သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, June 4, 2013

တရုတ်နိုင်ငံ၏ ကျေးဇူးကြောင့် ဆင်းရဲမွဲတေမှု ၁၀ ရာခိုင်နှုန်းကျော် လျှော့ချနိုင်တော့မည်

လာမည့်၂၀၁၅ခုနှစ်တွင် ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းအား ၂၆ရာခိုင်းနှုန်းမှ ၁၆ရာခိုင်နှုန်းအထိ လျော့ချရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက် ရှစ်နာရီတွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ယင်းသို့ သမဝါယမ ဝန်ကြီးဌာနက ဆောင်ရွက်နေသော လုပ်ငန်းများသည် ကျေးရွာတစ်ရွာ၊ မြို့နယ်တစ်ခုအတွက်သာ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် အနည်းဆုံးကျပ်ငွေ ဘီလီယံ ၆၀၀မှ ၃၀၀၀အထိ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
၎င်းလိုအပ်ချက်အရ နိုင်ငံတကာမှ ချေးငွေရရှိရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက “သမ္မတကြီးရဲ့ အနီးကပ်ကြီးကြပ် ပံ့ပိုးကူညီမှုတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၁၀၀) ရရှိထားပြီ ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။
ယင်းအပြင် ဆင်းရဲမှုလျော့ကျရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှု ၊ မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှု ၊ ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ၊ သမဝါယမ လုပ်ငန်းများ၊ ကျေးလက်လူမှုစည်းပွား၊ ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးလုပ်ငန်းများ စသည့်လုပ်ငန်းစဉ် ရှစ်ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတ၏ ပြောကြားချက်အရ သိရသည်။
“တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဒီမိုကရေးစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ပုဂ္ဂလိကကဏ္ဍဟာ တိုင်းပြည်စီးပွားရေးရဲ့ ပထမ မဏ္ဍိုင်ဖြစ်ပြီး သမဝါယမကဏ္ဍဟာ ဒုတိယမဏ္ဍိုင်ဖြစ်ကာ နိုင်ငံတော်ကဏ္ဍဟာ တတိယမဏ္ဍိုင်မှာ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု သမ္မတက ပြောကြားသွားသည်။
သမ္မဝါယမ လုပ်ငန်းများသည် နိုင်ငံတကာတွင် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိရာ အမေရိကန်နိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ၄၀ရာခိုင်နှုန်းရှိကြောင်း၊ ဂျပန်နိုင်ငံတွင် သမဝါယမ အသင်းသား ၉သန်းကျော်ရှိပြီး လယ်ယာလုပ်ငန်းများအား ရာနှုန်းပြည့် လုပ်ကိုင်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံတွင် အသင်းသား လယ်သမား သန်း၆၀ကျော်ရှိကြောင်း သိရသည်။
AT
www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D