
ကျွန်တော်မဖတ်ချင်တော့ပါဘူး။ ဖတ်စရာလည်းမလိုတော့ပါဘူး။ (၆-၅-၂၀၁၃)ခုနှစ် တနင်္လာနေ့မှာ မြောက်တဂုံ မကွေးပရိယတ္တိစာသင်တိုက်မှာ ဆရာတော်ဦးပါမောက္ခ၊ ဆရာတော်ဦးကေသရတို့နှင့်အတူ ကျွန်တော်အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းရွှေကြည်တို့ ဆုံတွေ့ပြီး ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တို့ ကြားက သံသယတွေဖြေရှင်းခဲ့ပြီးမှာတော့ အမိပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ကြီးပွားချမ်းသာရေး ဝိုင်းဝန်လုပ်ဖို့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ နိုင်ငံသားတွေ စည်းလုံးညီညွှတ်ရမယ်ဆိုတာကို အသိအမြင်တွေ ဖလယ်ပြီး ထေရ်ကြီးဝါကြီး ဆရာတော်တို့ရဲ့ သြဝါဒ ခံယူခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ယခု TIME-မဂ္ဂဇင်းလို ကမ္ဘာကျော်မဂ္ဂဇင်းမှာ ရေးတာတွေကို ဝေဖန်နေခြင်းဖြင့် အချိန်မကုန်ကြပါနဲ့တော့လို့ ရဟန်းရှင်လူ မိဘပြည်သူတွေကို ရိုသေစွာပန်ကြားအပ်ပါတယ်။
ကမ္ဘာအဝှမ်းမှာ "အကျင့်ပျက်"အောက်တန်းစား ခရိုနီ မီဒီယာတစ်ချို့ ရှိစမြဲဖြစ်ပါတယ်။ ၄င်းနည်းတူ တရားမျှတပြီး၊ မှန်ကန်စွာ ရေးသားနေတဲ့ မီဒီယာတွေလည်းရှိစမြဲပါ။ ဒါကြောင့် "ပွ" "ဆွ" "ခွ"နေတဲ့ အောက်တန်းစား သတင်းထက်၊ ဆင်းရဲသားတွေ ထမင်းဝ ချမ်းသာဖို့ နည်းလမ်းတွေ ရှာကြံဖော်ထုတ် ဆွေးနွေးနေတဲ့ မီဒီယာကိုသာ မိဘပြည်သူများ အားပေးဖတ်ရှုပြီး၊ အကြံမဖန် လုပ်ဇာတ်ခင်း အာချောင်ပြီး "ချောင်ပိတ်ရိုက်" ငွေရှာနေကြတဲ့ သတင်းစာဆရာ၊ အယ်ဒီတာ၊ မီဒီယာတစ်ချို့ရဲ့ နားဒုက္ခ၊ ပါးဒုက္ခ၊ မျက်စိဒုက္ခပေးနေမှုတွေကို သတိပြုပြီးစဉ်းစား ချင့်ချိန်ယုံကြည်ပါလို့ ပြောပါရစေ။ ကျွန်တော်သိတဲ့ ဦးဝီရသူဟာ ဘယ်မှာမှ အကြမ်းဖက်တာ ကျွန်တော် မကြုံတွေ့ခဲ့သေးပါဘူး။ ဒါပေမဲ့ အစ္စလာမ်ဘာသာဝင်တွေကို မြန်မာမဆန်လို့ ဝေဖန်တာကတော့ ဆရာတော်ရဲ့ တရားခွေမှ တစ်ဆင့် သိခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အထင်အမြင်လွဲမှားမှုများ သံသယဖြစ်မှုများကို ငြိမ်းချမ်းစွာ တွေ့စုံဆွေးနွေးမှုများကို ကျွန်တော် ဒိုင်းမွန်းရွှေကြည် တစ်ဦးတည်းမှ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီး ဖြစ်ပါသဖြင့်၊ ဆရာတော်ဦးဝီရသူသည် ငြိမ်းချမ်းရေးကို လိုလားသော မြန်မာ ဗုဒ္ဓဘာသာရဟန်းသံဃာတစ်ပါးဖြစ်သည်ဟု ကျွန်တော် ဒိုင်းမွန်းရွှေကြည်မှ ထင်မြင်ယူဆပါသည်။
(ဒိုင်းမွန်းရွှေကြည်မည်သော မူဆလင်ဒကာကြီးသည် "မူဆလင်တိုင်း ဆရာကြီးဦးရာဇတ်လို နေထိုင်က ဝီရသူဆိုတာလည်း ပေါ်လာမှာ မဟုတ်သလို ၇၈၆-မပြဌာန်းပါက ၉၆၉-လည်း ပေါ်လာမှာ မဟုတ်"ဟု မူဆလင်များအား အမြဲပြောပြနေသူ ဖြစ်သည့်အပြင် အမျိုးစောင့်ဥပဒေကို ထောက်ခံသည့် ရှားပါးမူဆလင်တစ်ဦးလည်း ဖြစ်ပါသည်။)
ဒိုင်းမွန်းရွှေကြည်=
၀၉-၇၃၂၃၈၁၇၆
၀၁-၉၀၀၀၇၄၇
From: wira thu


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...