သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Showing posts with label ဆန္ဒပြမှုများ. Show all posts
Showing posts with label ဆန္ဒပြမှုများ. Show all posts

Monday, September 23, 2013

ရန်ကုန်မြို့တော် ခန်းမရှေ့က ဟုန်ရှင်း အလုပ်သမား သပိတ်

ဟုန်ရှင်းအအေးခန်းစက်ရုံက အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေဟာ မနေ့ညက ရန်ကုန်မြို့
ဆူးလေ ဘုရားအနီး မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒဖော်ထုတ်နေကြပါတယ်။

မြို့တော်ခန်းမရှေ့ ဟုန်ရှင်း အအေးခန်း အလုပ်သမားများရဲ့ သပိတ်စခန်းဖွင့်ကာဆန္ဒဖော်ထုတ်နေသည်
ကို စက်တင်ဘာ ၂၃ရက် နံနက်၁နာရီခန့်ကတွေ့ရစဉ် ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

Saturday, September 21, 2013

မြစ်မာစစ်ဗိုလ် ရက်ရက်စက်စက် သတ်ခံရချိန် နှင့် KIA မှ တစ်ပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲ မတတ်ကြောင်း ပြောချိန်က ငြိမ်နေခဲ့သူများ ငြိမ်းချမ်းရေးဆန္ဒပြ

မြစ်မာစစ်ဗိုလ် ရက်ရက်စက်စက် သတ်ခံရချိန် နှင့် KIA မှ တစ်ပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲ မတတ်ကြောင်း ပြောချိန်က ငြိမ်နေခဲ့သူများ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲကို စက်တင်ဘာလ ၂၁ရက်နေ့ နေ့လည်၁၂နာရီမှာ ဆူးလေဘုရားကနေ စတင်လမ်းလျှောက်ကြသည်။ 

Friday, September 20, 2013

ပြန်လည်ပေးသည့်နေရာအခက်အခဲရှိခြင်းကြောင့် ဆန္ဒပြခြင်းဖြစ်

တောင်ဒဂုံ၆၇ရပ်ကွက်တွင်လူနေကျူးကျော်အိမ်ယာများကိုဖျက်သိမ်းခိုင်းသည့်အတွက်အခက်အခဲများရှိနေခြင်းကြောင့်နိုင်ငံတော်သမ္မတကြီးအပါအ၀င်သက်ဆိုင်ရာဝန်ကြီးများသိစေရန်ရပ်ကွက်သူရပ်ကွက်သားများကအဆိုပါရပ်ကွက်ကိုလှည့်ပတ်၍ဆန္ဒပြခဲ့ကြသည်။ဆန္ဒပြရာတွင်ပါဝင်သော၆၇ကျူးကျော်အိမ်ယာများတွင် နေထိုင်သည့်ဒေါ်မြင့်မြင့်ဝေကဒီနေရာကိုသမ္မတကြီးကအိမ်ယာဆောက်မှာကိုမကန့်ကွက်ဘူး။အန်တီတို့အနေနဲ့ဆန္ဒပြတာကအန်တီတို့ကိုခေါ်ပြီးဆွေးနွေးတဲ့အခါမှာအိမ်ယာလေးတွေပေးမယ်ဆိုပြီးတော့လက်ရှိပေးတဲ့နေရာရေနက်ကွင်းတွေပါ။ကျောင်းသားတွေကျောင်းတက်ဖို့လည်းအဆင်မပြေပါဘူး။ဒါကြောင့်ဆန္ဒပြရတာပါ” ဟု ပြောသည်။

Tuesday, September 17, 2013

ရန်ကုန် ဆေးရုံဝန်ထမ်းများ မီဒီယာသမားများကို ဆန္ဒပြ

Photo:
အထိပြုလုပ်ခဲ့ခြင်းဖြစ်သည် ။Mz
ရန်ကုန်ဆေးရုံကြီး ဂုဏ်သိက္ခာ ထိခိုက်အောင်ပြုလုပ် သူများကို ဖော်ထုတ်ဆန့်ကျင်ရေး၊ဒလမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းအိမ်ရာကို ပြုပြင်ပေးရေး၊ စသည့်ရည်ရွယ် ချက်များဖြင့် အရပ်သား ၂၀ ခန့်က ယနေ့နေ့လည်တွင် အမျိုးသားသွေးလှူဘဏ်ရှေ့တွင် ဆန္ဒထုတ်ဖော်ကြသည်။ 

Tuesday, August 20, 2013

ကင်တားနားကို မိတ္ထီလာမှာ ဒေသခံတွေ ဆန္ဒပြ

မိတ္ထီလာကိုရောက်လာမည့် မစ္စတာ ကင်တားနား 
ယာဉ်တန်းကို ဒေသခံတွေ စောင့်ပြီး ဆန္ဒပြနေစဉ် (ဓာတ်ပုံ - 
ဗွီအိုအေမြန်မာပိုင်း) ၂၀ သြဂုတ် ၂၀၁၃။
မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် ၁ဝ ရက်ကြာ ရောက်ရှိနေတဲ့ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံအတွင်း လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ အဓိက မြို့တွေကို သွားရောက် လေ့လာနေတာမှာ မနေ့က ရှမ်းပြည်နယ်ကို သွားရောက်အပြီး မန္တလေးကတဆင့် မိတ္ထီလာမြို့ကို ခရီးဆက်သွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်ရေးကိုယ်စားလှယ် ကင်တားနားကို မိထ္တီလာမြို့ခံများ အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်ရေးကိုယ်စားလှယ် ကင်တားနား မန္တလေးမြို့မှ နေပြည်တော်သို့အသွားရာလမ်းတွင်
မိတ္တီလာမြို့သို့ဖြတ်သန်းစဉ်၎င်း မြို့သူမြို့သားများက အလိုမရှိကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သြဂုတ် ၁၉ရက် ည ၁၀နာရီခွဲခန့်မှ မတ္တီလာမြို့ကန်ကူတံတားပေါ်တွင် ၈၈ မျိုးဆက်ကျောင်းသားများ ကွန်ယက်အဖွဲ့မှ

မိတ္ထီလာမှ မြို့သူမြို့သားများ Mr ကင်တားနား အား ဆန္ဒပြ

မိတ္ထီလာမှ မြို့ည်။ 
မိတ္ထီလာမြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အား လူစုလူဝေးဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ ကြောင်း သတင်းရှိရပါသည်။

မိတ္ထီလာမှ မြို့သူမြို့သားများ ကင်တားနား အား ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်

မိတ္ထီလာမြို့တွင်မြန်မာနိုင်ငံဆိုင်ရာကုလသမ္ဂလူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူး
သောမတ်စအိုဟေး ကင်တားနား (Tomas Ojea Quintana)အားလူစုလူဝေးဖြင့်
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်လျှက်ရှိကြောင်း သတင်းရှိရပါသည်။

Thursday, August 15, 2013

ဘင်္ဂါလီများအား ဘက်လိုက်သော ကင်တာနား အပြန်စောသော်လည်း ရခိုင်ပြည်သူများက ၀ိုင်းဝန်းဆန္ဒထုတ်ဖော်ကြ

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား၏  ရခိုင်ပြည်နယ်ခရီးစဉ်နောက်ဆုံးနေ့တွင် စစ်တွေမြို့၌ လူထုတစ်ရာကျော်က  ဆန္ဒထုတ်ဖော်
ခဲ့ကြသည်။
ကင်တားနား၏ ရခိုင်ပြည်နယ်ခရီးစဉ်နောက်ဆုံးနေ့တွင် စစ်တွေလေဆိပ်အတွင်း
ရခိုင်လူထုတစ်ရာကျော်က ပိုစတာများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ကင်တာနား၏ (၁၃.၈.၂၀၁၃) နေ့ စစ်တွေမြို့တွင်းခရီးစဉ် (အစ-အဆုံး)

သောမတ်ကင်တာနာ၏ ယနေ့စစ်တွေမြို့တွင်းခရီးစဉ်ကို တင်ပေးပါမယ်-
နံနက်(၀၇း၀၀)နာရီမှာ စစ်တွေအကျဉ်းထောင်သို့ထွက်ခွာပါတယ်-အကျဉ်းထောင်မှာတော့ တွေ့နေကျ ဒေါက်တာထွန်းအောင်ဆိုသူကိုတွေ့ပါတယ်။ သူဟာ(၈.၆.၂၀၁၃) မောင်တောမြို့ ဗလီကအဆင်း၊ ဘင်္ဂလီလူအုပ်စုက ဗိုလ်မှူးရွာ(တိုင်းရင်းသားရွာ)ကို မိးရှို့မှုတွေအတွက် တရားရုံးက ထောင်ဒဏ်ချမှတ်ထားသူ ဖြစ်ပါတယ်-

Wednesday, August 14, 2013

ဘင်္ဂါလီဘက်လိုက်လို့ ဆန္ဒပြခံရသည့် ကင်တားနား ၈၈ မျိုးဆက် ဦးမြအေးတို့နှင့် အထူးအဆင်ပြေ

Photo: 
ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့သွားရောက်တွေ့ဆုံ

ရန်ကုန်၊

 သြဂုတ် ၁၄။

ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အိုးဟေး ကင်တားနား(Thomas 
Ojae Quintana) သည် ယမန်နေ့ည ရှစ်နာရီ
က ၈၈မျိုးဆက်ကျောင်းသားများ၏ ပွင့်လင့်လူ့အဖွဲ့အစည်း ရုံးသို့ 
သွားရောက်တွေ့ဆုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သူနဲ့တွေ့တဲ့အခါ မီဒီယာ လွတ်လပ်ခွင့်တွေ၊ 
အသင်းဖွဲ့ဥပဒေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ မီဒီယာဥပဒေတွေ 
အသင်းဖွဲ့ ဥပဒေတွေ ပြုစုတော့မယ်ဆိုရင် သဘောထားကြီးဖို့နဲ့ 
ကျယ်ပြန့်ဖို့လည်း လိုသလို လူ့အခွင့်အရေး ရှုထောင့်ကလည်း လေးလေးနက်နက် 
ထည့်သွင်း စဉ်းစားဖို့ လေးလေးနက်နက် လိုတယ် ဆိုတာကို ကျွန်တော်တို့ 
ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သူကလည်းပဲ 
လွှတ်တော်ထဲက လူတွေနဲ့ စကားပြောကြည့်တဲ့အခါ တခြားအဖွဲ့ အစည်းတွေနဲ့ 
တွေ့ရှိတဲ့အခါမှာ သူသိရှိရတယ် သူ့အနေနဲ့လည်း အလေးထား 
ဆောင်ရွက်ပေးမယ်လို့လည်း ပြောသွားပါတယ်”ဟု ပွင့်လင်း လူ့အဖွဲ့စည်း၏ 
လူ့အခွင့်အရေး တာဝန်ခံဖြစ်သူ ကိုပြုံးချိုက
ပြောကြားသည်။

ယင်းကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ကင်တာနားသည် 
မြန်မာနိုင်ငံသို့(၇)ကြိမ်မြောက် ပြန်လည် ရောက်ရှိ
လာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်စဉ် ရခိုင်ပြည်သူများမှ 
ဆန္ဒပြခြင်း ခံခဲ့ရသည်။ ဆက်လက်၍ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့ကိုလည်း
 သွားရောက်မည်ဖြစ်ကြောင်း ဆက်လက် သိရသည်။

မြန်မာ့ခေတ် ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အိုးဟေး ကင်တားနား(Thomas Ojae Quintana) သည် ယမန်နေ့ည ရှစ်နာရီ က ၈၈မျိုးဆက်ကျောင်းသားများ၏ ပွင့်လင့်လူ့အဖွဲ့အစည်း ရုံးသို့ သွားရောက်တွေ့ဆုံးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သူနဲ့တွေ့တဲ့အခါ မီဒီယာ လွတ်လပ်ခွင့်တွေ၊ အသင်းဖွဲ့ဥပဒေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။

Tuesday, August 13, 2013

လက်ပန်းတောင်းစီမံကိန်း ဆန္ဒပြသူများ တားဆီးထိမ်းသိမ်းခံရ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားသုံးဖမ်းဆီးနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) ၁၃ သြဂုတ် ၂၀၁၃။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆန္ဒပြသူတွေကို အာဏာပိုင်တွေက 
အင်အားသုံးဖမ်းဆီးနေစဉ် (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) ၁၃ သြဂုတ် ၂၀၁၃။မအေးအေးမာ
မြန်မာနိုင်ငံ အထက်ပိုင်း မုံရွာမြို့မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒပြမှု ဖြစ်ခဲ့ရာမှာ ခွင့်ပြုချက်မရပဲ ဆန္ဒပြလို့ဆိုပြီး လုံခြုံရေး အာဏာပိုင်တွေက ၀င်ရောက်တားဆီး၊ ဖမ်းဆီးရာမှာ ၂ ဘက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ ဒီနောက် ဦးဆောင်သူ အမျိုးသမီး (၁၀) ဦးကို လုံခြုံရေး အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပြီး ညနေပိုင်းမှာတော့ အဲဒီအထဲက (၉) ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ကင်တားနား ထွက်သွား

ရန်ကုန် ၊ သြဂုတ် - ၁၂ ။                ။ ရခိုင်ပြည်နယ်သို့ လာရောက်သည့် မြန်မာ နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အ စီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာသော မတ်အိုဟေးကင်တားနားကို အလို မရှိကြောင်း စစ်တွေ ဒေသခံ အ များအပြားက ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သိရသည်။ လူမျိုးစုနှစ်ခု ပဋိပက္ခဖစ် ပွားရာတွင် ဘင်္ဂါလီလူမျိုးများ အ ရေးကိုသာ ရှေ့တန်းတင်၍ ရခိုင် တိုင်းရင်းသားများကို တန်းတူအ ခွင့်အရေး မပေးသည့် အစီရင်ခံ စာကို ကမ္ဘာကုလသမဂ္ဂ တွင် တင်သွင်း ခဲ့သည့်အတွက် ယင်းအား လိုလား မှုမရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့ သူ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

ကင်းတားနား အပြန် လေဆိပ်တွင် ထပ်မံ ဆန္ဒပြ (ဓာတ်ပုံ - ၄ ပုံ)

စစ်တွေကိုရောက်ရှိနေသည့် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စာသောမက်အိုဟေး ကင်တားနားသည် ယနေ့ ညနေတွင် စစ်တွေလေဆိပ်မှ ရန်ကုန်မြို့သို့ ထွက်ခွာမည်ဖြစ်ရာ ရန်ဟန်းရှင်လူ ပြည်သူပေါင်း ၃၀၀ ခန့်မှ လေဆိပ်မှ စောင့်ကြို ဆန္ဒပြရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။ မနေ့က ကင်တားနား ရောက်ချိန်ကလည်း ဘက်လိုက်သည့်ကင်တားနား အလိုမရှိ၊ ထွက်သွား ဟူသော စာတမ်းများဖြင့် စောင့်ကြိုဆန္ဒပြသူများရှိခဲ့ပြီး ကင်တားနား အစား အခြားကိုယ်စားလှယ်တစ်ဦးကို ခန့်ပေးရန် ရခိုင်ပါတီများမှ ကုလသို့ တောင်းဆိုထားကြောင်း သတင်းရရှိသည်။

ဆန္ဒပြမှုကြောင့် ကင်တားနားနှင့် မြို့မိမြို့ဖများ တွေ့ဆုံ မည့် အစီအစဉ်ဖျက်သိမ်း

လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ရခိုင် တိုင်းရင်းသားများ ကို အကြမ်းဖက်သူများ အဖြစ် စွပ်စွဲထားပြီး ဘင်္ဂါလီများကို နိုင်ငံသား ဖြစ် ခွင့်ပေးရန် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် ပြောဆိုခြင်း အပါအဝင် ဘင်္ဂါလီများအတွက် ဘက်လိုက် လုပ်ဆောင်နေသည်ဟုဆိုကာ ယင်းသို့ ကန့်ကွက်ကြခြင်း ဖြစ်ကြောင်း စစ်တွေ့မြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

Monday, August 12, 2013

မကြာခဏ ဆန္ဒပြပွဲရှိသဖြင့် ရန်ကုန်မြို့တွင်းရှိ နေရာအချို့ ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပွားလျက်ရှိ

ရန်ကုန်မြို့တွင်းရှိ နေရာတစ်ချို့ ဖြစ်တဲ့ ပန်းဆိုးတန်း၊ အနော်ရထာလမ်း၊ ကျောက်တံတား အစရှိတဲ့ နေရာတွေမှာ ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပွားလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ယာဉ်ကြော ကျပ်တည်းမှု တွေဟာ ရန်ကုန်မြို့တွင်းမှာ များစွာရှိနေတဲ့ အတွက် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ တာဝန်ရှိသူတွေက ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းဖို့ အတွက် ခုံးကျော် တံတား ဆောက်လုပ်ခြင်း၊ လမ်းချဲ့ခြင်းများကို ပြုလုပ် ပေးလျက် ရှိပါတယ်။

ကင်တာနားကို ဘာကြောင့် ဆန္ဒပြရသလဲ

‪‎ကုလသမဂ္ဂ‬ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) သည် စုံစမ်းစစ်ဆေးရန်အတွက် ရခိုင်ပြည်နယ်သို့ လာရောက်သည့် အချိန်တိုင်းတွင် ဘင်္ဂလီများနှင့်သာ အဓိက တွေ့ဆုံပြီး ရခိုင်တို့နှင့် တွေ့ဆုံမှုမှာ အမည်ခံလောက်သာရှိသည်။ သူပြန်သွားလို့ သတင်းစာရှင်းလင်းပွဲ၊ အစီရင်ခံစာတိုင်းသည် ရခိုင်လူထုကို မျက်ကွယ်ပြုပြီး ဘင်္ဂလီတို့ အရေးကိုသာ ဦးစားပေးသည်ကို တွေ့ရှိရသည်။

ကင်တားနားအား ဒေသခံတို့မှ ကန့်ကွက်ဆန္ဒပြ


သြဂုတ်လ (၁၂)ရက် နံနက်(၈း၄၅)မိနစ်အချိန်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားသည် စစ်တွေလေဆိပ်သို့ ရောက်ရှိခဲ့သည်။

တင်ပြီးသား post များ

3D