သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 16, 2013

လူးရတနာသိုက် ရုပ်ရှင်ရိုက်ကူးရေးတွင် ဒဏ်ရာရခဲ့ဟု ကောင်းပြည့်ဆို

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)သရုပ်ဆောင် အင်အားများများနဲ့ရိုက်ကူးတဲ့ လူးရတနာသိုက် ရုပ်ရှင်ဇာတ်ကားမှာ ဆင်ထိန်းအဖြစ် သရုပ်ဆောင်ရင်းခြေထောက်မှာဒဏ်ရာရခဲ့တယ်လို့ ကောင်းပြည့် က The Vocie ကိုပြောပါတယ်။

“ဒီဇာတ်ကားမှာ ဆင်ထိန်းအဖြစ် သရုပ်ဆောင်ရမယ်ဆိုပေမယ့် ကျွန်တော်က ဆင်မစီးတတ်ဘူး။ ရိုက်ကွင်း ကို ရောက်တော့မှ အစိမ်းသက်သက်နဲ့တက်စီးခဲ့ရတာ။ကလေးတစ်ဖက်နဲ့ဆင်စီးရတာ ဆိုတော့ ခြေထောက် ကို ထိခိုက်မိသွားပြီး ဒဏ်ရာရခဲ့တာ အခုထိ မပျောက်သေးဘူး။
တောထဲ၊တောင်ထဲ၊ ချောင်းတွေထဲမှာ ဆင်း ပြီး ရိုက်ခဲ့ရတာဆိုတော့ အရမ်းလည်း ပင်ပန်းခဲ့တယ်။ ဒါပေမဲ့ ပရိသတ်တွေအတွက်ကတော့ ကြည့်ရကျိုးနပ် မယ့်ကားတစ်ကား ဖြစ်မှာပါလို့ လူးရတနာသိုက်ရုပ်ရှင် ရိုက်ကူးရင်း ဒဏ်ရာရရှိခဲ့တဲ့အကြောင်းကောင်းပြည့် က ပြောပြပါတယ်။

ကောင်းပြည့်က စိန်ဌေးဗီဒီယို ထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ဆိုပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေသလို မဟာထွန်း ဗီဒီယိုထုတ်လုပ်ရေးအတွက်လည်း ဒီနှစ်ထဲမှာ ဒါရိုက်တာကြည်ဖြူသျှင်နဲ့ ဗီဒီယိုဇာတ်ကား လေးကားရိုက်ကူးသွားဖို့ ရှိတယ်လို့ ကောင်းပြည့်က ဆိုပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဒါရိုက်တာယွန်းရိုက်ကူးတဲ့ မှော်နတ်သမီးဇာတ်ကားမှာ ခွန်းဆင့်နေခြည်၊ ဝါဆိုမိုးဦးတို့နဲ့ သရုပ်ဆောင်ထားပြီး ပြက္ခဒိန်တွေ၊ သီချင်းဗီစီဒီတွေ ရိုက်ဖြစ်နေပါတယ်လို့ သူကပြောပါတယ်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D