သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, May 7, 2013

DKBA ခေါ် ကရင်လက်နက်ကိုင် အဖွဲ့အပေါ် ဒေသခံများ ဘယ်လိုမြင်သလဲ


 
လွတ်လပ်ရေးရပြီး နောက် တစ်ရက်မှ စတင်ပေါက်ဖွားခဲ့သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ် မှုတွေ ကို ရပ်ပြီး ငြိမ်းချမ်းရေး ယူခဲ့တဲ့အချိန်မှာ ဒေသခံ ကရင်လူမျိုးတွေကော၊ ပြည်နယ် တစ်ခုလုံးက ၀မ်း သာကြို ဆိုခဲ့ ကြပါတယ်။ တိုးတက်သော ကရင်ဗုဒဘာသာ အစည်းအရုံး ဆိုတဲ့ ခေါင်းစဉ်နဲ့ မြိုင်ကြီးငူ ဆရာေ တ်ာကို ခြံရံပြီး ဘာသာရေးနဲ့ ငြိမ်းချမ်းရေးကို ရွေးချယ်ခဲ့တာကြောင့် သူတို့တွေ မြို့ပေါ်ကို ရောက် လာကြ တယ်။ 

ဆိုင်ကယ်ပေါ်မှာ သေနတ်တွေ ကိုယ်စီကိုင်ပြီး မြို့ထဲ လမ်းသွားကြတယ်။ ရန်ပွဲတစ်ခုဖြစ်လိုက်တိုင်း သေ နတ် သံ၊ လက်ပစ်ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် အသံများကို ကြားခဲ့ရတယ်။ ဒါပေမယ့် ဒေသခံတွေ စိတ် ထဲမှာ မုန်း တီးမှု မရှိပါဘူး။ ကရင်ပြည်နယ် အမှတ်(၃) ရပ်ကွက်၊ ဓမ္မပီယ ကျောင်းတိုက်ကြီးမှာ စခန်းချ၊ ဘေးပ တ်ဝန်း ကျင်အိမ် အားလုံး အမျိုးအဆွေတွေ ဖြစ်တာကိုလည်း အားလုံး လက်ခံခဲ့ကြပါတယ်။ 

ဆရာတော်ရဲ့ ထိန်းသိမ်းမှု၊ သူတို့အားလုံးရဲ့ ကိုယ်စီ အလိုက်သိမှုတွေကြောင့် လက်နက်တွေ ကိုင်ဆော င်နေ ပေမယ့် သူတို့ တစ်ချိန်ချိန်တော့ လက်နက်တွေကို အပြီးစွန့်ကြမှာပါ ဆိုတဲ့ အတွေးနဲ့ ဒေသခံတွေ စိတ် ထဲ မှာ အပြစ် မမြင်ခဲ့ကြပါဘူး။ အစိုးရ လစာ ထောင်ကျော် ရတဲ့ခေတ်မှာ DKBA ထဲ ဆယ် တန်းေ အာင် ၀င်ရင် လစာ တစ်သိန်းနဲ့ ကားတွေ၊ သေနတ်(၂)လက် ပေးမယ် ဆိုတာတွေလည်း ရှိခဲ့ဖူးပါတယ်။ 

ဒီလိုနဲ့ အချိန်တွေ ကြာလာသလို DKBA ရဲ့ လက်နက်ကိုင်မှုကလည်း လျော့မသွားခဲ့ပါဘူး။ ကားချင်း တိုက် ရင် တောင် ငါက DKBA ကွ ဆိုရင် အလျော်မတောင်းရဲတဲ့ဘ၀ ဖြစ်ခဲ့ရတယ်။ ပျော်ပွဲရွှင်ပွဲများ ရှိတဲ့အခါမှာ လူ ငယ် တွေ အများဆုံး သွားလေ့ရှိတဲ့ ဇွဲကပင်တောင်အောက်က ရေတံခွန်မှာဆိုလည်း DKBA ရောက် လာ တဲ့အခါမှာ ပြဿနာလေးတွေ ရှိခဲ့ကြပါတယ်။ လောင်းကစား ၀ိုင်းမှာ ရှုံးတဲ့ ကစားဝိုင်းဒိုင်ကိုင်တဲ့ ကောင် မလေးကို DKBA ခြောက်ယောက်လောက်က ၀ိုင်းပြီး လယ်ကွင်းထဲမှာ မုဒိန်းကျင့်ခဲ့ပေမယ့်လည်း တိုင်ခြင်း၊တောခြင်း ပြဿနာ တွေ မလုပ်ရဲခဲ့ကြပါဘူး။ 

ဘားအံမြို့၊ အထက(၃) အနောက်က ထန်းတောထဲမှာ ဆေးခြောက်၊ ယာဘ တွေ တရားဝင်လို ရောင်းဝယ် တာ ဘယ်က လာသလဲ ဆိုတာ အားလုံးသိကြပေမယ့်လည်း မပြောရဲခဲ့ကြဘူး။ လုံခြုံရေးနဲ့ သတင်းအရ ဆေး ခြောက်တွေ ကီလိုထုပ်ကြီးတွေနဲ့ မိတာတောင်မှ အဆင်ပြေသလို ပြီးသွားတဲ့ အထိ တန်ခိုးထွား ခဲ့ကြပါတယ်။ 

မကြာခင်မှာပဲ ကရင်ပြည်နယ်မှာ ယခင် လက်နက်ကိုင်တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အလင်းဝင်လာကြတယ်။ ငြိမ်း ချမ်း ရေးကို အကြောင်းပြပြီး လက်နက်တွေ ဆက်ပြီး ကိုင်ထားကြတယ်။ တပ်မတော် ယာဉ်တန်းကို သေ နတ် နဲ့ ဖောက်ပြီး လမ်းဖယ်ခိုင်းခဲ့ကြတယ်။ စိတ်မထင်ရင် မထင်သလို ဆဲဆို ပါးရိုက်တတ်ကြတဲ့ DKBA အပေါ် ပြည်သူက သိပ်လက်မခံချင်ကြတော့ပါဘူး။ မြို့ပေါ်က ပြည်သူတွေဟာ တကယ်ကို အေးအေးချမ်း ချမ်းနဲ့ စီးပွားရေး လုပ်ချင်နေကြပါပြီ။ စိတ်မထင်ရင် မထင်သလို မြ၀တီ-ကော့ကရိတ် လမ်းမှာ ကားမိုင်း ထောင်တာ တွေကိုလည်း ကြောက်လန့်နေကြရပါပြီ။ 

မြိုင်ကြီးငူများ အရက်သေစာ မသောက်စားရ ဆိုပေမယ့် DKBA များ ညဘက် ကမမောင်းကို သွားပြီး သောက် စားတာ၊ သစ်ခိုးထုတ်တဲ့ နေရာတွေမှာ လုပ်အားခ အစား ယာဘ (WY ) ဆေးပြားတွေ ပေး တာေ တွ ကလည်း ကရင်တစ်ပြည်နယ်လုံး အသိပါ။ ဒေသခံ ပြည်သူအများ အကြောက်လန့်ဆုံးကတော့ လက် ပံတောင်း ကိစ္စကို အကြောင်းပြုပြီး လက်နက်ကိုင် မြ၀တီမြို့ထဲ လှည့်ခဲ့တဲ့ DKBA အင်အား တစ် ရာကျော်ေ ကြာင့်ပါ။ စစ်ပွဲတွေ ဖြစ်မှာကို သိပ်ကြောက်တာက တစ်ဖက်၊ လက်နက်တွေ သိမ်းဖို့ အစိုးရ ကို တောင်းဆိုတာက တစ်ဖက် အမျိုးမျိုးနဲ့ ဒေသခံတွေ ကြိုးစားခဲ့ကြပါတယ်။ 

ဒါဟာ ကရင်ပြည်နယ်မှာ အမှန်တကယ် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေပါ။ ကရင်ပြည်နယ်ကို ကာကွယ်ဖို့ လက် နက် မလိုပါဘူး။ ကျွန်တော်တို့ တပ်မတော်ကို ယုံပါတယ်။ DKBA လက်ထဲမှာ သေနတ် မရှိတော့လို့ ကျွန်တော် တို့ ကရင်ပြည်နယ် အကျိုးမယုတ်ပါဘူးဗျာ။ 

ဘားအံသား 

…. 

ပေးစာအား အဆင်ပြေသလို ပြန်ရေးပေးလိုက်ပါတယ်။ နောက်တစ်ခါ ပို့ရင် Microsoft word မှာ ရေးပြီး ပို့တာ ပိုအဆင်ပြေပါတယ်။

သမ္မတမိန့်ခွန်းအပေါ် နှစ်ဘက်ဝေဖန်မှုများရှိနေ

Photo: သမ္မတမိန့်ခွန်းအပေါ် နှစ်ဘက်ဝေဖန်မှုများရှိနေ
Tuesday, May 07 ,2013


နိုင်ငံတော်သမ္မတအနေဖြင့် လုပ်ပိုင်ခွင့်အာဏာ အသုံးပြုကာ နယ်မြေဒေသများတည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများထပ်မံ ဖြစ်ပွားမှုမရှိစေရန် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်မည် ဟုဆိုသော်လည်း အောက်ခြေရှိဝန်ထမ်းများက သမ္မတအမိန့်အား တသွေမတိမ်းလိုက်နာရန် လိုအပ်နေ သေးသည်ဟု အစ္စလာမ်သာသနာရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။

 

“သမ္မတကြီးပြောတာကို လက်ခံပါတယ်၊ ခက်တာက အောက်ခြေက လူတွေက သမ္မတပြောတာကို လိုက်နာ၊ မနာက ရှိသေးတယ်။ အထက်ကသာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာ အောက်ခြေကလူတွေက တစ်မျိုး ဖြစ်နေတယ်။ သမ္မတမိန့်ခွန်းက အလယ်အလတ် ကျတယ် နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ အစ္စလာမ်ကိုလည်း အသိအမှတ်ပြုတယ် ၊ ရခိုင်တိုင်းရင်းသားတွေကိုလည်း လစ်လျူမရှု့ဘူးလို့ပြောတယ်” ဟု အစ္စလာမ်သာသနာ ရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် ဦးဝဏ္ဍရွှေက ပြောသည်။

 

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပေါ်လာရခြင်းမှာ ယခင်က ဥပဒေပိုင်းဆိုင်ရာတွင် အားနည်းချက်များရှိနေခြင်း ကြောင့် အလွယ်တကူ ပြသာနာဖြစ်ပေါ်ရခြင်းဖြစ်ပြီး သမ္မတအနေဖြင့် ပဋိပက္ခဖန်တီးသူကို ဥပဒေအရ အရေးယူမည့် အစီအစဉ်အား ထောက်ခံကြောင်း ၄င်းက ဆက်ပြောသည်။

 

နိုင်ငံတော်သမ္မတအနေဖြင့် နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းစေရေးအတွက် လုပ်ပိုင်ခွင့်ကို အသုံးပြုကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ထောက်ခံသော်လည်း ထာဝစဉ် တည်ငြိမ်အေးချမ်းရေးကိုသာ ပို၍ လိုလာကြောင်း ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးအေးကြိုင်က ဆိုသည်။

 

“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဒေသဖွံ့ဖြိုးမှုက အရမ်းနည်းနေတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အရင်ဆုံး ပဋိပက္ခကို ထာဝစဉ် ငြိမ်းချမ်းအောင်လုပ်ဖို့ လိုတယ်။ သမ္မတရဲ့ တည်ငြိမ်အေးချမ်းမှု လိုလားမှု ကိုလည်း ထောက်ခံပါတယ်။ ဒါပေမယ့် ထာဝစဉ်ဖြစ်ဖို့ကို ကျွန်တော်တို့က ပိုလိုလားတယ်။ ပြသာနာဖန်တီးတဲ့ မွတ်ဆလင်တွေကို ဥပဒေအရ အရေးယူမယ်ဆိုတာကိုလည်း လိုလားတယ်။ မွတ်ဆလင်ဖြစ်လို့တော့ မဟုတ်ဘူး ၊ ပြည်နယ်ထဲကို ခိုးဝင်လာပြီး ဆူပူလှုံ့ဆော်နေသူတွေရှိနေလို့ သူတို့ကို အချိန်မီ ဥပဒေအရ အရေးယူသင့်တယ်” ဟု ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးအေးကြိုင်က ပြောသည်။

 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာနှင့် ပတ်သက်၍ မိန့်ခွန်းကို မေလ(၆)ရက်နေ့ ညပိုင်း သတင်းအစီအစဉ်၌ ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါ မိန့်ခွန်းတွင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်၍ သမ္မတ၏ လုပ်ပိုင်ခွင့် ၊ အာဏာများဖြင့် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၊ လုံခြုံရေးအဖွဲ့ အစည်းများသည် ပြည်သူ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိကျကျ လိုက်နာရန် သမ္မတအနေဖြင့် ညွှန်ကြားအမိန့်ပေးပြီးဖြစ်ကြောင်း ၊ အစိုးရအနေဖြင့် လက်ရှိအခြေအနေပေါ်မူတည်ပြီး လက်တွေ့ကျသည့် နည်းလမ်းများဖြင့် ဖြေရှင်းမည်ဖြစ်ကာ အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးတို့ကို ပြုလုပ်မည်ဖြစ်သည်ဟု ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 7 May, 2013

http://www.myitmakhamediagroup.com/detail.php?newid=4548&catid=26

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
နိုင်ငံတော်သမ္မတအနေဖြင့် လုပ်ပိုင်ခွင့်အာဏာ အသုံးပြုကာ နယ်မြေဒေသများတည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများထပ်မံ ဖြစ်ပွားမှုမရှိစေရန် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်မည် ဟုဆိုသော်လည်း အောက်ခြေရှိဝန်ထမ်းများက သမ္မတအမိန့်အား တသွေမတိမ်းလိုက်နာရန် လိုအပ်နေ သေးသည်ဟု အစ္စလာမ်သာသနာရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။

“သမ္မတကြီးပြောတာကိုလက်ခံပါတယ်၊ ခက်တာက အောက်ခြေက လူတွေက သမ္မတပြောတာကို လိုက်နာ၊ မနာက ရှိသေးတယ်။ အထက်ကသာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာ အောက်ခြေကလူတွေက တစ်မျိုး ဖြစ်နေတယ်။ သမ္မတမိန့်ခွန်းက အလယ်အလတ်ကျတယ် နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ အစ္စလာမ်ကိုလည်းအသိအမှတ်ပြုတယ် ၊ ရခိုင်တိုင်းရင်းသားတွေကိုလည်း လစ်လျူမရှု့ဘူးလို့ပြောတယ်” ဟု အစ္စလာမ်သာသနာ ရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် ဦးဝဏ္ဍရွှေက ပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပေါ်လာရခြင်းမှာ ယခင်က ဥပဒေပိုင်းဆိုင်ရာတွင် အားနည်းချက်များ ရှိနေခြင်း ကြောင့် အလွယ်တကူ ပြသာနာဖြစ်ပေါ်ရခြင်းဖြစ်ပြီး သမ္မတအနေဖြင့် ပဋိပက္ခဖန်တီးသူကို ဥပဒေ အရ အရေးယူမည့် အစီအစဉ်အား ထောက်ခံကြောင်း ၄င်းက ဆက်ပြောသည်။
နိုင်ငံတော်သမ္မတအနေဖြင့် နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းစေရေးအတွက် လုပ်ပိုင်ခွင့်ကို အသုံးပြုကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ထောက်ခံသော်လည်း ထာဝစဉ် တည်ငြိမ်အေးချမ်းရေးကိုသာ ပို၍ လိုလာကြောင်း ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးအေးကြိုင်က ဆိုသည်။
“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဒေသဖွံ့ဖြိုးမှုက အရမ်းနည်းနေတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အရင်ဆုံး ပဋိပက္ခကို ထာဝစဉ် ငြိမ်းချမ်းအောင်လုပ်ဖို့ လိုတယ်။ သမ္မတရဲ့ တည်ငြိမ်အေးချမ်းမှု လိုလားမှု ကိုလည်း ထောက်ခံပါတယ်။ ဒါပေမယ့် ထာဝစဉ်ဖြစ်ဖို့ကို ကျွန်တော်တို့က ပိုလိုလား တယ်။ ပြသာနာ ဖန်တီးတဲ့ မွတ်ဆလင်တွေကို ဥပဒေအရ အရေးယူမယ်ဆိုတာကိုလည်း လိုလားတယ်။ မွတ်ဆလင်ဖြစ် လို့တော့ မဟုတ်ဘူး ၊ ပြည်နယ်ထဲကို ခိုးဝင်လာပြီး ဆူပူလှုံ့ဆော်နေသူတွေရှိနေလို့ သူတို့ကို အချိန်မီ ဥပဒေအရ အရေးယူသင့်တယ်” ဟု ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးအေးကြိုင်က ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာနှင့် ပတ်သက်၍ မိန့်ခွန်းကို မေလ(၆)ရက်နေ့ ညပိုင်း သတင်းအစီအစဉ်၌ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ မိန့်ခွန်းတွင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်၍ သမ္မတ၏ လုပ်ပိုင်ခွင့် ၊ အာဏာများဖြင့် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၊ လုံခြုံရေးအဖွဲ့ အစည်းများသည် ပြည်သူ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိကျကျ လိုက်နာရန် သမ္မတအနေဖြင့် ညွှန်ကြားအမိန့်ပေးပြီးဖြစ်ကြောင်း ၊ အစိုးရအနေဖြင့် လက်ရှိအခြေအနေပေါ် မူတည်ပြီး လက်တွေ့ကျသည့် နည်းလမ်းများဖြင့် ဖြေရှင်းမည်ဖြစ်ကာ အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးတို့ကို ပြုလုပ်မည်ဖြစ် သည်ဟု ပြောကြားခဲ့ ခြင်းဖြစ်သည်။
From....၀င့်သင်ဇာကျော် (မြစ်မခ)

KIA လက်ဖြောင့် စစ်သမီးများ လက်နက်ချ အလင်းဝင်ရောက်

KIA အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင်ကြီးများသည် အစိုးရ၏အပစ်အခက်ရပ်စဲရေး ငြိမ်းချမ်းေ ရးေ ဆွးနွေးချက်များအား လက်မခံဘဲ တိုက်ပွဲဆက်လက်ဖြစ်ပွားစေရန် ဆောင်ရွက်လျှက် ရှိသောကြောင့် KIA အဖွဲ့တွင် ခေါင်းဆောင်များနှင့် လက်အောက်ခံတပ်ဖွဲ့များအကြား စိတ်ဝမ်းကွဲ မှုများ ဖြစ်ပေါ် လျက် ရှိသည်။

KIA အဖွဲ့တွင် မတရားလူသစ်စုဆောင်း ခံထားရသူများသာ များပြားသဖြင့် မြန်မာ့မျိုးချစ်တပ်မတော်မှ စနစ် တကျ ထိုးစစ်ဆင်ချိန်တွင် အကျအဆုံးများပြားခဲ့ရခြင်းဖြစ်ပြီး KIA တပ်သား သစ်များ၏ဘ၀မှာ ရှေ့ မှာ ရန်သူ နောက်မှာ ကျည်ဆန်ကဲ့သို့ ဖြစ်နေသည်။

တိုက်ပွဲတွင်နေပါက သေမှာဖြစ်ပြီး ဆုတ်ခွါ ထွက်ပြေးပါကလည်း သေဒဏ် ပေးခံရမှာ ဖြစ်သည်။ ထို့ကြောင့် KIA လူသစ် များသည် KIA အဖွဲ့မှ ထွက်ပြေး နိုင်ပါက အသက် ရှင်နိုင်ခွင့်ရသေးသည်ဟု ခံယူချက်ဖြင့် အခွင့်သာသည်နှင့် ထွက်ပြေးကြပြီး အစိုးရတပ်များထံ အလင်းဝင် ရောက်လာခဲ့သည်။

ဇန်နဝါရီလ(၂၁) ရက် နံနက်ပိုင်းတွင် KIA အကြမ်းဖက် သောင်းကျန်း သူအဖွဲ့ ၊ တပ်မဟာ(၁)မှ လက်ေ ဖြာင့် စစ်သမီး(၇)ဦး သည် မြန်မာ့မျိုးချစ်တပ်မတော်၊ လဂျားယန်ပွိုင့်ကုန်း စခန်းသို့  လက်နက်ချ အလင်း ဝင်ေ ရာက် ခဲ့ကြောင်း သိရှိရသည်။ အလင်းဝင်လာသူများမှာ မဘောက်ထော်၊ အသက် (၂၀) နှစ်၊ မအယ် မွန်း အသက်(၂၀)နှစ်၊ မကော့မိုင် အသက်(၂၄)နှစ်၊ မအယ်ဘောက် အသက်(၂၄ )နှစ်၊ မအမ်ဆိုင်းဇူ အသက်(၂၅)နှစ်၊ မဇက်အယ်ဆောက် အသက်(၂၆)နှစ်၊ မအယ်ဂျီထူး အသက်(၂၈)နှစ်တို့ ဖြစ်သည်။

KIA အကြမ်းဖက်သောင်းကျန်းသူခေါင်းဆောင်များသည် လက်အောက်အဖွဲ့များအား ရက်စက်စွာ ပြစ်ဒဏ် ပေးခြင်း စသော အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့ပြီး အလင်းဝင်ရောက်လာသူအများစုမှာ လူမျိုးရေး ခွဲခြား ဆက်ဆံ ခံရမှုကြောင့်သော်လည်းကောင်း၊ အဖျက်လုပ်ငန်းများကြောင့် ကချင်လူမျိုးများ အတိ ဒုက္ခရောက် နေခြင်း စသော အချက်များကြောင့် အကြမ်းဖက်လုပ်ငန်းများအား စွန့်လွှတ်ပြီး အလင်းဝင်ရောက် လာခြင်ြး ဖစ်ကြောင်း သိရ ပါသည်။

Myawady News

ပြည်သူလူထုမှ ရွံရှာမုန်းတီးသည့် ၈၈ အမည်ခံ ကျောင်းသားများအား လာရောက်ရန် လက်မခံမှု အင်တာနက်သုံးသူများ ၀မ်းသာဂုဏ်ပြု

ပြည်သူလူထုမှ ရွံရှာမုန်းတီးသည့် ၈၈ အမည်ခံ ကျောင်းသားများအား လာရောက်ရန် အတွက် ဒေသခံ ပြည်သူများမှ လက်မခံကြောင်း ဆန္ဒပြ ကန့်ကွက်ခဲ့မှုအား အင်တာနက်သုံးသူ ပြည်သူများက ၀မ်းသာ စွာဖြင့် ထောက်ခံခဲ့ကြသည်။
၈၈ ကျောင်းသား များသည် မြိတ်ကိုသွားသည့် ခရီးတွင် ဆယ်တန်းကျောင်းသားတွေ ကျောင်းပြေးကြပြီး ဆိုင်ကယ် တရုံးရုံးဖြင့် အုပ်စုဖွဲ့ကြသည်။  ကျောင်းအုပ်ကြီးမှ ဆုံးမသည့် အခါ  ၈၈များက  ကန့်လန့်လုပ်ပြီး ကျောင်းစည်းကမ်းကို ၀င်ရောက် စွက်ဖက်ကြသည်။ နေရာတကာအား လူနှင့် ပါးစပ်သွား၍ အမှန်တကယ် တိုင်းပြည်ကောင်းကျိုး ဆောင်ရွက်ခြင်း မရှိသော ၄င်းတို့အား ပြည်သူအများ ရွံရှာ စက်ဆုပ်လာကြသည်။
 

ဝူးဝူးဝါးဝါး ဘင်္ဂါလီကုလား နှင့် ဘာကြောင့်....

Black Angle
Win Naung
ဝူးဝူးဝါးဝါး ဘင်္ဂါလီကုလား နှင့် ဘာကြောင့်....
ညဥ့်နက်သန်းခေါင်ရှိပြီ။ နာရီအားဖြင့် ၁၂နာရီ ၂၈ မိနစ်။ လေဆိပ်တစ်ခုလုံး၏ နောက်ဆုံးသော လေယာဉ် ထွက်ခွာချိန်ပင်။
စင်ကာပူနိုင်ငံသို့ ပြန်မည့် ခရီးစဉ်အား စတင်တော့မည့် စင်ကာပူနိုင်ငံပိုင် လေကြောင်းကုမ္ပဏီမှ Skilair လေယာဉ်ကြီးသည် ပြေးလမ်းပေါ်တွင် အရှိန်ယူဦးမော့ကာ ပျံသန်းလာခဲ့သည်။ မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး ကို ကျောခိုင်းဖို့ စိုင်းပြင်းနေရင်း မြန်မာ့ ဝေဟင်ပြင်ဝယ် ဘေးကင်းစွာဖြင့် ပျံသန်းသွားနိုင်ခဲ့သည်။
အားလုံး အသားတကျ ဖြစ်သွားချိန်တွင် လေယာဉ်ပေါ်ရှိလူများအားလုံး လှုပ်လှုပ်ရွရွနှင့် အိမ်သာသွားသူက သွားသည်။ သတင်းစာဖတ်သူက ဖတ်သည်။ Skilair လေယာဉ်စီးသူတိုင်းသည် စင်ကာပူသတင်းစာ တစ်စောင်စောင်ကို အလကားဖတ်ပြီး ယူသွားနိုင်သည်။ အားလုံးနီးတူ လှုပ်လှုပ်ရွရွဖြစ်နေသူထဲတွင် ဘေးမှ ထိုင်နေသူ အသားမဲမဲနှင့် လူငယ်သည်လည်း တစ်ယောက်အပါအ၀င်ပင်။
ထမင်းကျွေးသည့် အချိန်သို့ မရောက်ခင် White Card ဖြည့်ဖို့ စိတ်လောနေသဖြင့် White Card ကို ထုတ်လိုက်သည်။ လေဆိပ်တွင် လိုက်ပါပို့ဆောင်ပေးခဲ့သော အလုပ်အေးဂျင့်ထည့်ပေးလိုက်သော နမူနာ ဖြည့်ထားပြီးသော White Card ကို လည်း ထုတ်ပြီး သူမှာခဲ့သည့်အတိုင်း သေချာ ရေးသွင်းနေခဲ့သည်။ တခါမှ မဖြည့်ဖူးသည့်အပြင် ထိုအေးဂျင့်မှ မှာလိုက်သော စကားများသည် ထိုကဒ်တွင် တစုံတရာ မှားယွင်းခဲ့လျှင် အရေးယူခံရတော့မည့် ပုံ ပြောထားသဖြင့် စိတ်အားငယ်စွာဖြင့် ဂရုတစိုက်ဖြည့်နေရသည်။
ပြတင်းတံခါးပေါက်တွင် ထိုင်ပြီး အပြင်က တိမ်တွေကို ကြည့်လိုက် White card ကို ဖြည့်လိုက်နှင့် စင်ကာပူ လေဆိပ်တွင် အဆင်ပြေမှ ပြေပါ့မလားဟု စိုးရိမ်စိတ်များသည်သာ လွှမ်းမိုးနေခဲ့သည်။ ဘေးတွင် လှုပ်လှုပ်ရွရွနှင့် ဂဏာမငြိမ်သေးသော ပုဂ္ဂိုလ်သည် တစ်စုံတစ်ခုကို မေးချင်သည့်ဟန်ဖြင့် ဗျာများနေသည်။
မကြာပါ။ White Card ကို ထိုးပေးပြီး လက်ဟန်ခြေဟန်ဖြင့် ပြောလေတော့သည်။ စကားမတတ်သူတစ်ယောက်အသွင်ဖြင့် သူ၏ White Card ကို ဖြည့်ခိုင်းသည်။ ကျွန်တော်ကလဲ ကိုယ့်အရေးနှင့်ကိုယ် စိတ်ရှုပ်နေရချိန်သူများကို အကူအညီပေးဖို့ ဂရုမစိုက်နိုင်အားသဖြင့်
ခဏ
ဟု ပြောလိုက်သည်။ မကြားသည့်နှယ်ဖြင့် ဆက်ပြီး ထိုးပေးသည်။ နောက်တကြိမ်ပြောလိုက်သည်။
ခဏ..... ဒီမှာဖြည့်ပြီးရင် ကူပြီးဖြည့်ပေးမယ်။ မဖြည့်တတ်ရင် ဒီမှာ ကြည့်ပြီး အဲဒီအတိုင်းဖြည့်လိုက်ပါ
ဟု ပြောလိုက်သည်။
White Card စာရွက်ကို ယူလိုက်သည်။ မျောက် အုံးသီးရသလိုပင်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေသည်။ သို့နှင့် မြန်မာလို သေချာနားမလည်လို့ OK? အဆင်ပြေလားဟု အင်္ဂလိပ်လို မေးတော့ ပိုဆိုးတော့သည်။ ရူးရူးရှဲရှဲဖြစ်နေသည်။
မရတော့။ ကူညီပေးမှ မြန်မြန်နားအေးတော့မည်။ မဟုတ်လျှင် ဘေးမှာ ထိုင်ပြီး ညှော်နေတော့မည်။
ကဲ .. ပေး၊ ခင်ဗျား Passport ဆိုပြီး တောင်းကာ သူ့ White Card ကို ဖြည့်ပေးနေသည်။
Name: xxxxx
Passport No: xxxxx
Residential Address: ...
အဲဒီမှာ စပြီ။
လူနာမည်က မြန်မာနာမည်။
နေရပ်က ဟင်္သာတမြို့။ ရပ်ကွက်နှင့် အိမ်အမှတ် များမပါ။
သို့နှင့် မြန်မာပြည် လိပ်စာ အတိအကျကို မေးရတော့သည်။
မြန်မာလိုမေးသည် မဖြေ။ အင်္ဂလိပ်လို မေးသည် ပိုဆိုးသွားသည်။ အဲဒါနှင့် ဘေးမှာ ထိုင်နေသော ခပ်သန့်သန့် လူတစ်ယောက်သည် မနေနိုင်တော့သဖြင့် ထို ပုဂ္ဂိုလ်ထံမှ လေယာဉ်လက်မှတ် အပိုင်းအစနှင့် သူ့ထံမှ ရနိုင်သော စာရွက်စာတမ်းများကို ယူပြီး လိပ်စာကို ဖြည့်တော့မှ သူသည် မြန်မာစကားမတတ်သော မြန်မာပြည်တွင်းနေ မဟုတ်မှန်း သိလိုက်ရသည်။ သူ ပြောနေသော စကားများသည် ဘင်္ဂါလီစကားများပင်။
ထိုသို့ ဒေါသသံဖြင့်ထွက်လာသော စကားကြောင့် ပြည်တွင်းနေမဟုတ်မှန်း ပိုပြီး သိလိုက်ကြသည်။
လာရောက်ကူညီပေးသော လမ်းဘေးစင်္ကြန်ခုံမှ လူသည် စင်ကာပူတွင် နေထိုင်နေသူဖြစ်သဖြင့် ဘင်္ဂလားစကား အနည်းငယ်သိသည့်အပြင် ပါးနပ်မှုရှိသည်။ သူက စာရွက်စာတမ်းကို ကြည့်လိုက်စဉ်ကတည်းက ဘယ်ကိုသွားပြီး ဘယ်ကို ခရီးဆက်မည်ကို သိနေသည်။
ထို ဘင်္ဂလားကုလားသည် အင်ဒိုနီးရှားသို့ သွားရန် စင်ကာပူတွင် ခေတ္တ ၀င်ရောက်ခြင်းဖြစ်သည်။
White Card ဖြည့်သည့် အလုပ်က ပြီးသွားပြီ။... မပြီးသေးသည်မှာ... အတွေးများပင်။
မြန်မာစာလည်း မတတ်၊ အင်္ဂလိပ်စာလည်း မတတ်၊ နေတော့ ဟင်္သာတမြို့။ ရုပ်က ဘင်္ဂါလီခေါ်တောရုပ်၊ ဘာသာက အစ္စလာမ် ဘာသာဝင်။
သေချာသည်မှာ ရခိုင်ဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီမှန်း တွေးလေပေါ်လေဖြစ်နေတော့သည်။
ကျွန်တော့် နည်းတူ စင်ကာပူနေသူ ပုဂ္ဂိုလ်သည်လည်း ထို ဘင်္ဂါလီကိုကြည့်လိုက်၊ လျှောက်လမ်းကိုကြည့်လိုက်နှင့် အတွေးနယ်ကျွံနေပုံရသည်။
ဘာကြောင့် ဒီလူ ပတ်စပို့ ရခဲ့သနည်း။
ဘာကြောင့် ဒီလူ နိုင်ငံသားစိစစ်ရေးကဒ်ပြား ရခဲ့သနည်း။
ဘာကြောင့် ဒီလူ ဘင်္ဂလားစကားတစ်ခုသာ တတ်ပြီး နိုင်ငံသားကဒ် ရခဲ့သနည်း။
ဘာကြောင့် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းသည် စကားတစ်ခွန်းတစ်လေမှ မပြောပဲ၊ မစစ်ဆေးပဲ ထွက်ခွင့်ပေးလိုက်သနည်း။
ဘာကြောင့်....ဒီလူ
ဘာကြောင့်... ဒီလူဝင်မှုကြီးကြပ်ရေးဝန်ထမ်း...
ဘာကြောင့်....ဒီအချိန်မှာ
ဘာကြောင့်....
ဘာကြောင့်....
...
...
...
...
ချန်ဂီ လေဆိပ်သို့ရောက်သည့်တိုင်...ဘာကြောင့်ပေါင်းမြောက်မြားစွာဖြင့် ....
----
အဲမွန်ကနောင်
ဧပြီလ ၁၀ ရက်
၉း၅၉ (စင်ကာပူ စံတော်ချိန်)

(ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်ပါ )


Pi Xell
(ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်ပါ )
အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။
ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် “ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?”
ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။
ကျွန်တော်တို့ ဘ၀က ဖြတ်သန်းလာရတာ အေးအေးဆေးဆေးပါဘဲ။ ကျွန်တော် ကုမ္ပဏီမှာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။
ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။ ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။ ကျွန်တော်ကတော့ စိတ်ချလက်ချပါဘဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သိတယ်၊ သူကျွန်တော့ မိဘတွေကို ကောင်းကောင်းပြုစုလိမ့်မယ်၊ သားလေးကိုလဲ စာပြပေးမယ် ဆိုတာတွေကို…
တကယ်တော့ သူ့ကို အားကျနေတဲ့သူတွေဟာ ကျွန်တော့ကိုအားကျနေတဲ့သူတွေလိုဘဲများပါတယ်။
တခြားလူတွေရဲ့ အမြင်မှာ သူဟာ မနက်၉ နာရီ ကနေ ညနေ ၅နာရီ အထိ အထက်လူကြီးရဲ့ မျက်နှာကိုကြည့်ပြီးလုပ်စရာ မလိုဘူးလေ။ ကျွန်တော်တို့လဲ အရင်ကတည်းက ကားဝယ်ထားတယ်၊ ကွန်ဒိုကိုလဲ ပြောင်းနေနိုင်ပါပြီ။ ကျွန်တော်တို့ ရိုမန်းတစ်ဆိုတာ ကို မသိပေမဲ့ ကျွန်တော်တို့ ရဲ့ကမ္ဘာလေးဟာ သာသာယာယာပါဘဲ။
သူဒီလို တစ်ခုခု လွဲနေသလိုလိုခံစားနေရပြီး သူတစ်ယောက်တည်းဆရာဝန်သွားပြတယ်။
ဆေးစစ်ချက်ထွက်လာပြီ… မှဲ့ကင်ဆာတဲ့။ ဒီဆေးစစ်ချက် အဖြေဟာ ကျွန်တော့ကို တုန်လှုပ်သွားစေတယ်။ အဲဒီနေ့တွေမှာ ကျွန်တော်တို့ နာမည်ကြီးဆေးရုံးတော်တော်များများ ကိုပတ်ခဲ့တယ်။ အဖြေတွေကတော့ အတူတူတွေပါဘဲ။
နာမည် အရမ်းကြီးတဲ့ ဆရာဝန်တစ်ယောက်ကကျွန်တော့ကို ပြောပြတယ် “မင်း အမျိုးသမီးရနေတဲ့ အရေပြားကင်ဆာ ဟာ သေနှုန်း ၉၀% ရှိတယ်။ အဆိုးဆုံးအရေပြားကင်ဆာတစ်ခုပါ၊”
သိပ်မကြာပါဘူး။ ဆရာဝန်ပြောထားသလိုဘဲ သူ့ရဲ့ လက်မောင်း၊ ပေါင်၊ နောက်ကျောတွေမှာ မှဲ့ အသစ်တွေ အများကြီးထွက်လာတယ်။ သူ့ရဲ့ခန္ဓာကိုယ် နဲ့ စိတ်ဓာတ်တွေဟာ တဖြေးဖြေးချင်း ကျဆင်းလာတယ်။ ကျွန်တော်မှတ်မိသလောက် သူ အရင်ကတည်းက တခါတလေဖျားပြီးဗိုက်နာတတ်တာကလွဲလို့ သူနေမကောင်းတဲ့ အချိန်မရှိသလောက်ဘဲ။
ဒါပေမဲ့ အခုတော့…
တခဏလေးမှ အနားမယူတတ်တဲ့သူက နောက်ဆုံးတော့ ဆေးရုံကုတင်မှာလဲနေရပါပြီ။
သူမရှိတော့တဲ့အိမ်ဟာ အရမ်းကိုတိတ်ဆိတ်လွန်းတယ်။
မီးဖိုခန်းမှာ အပူငွေ့မရှိတော့ဘူး။ ရေချိုးခန်း၊ ဧည့်ခန်းက အသုံးအဆောင်ပစ္စည်းတွေပေါ်မှာ ဖုန်တွေလွမ်းခြုံနေပြီ။
အရင်တုန်းက လင်းလင်းရှင်းရှင်း နွေးနွေးထွေးထွေးရှိတဲ့၊ ပြန်ရောက်တာနဲ့ သက်တောင့်သက်သာရှိတဲ့ အိမ်လေးဟာ ကျွန်တော် မသိတဲ့ နေရာ အဖြစ်ပြောင်းလဲတော့မယ်။
ကျွန်တော် အိမ်ကပစ္စည်းတော်တော်များများနဲ့ “စိမ်း” နေပါလား။
မိုက်ခရိုဝေ့ သုံးတာ၊ ထမင်းချက်တာ၊ ကော်ဖီ၊ လက်ဖက်ရည် တစ်ခွက်ဖျော်ဖို့၊ ခေါက်ဆွဲထုတ်ပြုတ်ဖို့…
ကျွန်တော် စမ်းနေတာ နေ့ဝက်ရှိပြီ၊ ဘယ်ခလုတ်နှိပ်ရမှန်း မသိဘူး၊ ချက်လို့ထွက်လာတာ ကလဲ သူချက်တာနဲ့ အရသာနဲ့ ကွာနေပါလား။
အရင်က သူလွယ်လွယ်ကူကူ လက်ကမ်းပေးလိုက်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဟာ အခုရှာနေတာ နေရာနှံ့နေပြီ။ ရှာမတွေ့ဘူး။
သူဆေးရုံတက်ပြီးနောက်ပိုင်း ကျွန်တော်လဲ ခွင့်ရက်ရှည်ယူလိုက်ပြီး သူ့အနားမှာ တတ်နိုင်သလောက် အဖော်လုပ်ပေးတယ်။
ဒီအချိန်မှာမှ ကျွန်တော်သဘောပေါက်လိုက်တယ်…
အိမ်တစ်အိမ်မှာ တာဝန်ကျေပွန်တဲ့ ဇနီးကောင်းတစ်ယောက်မရှိရင်၊ ယောက်ျားတွေ ပိုက်ဆံဘယ်လောက်ရှာနိုင်ပါစေ၊ အပြင်မှာ ဘယ်လောက်ဘဲ သားသားနားနားရှိနေပါစေ အလကားပါဘဲ။
တနေ့မှာ အသိတစ်ယောက်က ကွမ်ကျိုးမှာ ဒီလိုအရေပြားကင်ဆာကို အထူးကုတဲ့ ဆေးရုံးတစ်ရုံရှိတယ် ပြောတယ်၊ ဒီလိုရောဂါမျိုးကုလို့ပျောက်တာတွေလဲရှိတယ်။ ဒါပေမဲ့ စရိတ်တော့တော်တော်ကြီးတယ်။ ကုထုံးတစ်ခုက ၃လကြာတယ်၊ သိန်း ၃၀လောက်ကုန်တယ်။
ကျွန်တော်ဒီသတင်း မိန်းမကိုပြောပြတော့ ရောဂါဝေဒနားဒဏ်ညင်းပန်းခံ နေရပြီး သတိ မလည်တလည်နဲ့ ကျွန်တော့ကို ရှင်းရှင်းလင်းလင်းလေးပြောလိုက်တယ်
“ရှင်တို့နဲ့ မခွဲရက်ဘူး… ”
သူ့ အားအင်ချိနဲ့ပြီး ရှင်းလင်းတဲ့ စကားသံလေးတွေကြားတော့ ကျွန်တော့ မျက်ရည်တွေဟာ မျက်လုံးအိမ်ထဲမှာ မနေနိုင်တော့ပါဘူး…
ကျွန်တော် အရင်က တခါမှ မထင်မိခဲ့ဖူးဘူး၊ ငါတို့လင်မယားဒီလောက်ထိချစ်ကြတာကို…
ဒါပေမဲ့…
အဲဒီအချိန်မှာ…
ကျွန်တော်ခံစားရတယ်… ငါတို့ဟာကမ္ဘာပေါ်မှာ အချစ်ဆုံးတွေ၊ အတူတူ နေထိုင်ခွင့်ရတာ ဘယ်လောက်ထိကောင်းလဲ။
“သူ ငါ့ကိုထားခဲ့လို့မရဘူး”
“ငါသူ့ကိုလိုအပ်တယ်”
ငါတို့ အတူတူအိုကြမယ်… သားလေးလူကြီးဖြစ်တဲ့ အချိန်ထိ၊ သားလေးရဲ့ သားလေးက “ဖိုးဖိုး ဖွားဖွား” လို့ခေါ်တာကို အတူတူနားထောင်မယ်။ သူ့ကို ကွမ်ကျိုးခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်။
ကျွန်တော် ရုံးကိုသွားပြီး ခွင့်ရက်ရှည်ယူတဲ့ အချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်တီးတိုးပြောတာကြားလိုက်တယ်။ “ငါသာဆိုရင် ကုမနေတော့ပါဘူး… သိန်း ၃၀တောင်… မပျောက်ရင် လူလဲရှုံး ပိုက်ဆံလဲဆုံး နေဦးမယ်…”
ဒီလိုပြောနေကြတဲ့လူတွေဟာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူဆုံးရှုံးရတော့မဲ့ ၀မ်းနည်းမှုမျိုးကို မခံစားဖူးသေးလို့ပါ။
ဒီလို အသက်ရှင်ခွင့်ရမဲ့ အခွင့်အရေး တစ်မျှင်လေးဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဆိုတာကိုလဲ မသိကြပါဘူး။
အဲဒီ အချိန်မှာ ကျွန်တော်စဉ်းစားတယ်… သိန်း ၆၀ သိန်း ၁၀၀ ဖြစ်နေပါစေ… အိမ်တွေ ကားတွေကိုဘဲ ရောင်းရောင်း… သူ အသက်ရှင်ခွင့်ရမယ်ဆိုရင် အားလုံး ကျေနပ်ပါတယ်။
ကွမ်ကျိုးမသွားခင် အိမ်နားက စူပါမားကတ်မှာ နေ့စဉ်သုံးလိုမဲ့ ပစ္စည်းတွေသွားဝယ်တယ်။ သီတင်းကျွတ် ရှေ့ရက်ပိုင်းဆိုတော့ စူပါမားကတ်ထဲက လူတွေရဲ့မျက်နှာဟာ ပြုံးရွှင်နေကြတယ်… လူတွေအားလုံးရယ်ရယ်မောမောနဲ့…
ကျွန်တော်ရုတ်တရက် ခံစားရလိုက်တယ်…
ငါဒီပြုံးပျော်နေတဲ့သူတွေနဲ့ တော်တော်လေးကို ကင်းကွာနေပါလား…
ပျော်ရွှင်ရယ်မောခြင်း အားလုံးဟာ ကျွန်တော့ ဇနီး နေမကောင်းတဲ့ အချိန်က စပြီး ကျွန်တော်နဲ့ မသက်ဆိုင်တော့ သလိုပါဘဲ…

ကျွန်တော် သူပေးလိုက်တာစာရင်းအတိုင်း နေ့စဉ်သုံးပစ္စည်းတွေကို ၀ယ်လိုက်တယ်။
အိတ်ကိုမ ပြီးထွက်လာတော့မှ တော်တော်လေး လေး နေပါလား…
ဒီလောက်နှစ်ရှည်လတွေမှာ အိမ်မှာ စားတာ သုံးတာအားလုံး သူစီမံထားတာ စေ့စေ့စပ်စပ်ပါဘဲ။
ကျွန်တော် လုံးဝမသိခဲ့ဘူး… ဆန်တစ်အိတ်ဘယ်လောက်ကျလဲ… ဆီတစ်ပုံး ဘယ်လောက်ကျလဲဆိုတာတွေကို…
ကျွန်တော် လုံးဝမသိခဲ့ဘူး… ဒီပစ္စည်းတွေကို အိမ် သယ်ပြန်ရတာဟာ တော်တော်လေးပင်ပန်းတဲ့ အလုပ်တစ်ခုဆိုတာကို …
ကျွန်တော် ဟာ ကျွန်တော်တို့ အိမ်ရဲ့ မဏ္ဍိုင်ကျောမလို့ တစ်သက်လုံးထင်လာခဲ့တာ…
သူလဲသွားတဲ့ အချိန်မှာမှဘဲ သဘောပေါက်တော့တယ်… သူကသာ ကျွန်တော်တို့ အိမ်ရဲ့ဗဟိုကျောမပါ…
ကျွန်တော်တို့ ကွမ်ကျိုးမှာ နေခဲ့တဲ့ အချိန်ဟာ မင်္ဂလာဆောင်ပြီးနောက်ပိုင်း အချိုမြိန်ဆုံး ဘ၀အစိတ်အပိုင်းလေးပါ။ ဒီ ၃လ အတွင်းမှာ ကျွန်တော်တို့ နေ့နေ့ညညခြေတစ်လှမ်းမှ မခွာခဲ့ဘူး။
တူတူရယ်မောကြတယ်… တူတူ ငိုကြတယ်… ကျွန်တော်တို့ ရင်ဖွင့်စကားသံတွေ မကြားရတာ ဘယ်လောက်ထိကြာပြီလဲဆိုတာကို မမှတ်မိတော့ပါဘူး။

ပထမတစ်လမှာတော့ သူတော်တော်လေး ကောင်းလာသလိုလိုရှိလာတယ်…
တခါတလေ… သူ့လက်ကိုတွဲပြီး ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ကျွန်တော်တို့ ၂ယောက်ရဲ့ အတိတ်က ဇာတ်လမ်းတွေကို ပြန်ပြောဖြစ်တယ်။
ကျွန်တော်တို့ ပထမဆုံး ဆုံတဲ့ အချိန်လေး… ပထမဆုံး အတူကြည့်ခဲ့တဲ့ ရုပ်ရှင်နာမည်လေးက “Titanic”…
သူကျွန်တော့ကို ပြောပြတယ်… ကျွန်တော်သူ့ကို ဒီရုပ်ရှင်ကြည့်ဖို့ချိန်းတဲ့ အချိန် အမှန်တကယ်တော့ သူ သူ့ သူငယ်ချင်းတွေနဲ့ ကြည့်ပြီးသားပါ။ ကျွန်တော့ ကို မငြင်းရက်လို့ ကျွန်တော်နဲ့ နောက်တစ်ခေါက် လိုက်ကြည့်ပေးတာပါတဲ့…
ဒီလို အကြောင်းလေးတွေဟာ အခုချိန်ပြန်စဉ်းစားလိုက်ရင် ဒဏ်ရာတစ်ခုလိုပါဘဲ…
အတူနေလာတာ ဒီလောက်ကြာပြီ… ဒီလောက်ထိ စကား အကြာကြီး မပြောဖြစ်ခဲ့ ပါဘူး။
ဒီ ၃လအတွင်း ကျွန်တော့ မျက်စိရှေ့မှာ သူတစ်နေ့တစ်ခြား ဆုတ်လျော့လာတာကို မြင်နေရတယ်။
အထူးကုထုံးကလဲ သူ့ အပေါ်မှာ အာနိသင်မရှိခဲ့ဘူး။ သူဆန်ပြုတ်လေး တစ်ခွက်ကိုတောင် မသောက်နိုင်တော့ပါဘူး။
နောက်ဆုံး သူကျွန်တော့ကို ပြောတယ် “အိမ်ပြန်ချင်တယ်…”
ဒီလိုနဲ့ ကျွန်တော်တို့ မျှော်လင့်ချက်ကင်းမဲ့ စွာနဲ့ အိမ်ပြန်လာခဲ့တယ်။

အိမ်ပြန်ရောက်ပြီးတော့…
သူ့ အခြေအနေဟာ ပိုပိုပြီးဆိုးလာခဲ့တယ်။ နောက်ပြီး ကင်ဆာဝေဒနာရှင်တွေ ကြောက်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သူခံစားနေရပြီ…
သူ တစ်ညလုံး အိပ်လို့ မပျော်ဘူး… နာကျင်မှု ညည်းညူသံတွေဟာ အမှောင်ညတွေရဲ့ သံစဉ်ဖြစ်ခဲ့တယ်။
ကျွန်တော် သူ့ကိုယ်စား ဒ်ီအနာတွေကို ခံပေးလိုက်ချင်တယ်။ သူဒီလောက်ထိ ခံစားနေရတာကို မြင်နေရတဲ့ စိတ်ဒဏ်ရာ ဟာလဲ သူ့ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ ထပ်တူထပ်မျှပါဘဲ…
သူနဲနဲ နေကောင်းတဲ့ အချိန်မှာ တော့ ကျွန်တော့ကို စပြီး မှာကြားနေတော့တယ်…
ဒီလောက်ထိရှုပ်ထွေးတဲ့ အိမ်မှုကိစ္စတွေကို သူတစ်ယောက်တည်းလုပ်လာခဲ့တာကို ဒီအချိန်မှာမှ သဘောပေါက်မိတယ်။
သူကျွန်တော့ကို ပြောသေးတယ်…
“ကျွန်တော် အမြဲတမ်းစားကောင်းတယ်လို့ပြောတဲ့ အစားအစာတွေဟာ ဘယ်ဆိုင်က၀ယ်တာ…”
“ကျွန်တော်အမြဲဝတ်တဲ့ အ၀တ်အစားတွေဟာ ဘာတံဆိပ်… ဘယ်ဆိုင်မှာသွားဝယ်တာ…”
သူမဆုံးခင် ၃ ရက် အလိုမှာ ကျွန်တော့ကို အ၀တ်လျှောစက်သုံးပုံသုံးနည်းသင်ပေးလိုက်သေးတယ်။
နှစ်ပေါင်းများစွာ သုံးလာခဲ့တဲ့ ဒီ အ၀တ်လျှောစက်လေးဟာ သူနဲ့ကျွန်တော် အတူတူ သွားဝယ်ခဲ့တာပါ။
ဝယ်လာပြီးနောက်ပိုင်းမှာတော့ သူဘဲ ကိုင်တွယ်နေတာပါ…
ကျွန်တော် မျက်ရည်တွေကို မအောင့်နိုင်တော့ပါဘူး… အသံတိတ်စွာ ကျနေပါတယ်…
မဆုံးခင်ရှေ့တစ်ရက်မှာ ကျွန်တော့ ကိုပြောတယ်… ကျွန်တော်နဲ့ လက်ထပ်ခဲ့ တာဟာ သူဘ၀မှာ အပျော်ဆုံး အချိန်လေးပါ။ ကွမ်ကျိုးမှာ နေခဲ့တဲ့ ၃လတာ ကာလဟာလဲ သူ့ဘ၀ရဲ့ အကြည်နူးဆုံး အချိန်တွေပါဘဲ…
ဒီ ၃လဟာ ကျွန်တော့ အတွက်လဲ ရင်ထဲမှာ သိမ်းထားရတဲ့ အမှတ်တရ အဖြစ်ထင်ကျန်ခဲ့ပါတယ်။
ဒီ ၃ လကြောင့် ရာထူးတိုးမဲ့ အခွင့်အရေး လက်လွတ်ခဲ့ရတယ်… ငွေကြေးတွေဆုံးရှုံခဲ့တယ်…
ဒါပေမဲ့ ကျွန်တော့ ဇနီးနဲ့ ယှဉ်လိုက်ရင် ဒါတွေဟာ ပြင်ပ အရာဝတ္ထုတွေပါဘဲ…
ဒီ ၃ လ အချိန်လေးရှိခဲ့လို့တော်သေးတာပေါ့… မဟုတ်ရင် ကျွန်တော် တစ်ဘ၀လုံး နောင်တရမိလိမ့်မယ်ဗျာ…
သူဆုံးသွားတဲ့နေ့ ဟာ အေးအေးချမ်းချမ်းပါဘဲ… ကျွန်တော်က သားလေးကိုပြောတယ်…
မေမေဟာ ဟိုး အဝေးတစ်နေရာကို ထွက်သွားပြီး ဖေတို့ကိုစောင့်နေတာပါ… တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဖေဖေတို့ မိသားစုအားလုံး ပြန်ဆုံကြမယ်။ မေမေက မေမေဘဲ… ဖေဖေကလဲ ဖေဖေဘဲ… သားလေးကလဲ ဖေဖေမေမေ တို့ရဲ့သားလေးပါဘဲ…
အခုချိန်မှာ သူများမိသားစု စုံစုံလင်လင်ရှိနေတာကို မြင်တွေ့ရမှာ ကျွန်တော် အကြောက်ဆုံးဘဲ။
လျှောက်ခဲ့တဲ့ ပန်းခြံလေး… အတူတူကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံ… အတူတူပတ်ခဲ့တဲ့ စူပါမားကတ်တွေကို ရောက်တိုင်း ကျွန်တော့မျက်ရည်တွေကို မအောင့်နိုင်ဘူး…
အ၀တ်လျှောစက်သုံးတဲ့ အချိန်… မိုက်ခရိုဝေ့ ခလုတ်နိပ်တဲ့ အချိန်…
သားအတွက် အ၀တ်အစားဝယ်ပေးရတဲ့ အချိန်… အချိန်ပို အလုပ်ဆင်းပြီး အိမ်မှာ တစ်ယောက်တည်း ခေါက်ဆွဲထုတ်ပြုတ်စားရတဲ့ အချိန်… ညသန်းခေါင် နိုးလာပြီး ကုတင်ကျယ်မှာ တစ်ယောက်တည်းအိပ်နေရတဲ့ အချိန်… အဲဒီအချိန် အားလုံးတွေဟာ ကျွန်တော့ကိုငိုချင်စေတယ်…
သူရှိနေတဲ့ အချိန်တုန်းက ကျွန်တော် ကိုကျွန်တော် ဒီလောက်ထိ ကံကောင်းတဲ့လူလို့ သတိမထားမိခဲ့ဘူး။ သူဟာ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာပေါင်းလာခဲ့တဲ့ ဇနီးတစ်ယောက်… သားလေးရဲ့ မိခင် ဆိုတာလောက်ဘဲ သိခဲ့တယ်။ အခုသူမရှိတော့ မိုးပြိုကျလာသလိုပါဘဲ။
အရင်တုန်းက ဇာတ်လမ်းတွေမှာ မင်းသားက သူ့ချစ်သူ သေပြီးနောက်မှာ အကြီးအကျယ်ငိုတာဟာ လူတွေကို လုပ်ပြနေတာပါလို့ထင်ခဲ့တဲ့ ကျွန်တော်ဟာ အခုချိန်မှာတော့ သူတို့နဲ့အတူမျက်ရည်ကျ နေရပြီ…
ကျွန်တော်ပြန်စဉ်းစားမိတယ်… သူသားလေးကို အမြဲပြောလေ့ရှိတယ်…
“ဖေကြီး က ပိုက်ဆံရှာပေးရတာ အရမ်းပင်ပန်းတယ်… ဖေကြီးက အရေးအကြီးဆုံး”
အမှန်တကယ်မှာတော့ သူဟာ အရေးကြီးဆုံးပါ။
သူမရှိတော့ ကျွန်တော်တို့ သားအဖ ကမ္ဘာပေါ်မှာ အရေးကြီးဆုံး အရာတစ်ခုဆုံးရှုံးခဲ့တယ်… “ပျော်ရွှင်ခြင်း”

ကျွန်တော်ဟာ ကိုယ့် ခံစားချက်ကို မထုတ်ဖော်တတ်တဲ့လူတစ်ယောက်ပါ…
ချစ်သူဘ၀မှာတုန်းကလဲ “ချစ်”ဆိုတဲ့ စကားကို မသုံးခဲ့ဘူး…
သူ ၀တ္ထုတွေ… ကိုးရီးယားကားတွေကြည့်ပြီးငိုတော့ ကျွန်တော်တောင်သူ့ကို စသေးတယ်…
အခုချိန်မှာတော့ “ချစ်”ဆိုတဲ့ စာသားလေးဟာ သူ့ရဲ့ အုတ်ဂူမှာဘဲ ထွင်းထုထားနိုင်တော့တယ်…
ကျွန်တော့ရဲ့ “ချစ်ဇနီး”…
မိန်းကလေးတိုင်း ကိုယ့်ချစ်သူ ပါးစပ်ကနေ အကြိမ်ပေါင်းထောင်သောင်းမက ပြောစေချင်တဲ့ အဲဒီ စကားကို ကျွန်တော် ဘာဖြစ်လို့ သူပြောစေချင်တဲ့အချိန်… သူနေကောင်းကျန်းမာနေတဲ့အချိန်မှာ များများမပြောခဲ့ရတာလဲဗျာ…?

Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ
.............................................
Copy and Credit to
http://www.facebook.com/photo.php?fbid=4642009167253&set=a.3384615533198.165017.1203802796&type=3&src=http%3A%2F%2Fsphotos-b.ak.fbcdn.net%2Fhphotos-ak-prn1%2F527591_4642009167253_2023926298_n.jpg&size=450%2C338

သနားလို့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပေမယ့် ပါးစပ်စည်းကမ်းမရှိတဲ့ နေမျိုးဇင် ထောင်ဒဏ် ၃ လမှ ၆ နှစ်ပြောင်း

၂၀၁၁ ခုနှစ်အတွင်းက အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့တဲ့ နေမျိုးဇင်ဟာ  သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွတ်လာသူ ဖြစ်ပါတယ်။
ထောင်ကလွတ်ပြီးတဲ့နောက်မှာ ပြည်ထဲရေးမှ ရဲတပ်ဖွဲ့ဝင်များကို ဆဲခြင်း၊အစိုးရနှင့် တပ်မတော် အပေါ် စော် ကားခြင်း၊ လယ်သမားများကို သွေးထိုး၍ ဆူပူမှုများ ဖြစ်စေခြင်းတို့ကို ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
ထိုသို့ပြုလုပ်ရာမှာ စည်းဘောင်ကျော်လာသည့် အတွက် ရဲတပ်ဖွဲ့မှ တရားစွဲခဲ့ပြီး ဒဏ်ငွေနှင့် ထောင်ဒဏ် (၂) ခု ကျခံစေခဲ့ရာမှာ ထောင်ဒဏ်(၃)လကို ရွေးချယ်ကြောင်း ကြေငြာခဲ့ပြီး မအူပင်ထောင်ကို ရောက်ရှိ သွားပါ တယ်။
ထောင်သို့ ရောက်ပြီး မကြာခင် မိဘနှင့် ထောက်ပံ့သူများက ၄င်းအတွက် ဒဏ်ငွေဆောင်ပြီး ထောင်ဝမှာ သွား ကြိုချိန် မှာတော့ နေမျိုးဇင် အတွက် ၀မ်းသာစရာ သတင်းကောင်းကို သိခဲ့ရပါတယ်။
အဲဒါကတော့ ခံဝန်တွေ ချိုးဖောက်ပြီး တာဝန်ရှိသူတွေကို စော်ကားတဲ့ အတွက် ယခင်ပြစ်မှုများအတိုင်း ထောင် ဒဏ် ၆ နှစ် ကျခံစေဆိုတဲ့ အမိန့်ပါပဲ။
ဒါဟာ မည်သည့် အစိုးရနှင့် ဖြစ်ဖြစ်၊ မည်သည့် အချိန်ကာလ ဖြစ်ဖြစ် ၊ မရှိလျှင် မဖြစ်သည့် အဖွဲ့အ စည်း များ အပေါ် စော်ကားပါက ယခင်ပြစ်မှု မကင်းသူတွေ ရင်ဆိုင်ရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ ၈၈ မျိုး ဆက်များ လည်း မကြာမှီ လာပါတော့မည်။
=================
RFA သတင်း
ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင် ၆ နှစ် ချမှတ်ခံရ
ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အရင်အ မှုဟောင်း အတိုင်း ပြန်လည်ကျခံဖို့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အသရေဖျက်မှုနဲ့ အခုရက်ပိုင်းအတွင်း ပန်းတနော်တရားရုံးက ဒဏ်ငွေ ကျပ် ၂ သောင်း ပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေတာ ဖြစ်ပါတယ်။
ဒီနေ့ညနေ ၄ နာရီမှာ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက အကျဉ်းထောင်အတွင်း ရောက်ရှိ လာပြီး အရင်ပြစ်မှုဟောင်းကို ပြန်လည်ကျခံဖို့ အမိန့်စာလာရောက်ဖတ်ကြားခဲ့တယ်လို့ ဦးနေမျိုးဇင်ရဲ့ ညီဖြစ် သူ ဦးခင်မောင်ထွေးက ပြောပါတယ်။
“ပြည်ထဲရေးဝန်ကြီး ဦးကိုကိုရဲ့အမိန့်နဲ့ပေါ့ဗျာ၊ ပထမကျခံခဲ့ရတဲ့ ပြစ်ဒဏ်ထဲကနေပြီးတော့ ၆ နှစ် ကျခံစေ ဆိုပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်း အမိန့်စာလာဖတ်သွားတယ်လို့ ပြောပါတယ်၊ မအူပင်ထောင် ထဲကို လာဖတ်သွားတာပါ၊ ထောင်ရဲ့အရာရှိတစ်ဦးကနေလာပြီးတော့ ရှေ့နေရှိပါသလားလို့မေးတယ်၊ ရှေ့နေ ကလည်း ဒီနေ့ကျနော်တို့ပါမလာတဲ့အတွက်ကြောင့်မို့ မိသားစုဝင်တွေပဲ နောက်ဆုံးသွားတွေ့ လာခဲ့ပါ တယ်”
ဦးနေမျိုးဇင်ဟာ ပန်းတနော်ဒေသခံ လယ်သမားတွေအတွက် အကူအညီပေးရင်း အဖမ်းခံခဲ့ ရတာဖြစ် တဲ့အတွက် အမှုကနေ ပြန်လည်လွတ်မြောက်ဖို့ တောင်သူ ၁၀၀ ကျော်က ဒီကနေ့ပန်းတနော်တရားရုံးမှာ ဒဏ်ငွေပေးဆောင်ခဲ့ကြပြီး၊ သူ့ကိုလွှတ်ပေးမယ် ပြောလိုက်တဲ့အတွက် အကျဉ်းထောင်ရှေ့မှာ ၄ နာရီကြာ သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။
ဦးနေမျိုးဇင်ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ရှေ့နေတွေနဲ့ တိုင်ပင်ပြီး တရား ဥပဒေအရ အယူခံဝင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ၂၀၁၁ ခုနှစ်အတွင်းက အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင် ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက်၊ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။
 
 

တင်ပြီးသား post များ

3D