သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 19, 2013

မန်းတွင် ကျောက်မျက်ရတနာ ခိုးယူခဲ့သူ တရုတ် နိုင်ငံသား တစ်ဦးကို ဖမ်းမိ

ကျောက်မျက်ရတနာ ပစ္စည်း အရောင်း ဆိုင်တစ်ဆိုင်မှ ကျပ်သိန်း ၁၅၀ကျော် တန်ဖိုးရှိ ကျောက်မျက်
ရတနာ ပစ္စည်းများကို ယခင်လအတွင်းက ခိုးယူခဲ့သူ တရုတ် နိုင်ငံသားနှစ်ဦး အနက် မှ တစ်ဦးအား သြ
ဂုတ် ၁၅ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ ကြောင်း မန္တလေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ပြီးခဲ့သည့်ဇူလိုင်လ ၂၆ရက်နေ့တွင်မန္တလေး ၇၃လမ်းပေါ်ရှိ အောင်သပြေကျောက်မျက်ရတ
နာအရောင်း ဆိုင်သို့တရုတ်လူမျိုးနှစ်ဦး ရောက်ရှိ လာပြီး ပတ္တမြား အပွင့်ထဲမှ အရည်ကောင်းဝယ်ယူ
ကြည့်ရှု့လိုကြောင်း ပြော သဖြင့် ဆိုင်မှ ပြသရာ ၄င်းတို့မှ ပစ္စည်းများကို ကြည့်ရှု့ပြီး ပြန်လည်ထွက်ခွာ
သွားရာ ၃မီနစ်ခန့်အကြာဆိုင်ရှင်ဒေါ် သင်းသင်းနိုင်မှ ပြသခဲ့သည့် ပစ္စည်းများအား ပြည်လည်စစ်ဆေးရာ
နီလာစိန်ပတ်လက်စွပ်တစ်ကွင်း၊ ကျောက်စိမ်း စွဲသီးတစ်ခု ပျောက်ဆုံး နေကြောင်း သိရသဖြင့် အဆိုပါ
တရုတ်လူမျိုးနှစ်ဦးအား အရေးယူပေးပါရန် နယ်မြေ ရဲစခန်းအမှတ်(၃)တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ယခုလ ၁၅ရက်နေ့တွင် ခိုးယူ တိမ်းရှောင်နေသော တရုတ်အမျိုးသားအဖွဲ့သည် အိုကေ ကျောက်မျက်ရ
တနာ အရောင်းဆိုင်တွင် ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေရဲစခန်းမှ တာဝန်ရှိ သူများကသက်
သေခံများနှင့်အတူ သွားရောက်ခဲ့ပြီး စခန်းသို့ ခေါ်ဆောက်ကာ တရုတ်ဘာသာပြန်နှင့် အတူ သက်သေ
များ ရှေ့မှောက်တွင် စစ်ဆေးခဲ့ပြီး ၄င်းတို့ ၃ဦးအနက် JIANG CHANG QING ပတ်စ်ပို့အမှတ်-G60201903
အသက် ၄၃နှစ် ၊ စိုက်ပျိုးရေးလုပ်၊ ချန်ရှားမြို့နယ်၊ ဟူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေသူသည် ကျောက်မျက်
ရတနာ ပစ္စည်း များ ခိုးယူခဲ့ကြောင်း ၀န်ခံခဲ့ပြီး ခိုးယူစဉ်၎င်းနှင့်ပါသူ တရုတ် လူ မျိုး လောင် စစ်၊ ရှိန်းကျင့်
မြို့၊ နေသူသည် တရုတ်နိုင်ငံတွင်ကျန်ရစ်ခဲ့ကြောင်း ခိုးယူခဲ့သော သက်သေခံပစ္စည်း များအား မကာအိုမြို့
တွင် တရုတ်ငွေ(၁၀၀၀၀)ဖြင့် ပြန်လည် ထုခွဲရောင်းချခဲ့ကြောင်း ရဲမှတ်တမ်းများ တွင်ဖော် ပြထားသည်။

ကျန်တရုတ် အမျိုးသားနှစ်ဦးမှာ အမှုနှင့်သက်ဆိုင်ခြင်း မရှိသောကြောင့် နယ်မြေရဲစခန်းအမှတ် ၃ မှ ပြန်
လည်လွှတ်ပေးခဲ့သည်။

ထို့ကြောင့် JIANG CHANG QING ပတ်စ်ပို့အမှတ်-G60201903 အသက် ၄၃နှစ၊ စိုက်ပျိုးရေးလုပ်၊ ချန်
ရှားမြို့နယ်၊ ဟူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေ သူအား (ပ) ၃၀၁/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့်အမှုဖွင့်အရေး ယူ
ထားပြီး တရုတ်နိုင်ငံတွင်ကျန်ရစ်ခဲ့သူအား နှစ်နိုင်ငံမှ တာဝန်ရှိသူများပူပေါင်းအရေးယူနိုင်ရန်ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D