သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 16, 2013

လားရှိုးမြို့တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် အသတ်ခံရမှု စီစီတီဗွီ ကင်မရာမှ တစ်ဆင့် ကျူးလွန်သူကို ဖမ်းဆီး

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ နန်းဟေ၀န် ပန်းခြံတွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရမှု နှင့် ပတ်သက်၍ ကျူးလွန်သူကို စီစီတီဗွီ ကင်မရာမှတစ်ဆင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၁၁ နာရီခွဲခန့်က လားရှိုးမြို့ နန်းဟေ၀န်ပန်းခြံတွင် အလောင်း တစ်လောင်း တွေ့ရှိသဖြင့် သက်ဆိုင်ရာက
သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မ--အသက် ၁၇ နှစ်၊ရပ်ကွက် ၁၀ လားရှိုးမြို့ နေသူဖြစ်ပြီး လည်ပင်း၊ ရင်အုံနှင့် နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီ၊ ရင်ဘတ်တွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ဖြင့် ပက်လက် အနေအထား သေဆုံးနေကြောင်း တွေ့ရသည်။

အလောင်းကို မှုခင်းဆရာဝန်ကြီးက ဆေးစစ်ခဲ့ရာတွင် မ---မှာ ဇူလိုင် ၂ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အထူးအမှုစစ် အဖွဲ့မှ စုံစမ်းခဲ့ရာ ဇူလိုင် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်က လားရှိုး မြို့မဈေးအနီး သုံးဘီးဆိုင်ကယ် ဂိတ်တွင် သေဆုံးသူနှင့် အသားညိုညို အမျိုးသမီး တစ်ဦးတို့ အတူသွားလာနေသည်ကို တွေ့ရကြောင်း သတင်းရရှိခဲ့သဖြင့် လားရှိုးမြို့မဈေး ဈေးခေါင်းရုံးမှ စီစီတီဗွီ မှတ်တမ်းအား ကြည့်ခဲ့ရာ ဇူလိုင် ၂ ရက် နံနက် ၉ နာရီ ၃၆ မိနစ်တွင် သေဆုံးသူနှင့် မစန္ဒာဝင်း ၂၄ နှစ် လားရှိုးမြို့ နေသူကို မြို့ဈေးအတွင်း သွားလာခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် သေဆုံးသူနှင့်အတူ ခပ်၀၀ အမျိုးသမီးတစ်ဦး လားရှိုး မြို့ နန်းဟေ၀န် ပန်းခြံအတွင်းဝင်လာသည့်မြင်ကွင်းနှင့် မွန်းလွဲ ၃ နာရီ ၂၂ မိနစ်တွင် ခပ်၀၀ အမျိုးသမီး တစ်ဦးတည်းပြန်ထွက်သွားသည့် မြင်ကွင်းကို ပန်းခြံအတွင်းရှိ ကာရာအိုကေဆိုင်မှ စီစီတီဗွီ၏ မှတ်တမ်းအရ မြင်တွေ့ခဲ့ရသဖြင့် ဇူလိုင် ၉ ရက် ညပိုင်းတွင် မစန္ဒာဝင်းနှင့် ဆက်စပ် မသင်္ကာသူ သုံးဦးကို ခေါ်ယူ စစ်ဆေး ခဲ့ကြောင်း၊ မစန္ဒာဝင်း ကိုယ်တိုင် သတ်ခဲ့ကြောင်း၊ ငွေအခက်အခဲ ဖြစ်နေခြင်း၊ သေဆုံးသူနှင့် စကားများနေ ခြင်းတို့ကြောင့် သတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၀တ်ဆင်ထားသော ရွှေနားကပ်၊ လက်စွပ်နှစ်ကွင်းကိုဖြုတ်ယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ကျူးလွန်သူကို ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာတွင်ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D