သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 16, 2013

ကိုမြအေး၊ ဝေနှင်းပွင့်သုန်နဲ့ BCUK တို့၏ အသားထဲက လောက်ထွက်မှုများ

Burma Campaign UK ဆိုတဲ့ ဘားမားဆိုတဲ့ နာမည်ကို ခုတုံးလုပ်ပြီး မြန်မာပြည် ပျက်စီးရာပျက်စီးကြောင်းတွေကိုပဲ လုပ်နေတဲ့ နိုင်ငံရေးလုပ်စားအဖွဲ့ရဲ့ page ကို ၀င်ကြည့်ပြီး အတော်အကုသိုလ်များသွားတယ်။ မြန်မာပြည်ကို ပျက်စီးရာပျက်စီးကြောင်း မြန်မာပြည်သိက္ခာကျရာ ကျကြောင်းလုပ်နေတဲ့ အဖွဲ့အနေနဲ့ Burma လို့နာမည်ခံထားတာ အင်မတန်စိတ်ပျက်စရာ ကောင်းတယ်။

Burma Campaign UK နာမည်ခံထားပြီး တကယ်လုပ်နေတာက မြန်မာလူမျိုးတွေ အကျိုးရှိရာရှိကြောင်းမဟုတ်ဘဲ ဘင်္ဂါလီတွေအတွက် လုပ်နေတာဖြစ်လို့ Bingali Campaign UK လို့်တောင် နာမည်ပြောင်းသင့်နေပြီ။ အဲဒီမှာ ဘင်္ဂါလီ အရေးကို အဓိကဦးဆောင်လုပ်နေတာက ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမြအေး သမီး ဝေနှင်းပွင့်သုန်။

ကိုမြအေးအနေနဲ့ ရိုဟင်ဂျာကို လက်မခံပါဘူးပြောပြီး သမီးဖြစ်သူက ဘင်္ဂါလီအရေးလုပ်နေတာ ဘာသဘောလဲ? အိမ်ထောင်ပြုတာတောင် မိဘကပေးစားရင် သေခါနီးအဖိုးကြီးကိုတောင် ယူရတဲ့ မွတ်ဆလင်မိသား စုမှာ အဖေ့စကားနားမထောင်ဘဲ သမီးဖြစ်သူ ဆုံးဖြတ်ချက်နဲ့ လွတ်လွတ် လပ်လပ် ပြောဆို လုပ်ကိုင်နေပါတယ်လို့ ဆင်ခြေပေးမယ်ဆိုရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ အဖေဖြစ်သူက မြန်မာ့နိုင်ငံရေးစင်မြင့်မှာရထားတဲ့နေရာကနေ ဖယ်မပေးရအောင် နိုင်ငံရေးပရိယာယ် သုံးပြီး ဘင်္ဂါလီကို လက်မခံပါဘူးလို့ ညာပြောပြီး ၈၈စင်မြင့်မှာ ထိုင်ခုံတစ်နေရာဦးထားချိန်မှာ သမီးဖြစ်သူက မြန်မာ့အရေးမျက်နှာဖုံးစွပ်ပြီး နိုင်ငံတကာအဆင့် ဘင်္ဂါလီအရေးလုပ်နေတယ်။ ဒါဟာ သားအဖနှစ်ယောက် အတိုင်အဖောက်ညီညီနဲ့ ပြည်တွင်းပြည်ပ လှုပ်ရှားနေတယ်လို့ပဲ ယူဆတယ်။

၁။ဝေနှင်းပွင့်သုန်ရဲ့ လုပ်ရပ်တွေဟာ မြန်မာလူထုအားလုံးလက်မခံတဲ့ ဘင်္ဂါလီတွေဘက်က အားပေးရာကျ လို့ သားသမီးမကောင်းမိဘခေါင်း ဆိုတဲ့အတိုင်း အဖေဖြစ်သူ ကိုမြအေးအနေနဲ့ တကယ့်ကို စိတ်ရင်းနဲ့ ဘင်္ဂါလီကို လက်မခံရိုးမှန်ရင် တားဆီးဖို့ တာဝန်ရှိတယ်။ တိုးတိုးတိတ်တိတ် တားဆီးလို့ မရရင် ဝေနှင်းပွင့်သုန်ရဲ့ ဘင်္ဂါလီနဲ့ပတ်သတ်ပြီး လှုပ်ရှားမှုတွေကို ကိုမြအေးက လက်မခံပါဘူးလို့ လူသိရှင်ကြားကြေညာရမယ်။

၂။ ၈၈မျိုးဆက်အဖွဲ့ဟာ အမျိုးသားရေးအပေါ်သစ္စာရှိတယ်လို့ ဦးကိုကိုကြီးကိုယ်တိုင်ပြောထားလို့ ၈၈မျိုးဆက် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးရဲ့ သမီးက ဘင်္ဂါလီအားပေးလုပ်ရပ်တွေ လုပ်နေတာ ကို အဖေဖြစ်သူ ကိုမြအေးကို တားဆီးခိုင်းရမယ်။ မတားဆီးနိုင်ရင် ကိုမြအေးကို အဖွဲ့က ထုတ်ပစ်သင့်တယ်။ မထုတ်ပစ်ရင် ၈၈မျိုးဆက်အဖွဲ့ အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာ လိမ့်မယ်။

၈၈မျိုးဆက်အဖွဲ့ဟာ တိုင်းပြည်အတွက် တကယ်အနစ်နာခံခဲ့တယ်ဆိုတာ မြန်မာပြည်ကို တကယ်ချစ်တယ် ဆိုတာ လက်ခံပေမဲ့ ဘင်္ဂါလီအရေးဟာ မြန်မာလူထုတစ်ရပ် လုံး ပြင်းပြင်းထန်ထန်ဆန့် ကျင်နေတဲ့ကိစ္စ ဖြစ် လို့ ကိုမြအေးကို အားနာပြီး ဒီကိစ္စကို လျစ်လျှူပြုခဲ့မယ်ဆိုပါက ပြည်သူလူထုရဲ့ ဒဏ်ခတ်မှုကို ခံရလိမ့်မယ်။ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ ၈၈မျိုးဆက်အဖွဲ့ကို ဘင်္ဂါလီငါးခုံးမကြောင့် တစ်လှေလုံးပုတ်မှာကို စိတ်ပူမိပါတယ်။ ၈၈မျိုးဆက်အဖွဲ့ကို ပြည်သူလူထုနဲ့ တစ်သားတည်းရှိစေချင်တယ်။

အမျိုးသားရေးစိတ်ဓာတ်နိုးကြားနေတဲ့ မြန်မာ လူထုဟာ ဘင်္ဂါလီနဲ့ပတ်သတ်တဲ့လူတွေဆိုရင် ၈၈မျိုးဆက်မ ကလို ၉၉မျိုးဆက်ဆိုရင်တောင် သည်းခံမှာမဟုတ်ဘူးဆိုတာကို စေတနာနဲ့ သတိပေးလိုပါတယ်။

Burma Campaign UK အဖွဲ့က ဝေနှင်းပွင့်သုန်၊ဇိုရာဖန်းတို့ ဦးဆောင်ပြီး သမ္မတဦးသိန်းစိန် ယူကေလာခိုက်မှာ မြန်မာပြည်ကို ရ၀မ်ဒါလို မဖြစ်ပါစေနဲ့ဆိုပြီး မြန်မာပြည်မှာ ရ၀မ်ဒါလို ဘင်္ဂါလီတွေ မွတ်ဆလင်တွေကို လူမျိုးဖြုတ်သတ်ဖြတ်မှုတွေ လုပ်နေသလို ထင်ယောင်ထင်မှားဖြစ်အောင် လိမ်ညာဝါဒဖြန့်ပြီး ဆန္ဒပြပြီး မြန်မာပြည်သိက္ခာကျအောင် လုပ်ခဲ့တယ်။

ဒီလို လုပ်လို့ သမ္မတဦးသိန်းစိန်တစ်ယောက်တည်း သိက္ခာကျသလား? မြန်မာ နိုင်ငံသားအားလုံး သိက္ခာကျသလား စဉ်းစားကြည့်ပါ။ ကြံ့ခိုင်ရေးပါတီက ဖြစ်ဖြစ် ခွပ်ဒေါင်းပါတီကဖြစ်ဖြစ် နို်င်ငံတော်သမ္မတ က နိုင်ငံခြားခရီး သွားတာ နိုင်ငံကို ကိုယ်စားပြုပြီးသွားရာမှာ ခုလို မမှန်မကန်ဝါဒဖြန့်မှုတွေ နဲ့ ဒေါ်လာရဖို့ အတွက်နဲ့ နိုင်ငံ တကာမှာ မြန်မာနိုင်ငံသိက္ခာကျ မျက်နှာပျက်ရမဲ့ကိစ္စတွေကို လုပ်စားနေကြတာတွေကို ဘကတအဖွဲ့က ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။

အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်ပေါ်မှာ ဆွေးနွေးနေချိန်မှာ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်ပြောဆို ရေးသားနေချိန်မှာ ခုလိုပြည်ပမှာ မြန်မာနိုင်ငံခေါင်းစဉ်တပ်ပြီး ပိုက်ဆံယူပြီး လုပ်စားနေတဲ့အဖွဲ့တွေလည်း မရှိသင့်တော့ပါဘူး။ သူတို့လုပ်နေတာတွေကရော မြန်မာပြည်က သာမန်ပြည်သူတွေအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ကောင်းကျိုးဘာများရှိပါသလဲ? မြန်မာအရေးခေါင်းစဉ်တပ်ပြီး အဖြူတွေက လုပ်စားသွားတာနဲ့ ဝေနှင်းပွင့်သုန်လို ဇိုရာဖန်းလိုလူတွေက အရိုးကိုက်ရတာပဲရှိတယ်။ နိုင်ငံရေးစိတ်ဓာတ်တကယ်ရှိတဲ့လူတွေဆိုရင် ကိုယ်စီးပွားဖြစ်ဖို့အတွက် ကိုယ့်တိုင်းပြည်နဲ့လူမျိုးကို ခုတုံးမလုပ်ပါနဲ့လို့ပြောချင်တယ်။

ကိုမြအေးကိုရော ဝေနှင်းပွင့်သုန်ကိုရော ပြောချင်တာက ခုလို မြန်မာနိုင်ငံကို သစ္စာမရှိဘဲ ဘင်္ဂါလီတွေဘက် က ရပ်တည်လှုပ်ရှားနေလို့ ပြည်တွင်းမွတ်ဆလင်တွေအတွက် ဘာများကောင်းကျိုးရှိ မှာလဲ? ပြည် တွင်း မွတ်ဆလင်တွေနဲ့ ဗုဒ္ဓ ဘာသာတွေ အဆင်ပြေသွားမှာလား ပိုပြီး အမုန်းပွားသွားမှာ လား သေချာ စဉ်းစားသင့်တယ်။ ဘင်္ဂါလားက ကျူးကျော်လာတဲ့ ဘင်္ဂါလီတွေကောင်း ကျိုးအတွက် ပြည်တွင်းနေ မွတ်ဆလင်တွေရဲ့ အကျိုးကို စတေးပစ်မယ်ဆိုရင်လည်း ဒါဟာ သင်တို့ရဲ့ ရွေးချယ်မှုပါပဲ။

၈၈မျိုးဆက်အဖွဲ့အနေနဲ့လည်း ကိုယ့်ရဲဘော်ရဲဘက်တစ်ယောက်ဖြစ်တဲ့ ကိုမြအေးကို ပြောသင့်တာ မပြောဘဲ ပျော့ညံ့နေမယ်ဆိုရင် အဖွဲ့ရဲ့ အလားအလာမကောင်းပါဘူး။ အဖွဲ့ရဲ့ အနာဂတ်ကို အဖွဲ့ဝင်တစ်ယောက်နဲ့ ခင်မင်မှုအတွက်နဲ့ စတေးမပစ်ပါနဲ့။ ထပ်ပြောမယ်။ ပြည်သူတွေဟာ ဘင်္ဂါလီအရေးနဲ့ပတ်သတ်ရင် ၈၈ မကလို ၉၉မျိုးဆက်ဆိုရင်လည်းသည်းမခံပါဘူး။

----------------------------------------

နိုင်ငံရေးလုပ်စားတွေရဲ့ သဘောထား

အခုလို ဆိုက်ရောက်လာတဲ့ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ ဗြိတိန်ခရီးစဉ်အတွင်း ၀န်ကြီးချုပ် ဒေးဗစ် ကမရွန်း (David Cameron) အစိုးရက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ Burma Campaign UK ရဲ့ပြောခွင့်ရ (Mark Farmaner) က ဗွီအိုအေကိုပြောပါတယ်။

“ဗြိတိသျှအစိုးရက သမ္မတ ဦးသိန်းစိန်ကို ကောဇောနီ ခင်းပြီး ကြိုဆိုတဲ့အတွက် Burma Campaign UK အနေနဲ့ သိပ်ကို စိတ်ပျက်မိပါတယ်။ သမ္မတ ဦးသိန်းစိန်အနေနဲ့  နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိတ် (William Hague) ဆီကို လာပြီး တွေ့ဆုံမယ့်အစား The Hague မှာရှိတဲ့ နိုင်ငံတကာ စစ်ခုံရုံးကိုပဲ လည်ပတ်သင့်ပါတယ်။

မြန်မာပြည်ကို ခုတုံးလုပ်ပြီး နိုင်ငံရေးလုပ်စားသူတွေရဲ့ လှုပ်ရှားမှုတွေကို အောက်ပါလင့်ကနေ ၀င်ကြည့်နိုင်ပါတယ်။

https://www.facebook.com/burmacampaign
============================

From: ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D