သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 16, 2013

မိုးရာသီ ကုန်စည်စီးဆင်းမှု နည်းပါးနေသဖြင့် ကုန်တင်ယာဉ်ကြီးအချို့ လုပ်ငန်းရပ်နားထား

ရန်ကုန် ၊ ၁၆-၇-၂၀၁၃
မိုးရာသီ ကုန်စည် စီးဆင်းမှု နည်းပါး နေသဖြင့် ကုန်တင်ယာဉ်ကြီး အချို့ လုပ်ငန်းများ ရပ်နား ထားရကြောင်း ကုန်တင်ယာဉ် ပိုင်ရှင်များ ထံက သိရသည်။

အထက် အောက် စုန်ဆန်ကာ ကုန်စည် တင်ပို့ နေကြရသည့် ကုန်တင်ယာဉ် ကြီးများ အနေဖြင့် ယခုကဲ့သို့သော ကာလမျိုးတွင် ကုန်စည် တင်ပို့မှု နည်းပါး
တတ်သော်လည်း လမ်းတံတား ကြေးများကြောင့် ကုန်စည် သယ်ယူ ပို့ဆောင်ခ မမျှတသဖြင့် အရှုံးပေါ် နိုင်ခြင်း ကြောင့်လည်း ရပ်နားထား ကြခြင်း ဖြစ်ကြောင်း ယာဉ်ပိုင်ရှင် အချို့က ပြောကြားသည်။

ပုံမှန်အားဖြင့် မိုးကာလတွင် ကုန်စည် သယ်ယူ ပို့ဆောင်ရမှုမှာ ပွင့်လင်းရာသီ ထက်နည်းသည် မှန်သော်လည်း ယခုနှစ်တွင် ကုန်စည် ရှားပါးမှု မှာ ယမန်နှစ်ထက် များကြောင်း သိရသည်။ ယင်းအပြင် အရောင်းအ၀ယ် ပါးနေသည့် ရာသီ ဖြစ်သည့် အတွက် ကုန်တင်ယာဉ် အချို့က တန်ဆာခများ လျှောချ ပေးခဲ့သော်လည်း ကုန်အတက် နည်းနေဆဲပင် ဖြစ်ကြောင်း မြန်မာနိုင်ငံ အထက်ပိုင်းရှိ ကုန်တင်ယာဉ် ပိုင်ရှင် အချို့က ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ကုန်တန်ဆာခ များကို ဇွန်လမှ စတင်ကာ လျှော့ပေးခဲ့ပြီး မန္တလေး မှ မူဆယ်သို့ ကုန်စည် တစ်ပိဿာလျှင် ငွေကျပ် ၇၅ ကျပ်မှ ၅၄ ကျပ်သို့ လည်းကောင်း ၊ မူဆယ်မှ မန္တလေး သို့ ကုန် တစ်ပိဿာလျှင် ငွေကျပ် ၃၈ ကျပ် ၀န်းကျင်သာ ရှိကြောင်း သိရသည်။


မန္တလေး - မူဆယ် လမ်းကြောင်းတွင် ဆန်ကို အဓိက တင်ပို့ကြခြင်း ဖြစ်ပြီး မူဆယ်ဘက်မှ ဆန်ဈေးကျ သွားသဖြင့် ကုန်တက်နည်း ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ယာဉ်ပိုင်ရှင် များက သုံးသပ် ပြောကြား ခဲ့သည်။ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် ပထမ ၃ လဖြစ်သည့် ဧပြီ ၊ မေ နှင့် ဇွန်လများတွင် မူဆယ် လမ်းကြောင်း မှ ဆန်တန်ချိန် ၂၅၁၀၀၀ တင်ပို့ ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မှ သိရှိရသည်။

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D