သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, June 21, 2013

Time မဂ္ဂဇင်းနဲ့ ဦးဝီရသူ

ဇူလိုင် ၁ ရက်စွဲတပ် Time မဂ္ဂဇင်းမှာ ဦးဝီရသူကို မျက်နှာဖုံး တင်ထားပါတယ်။ The Face of Buddhist Terror လို့ မျက်နှာဖုံးဆောင်းပါးကို အမည်တပ်ပါတယ်။


ဗုဒ္ဓဘာသာအကြမ်းဖက်ဝါဒီ လို့ ဘာသာပြန်လို့လည်း ရမယ် ထင်ပါတယ်။

Facebook သုံးသူတဦးဖြစ်တဲ့ ကိုငြိမ်းချမ်းအေးကတော့ "ဗုဒ္ဓဘာသာရဲ့ အကြမ်းဖက်မှု မျက်နှာစာ တခု" လို့ ဘာသာပြန်ရင် နီးစပ်မယ်လို့ သူ့စာမျက်နှာမှာ ရေးထားပါတယ်။
 
(ဆောင်းပါးကို အွန်လိုင်းမှာ နိဒါန်းပိုင်းပဲ တင်ထားတာပါ။ သူတို့အွန်လိုင်းမှာ အပြည့်အစုံ ဖတ်မယ် ဆိုရင်
တော့ Time ကို ငွေပေးပြီး ပုံမှန်ဖတ်သူ ဖြစ်ရပါမယ်။) ဆောင်းပါး မဖတ်ရသေးပေမယ့်လည်း ဒီလို ခေါင်း
စည်းတပ်ထားတာကို သဘောမကျသူ အများအပြား ရှိနေပါတယ်။

Time ရဲ့ အွန်လိုင်းကပုံကို အင်တာနက်မှာ အထူးသဖြင့် Facebook မှာ တွေ့ပြီး ကန့်ကွက်ကြ၊ ထောက်
ခံကြ၊ ဝေဖန် သုံးသပ်ကြတာ တွေ့ရမှာပါ။

ဦးဝီရသူရဲ့ အယူအဆကို မကြိုက်ရင် မကြိုက်တဲ့အကြောင်း ပြောခဲ့တယ်၊ သို့သော်လည်း ဒီလို The Face of Buddhist Terror လို့ သုံးနှုန်းတာကိုတော့ ကန့်ကွက်တယ်လို့ တယောက်က ဆိုပါတယ်။

Time မဂ္ဂဇင်းကို ဆန့်ကျင်ကြောင်း ပြောဆိုသူလည်း အများအပြားပါပဲ။

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ မအင်ကြင်းကတော့ Time မဂ္ဂဇင်းဟာ စာနယ်ဇင်းအလုပ်
ကိုသာ လုပ်ကိုင်နေခြင်းဖြစ်တယ်လို့ သူ့ Facebook မှာ ရေးလိုက်ပါတယ်။

"အစ္စလမ်ဘာသာအစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်သတ်
ဖြတ်မှုတွေကို ဝေဖန်ရေးသားတဲ့ ဆောင်းပါးတွေဟာ တိုင်းမ် မဂ္ဂဇင်းမှာ မရေတွက်နိုင်အောင်များပြား
လှပါတယ်" လို့ မအင်ကြင်းက ရေးပါတယ်။

ရန်ကုန်မှာ ထုတ်ဝေတဲ့ The Ladies ဂျာနယ်၊ The Messenger သတင်းစာ စတဲ့ စာနယ်ဇင်းများမှာလည်း Time မဂ္ဂဇင်း ဖော်ပြချက်ကို သတင်းလုပ်ထားကြတာ ဒီနေ့ တွေ့ရပါတယ်။
 

Time မဂ္ဂဇင်း၏ ဖော်ပြချက်သည် ခြသေ့င်္ကို မြေခွေးလုပ်ခြင်းဟု ဆရာတော်ဦးဝီရသူ မိန့်ကြား ဆိုတဲ့ ခေါင်း
စဉ်နဲ့ The Messenger သတင်းစာ သတင်းတပုဒ်မှာ ခေါင်းစဉ်တပ်ထားပါတယ်။

မြန်မာပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများနဲ့ ပတ်သက်ပြီး မတ်လ ၂၉ ရက်နေ့မှာ ဧရာဝတီက ဆရာတော် ဦးဝီရသူကို ဆက်သွယ်မေးမြန်းထားပါတယ်။ http://burma.irrawaddy.org/archives/36663 မှာ ဖတ်ရှုနိုင်ပါတယ်။

ဦးဝီရသူပုံကို အာရှနဲ့ ပစိဖိတ်တောင်ပိုင်းဒေသတို့ကို ဖြန့်မယ့် Time မှာ မျက်နှာဖုံး တင်ထားပါတယ်။
ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက တို့ကို ဖြန့်မယ့် Time မှာလည်း တင်ပါတယ်။ အမေရိကန်မှာ ဖြန့်မယ် မဂ္ဂဇင်းမှာတော့ တခြားအကြောင်းအရာကို မျက်နှာဖုံးတင်ထားတာပါ။

ကမ္ဘာအရပ်ရပ်ပျံ့တဲ့ အပတ်စဉ်ထုတ် Time မဂ္ဂဇင်းက တနင်္လာရက်စွဲတပ်ပြီး ကြိုတင်ဖြန့်ချိတာ တွေ့ရ
ပါတယ်။

from The Irrawaddy's Blog by zarny win

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D