သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 15, 2013

ဘင်္ဂါလီများအား ဘက်လိုက်သော ကင်တာနား အပြန်စောသော်လည်း ရခိုင်ပြည်သူများက ၀ိုင်းဝန်းဆန္ဒထုတ်ဖော်ကြ

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား၏  ရခိုင်ပြည်နယ်ခရီးစဉ်နောက်ဆုံးနေ့တွင် စစ်တွေမြို့၌ လူထုတစ်ရာကျော်က  ဆန္ဒထုတ်ဖော်
ခဲ့ကြသည်။
ကင်တားနား၏ ရခိုင်ပြည်နယ်ခရီးစဉ်နောက်ဆုံးနေ့တွင် စစ်တွေလေဆိပ်အတွင်း
ရခိုင်လူထုတစ်ရာကျော်က ပိုစတာများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။


သြဂုတ်လ(၁၃)ရက်နေ့၌ မစ္စတာ ကင်တားနားသည်  စစ်တွေမြို့အကျဉ်းထောင်မှ ဘင်္ဂါလီ အကျည်းသားများနှင့် တွေ့ဆုံခဲ့ပြီးစစ်တွေဆေးရုံတွင် ဆေးဝါးကုသခံနေရသည့်ဘင်္ဂလီများ
နှင့်လည်း တွေ့ဆုံခဲ့သည်။ထို့အပြင်စစ်တွေမြို့ ရွှေစေတီကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့်
တွေ့ဆုံသလို အောင်မင်္ဂလာရပ်ကွက်မှ ဘင်္ဂါလီများနှင့်ပါ တွေ့ဆုံခဲ့သည်။ကင်တားနား၏
ရခိုင်ပြည်နယ် ခရီးစဉ်သည် ၄ကြိမ်မြောက်ဖြစ်ရာ ဒုတိယအကြိမ်ကလည်း မောင်တောမြို့တွင်
လူထုများက ဆန္ဒထုတ်ဖော်ခဲ့ကြသလို ယခုတစ်ကြိမ်၌လည်း စစ်တွေမြို့ ဘူးသီးတောင်မြို့မှ
ရခိုင်လူထုက ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။


ကနဦးတွင် ကင်တားနားသည် ရခိုင်ပြည်နယ်အတွင်းရှစ်ရက်တာ နေထိုင်မည်ဖြစ်သော်လည်း
နှစ်ရက်တာ ဖြင့် ခရီးစဉ်အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ကင်တားနား၏ ရခိုင်ပြည်နယ်
ခရီးစဉ်မစတင်မည်  ဘင်္ဂါလီဒုက္ခသည်စခန်းမှ ဘင်္ဂါလီများသည်  ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် လုံခြုံရေးဝန်ထမ်းတစ်ချို့အား တိုက်ခိုက်မှုများလည်း ရှိခဲ့သည်။ ခရီးစဉ်တွင်
ဘင်္ဂါလီအကျဉ်းသားများနှင့်  ရဲဝန်ထမ်းများအား အကြမ်းဖက်၍ ဒဏ်ရာရရှိသွားသည့်
ဘင်္ဂါလီများနှင့်လည်းတွေ့ဆုံခဲ့သည်။မစ္စတာ ကင်တားနား၏ ခရီးစဉ်၌ ဆန္ဒထုတ်ဖော်ခေါင်း
ဆောင်တစ်ဦးဖြစ်သည့်ဒေါ်ညိုအေးက ယခုကဲ့သို့ဆိုသည်။


" အကျဉ်းထောင်မှာ  ရခိုင်ရော ဘင်္ဂါလီ အကျဉ်းသားတွေလည်း ရှိတယ်၊ သူသာဘက်မလိုက်
ဘူးဆိုရင် ရခိုင် အကျဉ်းသားတွေနဲ့လည်း တွေ့ရမယ်။ အခု ကင်တားနားလုပ်တာကတစ်ဖက်ကို
စောင်းပေးသလိုဖြစ်နေတယ်'' ဟု ဒေါ်ညိုအေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ကင်တားနားသည် သြဂုတ်၁၂ရက်က ဘူးသီးတောင်သို့ သွားရောက်ခဲ့ပြီး အကျဉ်းသားများနှင့်တွေ့ဆုံခဲ့သလို
၎င်းမြို့၌လည်း ရခိုင်လူထု သုံးရာကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။


မြစ်မခ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D