သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 16, 2013

၁၆-၇-၂၀၁၃ "မလေးရှားရောက်မြန်မာနိုင်ငံသားတွေပြန်ခေါ်ဖို့ ဒေါ်လာနှစ်သိန်းလိုအပ်နေ"

မလေးရှားနိုင်ငံ အကျဉ်းထောင်တွေထဲမှာ လူဝင်မှုကြီးကြပ်ရေး အမှုတွေနဲ့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား လေးထောင်ကျော်ကို သီတဂူ ဆရာတော် အရှင်ဥာဏိဿရ ရဲ့ အစီအစဉ်နဲ့ ဇူလိုင်လ ၁၆ ရက် ဒီကနေ့ကစပြီး မြန်မာပြည်ကို ပြန်လည်ခေါ်ယူနေပြီဖြစ်ပါတယ်။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် တောင်တန်းသာသနာပြု (အံတော်ရှင်)ကျောင်းဝင်း အတွင်း သီတဂူ စက္ခုဒါနဆေးရုံမှာ မျက်စိဝေဒနာရှင်တွေကို လာရောက် ကုသပေးနေချိန် RFA က လျှောက်ထားရာမှာ ဆရာတော်က အခုလို မိန့်ကြားခဲ့ပါတယ်။

"တစ်ချို့က ပတ်စပို့ဗီဇာမရှိပေမယ့် တိတ်တိတ်ပုန်းလမ်းကသွားတယ်။တစ်ချို့က ပတ်စပို့ ဗီဇာရှိတယ်။အဲဒါအတွက် ပိုက်ဆံတွေစုတယ်။ပိုက်ဆံ ဒေါ်လာသုံးသိန်းလောက်ရတယ်။အဲလိုရတော့ ငါ့အဖွဲ့ကသူတွေ မလေးရှားသွားတယ်။ထောင်ထဲက ကလေးတွေဆွဲထုတ်၊Immigration ပြတ်အောင်လုပ်၊ပတ်စပို့ မရှိဘူးလား သံရုံးက Passport ထုတ်ပေး"

တိုင်းပြည်ကို ပြန်လာမယ့် မြန်မာနိုင်ငံသား လေးထောင်ကျော်ထဲက ပထမဆုံး အသုတ်အဖြစ် မြန်မာနိုင်ငံသား (၁၇၀)ဟာ ကမ္ဘောဇ လေကြောင်း နဲ့ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေ ပြန်ခေါ်နိုင်ဖို့အတွက် လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃) သိန်း ရရှိထားတယ်လို့သိရ ပါတယ်။

အားလုံး လေးထောင်ကျော်လုံးကို ပြန်ခေါ်နိုင်ဖို့ ဆိုရင် နောက်ထပ် အလှူငွေ ဒေါ်လာနှစ်သိန်း လောက် လိုသေးတယ်လို့ ဆရာတော် အရှင် ဥာဏိဿရက မိန့်ပါတယ်။

RFA Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D