သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 16, 2013

နိုင်ငံတော်အဆင့်ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားတွင် လုံခြုံရေးကိုအထူးအလေးပေး ဂရုပြုဆောင်ရွက်သွားကြရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက -
- ယခုအစည်းအဝေးသည် လာမည့်ဇူလိုင် (၁၉)ရက်တွင် ကျရောက်မည့် ၂၀၁၃ ခုနှစ် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားအတွက် ခေါ်ယူညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း၊

- သမိုင်းအရ ၁၉၄၇ ခုနှစ် ဇူလိုင် (၁၉) ရက်တွင် မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းနေရင်း လုပ်ကြံခံ ကျဆုံးသွားခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီး များအား အခမ်းအနားနှင့် ဂုဏ်ပြုခဲ့သည်မှာ ယခုနှစ် တွင် (၆၆) နှစ်ပြည့်မြောက်ပြီ ဖြစ်ကြောင်း၊


- အာဇာနည်နေ့ အခမ်းအနားကို ပြီးခဲ့သည့်နှစ် (၂၀၁၂) ခုနှစ်တွင် နိုင်ငံတော်အဆင့် တက်ရောက်ခဲ့ပြီး ဖြစ်ကြောင်း၊

- ယခုနှစ်မှာလည်း နိုင်ငံတော်အဆင့် တက်ရောက်မှာဖြစ်ပြီး ယခုပြောင်းလဲ ကျင့်သုံးနေသည့် ဒီမိုကရေစီ ခေတ်၏ အနှစ်သာရနှင့် ကိုက်ညီသော အခမ်းအနားအဖြစ် ကျင်းပနိုင်အောင် ပြင်ဆင်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊

- အာဇာနည်ခေါင်းဆောင်ကြီး များကို နိုင်ငံသူ၊ နိုင်ငံသားများက တလေးတစား အမှတ်တရ ရှိနေကြရန်၊ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်နေရစ်စေရန်အပြင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ အရ ကျန်ရစ်သူ မိသားစုများကို နှစ်သိမ့်အားပေးနိုင်ရန်အတွက် ကျန်ရစ်သူမိသားစုများနှင့်တွေ့ဆုံနှုတ်ဆက် အားပေးဂုဏ်ပြုသော အစီအစဉ်ကို ထည့်သွင်းစီစဉ်သွားရန် ဖြစ်ကြောင်း၊

- အာဇာနည်နေ့ အခမ်းအနားကို စနစ်တကျ ပြင်ဆင်စီစဉ်နိုင်အောင် ဖွဲ့စည်းပေးထားသော ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ အသီးသီးတို့က စီမံချက်အတိုင်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊

- ယခုလို ဆောင်ရွက်ရာတွင် ယနေ့ နိုင်ငံ၏ အခြေအနေ အရပ်ရပ်အရ လုံခြုံရေးကို အထူးအလေးပေး ဂရုပြု ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊

- လာရောက် ဂါရဝပြုကြမည့်သူများတွင် သာမန်အရပ်သား လုပ်သားပြည်သူများနှင့်ကျောင်းသားကျောင်း သူများအပြင် နိုင်ငံရေးပါတီ၊ လူမှုရေး၊စီးပွားရေးအသင်းအဖွဲ့၊ နိုင်ငံခြားသံတမန်အဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများပါ လာရောက်ကြမှာဖြစ်သည့်အတွက် တင်းကြပ်သော လုံခြုံရေး ဆောင်ရွက်မှု နှင့်အတူ လာရောက်ဂါရဝပြုသူများအား အတတ်နိုင်ဆုံး အဆင်ပြေချောမွေ့အောင် စည်းကမ်းတကျ စီမံ ဆောင်ရွက် ပေးသွားရမှာ ဖြစ်ကြောင်း၊

- အာဇာနည်ဗိမာန်ကို ယခုကဲ့သို့ ပြင်ဆင်ဆောင်ရွက်နေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင်လည်း အလားတူ အဆင်ပြေချောမွေ့အောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊

- ဗဟိုကော်မတီနှင့် ကော်မတီအ သီးသီးတို့၏ ဆောင်ရွက်ချက်များကို ယခုအစည်းအဝေးတွင်တင်ပြဆွေး နွေးကြရန် ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/07/15/id-3943]
Hmuu Zaw

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D