သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 5, 2013

ကန်စွန်းရိုးနီ(Rabbit Greens)ကပေးတဲ့ အစွမ်းများ



Friday, July 05, 2013
အပင် တစ်နှစ် သို့မဟုတ် နှစ်ကြာခံ ရေလျှောက်ပင် ဖြစ်သည်။ ပင်စည်ရိုးနီ၍ ခေါင်းပွဖြစ်၏ ။ အဆစ် များမှ အမြစ်များ ထွက်သည် ။အဆစ်နေရာတွင် အခေါင်းပိတ်ဖြစ်သည်။

အရွက်
ရွက်လွှဲထွက်သည်။ ၃-၆ လက်မရှည်သည်။ လှံစွပ်ပုံ သို့မဟုတ် သုံးထောင့် ပုံ ဖြစ်သည်။ ရွက်ထိပ် အလွန်ချွန်သည်။ ရွက်ရင်း မြားသွားပုံရှိသည် ။အမွေးမဲ့သည်။ ရွက်ညှာအလွန် ရှည်သည်။ ရွက်နားညီ သည်။ ရွက်ပြားချော၍ ပါးလွှာသည်။ ရွက်နား ခရမ်းရောင်သမ်းသည်။

မလေးရှားတွင်ဘင်ဂါလီဓါးကိုင် ဓါးပြ တစ်ဦးပစ်သတ်ခံရ

မလေးရှား ကေအေလ် ချားရပ် ဆေးခန်းတစ်ခု ၌ ဇူလိုင် ၄း ၂၀၁၃ ည ၉း၅၀ ခန့်တွင် ဓါးပြ တစ်ပစ်သတ်ခံရကြောင်း China Press အရသိရပါသည်

ခြေထောက် လေးချောင်းပါ ကလေးငယ်ကို ယခုလ ဒုတိယပတ်အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသမည်

7.4.4
မိခင်နှင့်အတူ တွေ့ရှိရသည့် ခြေလေးချောင်းပါ ကလေးငယ် (ဓာတ်ပုံ-ဧရာဝတီ ဖောင်ဒေးရှင်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက် လေးချောင်းပါ သုံးလခွဲအရွယ်ကလေးငယ်ကို
ယခုလ ဒုတိယပတ်အတွင်း ရန်ကင်းကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသသွားမည်ဖြစ်ကြောင်း ရန်ကင်း ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ခွဲစိတ်ကုသရန် အတွက် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ် ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူး ကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာရှင်များ စုပေါင်း လုပ်ဆောင် မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရသည်။

သေဆုံးပြီဟု အတည်ပြုပြီး ၂ နာရီကြာပွေ့ဖက်ပြီးမှ မိခင်မေတ္တာကြောင့်အသက်ပြန်ရှင်လာရတဲ့ ကလေးငယ်

သေဆုံးပြီဟု အတည်ပြုပြီး ၂ နာရီကြာပွေ့ဖက်ပြီးမှ 
မိခင်မေတ္တာကြောင့်အသက်ပြန်ရှင်လာရတဲ့ ကလေးငယ်

သြစတေးလျမှ မိခင်တစ်ယောက်ဖြစ်တဲ့သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ် ။ 
ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်းထဲဝင်ခဲ့ရပြီး ၃ နာရီကြာအောင်ကိုးစားခဲ့ရတဲ့ 
အမွှာပူးလေးမှာ ၂ ပေါင်သာသာပဲရှိတဲ့ ကလေးတစ်ဦးဖြစ်တဲ့ Jamie က 
အသက်မရှင်နိုင်တော့ပါဘူးတဲ့ ။ မိခင်ဟာ သူမ နားကို သူမ 
မယုံနိုင်အောင်ဖြစ်သွားရတယ် ။ ဆစ်ဒနီဆေး၇ုံမှာ Jamie ရဲ့အမွှာဖြစ်တဲ့ Emily 
ကတော့ ကောင်းမွန်တဲ့ကျန်းမာရေးအခြေအနေရှိပါတယ် ။ သူမအကို Jamie 
ကတော့မွေးစကတည်းက မိနစ်နှစ်ဆယ်လောက်အသက်ကယ်ခဲ့ရတယ် ။

ကုသမှုတွေကို မတုံ့ပြန်တော့တဲ့အခါ မိဘတွေကို 
စိတ်မကောင်းစရာသတင်းကိုပြောဖို့အခြေအနေဖြစ်လာပါပြီ ။ မိခင် Kate ဟာ 
သူ့ကလေးငယ်တစ်ယောက်ဆုံးတယ်ဆိုတဲ့သတင်းကိုလက်မခံနိုင်ပါဘူး ။ သူက 
မိခင်တစ်ယောက်အနေနဲ့ ခေါင်းကိုတွင်တွင်ခါတယ် ။ ပြီးတော့မျက်ရည်တွေ 
တွင်တွင်စီးကျတယ် ။ သားငယ်လေးကို အနှီးနဲ့လုံခြုံစွာထုပ်ပြီး 
သူပွေ့ချီလိုက်တယ် ပြီးတော့ ရင်အုပ်ထဲမှာ အုပ်ပြီး နွေးနွေးထွေးထွေးထားတယ် ။
 ရှိုက်ကြီးတငင်ငိုပါတယ် ။

မိခင်ရောဖခင်ရောဟာ သားလေးကို တွင်တွင်ကြည်ပြီး 
သူ့နာမည်ကိုဘယ်လိုခေါ်ကြောင်းနဲ့သူ့မှာ ညီမတစ်ဦးရှိကြောင်းကို 
တတွတ်တွတ်ပြောဆိုနေတယ် ။ “ သားမရှိပဲ ညီမလေးဘယ်လို ဆက်လက်ရှင်သန်နေထိုင်မလဲ
 .. သားမရှိပဲအဖေနဲ့အမေရောဘယ်လိုဆက်လက်ရှင်သန်နေထိုင်မလဲ မိသားစုဆိုတာ ဟာ 
အားလုံးပြည့်စုံနေမှ အဓိပ္ပါယ်ရှိတာပါ ” ဖခင်ဖြစ်သူက 
သားဖြစ်သူကိုကြည့်ပြီးငိုယိုတယ် တိုးလျစွာ ပွတ်သပ်တယ် ။ 
ဒီလိုနဲ့ပွေ့ချီထားခဲ့တာ ၂ နာရီတိုင်ကြာမင့်ခဲ့တယ် ။ 
ကလေးငယ်အသက်ပြန်မရှူလာခင်အထိပေါ့ ။

ဒါပေမယ့် ဆရာတွေက ကလေးငယ်ကို မျှော်လင့်ချက်လုံးဝမရှိခဲ့ဘူး ။ ၂ 
နာရီပြည့်ပြီးတဲ့အခါ ရုတ်တရက်ကလေးငယ်ဟာ စတင်ပြီး အသက်ရှူလာပါပြီ 
တဖြည်းဖြည်းပိုရှူလာတယ် မိခင်က ကလေးကိုကြည့်ပြီးမိခင်နို့ကို 
တိုက်လိုက်တယ် ။ အံ့သြစရာတွေကတော့ဖြစ်ပျက်လာခဲ့ရပါပြီ ။ ကလေးငယ်က 
ကောင်းမွန်စွာ အသက်ရှူနေပါပြီ ။ ခဏကြာတဲ့အခါ Jamie လေးမျက်လုံးပွင့်လာတယ် 
သူ့မျက်လုံးတွေက မိခင်ကိုကြည့်နေတယ် ။

ဆရာဝန်တွေအားလုံးတုန်လှုပ်ခြောက်ခြားပြီး အားလုံးပျော်ရွှင်ခဲ့ရပါတယ် ။

===========================

မိခင်မေတ္တာဟာ ဆရာဝန်တွေသေဆုံးပြီလို့အတည်ပြုထားတဲ့ ကလေးငယ်ကို 
အသက်ပြင်ရှင်စေနိုင်ခဲ့တယ်လို့ပဲထင်ပါတယ် ။ ပြင်းပြတဲ့ မေတ္တာစိတ်နဲ့ 
ဆေးလောကတစ်ခုလုံး အံ့သြတုန်လှုပ်သွားအောင်စွမ်းဆောင်နိုင်ခဲ့တယ် ။

မိခင်အားလုံးအား ဂုဏ်ပြုဦးညွှတ်လျှက် ...။

( သက်တန့်ချို )

မူရင်း - 
http://www.dailymail.co.uk/health/article-1306283/Miracle-premature-baby-declared-dead-doctors-revived-mothers-touch.html 
သစတေးလျမှ မိခင်တစ်ယောက်ဖြစ်တဲ့သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ် ။ ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်းထဲ ၀င်ခဲ့ရပြီး ၃ နာရီကြာအောင်ကိုးစားခဲ့ရတဲ့ အမွှာပူးလေးမှာ ၂ ပေါင်သာသာပဲရှိတဲ့ ကလေးတစ်ဦးဖြစ်တဲ့ Jamie က အသက်မရှင်နိုင်တော့ပါဘူးတဲ့ ။ မိခင်ဟာ သူမ နားကို သူမ မယုံနိုင်အောင်ဖြစ်သွားရတယ် ။ ဆစ်ဒနီဆေး၇ုံမှာ Jamie ရဲ့အမွှာဖြစ်တဲ့ Emily ကတော့ ကောင်းမွန်တဲ့ ကျန်းမာရေးအခြေအနေရှိပါတယ် ။ သူမအကို Jamie ကတော့မွေးစကတည်းက မိနစ်နှစ်ဆယ်လောက် အသက်ကယ်ခဲ့ရတယ် ။

၃၃၃၃၃ ၉၆၉ ကို ဘုန်းတော်ကြီးသင် ပညာရေးအတွက် သိန်း ၂၀ ဖြင့်ဝယ်

၃၃၃၃၃ ၉၆၉ ကို ဘုန်းတော်ကြီးသင် ပညာရေးအတွက် 
သိန်း ၂၀ ဖြင့်ဝယ်

သထုံ- ဇူလိုင်-၃

ဘုန်းတော်ကြီး ပညာရေးကျောင်းတစ်ကျောင်းရှိ ကျောင်းသားများ၏ ပညာသင် 
စရိတ်လှူဒါန်းရန်အတွက် ဆရာ တော်တစ်ပါး၏ မွေးနေ့လက် ဆောင်ရရှိထားသော ကျပ်၁၅၀၀
 တန်မိုဘိုင်းဖုန်းနံပါတ်တစ်ခုကို အမျိုးသား တစ်ဦးက ကျပ်သိန်း ၂ဝဖြင့် 
ဈေးအမြင့်ဆုံးပေးကာ ဝယ်ယူလှူဒါန်းခဲ့ကြောင်း သိရ သည်။

မွန်ပြည်နယ် မော်လမြိုင် မြို့ ရွှေပြည်အေးရပ်ကွက်ရှိ ကင်း 
ရွာဘုန်းတော်ကြီးသင် ပညာရေး ကျောင်းရှိ ကလေးသူငယ်များ၏ 
ပညာသင်စရိတ်လှူဒါန်းရန် ဆရာ တော်ရှင်စန္ဒဇောတိ (သာသနာ နွယ်)က ဒကာတစ်ဦးထံမှ 
မွေးနေ့ လက်ဆောင် အဖြစ် ရရှိထားသည့် ၁၅ဝဝတန်မိုဘိုင်းဖုန်းနံပါတ် ၃၃၃- 
၃၃၉၆၉ကို အမြင့်ဆုံးဈေးနှုန်းပေး ၍ ဝယ်ယူမည့် ဗုဒ္ဓဘာသာဝင်များ 
အားဖိတ်ခေါ်ခဲ့ရာ ရန်ကုန်မြို့မှ ကိုအောင်ပိုင်ထွန်း (Excellent, Aquarium 
Fish, Hamster, Pet & Accessories Centre)က ဇူ လိုင် 
၁ရရက်တွင်ကျရောက်မည့် သူ၏မွေးနေ့အလှူအဖြစ် ကျပ် သိန်း၂ဝဖြင့် 
အမြင့်ဆုံးဈေးပေး ကာ ဝယ်လှူဒါန်းခဲ့ကြောင်း သိ ရသည်။

အဆိုပါကင်းရွာဘုန်းတော် ကြီးသင် ပညာရေးကျောင်းတွင် ကလေး၅ဝဝကျော်ရှိပြီး 
ဆရာတော် အရှင်စန္ဒဇောတိ(သာသနာနွယ်) နှင့် တပည့်ဒါယကာ၊ ဒါယိကာမ များက 
ဇူလိုင်၁ရရက်တွင် စုပေါင်း ၍ စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ လှူဒါန်းပွဲ 
ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

ဈာန်မိုးသစ်
Yangon Mediaဘုန်းတော်ကြီး ပညာရေးကျောင်းတစ်ကျောင်းရှိ ကျောင်းသားများ၏ ပညာသင် စရိတ်လှူဒါန်းရန်အတွက် ဆရာ တော်တစ်ပါး၏ မွေးနေ့လက် ဆောင်ရရှိထားသော ကျပ်၁၅၀၀ တန်မိုဘိုင်းဖုန်းနံပါတ်တစ်ခုကို အမျိုးသား တစ်ဦးက ကျပ်သိန်း ၂ဝဖြင့် ဈေးအမြင့်ဆုံးပေးကာ ဝယ်ယူလှူဒါန်းခဲ့ကြောင်း သိရ သည်။

အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသော အမှုကို နှစ်ဦးနှစ်ဖက် ကျေအေး

ဆုထူးပန်တာဝါ ဆောက်လုပ်မှုကိစ္စနှင့်ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက် လုပ်ရေး ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသော ဥပဒေကြောင်းဆိုင်ရာကိစ္စများအား ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် နှစ်ဦးနှစ်ဖက် ကျေအေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ကျောက်စိမ်း ဈေးကွက်ကို တရုတ်ကုန်သည်အချို့ စနစ်တကျ ဖျက်ဆီးနေဟု ပြည်တွင်းကုန်သည်များ သုံးသပ်

merchants-july4 
နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အကြိမ် (၅၀)မြောက် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာပြပွဲသို့ လာရောက် ကြသော နိုင်ငံခြားသား ရတနာကုန်သည်များအား တွေ့ရစဉ်
မြန်မာ့ကျောက်စိမ်း ဈေးကွက်ကို တရုတ်ကုန်သည်အချို့ စနစ်တကျ ဖျက်ဆီးနေဟု အကြိမ် (၅၀)မြောက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲအပြီး ပြည်တွင်းကုန်သည်များက သုံးသပ်ပြော ကြားခဲ့သည်။

တင်ပြီးသား post များ

3D