သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 16, 2013

ရွှေဂုံတိုင်ခုံးကျော်တံတား တည်ဆောက်မှု ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီး ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက် ပြီးစီးမှု ၈၀ ရာခိုင်နှုန်း အထိရှိလာ


ရန်ကုန် ၊ ၁၆-၇-၂၀၁၃
၂၀၁၂ ခုနှစ်အတွင်း စတင်ခဲ့ကြ သည့် ရန်ကုန်မြို့တော် ၏ ခုံးကျော် တံတား စီမံကိန်း ၃ ခုအနက် ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်က တည်ဆောက်ရေး လုပ်ငန်း စတင်ခဲ့သော လှည်းတန်း ခုံးကျော်တံတား သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁၀ ရက်က အသုံးပြု နိုင်ခဲ့ပြီ ဖြစ်သဖြင့် တည်ဆောက်ရေး ကာလ ၁၃ လအတွင်း ပြီးစီးခဲ့ခြင်း ဖြစ်သည်။



၂၀၁၂ ခုနှစ် ဇွန်လတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်ခဲ့သော ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း မှာလည်း ၂၀၁၃ ခုနှစ် ဇူလိုင်လ တွင် တည်ဆောက်ရေး ကာလ ၁၃ လအတွင်းသို့ ၀င်ရောက် လာချိန်တွင် ပြီးစီးမှု အခြေအနေ မှာ ၈၀ ရာခိုင်နှုန်း သို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်ဟု သိရသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ တွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်ခဲ့သည့် ရွှေဂုံတိုင် ခုံးကျော်တံတား မှာလည်း ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်း ၀င်ရောက် လာချိန်တွင် တည်ဆောက်ရေး ကာလ ၇ လတာ အတွင်း ပြီးစီးမှု အခြေအနေမှာ ၄၀ ရာခိုင်နှုန်း ကျော်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန ( လမ်း/တံတား ) မှသိရသည်။

ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း အတွက် တည်ဆောက်ရေး သတ်မှတ် ကာလမှာ ၁၁ လ ဖြစ်သည့်အတွက် သတ်မှတ် ကာလအတွင်း ပြီးစီးရန် အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ တို့မှလည်း တွန်းအားပေး လျက် ရှိကြောင်း သိရသည်။ ယင်းသို့ တွန်းအားပေး ကူညီနေရခြင်း မှာ တံတား တည်ဆောက်ရေး ဆောင်ရွက်ရာတွင် နေ့စဉ် ကြုံတွေ့ ရသည့် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာများ ၊ ယန္တရား ယာဉ်ကြီးများ ၀င် ထွက်မှု မလွယ်ကူ မှုတို့ကြောင့် လည်း ဖြစ်သည်ဟု သိရသည်။


လက်ရှိတွင် တံတားအောက်ခြေ လမ်းသား မြေနေရာများ နှင့် တံတား တည်ဆောက်ရန် သတ်မှတ် မြေနေရာများတွင် ကွန်ကရစ် တိုင်လုံးများ ချထားခြင်း တို့မှာ ပြီးစီးပြီ ဟုလည်း သိရသည်။ ကမ္ဘာအေး ဘုရားလမ်း ပေါ်ရှိ ဇီဝိတဒါန သံဃဆေးရုံရှေ့မှ နှင်းဆီကုန်း ဘိုးဘွား ရိပ်သာရှေ့အထိ တည်ဆောက် သွားမည့် ရွှေဂုံတိုင် ခုံးကျော်တံတား မှာ သံကူ ကွန်ကရစ် သံမဏိ သံပေါင် ၊ သံရက်မ အမျိုးအစား ဖြစ်ပြီး ၊ ယာဉ်သွားလမ်း လေးလမ်း ပါရှိမည် ဖြစ်ကာ ပင်မတံတား အရှည်မှာ ၄၁၂ မီတာ ဖြစ်ပြီး ချည်းကပ်တံတား အရှည်မှာ မြောက်ဘက်တွင် ၁၅၀ ဒသမ ၂ မီတာ နှင့် တောင်ဘက်တွင် ၅၆ ဒသမ ၅ မီတာ ရှိကြောင်း သိရှိရသည်။

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D