သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, March 8, 2013

လူခြောက်ဟူသည် ဘုံဘ၀တမျိုးမှ သတ္တ၀ါမဟုတ်ပါ နှင့် လူခြောက်အကြောင်းသိကောင်းစရာ


လူခြောက်-ဟူသည် ဘုံဘ၀တမျိုးမှ သတ္တ၀ါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘ၀၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြသူများ ဖြစ်ပါသည်။ ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စသော သံယုတ်ပါဠိတော်လာအတိုင်း

အမိဝမ်းတွင်း ကလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တပတ်)။
အမြှုပ် တစ်သတ္တာဟ။
သားတစ် တစ်သတ္တာဟ။a
အခဲ တစ်သတ္တာဟ။
ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍

၎င်းငါးသတ္တာဟ (ခုနစ်ရက် ငါးလီ) အလွန် သတ္တာဟ အနည်းငယ်မျှ ရင့်မာခဲ့ပြီး အမိဝမ်းတွင် ကွယ်လွန်ခဲ့ပါသည်။
၎င်း၏အသက်ဝိညာဉ်သည် ပဋိသန္ဓေအစ ကလကရေကြည် တည်စကပင် ဖြစ်ခဲ့သော်လည်း ဖော်ပြပါ ငါးသတ္တာဟအလွန် ၁၀၊ ၁၂- သတ္တာဟ အတွင်း သေဆုံး၍ သန္ဓေ ၂-လကျော် ၃-လနီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်းသာ အမိဝမ်းတွင်ကျန်ခဲ့ပြီး ကံအားလျော်စွာ ပေတဘ၀ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုးတွင် ဖြစ်လေသည်။ (ရှေးဘ၀ ကောင်မှုအကျိုးကြောင့် သုဂတိဘုံကို ပဋိသန္ဓေတော့ နေခွင့်ရသည်။ ရှင်သန်ခံစားခွင့်မရဘဲ သေသွားရရှာသည်။)

အသက်ဝိညာဉ်မဲ့သော သန္ဓေသားမှာ ပျက်ကျရမည်ဖြစ်သော်လည်း တစုံတခုသော အကြောင်း ( ဥပမာ-တေဇောဓာတ် လွန်ကဲမှု) ကြောင့် ပျက်ကျမသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၄င်း ခြောက်သွားသည်နှင့် ၂-၃ လအရွယ် ကြီးနေသော အမိဝမ်းသည်လည်း ပြန်လည်ပိန်ကြုံ၍ သွားကာ နေ့စေ့ချိန် (၄၂-သတ္တာဟခန့် )တွင် ဖွားမြင်သည်။ ထိုအခါ မရင့်မာမီ အမိဝမ်းတွင်းမှာပင် သေဆုံးခြောက်ကပ်သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံမျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မအရွယ် ) မျှသာ မွေးဖွားလာခဲ့ရသည်။
ထိုအခါ၌ ၄င်းလူသားလောင်းကလေးမှ ဘ၀ပြောင်း၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာမှာ လေချွန်နတ်သူငယ် ကဲ့သို့ အသင့်အတင့်တန်ခိုးရှိသဖြင့် ၄င်း၏ရုပ်ကြွင်း လူခြောက်ကလေးကို တွယ်တာစွဲဝင်၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘစသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ်အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။

အထက်ပါတို့ကို ထောက်၍ လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၄င်းအား မှီတွယ်စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘောသဘာဝ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။ ( အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါသည်။ ၄င်းလူခြောက်ပြဿနာကို ဆေးပညာ ရှုထောင့်မှလည်း လေ့လာသင့်သေးသည်။)


ရွှေမြိုတော် ဝင်းထက် မှ သိသမျှ ။

Thursday, March 7, 2013

“ဗုဒ္ဓဘာသာ (၅) မျိုးအကြောင်း”

Photo: “ဗုဒ္ဓဘာသာ (၅) မျိုးအကြောင်း”


ဗုဒ္ဓဘာသာ (၅) မျိုးအကြောင်း ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား 
တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ 
ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက
 "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာငါးမျိုး ကွဲပြားလိမ့်မယ်" ဟု 
ဟောတော်မူထားခဲ့ပါတယ်။အဲဒီ ဗုဒ္ဓဘာသာငါးမျိုးကတော့ 

(၁)။ ကုလ ဗုဒ္ဓဘာသာ 
(၂)။ လာဘ ဗုဒ္ဓဘာသာ 
(၃)။ ဘယ ဗုဒ္ဓဘာသာ 
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ 
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ 

(၁)။ ကုလဗုဒ္ဓဘာသာ (မိရိုးဖလာဗုဒ္ဓဘာသာ) ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ 
ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက 
ခရစ်ယာန်ဆိုရင် သားသမီးကလည်းခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း 
အစ္စလာမ်။ ဒါကို မိရိုးဖလာကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက 
ဗုဒ္ဓဘာသာ ဖြစ်လာရတယ။် ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရား 
ဟောမှန်းလည်းမသိ။ ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင် ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ 
ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့် ကိုးကွယ်ရမှန်းလည်းမသိ။ 
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ 
ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ 
အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ 
ကုလဗုဒ္ဓဘာသာပါ။ 

(၂) လာဘာဗုဒ္ဓဘာသာ လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ 
ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ 
ဘုရားကိုးကွယ်တာမှာရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ 
လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ် 
မီးကွင်းတယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓဘာသာပါ။ ဘုရားကိုးကွယ်မှ 
လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေဘာလို့ လာဘ်ရွှင်နေတာလဲ။ 
အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်ချည်းပဲ မဟုတ်ပါဘူး။ 
ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။ အရောင်းအ၀ယ်တစ်ခု လုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ 
ရောင်းမယ်။ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ 
ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ 
ကိုးကြီးကျော်မနှဲလေး အစရှိတွေ နတ်တွေ…နတ်တွေ… ကိုးကွယ်တာတွေ၊ ဗေဒင်တွေ 
ယုံကြည်ပြီး ယတြာတွေချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ 
ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။ 

(၃) ဘယဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ) ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို 
ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက် 
ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို 
ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ 
အသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစ္စလာမ်တွေ 
အသက်ရှစ်ဆယ်တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ
 ကုလဗုဒ္ဓဘာသာ၊ လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ လိုချင်ပြီး 
ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီးအကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။
 ဒီ ကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကိုအောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ 
ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး 
ခွက်လှန်လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ 
ခန္ဓာကိုယ်မှာ အသိ၊ ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ 
သူတွေကလိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း 
ကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း 
ဆွမ်းကျောင်းဆေး၊ ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော် ဆက်ကပ်ရသေး။ ဘာအတွက် 
ဒါတွေ လုပ်နေရတာလဲ ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် 
ကျောင်းဆောက်နေတာလဲ ။စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ကြပါဗျာ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ 
သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင် 
ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း 
မှန်မှန်ကန်ကန် ယုံကြည်တဲ့သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ 
မိစ္ဆာသဒ္ဓါဆိုပြီးနှစ်မျိုးရှိပါတယ်။ 
သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန် ယုံကြည်ချက်ဆိုတာ သစ္စာတရား သိတော်မူတဲ့ 
မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့မေတ္တာ ဂရုဏာတော်အပြည့်နဲ့ 
သစ္စာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကို 
ပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ 
နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ 
နိဗ္ဗာန်ဆိုတာ အိုနာသေလွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား 
ကိုးကွယ်ပါ၏" ဆိုတဲ့ယုံကြည်ချက်ဟာ မှန်သောယုံကြည်ချက်။ တရားတော်ကို 
ဘာကြောင့်ကိုးကွယ် ရသလဲ။ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်ကို 
ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း 
မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ 
ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ 
တရားတော်ကို မှန်သောယုံကြည်မှု။ ထိုတရားတွေ မကွယ်မပျောက်သေးတာ 
ဘယ်သူ့ကျေးဇူးပါလဲဆိုရင် သံဃာာရဲ့ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော 
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ 
ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက 
စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကိုယုံကြည်မှု။ ဒါတွေက ရတနာမြတ်သုံးပါးကို 
မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။ မိစ္ဆာသဒ္ဓါ ယုံကြည်မှုက 
လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီးကိုးကွယ် ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ 
လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓဘာသာယုံကြည်ချက်။ အန္တရာယ်ကင်းအောင်ဆိုပြီး 
ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု။ ဗုဒ္ဓရဲ့ ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ 
သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု။ ဒါတွေက
 မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို 
ပို့ဆောင်နိုင်လို့ ၊အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို 
ကိုးကွယ်ပါ၏ ဆိုတဲ့သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ 
အနှစ်သာရ ရှိတာကိုရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ 
မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ 
အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။ 

(၅)ပညာဓိက ဗုဒ္ဓဘာသာ ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ 
ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ 
တရားတော်ကို ဘယ်လိုယုံတာလည်းဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ 
သိပြီး ယုံတယ်။ ထိုသို့သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို 
အသေအချာ ပညာသိနဲ့ သိတဲ့ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ 
ဖြစ်ပျက်မြင်တာ ခန္ဓာကမြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက
 ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ 
ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး 
ကျင့်ကြည့်လိုက်တော့မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက 
သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ပညာ သွားပြီး တွဲနေပါတယ်။ 
သဒ္ဓါနဲ့ပညာဟာ တွဲလျက်ပါတဲ့။ သဒ္ဓါတရား မှန်မှန်ကန်ကန်နဲ့သာ 
ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။ တို့မှာ 
အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ 
ဝင်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ 
ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ဖြတ်လိုက်လို့ 
ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ပညာလည်း ပါပါတယ်။ ဒါသည် 
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက
 ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာဝင်တွေပါ။

(ဒါလေးက ကျွန်တော် ဟိုးအရင်နှစ်တွေက download လုပ်ပြီးစုထားတဲ့စာတွေပါ…။ 
ဘယ်ကရလဲတော့ မမှတ်မိတော့ပါဘူး။ www.kzarboworld.com ထဲကဖြစ်မယ်။ 
အတိအကျသိသူများရှိရင် ပြောပေးစေလိုပါတယ် (credit ထည့်ရန်) 
စိတ်ငြိမ်းချမ်းသော ဘဝလေးကို ပိုင်ဆိုင်ကြပါစေ။
( နှလုံးသားအာဟာရ)
ဗုဒ္ဓဘာသာ (၅) မျိုးအကြောင်း ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာငါးမျိုး ကွဲပြားလိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။အဲဒီ ဗုဒ္ဓဘာသာငါးမျိုးကတော့


(၁)။ ကုလ ဗုဒ္ဓဘာသာ

(၂)။ လာဘ ဗုဒ္ဓဘာသာ

(၃)။ ဘယ ဗုဒ္ဓဘာသာ

(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ

(၅)။ ပညာဓိက ဗုဒ္ဓဘာသာ


(၁)။ ကုလဗုဒ္ဓဘာသာ (မိရိုးဖလာဗုဒ္ဓဘာသာ) ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်းခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ။် ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရား ဟောမှန်းလည်းမသိ။ ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင် ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့် ကိုးကွယ်ရမှန်းလည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ ကုလဗုဒ္ဓဘာသာပါ။


(၂) လာဘာဗုဒ္ဓဘာသာ လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။ ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ် မီးကွင်းတယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်ချည်းပဲ မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။ အရောင်းအ၀ယ်တစ်ခု လုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော်မနှဲလေး အစရှိတွေ နတ်တွေ…နတ်တွေ… ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။


(၃) ဘယဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ) ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက် ရှည်ဖို့၊ ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟု ခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစ္စလာမ်တွေ အသက်ရှစ်ဆယ်တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊ လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီးအကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကိုအောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။

ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာကိုယ်မှာ အသိ၊ ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေကလိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး၊ ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော် ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ကြပါဗျာ။


(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင် ယုံကြည်တာကို ခေါ်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီးနှစ်မျိုးရှိပါတယ်။

သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန် ယုံကြည်ချက်ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။

နိဗ္ဗာန်ဆိုတာ အိုနာသေလွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့ယုံကြည်ချက်ဟာ မှန်သောယုံကြည်ချက်။ တရားတော်ကို ဘာကြောင့်ကိုးကွယ် ရသလဲ။ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲဆိုရင် သံဃာာရဲ့ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကိုယုံကြည်မှု။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။ မိစ္ဆာသဒ္ဓါ ယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီးကိုးကွယ် ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓဘာသာယုံကြည်ချက်။ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု။ ဗုဒ္ဓရဲ့ ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု။ ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကိုရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။


(၅)ပညာဓိက ဗုဒ္ဓဘာသာ ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်းဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာကမြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ပညာ သွားပြီး တွဲနေပါတယ်။ သဒ္ဓါနဲ့ပညာဟာ တွဲလျက်ပါတဲ့။ သဒ္ဓါတရား မှန်မှန်ကန်ကန်နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာဝင်တွေပါ။


(ဒါလေးက ကျွန်တော် ဟိုးအရင်နှစ်တွေက download လုပ်ပြီးစုထားတဲ့စာတွေပါ…။ ဘယ်ကရလဲတော့ မမှတ်မိတော့ပါဘူး။ www.kzarboworld.com ထဲကဖြစ်မယ်။ အတိအကျသိသူများရှိရင် ပြောပေးစေလိုပါတယ် (credit ထည့်ရန်) စိတ်ငြိမ်းချမ်းသော ဘဝလေးကို ပိုင်ဆိုင်ကြပါစေ။

( နှလုံးသားအာဟာရ)

ကောင်မလေး

ကောင်မလေးရယ်...
ဖြေဆေးမရှိတဲ့ ငါ့ရဲ့အဆိပ်သင့်ညတွေကို
မင်းနဲ့တွေ့တဲ့နေ့ကစလို့ စိုက်ပျိုးမိခဲ့တယ်
မင်းရှိမနေသေးတဲ့ နံနက်ခင်းဟာ
ငါ့ရင်ကို ပိုမိုသတိစေခဲ့တယ်
ထာဝရသူငယ်ချင်းအဖြစ်နဲ့တော့
ကိုယ်တို့နှစ်ဦးကြားကို စည်းလေးမခြားလိုက်ပါနဲ့
မင်းမချစ်နိုင်တဲ့ ငါ့ဘဝဟာ
နေခြင်းလား သေခြင်းလားဆိုတာ
ခွဲချမ်း ပေးသွားပါ
ကောင်မလေးရာ........

Monday, March 4, 2013

“အနာဂတ်ထဲ အတိတ်ကလူ”



ကောင်မလေးရယ်
နှစ်တွေကြာခဲ့တာတောင်
ရင်ခုန်သံ သဲ့သဲ့က ရပ်မသွားဘူး ...
တခါက
တိုးလျှိုးပါးလျစွာ နမ်းရှိုက်ခဲ့တဲ့
အသက်ရှုသံ တစက ထိရှတုန်း ...။

နှစ်လိုခြင်း များစွာဖြင့်
အိပ်မက်မက်တယ် ...
ပါးပြင်ပေါ်က သနပ်ခါးတစ်ပွင့်
ရင်ကိုမွှေးတဲ့ အနမ်းစစ်ပေါ့
ခုတော့
အချိန်လွန်ရင့်တဲ့ အလွမ်းနှစ်မှာ
ကိုယ်ဟာ အတင်း “အပြစ်” ခံရတဲ့ လူ ...။

မိုးတွေစွေတုန်း
ဆောင်းတွေဝေတုန်း
နွေရနံ့တွေ ကြွေတုန်း
ပန်းကလေးတွေ ကိုယ်တို့ အကြောင်းပြောကြတုန်း
မြေနီလမ်းလေးမှာ ကျေးငှက်တွေ သီကြူးတုန်း

ဒီလိုနဲ့ တစ်နှစ်အကူး
ကိုယ်ဟာ အသွင်မထူးတဲ့
ဝတ်ရုံတစ်စုံကိုခြုံ
မလင်းချင်းရာ နေ့သစ်မှာ
ထူးဆစ်မလာနိုင်တဲ့ “အရူး” အဖြစ်နဲ့ လူ ...။

ခူးမရတဲ့ အလွမ်းပွင့်အကြွေတွေနဲ့
တခန်းရပ်ဇာတ်ကွက်ထဲ
အခန်းဆက် ကြွေကွဲသံတွေ
တစတစ လွင့်ပါး
အာရုံမှာ ဝေး၀ါးသလို
အရှေ့ကိုလျှောက်ရင်း
အနောက်ပြန်ရောက်နေခဲ့ပြန်တယ် ... ကောင်မလေးရယ် ...။

(အရှေ့= အနာဂတ်
အနောက် = အတိတ်)

ညလင်းအိမ်

“အလွမ်းညနေများစွာ”

တစစလွင့်ပါးသွားသလိုနဲ့
အဲ့ဒီ ညနေတွေက လှပလွန်းတယ်
ညမှောင်ကို ကြိုဆိုဖို့
ရှက်သွေးကြွယ်ပြတဲ့
အလင်းရောင်ရယ်
မင်းကိုသတိတရနဲ့
ငါဖျားနာတယ်။

တိမ်တိုက်ကုပ်ကုပ်အောက်မှာ
ကိုယ်တိုင် ရက်လုပ်ထားတဲ့
သံယောဇဉ် တစ်မျှင်နှစ်မျှင် ...
လက်ခြင်းတွဲယှက်ထားတဲ့
အရိပ်တစ်စုံနဲ့ ...
ကန်ဘောင်ဘေးက
မညီမညာလမ်းကလေး ...
ငါ့ ကိုအဖြေပေးကြပါ။
(သူဘယ်မှာလဲကွယ်)

ညနေတွေထဲက ကောင်မလေး
သတိရလိုက်ရတာ ...
ငါ ကိုယ်တိုင်ရေးပေးခဲ့တဲ့ ကဗျာ
ငါ ကိုယ်တိုင်တွေးပေးခဲ့တဲ့ အနာဂတ်
မင်း အတွက် ထာဝစဉ်
ထွန်းလင်းပါစေ ။

ငါ့မှာတော့
ညနေတွေ ကြုံတိုင်း
ရစ်မှိုင်းဝေသီ
အတွေး ပန်းချီတွေနဲ့
ဒဏ်ရာတွေ လင်းလက်တောက်ပတယ်။

ထားခဲ့တော့ နေမင်းရေ
လမင်းက ငါ့ကို မကြိုမှတော့
အဲ့ဒီတိမ်အုပ်တစ်ထွေနဲ့
ငါ့ စိတ်တွေ လေနေပစေ
ညနေများစွာမှာ
သူ့ ကိုသတိရနေမယ်။

ညလင်းအိမ်

Saturday, March 2, 2013

ဆန္ဒကိုလစာဖြင့် ထိန်းနေရသောဘဝနှင့် ရုန်းမထွက်နိုင်သော သံသရာ




တာဝန်များစွာ….
အခက်အခဲများစွာ….
စိုးရိမ်မှုများစွာ….
ယှဉ်ပြိုင်မှု များစွာ…
ဘဝက တစ်ခုတည်းဖြစ်သော် လည်းထိုတစ်ခုတည်းသော ဘဝထဲ ၌ လက်ခံသိမ်းယူထားရသည့် အရာတွေ က အများသား။ ဘဝဟူ သည် တိုတောင်းသည်..။ ရှည် လျားသည် စသည်ဖြင့် …။လိုက် မမီနိုင်သော အဓိပ္ပာယ် တို့ဖြင့် အသီးသီး အနက်ဖွင့်ဆိုကြ၏။’ဝ’လုံးကို ချရေးပြီး ရှင်သန်လာ သည့် အချိန်မှစ၍ အက္ခ ရာ တစ်ဝက် လော က်ကို မည်သို့မည်ပုံ ရေး ခဲ့မိပြီလဲ ရေရေရာရာ မပြောပြနိုင် တော့၊ သို့သော် ‘အ’အက္ခ ရာ အထိ မရောက်မချင်း ဘဝကို ဆက်သွား ရမည်မှာမလွဲ။ တကယ်တော့ ခဲ ဖျက်ဖြင့် ဖျက်မရသော ဘဝများ စွာ ထဲ၊ သူတို့သည်ဘွာခတ်၍ နောက် လှည့်မရသော အစိုးရဝန်ထမ်း (သို့ မဟုတ်) နိုင်ငံ၏ ဝန်ထမ်း သို့တည်း မဟုတ် တိုင်းပြည်၏ အရေးပါသော ယန္တာရားများဖြစ်ကြသည်။ သို့သော် . . ‘ကျွီ’ခနဲ မြည် သံနှ င့် အတူ လီဗာပေါ်မှညာခြေကိုကြွ၊ မျက်လုံး ကိုစုံမှိတ်ပြီးအကျင့်ပါနေသော လက်ဖြင့် ဂီယာက ဖြုတ်ပြီး သား။ နင်းလိုက်မိသည့်ဘရိတ်က အိမ်မှာ ကျန်ခဲ့သည့်မိန်းမနှင့် ကလေး၏မျက်နှာကို ကယ် တင်ခြင်း ဟု ယုံ ကြည်မိ၏။ လမ်းဖြတ်ကူးသူ တစ်ဦးက ရဲတင်းလှသည်။ မတော် တဆ ၏နောက်ကွယ်တွင် လျော် ကြေးနှင့်ကံကြမ္မာက ဓားထမ်း၍ စောင့်မျှော် နေမည်ကို တွေးမိရင်း သက်ပြင်းချ မိသည်။ မိမိဘဝ သည် နိုင်ငံနှင့် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ပါ မည်ဟုသစ္စာဓိဋ္ဌာန်ပြုထားသည် မ ဟုတ်ပါလား။ သူ့တာဝန်က ရေတပ် ဌာနမှတပ်ထိန်းသို့သော် သူကွက်ခနဲ့မြင်ယောင်မိပြီး သူတို့ဘ ဝတွေ ကိုပါ ရောက်နေသည်က အငှား ယာဉ်၏ စတီယာရင်ရှေ့။
တစ်ဦးတည်း မဟုတ်သော စားဝတ်နေရေးကို အန်ကြိတ်ခံ၍ မဖြစ်၊ ထို့အပြင် တာဝန်ချိန် နီးလာေ သာကြောင့် စိတ်ရောကိုယ် ပါ ပူလောင်နေသည်ဟု ကိုမင်းသူ က ပြော သည်။ ခြောက်ထပ်ကြီး ဘုရားကို လှမ်းမြင်ေ တာ့မှ မိမိဌာန ကိုပြန်ရောက်ပြီဟုအာရုံတွင်လင်း သွားသည်။ သက်ပြင်းတို့ပါ ကွယ် ပျောက် သွား သည်။ ည တစ်ဝက် ကျော်ေ ကျာ်ကားဆွဲ၍ ရသောငွေကို အုံနာအားပေးပြီး ကျန်ငွေကို မိန်းမ နှင့် ကလေး အတွက် ပေးဆပ်ခဲ့ရ သည်မှာ ၆ လကျော်လာပြီ ဖြစ် ကြောင်း၊ ကြုံခဲ့ရသည့် မြင်ကွင်း ကြောင့်တုန် ခါ ခဲ့ သည့်ရင်ကို ထိန်း ၍ သူကလေသံဖင့်ပုံ ထင်ပြသည်။ နေ့ကို ည,ညကို နေ့အဖြစ် သတ် မှတ်ခဲ့ ရသည့် ရက်ပေါင်း မနည်း တော့ကြောင်းညိုနေသော မျက်ဝန်း တို့ကသက်သေပြနေ သယောင်။ ”စစ်သားဆိုတော့ အခြား အစိုးရဝန်ထမ်းထက် လစာပိုရမယ် ထင်ပေမယ့် မိန်းမနဲ့ကလေးရှိတော့ ခုနစ်ေ သာင်း တစ်ထောင် က ဘယ် လိုမှ မလောက်ဘူး။ အိမ်ထောင်ကျ စက မိန်းမကိုနားလည်အောင် မနည်ြးေ ပာ ရတယ်။ သူအ င်္ကျီ ချုပ် တတ်လာတော့ ပိုငွေလေးရလာ တယ်။ အဒေါ်ဆီက ပိုက်ဆံချေးပြီး ခုလို တက္ကစီ ဆွဲတော့ မှပဲ အဆင်ပြေ တော့တယ်ဗျာ” ဟု တပ်ထိန်းကို မင်းသူက ဆိုသည်။
ဝန်ထမ်းဆိုသည်မှာ နာမည်၏စေစားရာအလား လူအားလုံးသူ့ဝန် နှင့်သူ။ အစိုးရဝန်ထမ်း သာမက ပုဂ္ဂလိ က ဝန်ထမ်းမှစ တောင်သူအား လုံးသည် ပြည်သူ၏ ဝန်ထမ်းဖြစ် သည်။ ဖြစ်သင့်ဖြစ်ထိုက်သော အချိန်အ ခါတွင် ရသင့်သော ငွေ ကြေးနှင့် ဖြစ်သင့်သည့်စည်းစိမ် ကိုရယူလိုကြ၏၊ လူတို့၏ အတ္တ ဟုပင်ဆိုစေကာမူ အသက် ရှင်နေ ထိုင်ရေးအတွက် ပူပန်ကြရသည်မှာ နေ့စဉ်နှင့်မမျှ..။ တောင့်တတိုင်း အကျိုးပေးရန် ဘုရား ရှင်က ပညတ် မထားခဲ့ဟု ဗုဒ္ဓဘာသာတိုင်း ယုံကြည်ကြသော်လည်း ဝမ်းမီး တောက် လောင်ချိန် တွင်လူ တို့ ၏ အတ္တအတွက် စဉ်းစားချင့်ချိန်ဖို့ ခက်၏။
ဖြစ်တည်ခဲ့ရသော အသက် သည် တာဝန်ကိုအားပြု မဖြစ် စလောက် လစာကိုမှီတွယ် နေရ သည့် ခန္ဓာ များနှင့် လောကဓံကြား မိသားစုကို နေတတ်အောင် သင်ပြ ခဲ့ရသ ည်မှာ နှစ်ပေါင်းမနည်းတော့။ ကျန်း မာရေး ဆိုသည့် အသံကို မ ကြားဝံ့၊ မိဘအဆင်မပြေပါက ပတ်ဝန်းကျင်ကို အားပြုရ၏။ပတ် ဝန်းကျင်သည် ကိုယ်ကောင်းမှ သူ ကောင်းကြောင်း တရိပ်ရိပ်ထင်ဟပ် လာခဲ့ပြီးနောက် နောက်ဆုံးမာန်မာန ကုန် ဆုံးကာ အတိုး တနင့်တပိုးဖြင့် အြေ<ွကး တင်လာခြင်းက ဝန်ထမ်း ၏ ပြယုဂ်၊ ထိုအရာ သည်ပင် ဝန်ထမ်းဘဝ အတွက် ကပ်ပါးကောင် တစ်မျိုး ဖြစ်လာသည်။ ထိုရောဂါ ကျွမ်းလာပါက ဖြစ်သလို ရပ်တည် ရန်အတွက် ဦးနှောက် က နှလုံးသား ၏ ဆင်ခြင်တုံ တရားတို့ကို မလွဲမ သွေ ဖောက်ထွက်လာရ၏။ သို့ သော် ရင်းနှီးသူ တို့ ၏ နာရေးဖိတ် စာ၊သာရေးဖိတ်စာတို့ကလည်း နှစ်စဉ်ကြုံတွေ့နေကျ။
”လောက်တယ်၊ လစာက လောက်တယ်၊ မသေ ထမင်းမသေ ဟင်းနဲ့ဆို လောက်တယ်၊ တစ်ခုပဲ ပြောမယ်၊ သူေ ဌးတော့ ဘယ်တော့ မှ မဖြစ်ဘူး။ ဆရာမတို့ အလယ် တန်းပြတွေ ရဲ့လစာက ၅၈ဝဝဝ ၊ ရှားပါး စရိတ် က သုံးသောင်း၊ ဆန်တစ်ပြည်ကိုတစ်ထောင်၊ အရေးထဲ မီတာခ၊ ရေခ တွက်ကြည့်ရင် ဘယ်လိုမှမလောက် ပါဘူး။ ရွှေငွေ စုဆောင်းတာမရှိ၊ မိဘဆင်ထားတဲ့ နားကတ်လေး တစ်ရံတောင် အပေါင်ဆိုင် ခဏခဏ ရောက် တာ၊ သားသမီးတွေလည်း ပေးရဦးမယ်။ အဝတ်အစားမဝယ်နဲ့၊ ကျန်း မာရေး မကောင်းရင် ဆေးမ ကုနဲ့၊ ဆေးမြီး တိုနဲ့ကု၊ သာရေးထက် နာရေးက ရှောင်ရခက်ပါတယ်”ဟု ဆရာမ တစ်ဦးက ရန်ကုန်၏ စာသင်ဆရာ စရိတ်ကို ခင်းကျင်းသည်။ အဖြူရင်ဖုံးနှင့် အစိမ်းထဘီကို ခါးလုံအောင်ဝတ်ဆင်ထားသည်နှင့် ရှေ့မှဖြတ်သွားသူတချို့ ဦးခေါင်း လျှိုသွားသည့်အခါ စားမကုန်သော ပီတိက ကိုက်ခဲလာသော ညာဘက် ဒူး၏ အနာကို လျော့ အောင်မ လုပ်နိုင်။ တစ်ခါတစ်ခါမသိမသာ နှိပ်နေသည်။
အထူးကားနှင့် ကျောင်းတက် ချိန်ကိုညှိနှိုင်းမရ၊ သိတတ်သူစာနာ သူတချို့က ထိုင်ခုံနေရာ ဖယ်ပေးသည့် အခါ ”ကျေးဇူးစကားများ”သည်သာ ပိုလျှံ ပစ္စည်းများအဖြစ် ပြည်ပသို့ တင်ပို့ရလောက်ပြီဟု ထင်မိသည်။ အမြဲလိုဝတ်ဆင်ထားခဲ့သည့် အဖြူ ထည်အင်္ကျီကအဝါရောင်သမ်းနေ မှန်း မိမိကိုယ်မိမိသိသည်ဟု သူမ က ဖြေသည်။ သို့သော် လာမည့်နှစ် ပင်စင် သွားရတော့မည်မို့ ထပ်ပြီး ငွေကုန် မခံဝံ့။ညနေ ၄ နာရီထိုးလျှင် ကျူရှင် ဝိုင်းလေးကို မဖြစ်မနေ ပြေးရမည်။ သားအငယ် တစ် ယောက်၏ ကျောင်းစရိတ်က တားမြစ်ထား သည့် ကျူရှင်ကိုခေါင်းငုံ့ခံ အန်တုနေရသည်။
”မကြာခင် ပင်စင်ယူရတော့ မယ်ဆိုတာတွေးပြီး ရင်မောပါတယ် သားရယ်၊အိမ်ဝယ်ဖို့ မစဉ်းစားနဲ့ အိမ်ငှား ဖို့ေ တာင် ခုလိုပဲ ရင်တမမ၊ ရတဲ့လစာက ၅၈ဝဝဝ၊ ထောက်ပံ့ ကြေးက သုံးသောင်း ၊ပင်စင်ဆိုရင် ဂရက် ဂျူတီ က ၁ဝ သိန်းကျော် လောက်ရမယ်၊ဒါနဲ့ပဲမြို့ပြင်ထွက် ရမှာပဲလေ”ဟု အသက် ၅၉ နှစ်၏ ဇရာကို ထမ်း ရင်း လမ်း(၃ဝ) မှတ် တိုင်မှ အထူးကားတို့ကို လှမ်းကြည့် ရင်း သူမ ပြောရှာသည်။ဇန်နဝါရီလ နောက် ဆုံးအ ပတ်၊ လွှတ်တော်မှ ပြောကြားခဲ့သော ဘဏ္ဍာရေးဒုဝန်ကြီး၏ အသံ၊ တစ်ဆင့်စ ကားဖြင့် ရင်ဝသို့ လျှံတက် လာသည်။ မျှော်လင့်ချက်တို့ ချည်နဲ့၊ ရက်ပေါင်း ၃ဝဝ ကျော်ကို မှော်သွင်းပြီး ကျော်ဖြတ်လိုက်ချင် သည်။ မိမိတို့ လိုချင်သည်က ငွေ မဟုတ်။ အနေအစားချောင်လည်ယုံ ဟု ဆိုကြသည်။ ဆက်သွယ်ရေး ကိစ္စ များ ထွက်ပေါ်လာသောကြောင့် မိမိတို့အပြင် အထက်ဌာနမှ လူကြီး များကိုပါ သံသယဝင်လာသည် ။ကိုယ့် ကိုယ်ကိုယ်လည်း မချင့်မရဲ၊ ရှည်လျားသော မိသားစုအိပ်မက်တို့ က အဓိပ္ပာယ်မရှိ တွေဝေစွာ၊ လုံခြုံရေး သည်အသက်ထက်ဆုံး တာဝန် စားဝတ်နေရေးသည်ဘဝ၌ ကွက်လပ်အဖြစ်သာ ထားနေရ ကြောင်း ပြောလာသည်က ရန်ကုန် တိုင်း ရဲဝန်ထမ်းတစ်ဦး။
”ရဲတစ်ယောက်ကို ဘယ်သူမှ တစ်သိန်းထက် ပိုမပေးဘူး။ ပေး တာတွေရှိတယ်။ ဝန်ခံတယ်။ ဒါက သူဌေး သား သမီး မုန့်ဖိုးပဲရှိတယ်။ လစာတိုးပေးဖို့တော့ မျှော်လင့်တာေ ပါ့ဗျာ။ နောက်ကြောင်းမလုံရင် ဘယ်လို လုပ်မလဲ။ ခုချိန်ထိ မိသား စုကငွေသုံးသိန်းပြည့်အောင်မကိုင် ဖူးဘူး။ ကျွန်တော်ပြောမယ်။ ရဲဆိုတာ မုန်းတဲ့ သူရှိတယ်။ ဒါပေမဲ့ ဘယ်သူမှမစာနာဘူး၊ အသက်စွန့်ပါ မယ်လို့ အဓိဋ္ဌာန်ပြုထားပြီးပြီ။ ဒီလစာလေးနဲ့လုပ် နေ တာကြာပြီ။ ကျွန်တော်တို့နောင်ရေးကို မကြည့် ရင်တော့ စားဝတ်နေရေးကို ဒီလစာ နဲ့ဖြစ်သလို၊ ရသ လို လုပ်သွားရမှာပဲ။ ကျွန်တော်လည်း ပြည်သူပါပဲဗျာ” ဟု ပွင့်ပွင့်လင်းလင်း ဆိုသော်လည်း မပြတ်နို င်သေးေ သာဘဝ ရပ်တည်မှု အတွက် နာမည်ကွယ်ဝှက်ပေးရန် မေတ္တာရပ်ခံသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက လည်း”ဝန်ထမ်းတွေ မလောက်မင ဖြစ်နေ တာ ကို အားလုံး အသိပဲ။ ဖြစ် သင့်ဖြစ်ထိုက်တာကို အစိုးရက တိုး ပေးသင့်တယ်။ လာဘ်ပေးလာဘ်ယူ တာကို ကျွန်တော် အားမပေးဘူး။မလောက်ငတဲ့အတွက် သူတို့မှာ အဖြေတစ်ခုရှာ လာရတော့တယ်။ ဝန် ထမ်း တစ်ယောက်ဟာ သူ့မိသား စုအတွက်ပဲလေ။ အစိုးရကဝန်ထမ်း အတွက် လစာ တိုးပေးရမယ်။ လောက် ငမှုရှိအောင် စီစဉ်ပေးရ မယ်။ ဘာေ ကြာင့်လဲလို့ ပြောရင် သန့်ရှင်းသောအစိုးရ ဖြစ်အောင် လုပ်ဖို့ အတွက် ဝန်ထမ်းရဲ့ လုပ်ခ လစာကို ခေတ်နဲ့အညီ တိုးပေးရ မယ်” ဟု အမြင်ကို ပြောသည်။
တစ်နိုင်ငံလုံး၏ ဝန်ထမ်းဦးရေ က ၃ ဒသမ ၈ သန်း၊ ဝန်ကြီးဌာ န ၃၁ ခု၊ ယင်းဝန်ထမ်းဦးရေ၏ တိုးမည့် လစာ တစ်ဦးတစ်ကျပ်ဖြင့် တိုးမည်ဆိုဦးစို့ မနည်းလှသော ငွေ ကြေး၊ လက်ရှိ အတည်မပြုရသေး သော အခွန် ဥပဒေ၊ အခွန်ရရှိရေး က ကောင်းသည့်ဘက် ဦးတည်ဖို့လို သည်။ အခွန်ရရှိမှ နိုင်ငံဝန်ထမ်း နှင့် ပြည်သူ အတွက် ရလဒ်ကောင်း မည်ဟု ဆိုကြသည်။ လာဘ်ပေး လာဘ်ယူတိုက်ဖျက်ရန် နိုင်ငံတော် သမ္မတ ၏ သဘောထားမှတ်ချက်နှင့် လုပ်ဆောင်မှုတို့ကတရိပ်ရိပ် လိုက် လာသည့် အချိန်ဖြစ်သည်။ ခရိုနီ တို့ ရေ ပန်းစားလာပြီးသည့်နောက် ပိုင်း စိတ်ဓာတ်တချို့ ကို ခဝါချပြီး နောက်ဆုတ်ကုန်ကြသူများ ရှိသ လို ဖန် တီးနေသူများက အရှိန်မ ကုန်သေး။ ကားသစ်ကို အိမ်မှာထား ပြီး အဟောင်းဖြင့် လူလုံးထွက်ပြနေ ကြ သူများ ရှိသေးသည်။ လက်ရှိတွင်လာဘ်ပေးလာဘ်ယူပ ပျောက် ရေး ဥပဒေကြမ်းကိုလွှတ် တော် တွင် ရေး ဆွဲနေပြီဖြစ်သည်။ သို့သော် အရေအတွက် ကြီးမားသော အောက်ခြေ ဝန်ထမ်းတို့ကတော့ အလူးအလိမ့်၊ လာဘ်မစားပါ၊ သဒ္ဓါကြေးကိုသာ မျှော်လင့်ရပါ တော့မ ည်။၊ ဒါက ဒုတိယမ္မိသန္နိဋ္ဌာန် …
”အခြေအနေ မကောင်းဘူး ထင်ရင် ကိုယ်ပါ ဒုက္ခရောက်နိုင် တယ်။ တစ်ခါတလေ သူတို့ဘာသာ သူတို့ လာပေး တာတွေရှိတယ်။ သတိနဲ့ ယူပေါ့။ ခုစစ်ဆေးရေးတွေ ဝင်လာတော့ လူကြီးတွေက ပြော တယ်။ ပြဿနာ တက်ရင် အပြစ်ပေး မယ်တဲ့။ သူတို့လည်းသူ့နည်း သူ့ ဟန်နဲ့ပဲ လောက်နေရင် ကိုယ့်ဒုက္ခ ကိုယ် ရှာပြီး ဘ ယ်သူမှ မယူချင်ပါဘူး ဗျာ။ လစာရရင်တော့ မိန်းမကို အ ကုန်အပ်လိုက်တာပဲ။ အဲဒီဘာကြေး ညာကြေးနဲ့ ပဲ အသုံးစရိတ်လုပ်နေရ တာ။ ပင်စင်ရရင်တော့ နယ်ပဲပြန် တော့မယ်။ သားသမီးတွေကို အတောင် ပံပေါက်အောင်တော့ စောင့် ရမှာပေါ့”ဟုဗဟန်းမြို့နယ်မှ ရဲ ဝန်ထမ်းတစ်ဦးက ဆိုသည်။
နိုင်ငံ၏၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ ငွေကို လွှတ်တော်တွင် အတည် ပြုတော့မည့်ဆဲဆဲ ငွေကြေးဖောင်းပွ မှုနှင့် ရငွေ သုံးငွေတို့ကို စိစစ်နေရ ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန် ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။”လစာတိုးဖို့ကိစ္စက အရင်ဝန် ကြီးပြောခဲ့တာပါ။ နိုင်ငံမှာလစာတိုး ဖို့အမျိုးမျိုး စီစဉ်ဆောင်ရွက်ရတယ်။ ရငွေ ရယ်။ သုံးငွေရယ်။ အဲဒီနှစ်ခု ဆီက လိုငွေရယ်ပေါ့။ ကျွန်တော်တို့ ပိုလို့ မရပါဘူး”ဟု ဝန်ကြီးက ဝန် ထမ်းလစာ တိုးမပေးရသေးသည့် အခြေအနေကိုအနည်းငယ်မျှ အ ကျဉ်းချုပ်သည်။
လကုန်ရက်ရောက်ဖို့ ..မမျှော် လင့်ပါ။ လစာရလျှင် ပျော်ရသည် ဟုထင်ကြသည်မှာ အများအမြင်၊ လက်တွေ့ ခံစားနေရသူတို့ကတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ။ နှစ် သိန်းဖုန်း တစ်လုံးအတွက် ရုံးမှ ဖြတ်မည့် အရစ်ကျငွေ၊ သားလေး၏ မူကြိုစရိတ်ကလစဉ်နှင့်အမျှ၊ ဆီ၊ ဆား၊ ငရုတ်ကြက်သွန်က ဝယ်ထား မှဖြစ်မည်။ ပေါင်ထားသော နား ကတ်လေးအတွက် အတိုးသတ် ထားမှဖြစ်မည်။ ဆန်ဈေးကို တွက် ပြီး သည့် အခါ လက်ထဲမှာ ငွေဆို၍ နတ္တိ၊ အခန်းက ဝန်ထမ်း တိုက်ခန်းဖြစ် ၍တော်သေး သည်..။ဆိုင် ကယ် အငှား ယူပြီး တက္ကစီဆွဲနေသော ယောက်ျားက နေပြည်တော်၏ အ အေးဒဏ်ကြောင့် ခဏခဏအဖျား ပိုးပြန်ထ တတ်သည်။ ညစ် ပါများ သောစိတ်တို့က အရောင် တလွင့် လွင့်။ အသားမာ တက်နေ ပြီဖြစ် သည် ဟု နေပြည်တော်မှ ဝန်ထမ်း တစ်ဦးက ရင်ဖွင့်သည်။
”တိုက်ခန်းမှာ နေရတယ်ဆို လို့ အမေက နေပျော်လို့ ရောက် လာသေးတယ်။ တစ်ယောက်စာ အတွက် မသိသာပါဘူး၊ ဒါပေမဲ့ အမေလည်း နယ်ကိုပြန်သွားရှာပြီ။ တစ်ခါတစ်ခါမှ လာမယ်လို့ပြော တယ်။ ကျွန်မလည်း စိတ်မကောင်း ဘူး။ မိဘကျေးဇူးတော့တတ်နိုင် သလောက်ဆပ်ချင်တယ်လေ။ အခု အချိန်ပိုကြေးတွေရမယ်ဆို လို့ ပျော် မိတယ်။ နည်းနည်းလောက် စု မိလာရင် အမေ့ကိုတစ်လလောက် ပြန်လာနေဖို့ ခေါ်ဦးမယ်”ဟု မျှော် လင့်ချက်စကားတို့ကသူမနှုတ်ဖျား မှ ခပ်ဟဟ ထွက်လာသ ည်။
”ခြံစိုက်လို့ ရတယ်၊ ကိုယ် အားတဲ့ရက်တွေကို လင်မယားနှစ် ယောက် ပေါင်းခုတ်ပြီး စိုက်ထားတဲ့ သင်္ဘောပင်တို့ ချဉ်ပေါင်ပင်တို့က အစ ဟင်းတစ်မျိုးစီ ရတာပေါ့။ မြေ ကတော့ အစိုးရပိုင်မြေလေ။ ရှာလို့ ရတဲ့ငွေကို ယောက်ျားအရက် တွေ ဘာတွေတောင်မသောက်အောင် ပြောထားရတယ်။ သူငယ်ချင်း တွေ လာလို့ သောက်စားမိမှာ ကိုကြောက်လို့ မိတ်တွေဘာတွေ ပျက်လည်း ထည့်မတွက်နိုင်တော့ ဘူး။ နောင်ရေးက ပိုအရေးကြီးပါ တယ်ရှင်” ဟု သူမ၏ ယူဆထား သော လတ်တလောအရေးကို ဆို သည် အစိုးရဝန်ထမ်းတို့၏ အချိန်ပို ကြေးက အားလုံးရမရတော့ မသေ ချာ။ မဝံ့မရဲ မျှော်လင့်ချက်များ ကြောင့်ပင် ဘဝပန်းတိုင်ဆို သည်မှာ အဘယ်နည်းဟု သံသယ များလာကြ သည်။ တစ်နေ့လျှင် ၈ နာရီ အလုပ်လုပ်ချိန်ရှိသော်လည်း ၂၄ နာရီဂျူတီကို ON (အွန်)ထားရသူ တို့ကပိုဆိုးသည်ဟုဆို သည်။ အခြေအနေ အရ မိမိတို့၏ လားရာသည်တစ်နေ့တော့ ပင်စင် ၏ ရင်ငွေ့ကိုခိုလှုံပြီး ထွက်သက် ကောင်းဖို့ရာ ဆုတောင်းရတော့ မည်။ သို့သော်ရက်ရောစွာ ဝင် ရောက်လာတတ် သောကုန်ဈေးနူန်း က ဒီမိုကရေစီနှင့်အပြိုင် ရှင်သန်နေ ဦးမည်ဟု ထင်ကြသည်မှာ မလွဲ။
”လစာဆိုတာ မျှော်လင့်ထား တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံ တော်သမ္မတက ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာပို့ထားတဲ့ အထဲမှာ ပါတာပဲ။ ခုက အပြောတစ် မျိုး။ အလုပ်တစ်မျိုး ဖြစ်နေတယ်။ ကျွန်တော်တို့က ၂၄ နာရီလုံး တာ ဝန်ယူထားရတာလစာတော့ ပို မျှော်လင့်တာပေါ့” ဟု ရန်ကုန်တိုင်း ဒေသကြီးမှ ဒုရဲမှူးကြီးတစ်ဦးက ပျောက်ဆုံးလုနီးပါး ဖြစ်နေသည့် မျှော်လင့်ချက်ကို မဆိုင်းမတွ ပြော သည်။ ”ရဲတပ်ရင်းမှာ တစ်ယောက် ရဲ့ ရိက္ခာစရိတ်က တစ်ရက်မှ ၅ဝဝ ဗျာ။ ရက် ၃ဝ မှ တစ်သောင်း ခွဲ။ အကုန် စုပေါင်းရင် ၇ သောင်းခွဲ။ တစ်ရက်ကို ၂၅ဝဝ ပေါ့။ လုပ်သက် နှစ်နှစ်ကျော်ရှိတဲ့ အောက်ခြေဝန် ထမ်းတစ်ဦးက အလွန်ဆုံး ကိုး သောင်းပဲ။ရန်ကုန်မှာမိသားစု ဘယ် လိုစားမလဲ။ ဒါတောင်နေရတာက ရဲတန်းလျားမှာမို့ တော်သေးတာ” ဟု ¤င်းက တပည့်များ၏အရေး ရှေးရှုကာ ဆိုသည်။
အခြေခံလစာနှင့် ထောက်ပံ့ ကြေးတို့သည် ဝန်ထမ်းမိသားစုအ တွက် ထောင့်ဖြတ်မျဉ်းဆွဲပြီး ကျော် တက်ဖို့မဖြစ်သာ၊ ကျုဉ်းမြောင်းလှ သည့်လမ်းကလေးကို ထောက်ချွန် ဖြင့် ထိပ်ပိုင်းမှ ကိုင်လှည့်နေသည့် အလားတူသည်။ ထိုအရာသည်အခြားမဟုတ်၊လစဉ်ခံစား ထိတွေ့ နေရသော သံသရာစက်ဝန်း၊ ထောင့်ဖြတ်မျဉ်းကိုယ်တိုင် ဆွဲသူ များ တချို့စစ်ဆေးရေးဝဋ် ချက်ချင်း တက်လာပြီဟု ထင်နေကြပြီ၊ လက် ခံလာကြပြီ။ နိုင်ငံအရေးသည် ပြည်သူ၏အရေးသို့မဟုတ် ဝန်ထမ်း အရေးသာ ပဓာန၊ ”ဝန် ထမ်း
ကောင်းမှ နိုင်ငံကောင်းမည်”ဟူ သော ဆောင်ပုဒ်ကို လွှတ်တော်၌ ယနေ့အချိန်အထိ ပယ်ဖျက်မှု မရှိ သေးပေ။အဆိုတင်မည့် ကိုယ်စား လှယ်လည်း ရှိမည်မဟုတ်။
”လိုချင်တာက မိဖုရား၊ ညား နေတာက ဘုရင်မ ပေါ့ညီရာ၊ နိုင်ငံရေးအနေနဲ့ ပြောရရင် ကိုယ့် နိုင်ငံမှာက ချမ်းသာသင့်လို့ ချမ်း သာတယ်ပဲမှတ်ယူပါတယ်၊ အစိုးရနဲ့ ပေါင်း ကူးတွေပဲ ကောင်းနေသေး တာကိုး၊ မသေခင်တော့ ကိုယ်ပိုင် တိုက်ခန်းလေးတစ်ခုတော့လိုချင် တယ်၊ မရရင် သန်လျင်ဘက် ခြံ စိုက်ပြီး နေသွားဖို့ပဲ။ ပင်စင်ရ တော့မှပဲ စာလေးရေးနိုင်ရင်ရေး မယ်၊သားနှစ် ယောက်အတွက်တော့ ရင်လေးနေသေးတာပေါ့၊ ပညာ လေး ရပြီး လုပ်ငန်းခွင်ဝင်သွား ရင် တော့ စိတ်ချရပြီလို့ပဲ သဘော ထား တယ်”ဟု ရှေ့နေတစ်ဦးက ပြောသည်။
လစာကို မျှော်ကိုးပြီး အိမ် ထောင်မပြုရဲကြ ၊ ဤသို့ ဆိုလျှင် လူမျိုးကြီးနိုင်ငံနှစ်ခုကြား ရောက်ရှိ နေသော မိမိတို့ နိုင်ငံရှိ ဝန်ထမ်းနှင့် ပြည်သူများ လူဦးရေ တိုးတက်ရန် လှုံ့ဆော်ပြောကြားခဲ့သော လွတ် လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ အမှာစကားကိုမသိစိတ်တို့က ချေဖျက်နေသည့် အသွင်ဆောင်နေ မည်လား၊ လောက ဓမ္မတာ က ငွေ ကြေးကို လွန်ဆန်ဖို့ မဖြစ်သာသော အခြေအနေများ၊ ရတောင့် ရခဲ သော ဘဝတွင် ကြုံတွေ့နေရသော အဓိပ္ပာယ်များ …၊ အားလုံးသည် သံသရာ ဝဋ်ဆင်းရဲမှ ကင်းလွတ် ချင်ကြသည်။
”ဘယ်လိုလုပ်ပြီး မိန်းမယူရဲ မှာလဲ၊ ကော်လံကတုံးနဲ့ နှစ်ပါး သွားနေတာ၊ ပုံမှန် မလောက်တဲ့ ငွေကြေးနဲ့ စိတ်မ ခိုင်တဲ့ မိန်းမမျိုး ဆိုရင် ထားသွားမှာ၊ ဘယ့်နှယ် လုပ်မလဲ၊ အပြင်ပန်းရတာတွေ စု ပြီး ယူတဲ့ သူတွေ၊အခြေ အနေ ထောက်ပံ့မှု ရှိတဲ့သူတွေ လည်းသားသမီးကို နှစ်ယောက်ထက် ပို မယူရဲကြဘူး၊မယုံရင် စစ် တမ်း ကောက်ကြည့် ပါ၊ တစ်ယောက် တည်း နေရတာတောင် ဟိုဘက် နည်းနည်းရွှေ့ပါဦး ဖြစ်နေတာ၊ ရန်ကုန်သူတွေနဲ့တော့ ကွက်တိကို ကွဲမှာပဲ”ဟု နယ်မှ ရောက်လာသော ရန်ကုန်တိုင်း တာဝန်ကျ ထွေ/အုပ် စာရေးတစ်ဦးက ပြောသည်။
”သူများသားသမီးယူပြီး တ ခြား သူတွေလောက်မှ မဝယ်ပေး နိုင်၊ မထားနိုင်ရင် ကိုယ်လည်း သိက္ခာကျတယ်၊ မိန်းမဆိုတာက သိတဲ့အတိုင်းပဲ၊ သူများရွှေ လိုက်ရွှေ၊ သူများစား လိုက်စား ချင်တဲ့ စရိုက်ရှိတယ်၊ ခုခေတ်ပေါ် နေတဲ့ ဖုန်းအခွံတစ်ခုက လစာ ထက် နှစ်ဆ ၊ သုံးဆမြင့်နေတာ ဗျာ၊ ရည်းစား ဘဝတောင် သာတဲ့ သူနောက်ပါ တတ်သေးတာပဲ၊ ဆန္ဒကို သိက္ခာနဲ့ ထိန်းနေတာ မဟုတ် တော့ဘူး၊ ဆန္ဒကို လစာ နဲ့ ထိန်းနေတာပါ” ဟု ၄င်းက အပြုံးတစ်ဝက်ဖြင့် ဆိုသည်။ ချွေးစက်တို့ ခြေမသို့ ခယ နေသော်လည်း မလွန်ဆန်နိုင်သော စားဝတ်နေရေး ကဖယ်ရှားမရသော ဝန်ထုပ်ဝန်ပိုး…။ နှလုံးသား အလှဆင်ဖို့အတွက် … လူ့ သက်တမ်းကို ကျော်ဖြတ်ဖို့ရာအ တွက် စိတ်နှင့် ခန္ဓာကို ကိုးကွယ် ယုံကြည်ရာသို့ ဦးခိုက်ဆုတောင်းယုံမှ တစ်ပါး အခြားမရှိ၊ မည်သို့ ပင်ဆိုစေ လှုပ်လီလှုပ်လဲ့ဖြင့် နိုင် ငံအတွက် …၊ မိမိတို့၏ဘဝ အတွက်…လူအားလုံး … ဝန်ထမ်းအားလုံး..
တာဝန်များစွာ….
အခက်အခဲများစွာ….
စိုးရိမ်မှုများစွာ….
ယှဉ်ပြိုင်မှု များစွာ…ဖြင့် ဖြစ်ချင်သော ဆန္ဒကို လစာဖြင့် ထိန်းနေရဦးမည်ကတော့ အသေ အချာ။
သတင်းအချက်အလက်
သူရထွန်း၊ မင်းသုအောင်
အောင်ထက်(NYK)ရေးဖွဲ့သည်။
Credit to :Popular Myanmar News Journal

မေမေ့ကို မပြောဖြစ်ခဲ့ဘူး

မေမေ့ကို လွမ်းတဲ့ အလွမ်းတွေနဲ့ အိပ်ယာဝင်ပြီး မေမေ့ကို လွမ်းတဲ့ အလွမ်းတွေနဲ့ မျက်နှာသစ်တတ်ခဲ့တာတော့ ကြာပါပြီ... ဒါပေမယ့် မေမေသိအောင် မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့။ အလုပ်တွေ အရမ်းများနေလို့ပါမေမေလို့ မပြောတော့ပါဘူး... မေမေ့ကိုလွမ်းဖို့အတွက်တော့ လုံလောက်တဲ့ အချိန်တွေရှိပါသေးတယ်မေမေ။ ပြီးတော့ လွမ်းတာထက်ပိုတဲ့ တမ်းတနေမိတဲ့အချိန်တွေလဲ ရှိသေးတယ်မေမေ.. အထူးသဖြင့် အောင်မြင်မှုတွေကြုံရတိုင်း ဆုံးရှုံးမှုတွေကြုံရတိုင်း မတော်တဆ ခလုတ်တိုက်မိတဲ့အချိန်တိုင်း လူညာတွေနဲ့တွေ့တဲ့အချိန်တိုင်း မာနကြီးဖို့ မေ့လျော့နေတဲ့အချိန်တိုင်း အိပ်မက်ဆိုးက လန့်နိုးလာတိုင်း ဝမ်းနည်းစွာ ငိုကြွေးမိတဲ့အချိန်တိုင်း စိတ်ဓါတ်ကျအားငယ်မိတဲ့အခါတိုင်း တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်တိုင်း ဒဏ်ရာတွေနဲ့ နာကျင်နေတဲ့အခါတိုင်း မေမေလို့ တိုးတိုးလေးရွတ်နေမိတယ်... မေမေ့ကိုတော့ မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့.. မေမေနဲ့အဝေးမှာ သား/မီး အတွက် အခက်အခဲတွေ ရှိနေခဲ့သလို မကြာခဏတွေ့ရတတ်တဲ့ အဆင်မပြေမှုတွေလဲရှိသေးတယ်မေမေ ပြီးတော့ ယျောက်ျား/မိန်းက လေးတစ်ယောက်အတွက် မမြင်ရတဲ့ အန္တရာယ်တွေလဲ ရှိနေသေးတယ်မေမေ.. ဒါတွေကိုလဲ မေမေ့ကို မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့... မေမေ့ကို သနပ်ခါးသွေးပေးခဲ့တဲ့အချိန်တွေကို အရမ်းလွမ်းတယ်... ကိုယ်တိုင်ထမင်းဗူးပြင်ဆင်ရတိုင်း မေမေပြင်ပေးခဲ့တဲ့ ထမင်းဗူးလေးကိုသတိရလို့ ထမင်းဗူးမထည့်မိအောင် ကြိုးစားနေခဲ့တဲ့အချိန်တွေလဲ ရှိခဲ့ဘူးတယ်မေမေ.. ဒါတွေကိုလဲ မေမေသိအောင်မပြောဖြစ်ခဲ့ဘူးထင်ပါရဲ့နော်.. မေမေနေကောင်းလားလို့ မေးဖို့ ဆွံ့အနေတဲ့ သား/မီး ကို သား/မီး နေကောင်းလား လို့မေးဖို့ မပျက်ကွက်ခဲ့တဲ့ မေမေ့ကို လိမ်ညာမိခဲ့တဲ့ အချိန်တွေလဲရှိခဲ့ဘူးတယ်မေမေ.. မကြာခဏချူချာလွန်းတဲ့ သား/မီး အတွက် မေမေစိတ်ပူနေမှာစိုးလို့ပါ.. ဒါတွေကိုလဲ မေမေ့ကို မပြောဖြစ်ခဲ့ဘူးမေမေ... တကယ်ဆို သတိရတဲ့စိတ်တွေနဲ့ ပူလောင်နေပေမယ့်... အမေ့အိမ်ကိုလွမ်းတယ်... ချစ်တဲ့သူတွေကို အရမ်းလွမ်းတယ်လို့ ပြောမထွက်ခဲ့ပြန်ဘူး မေမေရေ.. မေမေ့သား/မီး က စိတ်ပျော့ပေမယ့် သူများသနားမှာကိုလဲ မလိုချင်ပြန်ဘူး..... ဒါကိုလဲ မေမေသိအောင်မပြောဖြစ်ခဲ့ဘူး ထင်ပါရဲ့ မေမေ.. မေမေ့နားမှာ နေခွင့်ရခဲ့တဲ့ အချိန်တွေမှာ စာနာစိတ်နဲ့ နားလည်ပေးခဲ့တဲ့ မေမေ့ကို အရမ်းချစ်ခဲ့ဘူးတယ်.. အခုလို အဝေးကြီးမှာရောက်နေတာတောင် အချိန်အကြာကြီးနေမှ မေမေနေကောင်းလားလို့ မေးတတ်တဲ့သား/မီး ကို ထပ်ပြီးနားလည်ပေးနေတတ်တဲ့ မေမေ့ကို အရမ်းကျေးဇူးတင်မိတယ်မေမေ.. ဒါကိုလဲ မေမေသိအောင် မပြောပြဖြစ်ခဲ့ဘူးလေ... မေမေ့ကို ခဏခဏလွမ်းနေခဲ့တာကိုတောင် မသိချင်ယောင်ဆောင်နေမိတဲ့အထိ သား/မီး က မာနကြီးနေခဲ့လားမသိဘူးနော်... တကယ်လို့ မေ့မေ့သား/မီး က မာနကြီးခဲ့တယ်ဆိုရင်လဲ မာနကြီးတတ်အောင်သင်ပေးခဲ့တဲ့ မေ့မေ့ကိုကျေးဇူးတင်မိပါတယ်... သား/မီး လဲ မေမေ့လိုပဲ ချစ်တဲ့သူတွေအပေါ်မှာ မာနပိုကြီးတတ်ခဲ့တယ် မေမေ... ဒါကိုလဲ မေမေသိအောင် မပြောပြဖြစ်ခဲ့ဘူးနော်.. ဆိုးလွန်းတဲ့ သား/မီး တစ်ယောက်ကို အမြဲတမ်းလဲနားလည်ပေးပါ မေမေ.. မေမေ့သား/မီး က မေမေ့ရင်ခွင်ထက် လွတ်လပ်မှုတစ်ခုကို ပိုပြီး မက်မောနေတတ်တာကိုလဲ မသိချင်ယောင်ဆောင်ပေးပါအုံးမေမေ.. တကယ်ဆို မေမေ့ကို မပြောဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ တစ်ခုမကရှိခဲ့ပါတယ်မေမေ သား/မီး အတွက် မေမေစိတ်ပူနေမှာစိုးတယ်... မေမေသောကရောက်နေမှာစိုးတယ်.. သား/မီး ကိုလွမ်းလို့ မေမေပူလောင်နေမှာစိုးတယ်... ပြီးတော့ မေ့မေ့ကို ချမပြရက်တဲ့ ဝေဒနာဆိုးတွေကို မေမေသိမှာစိုးလို့ပါမေမေရယ်... SnowLay ( အမရာ ရေးတာတွေ့လို့ ရေးဖြစ်သွားတယ် ကျေးဇူးပါ အမရာ) (International Mother Day အမှတ်တရ)

တင်ပြီးသား post များ

3D