သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 27, 2013

"မုဒိမ်းကြံစည်ကုလားအား ထောင်ဆယ်နှစ်ချမှတ်"

 
"ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်း၍ မုဒိမ်းမှုကို ဖြေရှင်း" ခေါင်းစဉ်ဖြင့် 19.4.2013 နေ့က တင်ခဲ့တဲ့ သတင်းထဲက တရားခံ ဦးတင်အေး (ခ)မာမက်ဇလီ (၄၃)နှစ်ကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် (၁ဝ)နှစ် ချမှတ်လိုက်ပါတယ်။

လုပ်အားခမရသည့်ပန်းရံအလုပ်သမားများမြို့ပိုင်ရုံးကိုချီတက်

Photo: စက်တင်ဘာ ၂၆ မြတ်ညို (အလွတ်သတင်းထောက်)

စက်တင်ဘာလ၂၆ရက်နေ့တွင်လုပ်အားခရှင်းပေးမည်ဟု 
လုပ်ငန်းရှင်ကပြောဆိုခဲ့သော်လည်း ရှင်းမပေးသဖြင့် ပန်းရံဆိုဒ်မှ 
မြန်မာအလုပ်သမားများ ၅နာရီခန့် လမ်း လျှောက်လာကြရာ 
မြို့ပိုင်ရုံးသို့ရောက်ရှိသွားကြပြီဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း 
ဂလုတ်မြို့ (Buketta) ဘူကစ်တာ အရပ် တွင် ရှိသော 
AEKSUPACHOKဆောက်လုပ်ရေးကုမ္ပဏီတွင် အလုပ် လုပ်ကြ သည့် အလုပ်သမား 
၁၁၀ဦးတို့ရ ရန်ငွေမှာ ဘတ်ငွေ လေးသိန်း ကျော်ဖြစ်သည်။ ထိုငွေများအား 
လုပ်ငန်းရှင်က မရှင်းပေးသဖြင့် စက်တင် ဘာလ ၇ ရက်နေ့ကတည်းကပင် အလုပ်သမားများ
 အလုပ် မဆင်းပဲ နေခဲ့ကြသည်။

ထို့နောက် မြန်မာသံရုံးနှင့်ဘန်ကောက်အခြေစိုက် ထိုင်းနိုင် 
ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့က သီးခြားစီ ဖုန်းဆက်သွယ်လျှက် 
ထိုင်းအလုပ်သမားဝန်ကြီးဌာနဆိုင်ရာများသို့ အကူညီတောင်းခံခဲ့ကြ သည်။ 
ထိုနောက် စက်တင်ဘာ ၁၆ ရက်ေ န့ တွင် လုပ်ငန်းရှင်က စက်တင်ဘာ ၂၆ ရက်နေ့တွင် 
လုပ်အားခ များရှင်းပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့် ကတိပြုခဲ့သည်။

အလုပ်သမားများ ရက်ပေါင်း ၂၀ ခန့် စားစရိတ်များအတွက် MAT အဖွဲ့နှင့် 
ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့က 
ဦးဆောင်၍ အကူညီတောင်းခံခဲ့ကြသည်။ သို့ဖြစ်၍ အမည်မဖေါ်လိုသည့် 
မြန်မာအရာရှိတစ်ဦးက ဘတ်ငွေ ၁၀,၀၀၀၊ အမည် မဖေါ်လိုသည့် MOU ကုမ္ပဏီ တစ်ခုမှ 
ဒါရိုက်တာ တစ်ဦးက ဘတ်ငွေ ၁၀,၀၀၀၊ MAT အဖွဲ့က ဘတ်ငွေ ၁၀,၀၀၀၊ ဒေသအခြေစိုက် 
Rak Thai ဖေါင် ဒေးရှင်းက ဘတ်ငွေ ၁၂,၀၀၀၊ ဘန်ကောက်မြို့ IRCမှ ဘတ်ငွေ ၁,၅၀၀
 နှင့် ဖူးခက်အခြေစိုက် လေးဝတီရခိုင်လူမှုရေးအသင်းဥက္ကဌ ကိုခိုင်အတ မှ ဆန် 
၂အိပ်ဖိုးဘတ်ငွေ ၃,၀၀၀ ပေးပို့လှူဒါန်း ခဲ့ကြ သည်။ 

အလုပ်သမားများအား ဒေသခံကူညီပေးသူတစ်ဦးဖြစ်သူ ကိုပြေငြိမ်းက “ ခုကျနော် 
အလုပ်သမား တွေရှိတဲ့ မြို့ပိုင်ရုံးကိုေ ရာက်နေတယ်။ စစ်သားတွေ ပုလိပ်တွေ 
အများကြီးပဲ။ ဒီနေရာကို မြန်မာသံရုံး ဖြစ်ဖြစ် တရားဝင်အဖွဲ့အစည်းတစ်ခုခုလာ 
ရှင်မှ ဖြစ်မယ်။ ဒီအလုပ်သမားတွေကို ပစ်ပယ်ထားလို့မဖြစ်ဘူး။ 

မသိချင်ယောင်ဆောင်နေကြလို့မဖြစ်ဘူး။ ကြောက်နေကြလို့ မဖြစ် ဘူး။ 
ဒီအလုပ်သမားတွေအကူညီမရရင် သူတို့ ကိုင်ဆောင်ထားတဲ့ တရားဝင်ပတ်စပို့ဆိုတာ 
ဘာလဲလို့မေးရလိမ့်မယ်” ဟုပြောသည်။ 

အပြင်သို့ဆက်သွယ်သူတစ်ဦးဖြစ်သော မရည်မွန်ကျော် က “သမီးတို့ကို နေလည်ကတည်းက
 ပိုက်ဆံမရှင်းပေးနိုင်သေး ဘူး လို့ လူမှုဖုံလုံရေးဌာန ပြောတယ်။ သမီးတို့က 
လုံခြုံရေးနဲ့ပြဿ နာတွေ ပြေလည် ရေးအတွက် အလုပ်သမားရုံးကို နေ့လည် ၂နာရီ 
ကတည်းက လမ်းလျှောက်လာခဲ့ကြတာဖြစ်တယ်။ မြို့ပိုင်ရုံးကို ညနေ 
၆နာရီခွဲကျော်မှာရောက်တယ်။ လမ်းမှာ ပုလိပ် ၂ကြိမ် စစ်ဆေးတယ်။ 
ဆက်မသွားဖို့တားတယ်။ MAT ရုံးက ပုလိပ်နဲ့  စကားပြောပေးတယ်။ 



မြို့ပိုင်ရုံးကိုရောက်တော့ တာဝန်ရှိတဲ့သူတွေ က ဒီမှာနေ လို့မရဘူးလို့ 
ပြောတယ်။သမီးတို့က ဒီကိုလာတာဒီမှာပဲ ဖြေရှင်း မယ်လို့ပြန်ပြောထားတယ်၊ 
၂နာရီလောက်ညှိနှိုင်းပြီးတော့မှ သမီး 
တို့ ကို ဟောခန်းတစ်ခုမှာ နေရာချထားပေးပါတယ်။ မနက်ကျရင် 
ရှင်းပေးမယ်လို့ပြော ပါတယ်ရှင်” ဟုပြောသည်။ 

စက်တင်ဘာလ ၁၆ ရက်နေ့က ထမင်းစားစရာမရှိဖြစ် နေ ကြသည့် အလုပ်သမားတစ်ရာကျော် 
အတွက် စားစရာ ဆန်နှင့် သောက်စရာရေများ အကူညီရလိုရငြား အလှူခံရန်ထွက် 
လာကြသည့် အလုပ် သမ ဇနီး မောင်နှံတို့အား ထိုင်းပုလိပ် ၉ဦးက 
ဝိုင်းဝန်းဖမ်းဆီးခံခဲ့ရသည်။ 

အလုပ်သမား ၁၁၀ ဦးအနက် မိန်ကလေး ၁၁ဦးနှင့်အမျိုး သား ၄၅ဦး တို့ 
လမ်းလျှောက်လာခဲ့ကြခြင်းဖြစ်သည်။ အခြားအ လုပ် သမားများမှာ 
ပန်းရံဆိုဒ်ထဲတွင် ကျန်နေခဲ့ကြပါသည်။ 

၂၀၁၃ ခုနှစ်အစပိုင်းကာလက နိုင်ငံတော် သမ္မတကြီး
ဦးသိန်းစိန် က ပြည်ပရောက် မြန်မာ သံရုံး များသို့ ရွှေ့ပြောင်း 
အလုပ်သမားများကို ကူညီစောင့်ရှောက်ကြရန် မှာကြားထားဖူး သည်။ 
ဒေါ်အောင်ဆန်းစုကြည် ကလည်း ထိုင်းရောက် မြန်မာ အလုပ် သမားများကို 
ကူညီစောင့်ရှောက်ပေးမည် ဟု ပြောဆိုခဲ့ဖူးေ သ်ာလည်း 
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏ဖိနှိပ်ခံရမှုမှာ မြူတစ်မှုန်မျှ 
လျှော့ပေါ့ သွားခြင်းမရှိသေးကြောင်း MAT အဖွဲ့ကပြောသည်။ 


မြန်မာနိုင်ငံအတွင်းမှ သြဇာရှိသည့် မြန်မာ့အရေး တက်ကြွ လှုပ်ရှား 
သူများကလည်း သန်းချီရှိသည့် ထိုင်းနိုင်ငံမှ အလုပ် သမား အရေးထက်၊ 
သိန်းကဏန်းသာရှိသော မလေးရှားနိုင်ငံေ ရာက် မြန်မာအလုပ် သမားအရေးကို 
စိတ်ဝင်စားကြသည်ဟု သိရှိ
ရသဖြင့် ငိုအားထက်ရည်အားသန်မိကြောင်း MAT အဖွဲ့ကပြော
သည်။

Credit to>>>ရွှေလုပ်သားရွှလုပ်သား
စက်တင်ဘာလ၂၆ရက်နေ့တွင်လုပ်အားခရှင်းပေးမည်ဟု လုပ်ငန်းရှင်ကပြောဆိုခဲ့သော်လည်း ရှင်းမပေးသဖြင့် ပန်းရံဆိုဒ်မှ မြန်မာအလုပ်သမားများ ၅နာရီခန့် လမ်း လျှောက်လာကြရာ မြို့ပိုင်ရုံးသို့ရောက်ရှိသွားကြပြီဖြစ်သည်။ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း ဂလုတ်မြို့ (Buketta) ဘူကစ်တာ အရပ် တွင် ရှိသော AEKSUPACHOKဆောက်လုပ်ရေးကုမ္ပဏီတွင် အလုပ် လုပ်ကြ သည့် အလုပ်သမား ၁၁၀ဦးတို့ရ ရန်ငွေမှာ ဘတ်ငွေ လေးသိန်း ကျော်ဖြစ်သည်။ ထိုငွေများအား လုပ်ငန်းရှင်က မရှင်းပေးသဖြင့် စက်တင် ဘာလ ၇ ရက်နေ့ကတည်းကပင် အလုပ်သမားများ အလုပ် မဆင်းပဲ နေခဲ့ကြသည်။

ကမ္ဘာအချမ်းသာဆုံး အဆင့် ၈၉ ရှိတဲ့ မလေးရှားသူဌေးကြီး၏သား အမွေ ၉.၆ ဘီလီယံကိုစွန့်လွှတ်၍ ရဟန်းအဖြစ်ခံယူ


Photo: ကမ္ဘာအချမ်းသာဆုံး အဆင့် ၈၉ ရှိတဲ့ မလေးရှားသူဌေးကြီး၏သား အမွေ 
၉.၆ ဘီလီယံကိုစွန့်လွှတ်၍ ရဟန်းအဖြစ်ခံယူ

အတော်ကိုလေးစားထိုက်သူတစ်ဦးပါ။ ဘာကြောင့်လဲဆိုတော့မိဘချမ်းသာ 
ကြွယ်ဝမှုအပေါ်မပျော်မွေ့လိုတော့တာကြောင့် သံသရာကိုပါနိုင်မယ့် အလုပ်
ဖြစ်တဲ့ ထေရ၀ါရ ဗုဒ္ဓဘာသာရဟန်းအဖြစ်ခံယူလိုက်သူတစ်ယောက်ပါ။

နာမည်ကတော့ Ajahn Siripanno ဖြစ်ပြီး အဖေလုပ်သူ Ananda Krishnan 
သူဌေးကြီးဆီကချမ်းသာကြွယ်ဝမှုတွေအမွေတွေကိုမယူတော့ပဲ 
ရာသက်ပန်ဘုန်းကြီးဝတ်လိုက်သူတစ်ဦးဖြစ်ပါတယ်။

Siripanno ဟာ အင်္ဂလန်နိုင်ငံမှာ ကျောင်းပြီးထားသူတစ်ဦးဖြစ်ပြီး ဘာသာ 
စကားပေါင်း ၈မျိုးကိုတတ်ကျွမ်းသူတစ်ဦးလည်းဖြစ်ပါတယ်။

ဖခင် Krishnan မှာလည်းမလေးရှားနိုင်ငံရဲ့ ဒုတိယအချမ်းသာဆုံး 
သူတစ်ယောက်ဖြစ်တဲ့ အပြင် ၂၀၁၂ ခုနှစ်မှာထုတ်ဝေခဲ့ပြီးကမ္ဘာအချမ်းသာ ဆုံး 
သူဌေးတွေရဲ့ စာရင်း ကိုဖော်ပြပေးတဲ့ Frobes မဂ္ဂဇင်းရဲ့ အချမ်းသာ ဆုံး အဆင့်
 ၈၉ ရှိတဲ့ သူဌေး တစ်ယောက်ဖြစ်ပါတယ်။

Krishnan ရဲ့ချမ်းသာမှုဟာ ဒေါ်လာ၉.၆သန်းရှိပြီး သားဖြစ်သူ Siripanno အတွက် 
အမွေလည်းဖြစ်ပါတယ်။ Siripanno ရဲ့အမေဖြစ်သူမှာထိုင်းလူမျိုး
ဖြစ်ပြီး မွေးချင်းသုံးယောက်ရှိပါတယ်။

Siripanno ဟာ မိခင်ဖြစ်သူရဲ့မွေးရပ် မှာရာသက်ပန်ရဟန်းအဖြစ်ခံယူပြီး 
ထိုင်းနိုင်ငံရဲ့တောစပ်မှာရှိတဲ့ ဘုန်း ကြီးကျောင်းတစ်ခုမှာ 
သတင်းသုံးလျက်ရှိပါတယ်။

Ref: HubPages
Shan Htet (SJ Admin Team)

Posted From Smart Pro Journal
အတော်ကိုလေးစားထိုက်သူတစ်ဦးပါ။ ဘာကြောင့်လဲဆိုတော့မိဘချမ်းသာ ကြွယ်ဝမှုအပေါ်မပျော်မွေ့လိုတော့တာကြောင့် သံသရာကိုပါနိုင်မယ့် အလုပ်
ဖြစ်တဲ့ ထေရ၀ါရ ဗုဒ္ဓဘာသာရဟန်းအဖြစ်ခံယူလိုက်သူတစ်ယောက်ပါ။

Thursday, September 26, 2013

ခေါင်းကိုက်စေတဲ့ အကြောင်းရင်းခံများ

ခေါင်းကိုက်ခြင်းဟာ တစ်ခါတစ် ရံမှာ နာတာရှည် အာရုံကြောပြဿနာတွေကြောင့် ဖြစ်ပွားရပြီး အလယ် အလတ်ကနေ ပြင်းထန်တဲ့ အခြေအနေအထိ ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းကတော့ အမျိုးသမီးတွေ မှာ ပိုးအဖြစ်များပြီး စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်ပါတယ်။

မြန်မာအမျိုးသားနဲ့  မလေးနိုင်ငံသူ ဇနီးကို ပြစ်ဒဏ်ချ


မြန်မာနိုင်ငံကို တရားမ၀င်ခေါ် ဆောင်ပေါင်းသင်းနေထိုင်နေတာနဲ့ ပက်သက်ပြီး မြန်မာအမျိုးသားနဲ့ 
မလေးနိုင်ငံသူဇနီးကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။

၂၀၁၅ DV ကံစမ်းမဲ Online လျှောက်လွှာ အောက်တိုဘာ ၁ ရက် စတင်လက်ခံ

အမေရိကန်ပြည်ထောင်စုဆီ တရားဝင် ရွှေ့ပြောင်း အခြေချနေထိုင်ခွင့်ရစေမယ့် ပြည်ဝင်ခွင့် ကံစမ်းမဲ
အစီအစဉ်အတွက် လျှောက်လွှာတွေကို စတင် လက်ခံတော့မှာဖြစ်ပါတယ်။

၁၃ ဦးသေစေခဲ့တဲ့ ဝါရှင်တန်က သေနတ်သမား

deadဝါရှင်တန်က ရေတပ်ခြံဝင်းထဲမှာ ရှိတဲ့ ရုံးတစ်ခုထဲကို ဝင်လို့ သေနတ်နဲ့ ဝင်ပစ်တဲ့ ဖြစ်ရပ် စက်
တင်ဘာလ ၁၆ ရက်နေ့က ဖြစ်ခဲ့ပါတယ်။

တင်ပြီးသား post များ

3D