မန္တလေးပြည်သူ့ဆေးရုံ ကြီးမှာဆေးကုသမှုခံယူနေတဲ့ ဆိုတေးကိုခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းစကားများ ဆိုကြ သလို၊ ကိုယ်တိုင်သွားရောက်သတင်းမေးမြန်းကြသူတွေလဲရှိကြပါတယ်။ ဒီလိုကိုယ်တိုင်သွားရောက်သတင်းမေးမြန်းသူတစ်ဦးဖြစ်တဲ့သရုပ်ဆောင်နန္ဒက ဆိုတေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး... “ကျွန်တော်မနေ့ကနေ့လည်၁နာရီခွဲလောက်က ဆိုတေးကို သတင်း သွားမေးဖြစ် ပါတယ်။ သူက ဦးခေါင်းကိုထိသွားတယ်။ ဦးခေါင်းချုပ်တာ အားလုံး ၄၁ချက်ချုပ်ရတယ်။အဲ့ဒီရဲ့မေ့ဆေးအရှိန်နဲ့ နောက်ထပ်၁ရက် ၂ရက်လောက်တော့ သတိရဖို့ ကြာဦးမယ်။ သူ့မှာ အသိလေးတော့ ရှိပါတယ်။ သူ့ကိုအနီးကပ်ကြည့်ခဲ့တယ် ။အောက်ဆီဂျင်ပေးထား တာတွေရှိ တယ်။ ဝမ်းသာစရာကောင်းတဲ့ တိုးတက်မှုကတော့ လူတစ်ယောက်မှာ ဦးနှောက် အသိဥာဏ် က ၁၅ ရှိတယ်။ အခုသူက ဆေးရုံစရောက်လာ တဲ့အချိန်မှာ ၃.၅ပဲရှိတယ်။ မနေ့က ကျွန်တော်ရောက်တုန်းက ၄ ရှိတယ်။ ဒီနေ့မနက်မှာ ၅ ရှိလာပြီ။ ၇ ရောက်လာပြီဆိုရင်တော့ သူသတိရလာလိမ့်မယ် လို့ ပြောတယ်” လို့ ပြောပါတယ်။ ဆိုတေးနဲ့အတူ ကားအက်ဆီးဒင့်ဖြစ်စဉ်က ကွယ်လွန်သွားတဲ့ ဆို တေးရေးရဲ့ဇနီး ဝင့်ကုဋေသူ(ခ)မချောချောဈာပနကို ယနေ့ ဇူလိုင်လ ၁၆ရက် နေ့ လည်တစ်နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရပါတယ်။
ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)မချောချာက ဆိုတေးရဲ့ ဇနီး လား၊ ချစ်သူလားဆိုပြီး ဝိဝါဒကွဲပြားတာတွေ ရှိနေပေမဲ့ဆိုတေးရဲ့ အစ်ကိုဖြစ်သူ ကိုဇာနည်ရဲ့ ပြောပြချက်နဲ့အတူ ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ကြောင်းကို သရုပ်ဆောင် နန္ဒက“အပြင်က သတင်းတွေက ဒီကောင်မလေးက ဆိုတေးနဲ့ တရားဝင် မယူရသေးဘူးလို့ ကြားတာတွေနဲ့ ပြောကြတဲ့ အပေါ်မှာ ကောင်မလေးရဲ့ မိဘတွေက ပြန်ကြားတော့ သူတို့သမီးလေးရဲ့ ဆုံးသွားတဲ့အတိုင်းအတာမှာ သူ့နောက်ဆုံးခရီးတောင် ဖြောင့်ဖြောင့်သွားစေချင်တယ်။ ဆိုတေးတို့ဘက်က လည်း ဆိုတေးတို့ အသိုင်းအဝိုင်း ဆိုတေးတို့ အစ်ကိုတွေ၊မိဘတွေက ဒီကိစ္စ ကို ပြောတာမဟုတ်ဘူး။ ဆိုတေးအစ်ကို ဇာနည်ကိုယ်တိုင်က ကျွန်တော့်ကို ပြောပြီး အကူအညီတောင်းတယ်။
သူလည်း ဆေးရုံထဲမှာရောက်နေတဲ့ အတွက် ဒါလေးတော့ အားလုံးသိအောင် ကြေညာပေးပါ။ သူကိုယ်တိုင်ပြော တာပါ။ အခု သေဆုံးသွား တဲ့ကောင်မလေးက ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ပါတယ်ဆိုတာကို အားလုံး သိအောင် ပြောပေးစေချင်တာပါ”လို့ ပြောပါ တယ်။ ဆိုတေးနဲ့ ဝင့်ကုဋေသူ (ခ)ချောချောတို့က ၂ဝ၁၂ခုနှစ်၊ အောက်တို ဘာ ၁၆ရက်နေ့၊ ညနေ၄နာရီတွင် သထုံမြို့ အမှတ်(၁)၊ သီဟဓန လျှပ်စစ် ပစ္စည်းဆိုင်နေအိမ်မှာ ဘားအံမြို့က တရား သူကြီးရှေ့မှောက်တွင် နှစ်ဖက် မိဘအစုံနဲ့ တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
From: (photo credit -So Tay)


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...




No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...