သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 16, 2013

၁၀ တန်းကျောင်းသူ အား လူကုန်ကူးရန် ကြိုးပမ်းသူ ဘော်ဒါဆောင်မှ ဆရာ /ဆရာမ အား ဖမ်းဆီးမိ

ရွှေကူမြို့၊ အမှတ်(၄) ရေပြန်ကြီး ရပ်ကွက်တွင် ဖွင့်လှစ် ထားရှိသည့် ပန်းပျိုးလက် ပုဂ္ဂလိက ဘော်ဒါ ဆောင်မှ နည်းပြ ဆရာမ ဒေါ်ခိုင်ဇာနှင်း (အဖ ဦးမောင်ချို)၊ ဘော်ဒါဆောင် ပိုင်ရှင် ဦးအောင်ဇော်မိုး နှင့် နည်းပြ ဦးအောင်ဇော်ထက်တို့သည် ၄င်းတို့ ဘော်ဒါ ဆောင်တွင် ညအိပ် စာသင်နေသည့် ရွှေကူမြို့ ရေပြန်ကြီး ရပ်ကွက်နေ မယဉ်ကလျာဖြိုး(ခ) မရေနဒီဖြိုး (အဖ ဦးကျော်ဝင်း) (၁၀ တန်း သူ) အား ဇူလိုင်လ ၆ ရက်နေ့ တွင် မိဘ အုပ်ထိန်း သူအား အသိ မပေးဘဲ ရွှေကူမြို့မှ မန္တလေး မြို့သို့ စည်းရုံး ခေါ် ဆောင်သွားပြီး မန္တလေးမှတဆင့် ဇူလိုင်လ ၈ ရက်နေ့ တွင် တောင် ကြီး မြို့ သိင်္ဂီ တည်းခိုခန်းသို့ ရောက်ရှိ တည်းခို ခဲ့ကြောင်း ကြားသိရ ပါတယ်။

ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀း၃၀ နာရီတွင် တာချီလိတ် မြို့ဘက်သို့ ဘင်ကား တစ်စီးဖြင့် စင်းလုံးငှား ထွက်ခွာ သွားကြောင်း စုံစမ်းသိရှိရသဖြင့် ရွှေကူမြို့ မြို့မိ မြို့ဖများ၏ အကူ အညီဖြင့် တောင်ကြီး မြို့ရှိ မိတ်ဆွေများ ထံအကူ အညီ တောင်းခံ၍ တောင်ကြီးမြို့ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရုံးသို့ သတင်း ပို့ပြီး ဆက်လက် ဆောင်ရွက် ခဲ့ရာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် တောင်ကြီး- တာချီလိတ် ကားလမ်း ပေါ်တွင် တာလေ ရဲကင်း စခန်းမှ တားဆီး ဆောင် ရွက် နိုင်ခဲ့ ကြောင်း၊

ယင်းဖြစ်စဉ်တွင် ဦးအောင်ဇော်မိုး၊ ဦးအောင်ဇော်ထက် နှင့် ဆရာမ ဒေါ်ခိုင်ဇာနှင်း တို့သည် မယဉ်ကလျာဖြိုးအား လူကုန်ကူးမှု ဆောင်ရွက်ရန် ကြိုးပမ်း အားထုတ်ခဲ့သဖြင့် ဖမ်းဆီးအရေးယူ ထားပါ တယ်။
ဦးအောင်ဇော်ဦး နှင့် ဦးအောင်ဇော်ထက် တို့သည် ရွှေကူမြို့နယ် ပညာရေးမှူး ရုံးမှ လွန်ခဲ့သော (၁၀)ရက် ခန့်တွင် ပျောက်ဆုံး ခဲ့သည့် ငွေကျပ် (၂၁)သိန်း အား ဖေါက်ထွင်း ခိုးယူသူ များဟု သံသယဖြင့် ရွှေကူ မြို့နယ်ရဲ စခန်းတွင် အမှုဖွင့် ခံထားရ သူများ ဖြစ်ကြောင်း ကြားသိရပါတယ်။

From:မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D