သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 16, 2013

မြောက်အိုင်ယာလန်တွင် အကြမ်းဖက် လူအုပ်က ရဲတပ်ဖွဲ့ကို တိုက်ခိုက်

မြောက်အိုင်ယာလန် နိုင်ငံတွင် ဘာသာရေး အထိမ်းအမှတ် ချီတက် လမ်းလျှောက်ပွဲကို ပိတ်ပင်ခဲ့ရာမှဒေါသ အကြီးအကျယ် ထွက်ခဲ့ကြသော ပရိုတက်စတင့်ဘာသာဝင် လူအုပ်ကြီးက မြို့တော်ဘဲလ်ဖက်စ်တွင် ရဲတပ်ဖွဲ့ ကို လက်လုပ်မီးလောင်ဗုံးများ၊ တုတ်များ၊ အုတ်နီခဲများဖြင့်တိုက်ခိုက်ခဲ့ကြပြီး ရဲချုပ် မက်ဘက်ဂေါ့ကရှက်ဖွယ် ရာ လုပ်ရပ်ဟု အင်တာဗျူးတစ်ရပ်တွင် ဝေဖန်ခဲ့ကြောင်း အေဂျင်စီ သတင်းများအရ သိရှိရသည်။

ဝရုန်းသုံးကား မထိန်းနိုင် မသိမ်းနိုင် အခြေအနေကြောင့် ရဲတပ်ဖွဲ့ဝင် ၃၂ဦး ဒဏ်ရာ ရရှိခဲ့ပြီး နိုင်ငံရေးသမား တစ်ဦးလည်း ဆေးရုံ တင်ခဲ့ရသည်။


မျက်နှာကို အဝတ်များ၊ ဗြိတိန် အလံများ စည်းထားသော လူငယ်များက ယင်း တိုက်ခိုက်မှုများတွင် အဓိက ပါဝင်ကြပြီး ရဲများကလည်း မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ်ခြင်း၊ မီးသတ်ပိုက်များဖြင့် ထိုးခြင်း စသည်တို့ဖြင့် တန်ပြန် ဖြိုခွင်းခဲ့သည်။

ဗြိတိန်က မြောက်အိုင်ယာလန်သို့ ရဲတပ်ဖွဲ့ဝင် ၆၀၀ ကျော် တပ်ကူ လွှတ်ပေးထားပြီး နောက်ထပ် ရဲအင်အား ၄၀၀ လည်း ထပ်မံ စေလွှတ်ရန် ရှိသည်။

ပရိုတက်စတင့် ဘာသာဝင်တို့၏ ချီတက် လမ်းလျှောက်ပွဲကို မပြုလုပ်ရန် တားမြစ်ခဲ့ရာမှ စတင် ဖြစ်ပွား သော အဓိကရုဏ်းများတွင် လူအုပ်ကြီးက ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

ပရိုတက်စတင့် ဘာသာဝင်တို့၏ လိမ္မော်ရောင် အမိန့်တော်ဂိုဏ်းက ကက်သလစ်များ နေထိုင်ရာ မြို့တော် ဘဲလ်ဖက်စ်တွင် နှစ်စဉ် ပြုလုပ်နေကြ ချီတက် လမ်းလျှောက်ပွဲတော်ကို မပြုလုပ်ရန် တားမြစ်လိုက်ပြီး ရဲကလည်း ထိန်းချုပ်ရန် ကြိုးစားရာမှ ထိုသို့ အဓိကရုဏ်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“ဒီမြင်ကွင်းတွေဟာ ရှက်ဖွယ်လိလိဖြစ်ပြီး ကျက်သရေလည်း မရှိပါဘူး” ဟု မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့ အကြီးအကဲ မက်ဘက်ဂေါ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ကက်သလစ်များ နေထိုင်ရာ ဧရိယာကို ဖြတ်သန်းသွားမည့် ချီတက် လမ်းလျှောက်ပွဲကို မပြုလုပ်ရန် တားဆီး သည့် အာဏာပိုင်များ၏အမိန့်ကို သပိတ်မှောက်ကြရန် ဆော်သြခဲ့သည့် လိမ္မော်ရောင် အမိန့်တော်ဂိုဏ်းကို လည်း ရဲချုပ်က ဝေဖန် ပြောဆိုသွားသည်။

“သူတို့ ပြောပုံ ဆိုပုံက စိတ်ကို ကြွစေခဲ့ပြီးတော့ လူထုကို ဆန္ဒပြဖို့ လှုံ့ဆော် ခဲ့တယ်။ သူတို့မှာ ဘာအစီအစဉ်မှလဲ မရှိဘူး။ ထိန်းလည်း မထိန်းနိုင်ဘူး” ဟု မစ္စတာ ဘက်ဂေါ့က ဆိုသည်။ လိမ္မော်ရောင် အမိန့်တော် ဂိုဏ်းသည် တာဝန်ယူရမည့်အစား၊ မဆင်မခြင်စကား ဆိုခဲ့သည်ဟုလည်း ၎င်းက ပြစ်တင် ဝေဖန်သေးသည်။

ပရိုတက်စတင့် ဘာသာဝင်ဦးဆောင် နိုင်ငံရေးသမား နီဂယ်ဒေါ့ဒ်စ်လည်း ခေါင်းကို အုတ်နီခဲဖြင့်အထုခံလိုက် ရသောကြောင့် ဆေးရုံ ခေတ္တ တင်ထားခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ပြီး ၎င်းယခု ဆေးရုံမှ ပြန်ဆင်းလာ ရပြီ ဖြစ်သည်။

ဇူလိုင်လ၁၂ရက်နေ့ ချီတက် လမ်းလျှောက်ပွဲသည် လိမ္မော်ရောင်ဂိုဏ်း က လေးစားသည့် ပရိုတက်စတင့် ဘုရင် ဝီလီယံ ၃ က ကက်သလစ်ဘုရင် ဂျိန်းစ် ၂ ကို ၁၆၉၀ တွင် အနိုင်ရလိုက်ခြင်း အထိမ်းအမှတ် အောင်ပွဲ ခံ လမ်းလျှောက်ပွဲ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D