သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 8, 2013

မြန်မာအများစု အထင်ကြီးသည့် အမေရိကန်ထောက်လှမ်းရေးမှ ပြည်သူများဖုန်းပြောမှုကို ကြားဖြတ်နားထောင်၊ လူ့အခွင့်အရေးချိုးဖောက်သည်ဟု ဘယ်နိုဘယ်ဆုရှင်မှ မပြော

Photo: ပြည်သူင်းထန်သော ဝေဖန်မှုများနှင့် 
ရင်ဆိုင်နေရသည်။
အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ က အမေရိကန်ပြည်သူများ၏ တယ်လီဖုန်း ဆက်သွယ်ရေး မှတ်တမ်းများကို ရယူလျက်ရှိကြောင်း ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်းသတင်းစာတွင် ဖော်ပြထားသည်။

ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြထားချက်အရ အမေရိကန်ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သော Verizon ကုမ္ပဏီ၏ ဖောက်သည် များ ဖုန်းဆက်သွယ်အသုံးပြုခဲ့သော အချက် အလက်များကို ပေးအပ်ရန် လျှို့ဝှက်တရားရုံး အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း ဆိုသည်။


အဆိုပါသတင်းနှင့် ပတ်သက်၍ အမေရိကန်အစိုးရ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီနှင့် Verizon ကုမ္ပဏီတို့က တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခြင်း မရှိပေ။

အမေရိကန် လျှို့ဝှက်ထောက်လှမ်း စစ်ဆေးရေးတရားရုံး တရားသူကြီး Roger Vinson လက်မှတ်ထိုး ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်ကြောင်း ဂါးဒီးယန်းသတင်းစာတွင် ဖော်ပြထားသော စာရွက်စာတမ်းများအရ သိရသည်။

အမေရိကန်သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် လက်ထက်တွင် ထုတ်ပြန်ခဲ့သော Patriot Act ဥပဒေအရ နိုင်ငံခြားထောက်လှမ်းရေး နှင့် နိုင်ငံတကာ အကြမ်းဖက် စုံစမ်းစစ်ဆေးရေး အတွက် စီးပွားရေး မှတ်တမ်းများကို ရယူစစ်ဆေးခွင့် ပြုထားသည်။

ယခုထုတ်ပြန်ချက်သည် ဘွတ်ရှ်အစိုးရ လက်ထက်က ထုတ်ပြန်ခဲ့သောအမိန့် သို့မဟုတ် ယခုမှ ထုတ်ပြန်လိုက်သော အမိန့် ဟုတ် မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဂါးဒီးယန်းသတင်းစာတွင် ဖော်ပြထား သော အမေရိကန်တရားရုံး အမိန့်အရ အမေရိကန်တွင် အကြီးဆုံးတယ်လီဖုန်း ကုမ္ပဏီဖြစ်သော Verizon ကုမ္ပဏီအနေနှင့် အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီသို့ ပြည်တွင်း၊ ပြည်ပဖုန်းခေါ်ဆိုခြင်းနှင့် ပတ်သက်သော အချက်အလက်များကို ပေးရမည်ဖြစ်သည်။

အိုဘားမားအစိုးရ၏ ပြည်သူ့စုံစမ်း ရေးနှင့်ပတ်သက်သော နယ်ပယ်အခြေ အနေကို ရှင်းရှင်းလင်းလင်း ဖြစ်စေရန် ဒီမိုကရက်တစ် ဆီနိတ်တာ အမတ်နှစ်ဦးက ယမန်နှစ်ကတည်းက ဖိအားပေးလျက် ရှိသည်။

အမေရိကန်အစိုးရထံမှ ပေါက်ကြားသော စာရွက်စာတမ်းများအရ Associated Press သတင်းဌာနမှ ဂျာနယ်လစ်များ၏ ဖုန်းမှတ်တမ်းများကို အမေရိကန်အစိုးရက ရယူခဲ့ကြောင်း သတင်း ထွက်ပေါ်လာခြင်းကြောင့် အိမ်ဖြူတော် အနေနှင့် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

Photo: ပြည်သူင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D