလုပ်ပြီး မိန်းမယူရဲ မှာလဲ၊ ကော်လံကတုံးနဲ့ နှစ်ပါး သွားနေတာ၊ ပုံမှန် မလောက်တဲ့ ငွေကြေးနဲ့ စိတ်မ ခိုင်တဲ့ မိန်းမမျိုး ဆိုရင် ထားသွားမှာ၊ ဘယ့်နှယ် လုပ်မလဲ၊ အပြင်ပန်းရတာတွေ စု ပြီး ယူတဲ့ သူတွေ၊အခြေ အနေ ထောက်ပံ့မှု ရှိတဲ့သူတွေ လည်းသားသမီးကို နှစ်ယောက်ထက် ပို မယူရဲကြဘူး၊မယုံရင် စစ် တမ်း ကောက်ကြည့် ပါ၊ တစ်ယောက် တည်း နေရတာတောင် ဟိုဘက် နည်းနည်းရွှေ့ပါဦး ဖြစ်နေတာ၊ ရန်ကုန်သူတွေနဲ့တော့ ကွက်တိကို ကွဲမှာပဲ”ဟု နယ်မှ ရောက်လာသော ရန်ကုန်တိုင်း တာဝန်ကျ ထွေ/အုပ် စာရေးတစ်ဦးက ပြောသည်။
”သူများသားသမီးယူပြီး တ ခြား သူတွေလောက်မှ မဝယ်ပေး နိုင်၊ မထားနိုင်ရင် ကိုယ်လည်း သိက္ခာကျတယ်၊ မိန်းမဆိုတာက သိတဲ့အတိုင်းပဲ၊ သူများရွှေ လိုက်ရွှေ၊ သူများစား လိုက်စား ချင်တဲ့ စရိုက်ရှိတယ်၊ ခုခေတ်ပေါ် နေတဲ့ ဖုန်းအခွံတစ်ခုက လစာ ထက် နှစ်ဆ ၊ သုံးဆမြင့်နေတာ ဗျာ၊ ရည်းစား ဘဝတောင် သာတဲ့ သူနောက်ပါ တတ်သေးတာပဲ၊ ဆန္ဒကို သိက္ခာနဲ့ ထိန်းနေတာ မဟုတ် တော့ဘူး၊ ဆန္ဒကို လစာ နဲ့ ထိန်းနေတာပါ” ဟု ၄င်းက အပြုံးတစ်ဝက်ဖြင့် ဆိုသည်။ ချွေးစက်တို့ ခြေမသို့ ခယ နေသော်လည်း မလွန်ဆန်နိုင်သော စားဝတ်နေရေး ကဖယ်ရှားမရသော ဝန်ထုပ်ဝန်ပိုး…။ နှလုံးသား အလှဆင်ဖို့အတွက် … လူ့ သက်တမ်းကို ကျော်ဖြတ်ဖို့ရာအ တွက် စိတ်နှင့် ခန္ဓာကို ကိုးကွယ် ယုံကြည်ရာသို့ ဦးခိုက်ဆုတောင်းယုံမှ တစ်ပါး အခြားမရှိ၊ မည်သို့ ပင်ဆိုစေ လှုပ်လီလှုပ်လဲ့ဖြင့် နိုင် ငံအတွက် …၊ မိမိတို့၏ဘဝ အတွက်…လူအားလုံး … ဝန်ထမ်းအားလုံး..
တာဝန်များစွာ….
အခက်အခဲများစွာ….
စိုးရိမ်မှုများစွာ….
ယှဉ်ပြိုင်မှု များစွာ…ဖြင့် ဖြစ်ချင်သော ဆန္ဒကို လစာဖြင့် ထိန်းနေရဦးမည်ကတော့ အသေ အချာ။
သတင်းအချက်အလက်
သူရထွန်း၊ မင်းသုအောင်
အောင်ထက်(NYK)ရေးဖွဲ့သည်။
Credit to :Popular Myanmar News Journal

မေမေ့ကို မပြောဖြစ်ခဲ့ဘူး

မေမေ့ကို လွမ်းတဲ့ အလွမ်းတွေနဲ့ အိပ်ယာဝင်ပြီး မေမေ့ကို လွမ်းတဲ့ အလွမ်းတွေနဲ့ မျက်နှာသစ်တတ်ခဲ့တာတော့ ကြာပါပြီ... ဒါပေမယ့် မေမေသိအောင် မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့။ အလုပ်တွေ အရမ်းများနေလို့ပါမေမေလို့ မပြောတော့ပါဘူး... မေမေ့ကိုလွမ်းဖို့အတွက်တော့ လုံလောက်တဲ့ အချိန်တွေရှိပါသေးတယ်မေမေ။ ပြီးတော့ လွမ်းတာထက်ပိုတဲ့ တမ်းတနေမိတဲ့အချိန်တွေလဲ ရှိသေးတယ်မေမေ.. အထူးသဖြင့် အောင်မြင်မှုတွေကြုံရတိုင်း ဆုံးရှုံးမှုတွေကြုံရတိုင်း မတော်တဆ ခလုတ်တိုက်မိတဲ့အချိန်တိုင်း လူညာတွေနဲ့တွေ့တဲ့အချိန်တိုင်း မာနကြီးဖို့ မေ့လျော့နေတဲ့အချိန်တိုင်း အိပ်မက်ဆိုးက လန့်နိုးလာတိုင်း ဝမ်းနည်းစွာ ငိုကြွေးမိတဲ့အချိန်တိုင်း စိတ်ဓါတ်ကျအားငယ်မိတဲ့အခါတိုင်း တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်တိုင်း ဒဏ်ရာတွေနဲ့ နာကျင်နေတဲ့အခါတိုင်း မေမေလို့ တိုးတိုးလေးရွတ်နေမိတယ်... မေမေ့ကိုတော့ မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့.. မေမေနဲ့အဝေးမှာ သား/မီး အတွက် အခက်အခဲတွေ ရှိနေခဲ့သလို မကြာခဏတွေ့ရတတ်တဲ့ အဆင်မပြေမှုတွေလဲရှိသေးတယ်မေမေ ပြီးတော့ ယျောက်ျား/မိန်းက လေးတစ်ယောက်အတွက် မမြင်ရတဲ့ အန္တရာယ်တွေလဲ ရှိနေသေးတယ်မေမေ.. ဒါတွေကိုလဲ မေမေ့ကို မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့... မေမေ့ကို သနပ်ခါးသွေးပေးခဲ့တဲ့အချိန်တွေကို အရမ်းလွမ်းတယ်... ကိုယ်တိုင်ထမင်းဗူးပြင်ဆင်ရတိုင်း မေမေပြင်ပေးခဲ့တဲ့ ထမင်းဗူးလေးကိုသတိရလို့ ထမင်းဗူးမထည့်မိအောင် ကြိုးစားနေခဲ့တဲ့အချိန်တွေလဲ ရှိခဲ့ဘူးတယ်မေမေ.. ဒါတွေကိုလဲ မေမေသိအောင်မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့နော်.. မေမေနေကောင်းလားလို့ မေးဖို့ ဆွံ့အနေတဲ့ သား/မီး ကို သား/မီး နေကောင်းလား လို့မေးဖို့ မပျက်ကွက်ခဲ့တဲ့ မေမေ့ကို လိမ်ညာမိခဲ့တဲ့ အချိန်တွေလဲရှိခဲ့ဘူးတယ်မေမေ.. မကြာခဏချူချာလွန်းတဲ့ သား/မီး အတွက် မေမေစိတ်ပူနေမှာစိုးလို့ပါ.. ဒါတွေကိုလဲ မေမေ့ကို မပြောဖြစ်ခဲ့ဘူးမေမေ... တကယ်ဆို သတိရတဲ့စိတ်တွေနဲ့ ပူလောင်နေပေမယ့်... အမေ့အိမ်ကိုလွမ်းတယ်... ချစ်တဲ့သူတွေကို အရမ်းလွမ်းတယ်လို့ ပြောမထွက်ခဲ့ပြန်ဘူး မေမေရေ.. မေမေ့သား/မီး က စိတ်ပျော့ပေမယ့် သူများသနားမှာကိုလဲ မလိုချင်ပြန်ဘူး..... ဒါကိုလဲ မေမေသိအောင်မပြောဖြစ်ခဲ့ဘူး ထင်ပါရဲ့ မေမေ.. မေမေ့နားမှာ နေခွင့်ရခဲ့တဲ့ အချိန်တွေမှာ စာနာစိတ်နဲ့ နားလည်ပေးခဲ့တဲ့ မေမေ့ကို အရမ်းချစ်ခဲ့ဘူးတယ်.. အခုလို အဝေးကြီးမှာရောက်နေတာတောင် အချိန်အကြာကြီးနေမှ မေမေနေကောင်းလားလို့ မေးတတ်တဲ့သား/မီး ကို ထပ်ပြီးနားလည်ပေးနေတတ်တဲ့ မေမေ့ကို အရမ်းကျေးဇူးတင်မိတယ်မေမေ.. ဒါကိုလဲ မေမေသိအောင် မပြောပြဖြစ်ခဲ့ဘူးလေ... မေမေ့ကို ခဏခဏလွမ်းနေခဲ့တာကိုတောင် မသိချင်ယောင်ဆောင်နေမိတဲ့အထိ သား/မီး က မာနကြီးနေခဲ့လားမသိဘူးနော်... တကယ်လို့ မေ့မေ့သား/မီး က မာနကြီးခဲ့တယ်ဆိုရင်လဲ မာနကြီးတတ်အောင်သင်ပေးခဲ့တဲ့ မေ့မေ့ကိုကျေးဇူးတင်မိပါတယ်... သား/မီး လဲ မေမေ့လိုပဲ ချစ်တဲ့သူတွေအပေါ်မှာ မာနပိုကြီးတတ်ခဲ့တယ် မေမေ... ဒါကိုလဲ မေမေသိအောင် မပြောပြဖြစ်ခဲ့ဘူးနော်.. ဆိုးလွန်းတဲ့ သား/မီး တစ်ယောက်ကို အမြဲတမ်းလဲနားလည်ပေးပါ မေမေ.. မေမေ့သား/မီး က မေမေ့ရင်ခွင်ထက် လွတ်လပ်မှုတစ်ခုကို ပိုပြီး မက်မောနေတတ်တာကိုလဲ မသိချင်ယောင်ဆောင်ပေးပါအုံးမေမေ.. တကယ်ဆို မေမေ့ကို မပြောဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ တစ်ခုမကရှိခဲ့ပါတယ်မေမေ သား/မီး အတွက် မေမေစိတ်ပူနေမှာစိုးတယ်... မေမေသောကရောက်နေမှာစိုးတယ်.. သား/မီး ကိုလွမ်းလို့ မေမေပူလောင်နေမှာစိုးတယ်... ပြီးတော့ မေ့မေ့ကို ချမပြရက်တဲ့ ဝေဒနာဆိုးတွေကို မေမေသိမှာစိုးလို့ပါမေမေရယ်... SnowLay ( အမရာ ရေးတာတွေ့လို့ ရေးဖြစ်သွားတယ် ကျေးဇူးပါ အမရာ) (International Mother Day အမှတ်တရ)

နောက်ဆုံးမိနစ်



ဘ၀က အမြဲတမ်းအချိတ်အဆက်လွဲတယ်
အမေရယ်...
အဝေးပြေးလမ်းမပေါ်တက်ပြီး
ကျွန်တော်နောက်ကျမှန်းသိတဲ့အချိန်
နှစ်ကာလတွေက တ၀ီဝီဖြတ်သန်းသွားပြီ
ယုံယုံကြည်ကြည် စူးနစ်ခဲ့သမျှ
နက်နက်ရှိုင်းရှိုင်းနာကျင်ခဲ့ရတယ်
စာရေးဆရာရှစ်နှစ်သား
ဘလော့ဂါသုံးနှစ်သား
အမေ့အတွက်တော့
လက်ကြောမတင်းတဲ့ နှစ်ဆယ့်ရှစ်နှစ်သားကြီးပေါ့
မအောင်မမြင်မချင်း အမေ့အိမ်မပြန်ဘူး
မာနတွေတင်းခံခဲ့သမျှ
အမေ့ဆီပြန်မရောက်တာပဲ အဖတ်တင်ခဲ့တယ်
မြို့ကြီးတွေရဲ့ မလွယ်ပေါက်ကနေ
ခွေးတိုးဝက်ဝင်ရှင်သန်နေရတဲ့ကောင်
နောက်ကျောမှာ လှောင်ရယ်သံတွေပဲ
ပဲ့တင်ပြန်လာတယ်...
အိပ်မက်တွေ အတည်တကျမက်ဖို့
ကျွန်တော့် ညရေးညတာတွေခက်နေတုန်း
အခန်းလွတ်တွေထဲ
တိတ်တိတ်ပုန်းကြေကွဲဖူးပါရဲ့
နောက်ဆုံးမိနစ်မရောက်ခင်
အေးစက်နာကျင်တဲ့ ကျွန်တော်ဝတ်ရုံကိုချွတ်လို့
အမေ့ဆီမှာ
သန့်သန့်စင်စင် လူပြန်ဖြစ်ချင်ပါသေးတယ်... အမေ။



မိုးလှိုင်ည

မေမေ့ပင်လယ်ကူးသင်္ဘောလေး

မေမေ့အပြုံးထဲ
ကျွန်တော်ဟာ စက္ကူလှေလေးရဲ့ မာလိန်မှူး
အသက်သုံးဆယ်အထိ ဘာမှ မထူးခဲ့ဘူး ။

မေမေ့မေတ္တာနဲ့ ဆင်တဲ့ သစ်သားကွပ်ပျစ်ကလေးမှာ
မေမေ့ပေါင်ကို ခေါင်းအုံးလုပ်
သားအိပ်မက်ကလေးတွေ ပြန်အုပ်ချုပ်ပါဦးမေမေ ။

ကော်ဖီလည်း လျော့သောက်ပါတယ်
အိပ်ရေးဝအောင်လည်း အိပ်တယ်
ကွန်ပျူတာလည်း တအားမသုံးဘူး
ဘုရားလည်း မှန်မှန်ရှိခိုးတယ်
ကျွန်တော် ဆက်ညာနေတုန်းပဲ…

ရေခဲတောင်တွေလို မအေးခဲတတ်ဘဲနဲ့
ကျွန်တော်ပင်လယ်ခရီး ထွက်ခဲ့တယ် ။
နှင်းတွေကို မဖြားယောင်းတတ်ဘဲနဲ့
ကျွန်တော် ဆောင်းရာသီထဲ ခုန်ချခဲ့မိပါပေါ့ ။

မောဟတန်းလန်းနေ့စွဲတွေထဲ
တစ်နေ့တစ်လံ
တစ်နေ့တစ်လံနဲ့ပဲ
မေမေရှိတဲ့အရပ်နဲ့ ဝေးသထက် ဝေးနေတုန်း ။

မေမေတွေ့လား
ခိုက်ခိုက်တုန်သတိရစိတ်နဲ့
ညက
ကျွန်တော်
အိမ်ပေါ် ပြန်ပြေးတက်လာခဲ့တယ် ။


လင်းဒီပ
၁၈.၀၃.၁၀

Friday, March 1, 2013

ယုံလေးအတွက်

ကောင်းကင်မှာရှိတဲ့ ကြယ်လေးတွေထဲက
အလှဆုံးကြယ်လေးကို မရွေးချယ်နိုင်ပေမဲ့
တောက်ပတဲ့ ကြယ်လေးကို
ခူးဆွတ်ယူခွင့်ပြုပါ။

လောကမှာ မိန်းကလေးတွေ အမျာကြီးထဲက
အလှဆုံးမိန်းကလေးကို မရွေးချယ်နိုင်ပေမဲ့
ရိုးသားဖြူစင်တဲ့ မင်းလေးကို
ချစ်တယ်ဆိုတဲ့ စာကားလုံးလေး ပြောခွင့်ပေးပါ။

(အလွမ်းပြေ နှစ်သိမ့်တဲ့တေး
နုပ်ဆတ်တဲ့အနမ်း ထားခဲ့တဲ့အလွမ်းတွေကြားမှာ
ကိုယ်ဘယ်လို ချန်ရစ်ရမလဲ မင်းမသိနိုင်ဘူး
မသွားပါနဲ့လို့ တစ်ရောက်ကိုတစ်ရောက် တားပိုင်ခွင့်မရှိသေးတဲ့
ကိုယ့်ရဲ့နှစ်လုံးသားမှာ ဘယ်လောက်အထိနာကျင်ဆို့နင့်နေမလဲ
မင်းမသိနိုင်ဘူး နွေးထွေးတဲ့ရင်ခွင်တစ်ခုရဲ့
အဝေးတနေရာမှာ မင်းဘယ်လိုရပ်တည်နေသလဲ
ကိုယ်လည်းမသိနုင်ဘူး ချစ်သူရယ်...
ဘယ်ဆီဘယ်မှာမသေချာတဲ့ ဆုံနိုင်ခွင့်တစ်ခုကိုမျှော်ကိုးရင်းနှင့်
တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အခါ
နီးစပ်ဖို့ကိုလည်း မစွမ်းနိုင်သေးခင်မှာ
ကိုယ့်အတွက်တော့ မင်းဓာတ်ပုံလေးကသာ
အလွမ်းပြေစရာပေါ့ ယုံကလေးရယ်.....

ကိုကို......

Wednesday, February 27, 2013

လူဖြစ်ရခြင်း၏ ရည်ရွယ်ချက်

လူဖြစ်ရခြင်း၏
အဓိကရည်ရွယ်ချက်ကို
မသိသော ပညာမဲ့သည်
လူ့ဘဝကို
ကာမဂုဏ်ခံစားဖို့အတွက်အသုံးချ၍
အပါယ်လေးပါးသို့သွားသည်။
လူဖြစ်ရခြင်း၏
အဓိကရည်ရွယ်ချက်ကို
သိသောပညာရှိသည်
လူ့ဘဝကို ကုသိုလ်ရဖို့အတွက်
အသုံးချ၍ နိဗ္ဗာန်သို့သွားသည်။


ယခုခါမူ၊ လူလည်းဖြစ်လာ၊
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊
ဟောကြားမည့်သူ၊ လူလည်းမရှား၊
သို့ပါလျက်သားနှင့်မူ ...
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်...။

"ငှက်တို့၏တေး"

မ လိုက်ရဲရင်တော့

အ သိုက်ထဲမှာပဲကျန်ခဲ့လေ . . . ။

တနေ့နီးမှာပေါ့

ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်

ငှက်ဆိုတာက ပျံရင်းသေ . . . ။

ခြင်္သေ့က မြက် မစား

ကျားက ကြွက် မချောင်း

ဖွတ်တွေက မိချောင်းလို့ မနေ

အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့

စိမ်းမြညို ဟောဟိုတောဆီသို့

အမောခံ ဇောမာန်တင်း

ပျံရင်းသေ ခရီးဆက်မယ်တဲ့

အဲဒါ … ငှက်တို့ရဲ့သမိုင်း။


(မောင်စိန်ဝင်း - ပုတီးကုန်း)

တင်ပြီးသား post များ

3D