သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 16, 2013

၁၆-၇-၂၀၁၃-ဆိုင်ကယ်ထိုင်ခုံအောက် ငွေထည့်တတ်သူများ သတိရှိရန်လို တရုပ်ဆိုင်ကယ်(ခုံရှည်)ပိုင်ရှင်များ အထူးသိစေအပ်ပါသည်

မြန်မာပြည်တစ်ဝှမ်း အသုံြး့ပုစီးနင်းလျှက်ရှိသော တရုပ်ဆိုင်ကယ် ခုံရှည်အမျိုးအစား၏ ၀မ်းဗိုက်(toolbox) အတွင်းငွေစက္ကူ နှင့် အဖိုးတန်ပစ္စည်းများ ထည့်သိမ်းသော့ခတ်ခြင်းမှာ လုံခြုံစိတ်ချရမှု မရှိကြောင်း သိရသည်။


(၁၂ . ၇ . ၂၀၁၃)နေ့က ကျွန်တော့်မိတ်ဆွေတစ်ဦး ဆန်ဖိုးရောင်းရငွေ (၄)သိန်းကျော် အားဆိုင်ကယ် ၀မ်းဗိုက်(toolbox)အတွင်း ထည့်၍အအေးဆိုင် ၀င်ထိုင်စဉ် ဆိုင်မှပြန်အထွက်

၎င်း ဆိုင်ကယ် ၀မ်းဗိုက်(toolbox)အတွင်း သိမ်းဆည်းသော့ခတ်ထားသော ငွေများမရှိတော့ပဲ ခိုးယူခြင်းခံလိုက်ရသည်။

အခြားမိတ်ဆွေတစ်ဦးပြောပြချက်အရ ၄င်း၏ဦးလေးလည်း ယင်းကဲ့သို့ ဆိုင်ကယ် ၀မ်းဗိုက်(toolbox)အတွင်းမှ ငွေ(၁၇)သိန်းကျော် အခိုးခံရဖူးကြောင်း နှင့် ယမန်နှစ်ကလည်း ပွဲစားတစ်ဦးယင်းကဲ့သို့ ငွေ (၅)သိန်းခန့် ပါဖူးကြောင်းပြောပြသည်။

ဖြစ်စဉ်မှာ ၄င်းဆိုင်ကယ်ထိုင်ခုံများသည် ငွေထည့်သော့ခတ်၍ထားသော်လည်း ထိုင်ခုံမှာ ကော်အပျော့စားဖြစ်၍ သော့တုဖြင့်ဖွင့်ရန်မလိုပဲ ပုံတွင်ပြထားသည့်အတိုင်း ထိုင်ခုံအားအသာမ၍ နှိုက် ယူနိုင် သောကြောင့်ဖြစ်သည်။

ယင်းဖြစ်စဉ်များသည် လူစည်ကားသောဆိုင်များနှင့် များသောအားဖြစ် စည်ဘီယာလို ဆိုင်များတွင့် အဖြစ်များလေ့ရှိသည်။

သို့ပါ၍ တရုပ်ဆိုင်ကယ်(ခုံရှည်)ပိုင်ရှင် မိတ်ဆွေများလည်း သတိပြူဆင်ခြင်နိုင်ရန်နှင့် မလိုလားအပ်သော ဆုံးရှုံးမှုများ မကြုံတွေ့စေရန်အလို့ငှာ သတင်းပေးတင်ပြအပ်ပါသည်။

( R 2 )

Thit Htoo Lwin blog

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D