ဇွန်လ ၂၃ ရက် ၂၀၁၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းမြို့တော်ယူလင်းမှာ နှစ်စဉ် ပြုလုပ်ကျင်းပမြဲ ဖြစ်တဲ့ ခွေးသားစားပွဲ ကို ထုံးစံအတိုင်း ပြုလုပ်မှာ ဖြစ်တဲ့အတွက် တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်မှု များ ပြုလုပ်နေတယ်လို့ Sky News သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းမြို့တော်ယူလင်းမှာ နှစ်စဉ် ပြုလုပ်ကျင်းပမြဲ ဖြစ်တဲ့ ခွေးသားစားပွဲ ကို ထုံးစံအတိုင်း ပြုလုပ်မှာ ဖြစ်တဲ့အတွက် တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်မှု များ ပြုလုပ်နေတယ်လို့ Sky News သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ထောင်ပေါင်းများစွာသော ညစာ ဟင်းပွဲတွေအတွက် အရေဆုတ်ပြီး ဟင်းချက်ဖို့ ခွေးတွေကို လှောင် အိမ်များမှာ လှောင်ထားပုံတွေကိုလည်း ယူလင်းမြို့က လာတဲ့ သတင်းဓာတ်ပုံတွေမှာ တွေ့ရပါ တယ်။
ယမန်နှစ်ကတည်းက ထွက်လာတဲ့ ဒီဓာတ်ပုံတွေဟာ တရုတ်လူမှုကွန်ရက် မီဒီယာတွေမှာလည်း ပျံ့နှံ့နေပြီး ဝေဖန်မှုတွေ ဆူညံသွားပေမယ့် ဒီနှစ်မှာလည်း ဒီပွဲတော်ကို ထပ်ပြီး ပြုလုပ်ဖို့ခွေးတွေစပြီး ဝယ်လှောင်နေကြပါပြီ။
"ချက်မစားခင် ခွေးတွေကို ရိုက်နှက်နေတာ ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ကျွန်မတို့ စုံစမ်းလေလေ ရက်ရက်စက်စက် လုပ်တာကို တွေ့ရလေလေပါပဲ" ဟု တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဌာနမှ တည်ထောင်သူ ဒူယီဖန်းက ပြောဆိုပါတယ်။
ဇွန်လအစောပိုင်းကတည်းကတက်ကြွသူတွေကဆန္ဒပြပွဲတွေလုပ်ကြပြီး ခွေးသားစားပွဲကို ဒေသအာဏာပိုင် တွေက ကြိုပြီးတားပေးဖို့လုပ်ခဲ့ကြပေမယ့်မအောင်မြင်ခဲ့တဲ့အတွက် ခွေးသားစားပွဲကတော့ ပြုလုပ်နေပါပြီ။
"ဒီနှစ်မှာတော့ အစိုးရကလည်း အင်တာနက်က သတင်းတွေ တွေ့ပြီး ပွဲတော်ကို စုံစမ်းစောင့် ကြည့်ဖို့ ပြင် ဆင်ကြတယ်လို့ ပြောပါတယ်။ ဒီစုံစမ်းတဲ့ အဖွဲ့ကြောင့် ရက်ရက်စက်စက် လုပ်တာတွေတော့ လျော့သွား မယ် ထင်ပါတယ်" လို့ ဒူယီဖန်းက ဆက်ပြောပါတယ်။
ခွေးသားကို တရုတ်နိုင်ငံရဲ့ နေရာအချို့က စားသောက်ဆိုင် မီနူးတွေမှာ တွေ့နိုင်ပြီး ခွေးသားစားတဲ့ ဓလေ့ကတော့ တရုတ်နိုင်ငံလုံးချီပြီး မကျယ်ပြန့်ပါဘူး။
The Voice Weekly


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...