သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 16, 2013

SMEs ဥပဒေ ထွက်ပေါ်လာတော့မည်ဆိုသော်လည်း မြေတန်ဖိုး မြင့်တက်နေ သည့်အတွက် မည်သည့် လုပ်ငန်းများကို SMEs ဟု သတ်မှတ်မည် ဆိုသည့် အပိုင်းတွင် အခက်အခဲများ ရှိနေ

မြန်မာနိုင်ငံတွင် မကြာမီအတွင်း အသေးစားနှင့်အလတ်စားလုပ်ငန်းများနှင့်ပတ်သက်သည့် ဥပဒေ ထွက်ပေါ် လာတော့မည်ဟု ဆိုသော်လည်း မြေပိုင်ဆိုင်မှု တန်ဖိုးများ မြင့်တက်နေသည့် အတွက် မြေတန်ဖိုးများပါ ထည့်တွက်ပါက မည်သည့်လုပ်ငန်းများကို အသေးစားနှင့် အလတ်စားလုပ်ငန်းဟု ပိုင်းဖြတ်မည်နည်းဆို သော အပိုင်းတွင် များစွာအခက်အခဲများ ရှိနေကြောင်း သတင်းရရှိသည်။

''မြန်မာနိုင်ငံအတွက် အသေးစားနဲ့ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေ တိုးတက်လာဖို့ အများကြီး လိုအပ်ပါတယ်။ ဒါကြောင့် SMEs ဥပဒေကိုရေးဆွဲနေပြီး မကြာမီမှာ ဒီဥပဒေ ထွက်ပေါ်လာတော့မှာပါ။ ဥပဒေ ထွက်ပေါ်လာတာနဲ့ SMEs အတွက် အဘက်ဘက်က ပံ့ပိုးကူညီမှုတွေရလာတော့မှာပါ''ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဦးဝင်းမြင့် က ပြောကြားခဲ့သည်။


လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌အသေးစားနှင့်အလတ်စားလုပ်ငန်းပေါင်း ၄၃၂၈၈ ခုနှင့် သမ၀ါယမ အသေးစားလုပ်ငန်းများ အပါအ၀င် ၁၂၆၉၅၈ ခုအထိ ရှိလာကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အသေးစား လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ပတ်သက်ပါက ပြည်ပအကူအညီ များလည်း လိုအပ်နေပြီး ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''SMEs ဥပဒေက လွှတ်တော်ကိုတင်ရဦးမှာပါ။ ဒီဥပဒေကိုရေးဆွဲဖို့ ဂျပန်တို့ဂျာမနီတို့ကနေပြီးပညာရှင်တွေ ကို သူတို့စရိတ်နဲ့သူတို့ အကူအညီ ပေးပါတယ်။ ဒီပညာရှင်တွေနဲ့ အပြန်အလှန် ဆွေးနွေးတဲ့ အဆင့်ပြီး သွားပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာကြတော့ မြေဈေးတွေ၊ အဆောက်အအုံ ဈေးတွေက မြင့်နေတော့ ဒါကိုထည့် တွက်လိုက်ရင် အသေးစားနဲ့ အလတ်စားလို့ ပြောလို့မရတော့ဘူး။ အကြီးစား ဖြစ်သွားလိမ့်မယ်။ ဒီတော့ ဘယ်မှာသွားပြီး အခက်အခဲ ဖြစ်နေလဲဆိုတော့ SMEs ဆိုတာ ဘာလဲဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်မှာသွားပြီး အခက်အခဲ သွားဖြစ်တယ်။ ဥပမာ SMEs ဥပဒေ ထွက်တော့မယ်။ ဒါနဲ့ ပတ်သက်တဲ့ အကျိုးခံစားခွင့်တွေ ပေးတော့မယ် ဆိုတော့ သူသူ ငါငါ SMEs ထဲမှာ ပါချင်ကြတယ်။ မြေပိုင်ဆိုင်မှုနဲ့ သူ့တန်ဖိုးကြီးမြင့်မှုတွေ ကြောင့် ဘယ်လိုလုပ်ငန်းမျိုးကို SMEs ပြောမလဲဆိုတာ ဆုံးဖြတ်ရ ခက်နေတယ်'' ဟု UMFCCI ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးမြင့်ဇော်က ပြောကြားသည်။

အသေးစား အလတ်စား ဥပဒေမှာ ပြည်သူ့လွှတ်တော်သို့မတင်ရသေးကြောင်းနှင့် လွှတ်တော်အတည်ပြု ချက် ရရှိပြီးမှသာ ဥပဒေတစ်ရပ်အနေဖြင့် ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D