ချစ်သူ အချင်းချင်း..
စိတ်ဆိုး စိတ်ကောက်တဲ့အခါ...
ကိုယ် လွဲမှားမူမရှိခဲ့သည့်တိုင်အောင်...
ပထမဆုံး စခေါ်မိတဲ့သူက ကိုယ့်အတ္တထက် ..
ချစ်သူ ကို ပျောက်ဆုံးဖို့ မခံနိုင်တဲ့သူ....။
ချစ်သူ အချင်းချင်း..
စကားများရန်ဖြစ်ကြတဲ့အခါ...
ကိုယ် မမှားခဲ့သည့်တိုင်အောင်...
ပထမဆုံး အလျော့ပေးမိတဲ့သူက ကိုယ့်မာနထက်...
ချစ်သူ ကို အဆုံးရူံးမခံနိုင်တဲ့သူ.....။
ချစ်သူ အချင်းချင်း...
အထင်လွဲမှားမူကြုံကြိုက်လာတဲ့အခါ...
ကိုယ် အပြစ်မလုပ်ခဲ့သည့်တိုင်အောင်...
ပထမဆုံး တောင်းပန်မိတဲ့သူက ကိုယ့် ဘ၀ထက်.
ချစ်သူကို ပို တန်ဖိုးထားတဲ့သူ...။
ချစ်သူ အချင်းအချင်း...
တင်းမာတဲ့အခြေနေရှိလာတဲ့အခါ...
အရူံးပေးလိုက်တဲ့သူက ... တကယ်တော့ အနိုင်ရသွားတဲ့လူ ..
ကိုယ်အရူံးပေးလိုက်တဲ့သူထက်... ပိုပြီးတော့ ချစ်နိုင်တဲ့လူ.....။
မင်းအလင်္ကာ


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...