
၁၄.၆.၂၀၁၃ ရက်နေ့ ၀၄၂၀ အချိန် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း တာဝန် ဆောင် ရွက်နေ စဉ် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ တန်းမြင့်ကျောင်းလမ်းတွင်
မသင်္ကာတွေ့ ရှိ သူ (၃)ဦးအား ခေါ်ယူစစ်ဆေးခဲ့ရာ ဇော်ဇော်အောင် (ခ)ကိုဇော်၊ (ဘ)ဦးမြင့်ဦး၊ အင်းစိန်မြို့နယ်၊ မောင်ဦး၊ (ဘ)ဦးလှရွှေ၊ တိုက်ကြီးမြို့နယ်နေသူနှင့် ဗညားဟိန်း (ခ)ဗညားသူ၊ (ဘ) ဦးဝင်းတင်၊ အင်းစိန်မြို့နယ် နေသူတို့ (၃)ဦးဖြစ်ပြီး ၎င်းတို့သည် ၀၂၀၀ အချိန်ခန့်က အင်းစိန်မြို့နယ်၊အထက(၁) ကျောင်းတွင်းသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများအား ဖြတ်တောက် ခိုးယူခဲ့ပြီး မင်းကြီးလမ်းဘေး ဈေးဆိုင်အနီးတွင် ၀ှက်သိမ်းထားကာ ထွက်လာစဉ် ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် သက်သေခံ လျှပ်စစ်မီးကြိုးများအား သိမ်းဆည်းပြီး အင်းစိန် မြို့မ ရဲစခန်း (ပ)၆၄၁/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် အရေးယူထားရှိကာ အလားတူပြစ်မှုများနှင့် ဆက်လက်တိုက်ဆိုင် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...