သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 6, 2013

ခင်စိုးပိုင် နဲ့ ပါပီမ

ပြည်သူလူထုအား အနုပညာ ရပ်နှင့်စည်းရုံးကာ ဝါဒဖြန့်ခဲ့သည့် ကိစ္စများခေတ်အဆက်ဆက် တွင် ရှိခဲ့ပါသည်။ အမှန်တရားကို မျက် ကွယ်ပြု၍တည်ဆဲ အစိုးရများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ သြဇာ ရှိသူများကသူတို့လိုချင်ရာ အခင်းအကျင်းမျိုးလူထုကြား ပြန့် ပွားအောင်ပြုလုပ်တတ်ကြ ပါသည်။ ၄င်းတို့ထဲတွင်=ပါပီမ+ဇာတ်ကား သည်လည်းအထင်အရှားရှိလှ သည့် အနုပညာသတင်းဂယက် တစ်ခုဖြစ်ခဲ့ပါသည်။

ပါပီမ ဇာတ် ရုပ်ကိုပီပြင်စွာပါဝင်သရုပ်ဆောင် ခဲ့သူ ဒေါ်ခင်စိုးပိုင်က

" ပါပီမ ဆိုတဲ့ကားကိုလာခေါ်ရိုက်တော့ အဲဒီ့အချိန်ကဆို အမှတ်တရ တွေမှ အများကြီးပဲ။ ပျော်စရာ တွေရော၊ ကြောက်စရာတွေရော အမှတ်တရတွေချည်းပါပဲ။ဘာ ဖြစ်လို့လဲဆိုတော့ အန်တီတို့က နယ်စပ်မှာပါ သွားရိုက်ရတာ။ ဒီပါပီမ ဇာတ်ကားထဲမှာဆိုရင် အရေးခင်းကာလမှာ အန်တီတို့ တွေက ကျောင်းသူ တွေနေရာ ကနေပေါ့။ကျောင်း သူ၊ကျောင်း သားတွေ ဒီမိုကရေစီရဖို့အတွက် တိုက်ခိုက်တဲ့ ကြားထဲမှာ ပါသွားပြီးတော့မှ ကိုယ်တွေက တော့ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်လေး တွေ အောင်မြင်ဖို့အတွက် လှုပ် ရှားကြတယ်။ လှုပ် ရှားနေရင်း ကမှအန်တီကအဲဒီ ကားလေးထဲ မှာ သေသွားတယ်။ အဲဒီအချိန် တုန်းကလည်း ဒီပါပီမကားလေးက တအားပေါက်ခဲ့ တဲ့ကားလေး ပါ" ဟု ဒေါ်ခင်စိုးပိုင်က ပြန်ပြောင်း ပြောပြပါသည်။

" မြန်မာ့အသံကပဲ ရိုက်ပြီး မြန်မာ့အသံကပဲ ပြတာဆိုတော့ အရေးခင်းကာလကြီး ဖြစ်နေတဲ့အတွက် တအားရင်ဆိုင်ခဲ့ရ ပါတယ်။ခုတော့ ပြောပိုင်ခွင့်ရ လာတဲ့အတွက် ပြောရတာပါ။ အရင်တုန်းကတော့မပြောရဲဘူး။ မြန်မာ့အသံမှာလွှင့်တဲ့ အချိန် မှာတီဗီရှိတဲ့အိမ်တိုင်းမှာ တကယ် ကိုတိုးကြိတ်ပြီးတော့ ကြည့်ကြ တာ။လူတွေပါးစပ်က အမယ်လေး သွားစမ်းပါဘာဖြစ်တယ်၊ညာ ဖြစ် တယ်နဲ့ ဒီကားကြီးကပေါ့ ရှုတ် ချပြီးတော့ပြောကြတယ်။ ဘယ် လိုပဲပြောပြော မြန်မာ့အသံကနေ တစ်လပဲပြပြတစ်လလုးံ လူပြည့် တယ်။အဲဒီကားလေးက တအား အောင်မြင်ခဲ့ပါတယ်။ အန်တီ ပိုင်အနေနဲ့ဘယ်လိုခံစားခဲ့ရလဲ ဆိုတော့ ဒီကားနဲ့ပတ်သက်ပြီး တော့ ခုနောက်ပိုင်းမှာ နာမည် ကိုပဲ ခေါ်ကြတာပါ။ ပါပီမ ဆိုတဲ့နာမည်က တကယ်တွင်ကျန်ခဲ့ပါတယ်" လို့ ပြောပြပါတယ်။

ထို့နောက်နိုင်ငံ တော်ဇာတ် ကားရိုက်ကူးခဲ့ခြင်းကြောင့် အနုပညာလောက၌ ခက်ခဲကြမ်း တမ်းစွာကျော်ဖြတ်သန်းခဲ့ပုံ အကြောင်းကို" အန်တီပိုင်က အဲဒီတုန်းကဆိုရင် ခေါင်းဆောင် မင်းသမီးနေရာကနေလည်း အများ ကြီးရိုက်ခဲ့ရပါတယ်။ ဒီကားလေး လွှင့်ပြီးတဲ့အချိန်မှာ ကားရိုက်တွေ နဲ့ပတ်သက်လို့ပေါ့။စရန်ပေး ပြီးသားတွေတောင်မှ အဆုံးခံ ပြီးတော့အန်တီပိုင်ကိုခေါ် မရိုက် ကြတော့တဲ့ကားတွေလည်း မနည်း ပါဘူး။အဲဒီလိုမျိုးတွေ ရင်ဆိုင် ခဲ့ရတယ်။ ဘဘဦးခင်ညွန့်က အန်တီပိုင်တို့ ပါပီမအုပ်စုလေး ညစိာငညညနမပွဲလေးတစ်ခု လုပ် ပေးတဲ့အခါမှာ သူကမေးလို့ အကုန်လုံးကို ပြောပြခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ တအားဝမ်း သာတယ်။ဒီတောင်ဥက္ကလာလမ်း ကြီးဟာတအားဆိုးလို့ ဘယ်သူမှ မသွားတဲ့လမ်းကြီးလည်း အန်တီ ရဲ့ နှုတ်ရဲ့ဆောင်မခြင်းလေး ကြောင့် ဒီလမ်းကြီးပြုပြင်ပေးလိုက် ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝမ်းသာတယ်။ အန်တီ ကိုဘဘက တောင်ဥက္ကလာမှာ မနေခိုင်းဘဲ ဖဆပလမှာ တိုက် ခန်းလေးတစ်ခန်းပေးခဲ့ပါတယ်။ အဲဒီမှာမိသားစုလိုက်သွားနေခဲ့ တယ်။နောက်ပိုင်းကျတော့ အား လုံးကနားလည်လာကြတယ်။ အဲဒီ တော့မှခင်စိုးပိုင်ဆိုတဲ့ နာမည်နဲ့ ဒုတိယခြေလှမ်းပြန်လှမ်းခဲ့ရတာပါ" ဟု ဖြစ်ကြောင်းကုန်စင်ကို ဒေါ် ခင်စိုးပိုင်က ပြောပြခဲ့ပါသည်။

သိမ့်သိမ့်
Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D