ရန်ကုန် ၊ ၁၂-၈-၂၀၁၃
ချင်းပြည်နယ် အတွင်း
ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေရန် လုပ်ဆောင်ရာတွင်
ခရီးသွားများ တည်းခို နေထိုင်နိုင်ရန် အတွက် ချင်းပြည်နယ် အတွင်း၌
တည်းခိုခန်း နှင့် ဟိုတယ် လုပ်ငန်းလိုင်စင် များ ချထားပေး သွားမည်
ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာဝန်ကြီး ဌာနမှ
အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြား ခဲ့သည်။
" ချင်းပြည်နယ် မှာ
တည်းခိုတဲ့ အခန်းတွေ ကို အဆင့်မြှင့်ပြီး နိုင်ငံခြားသား တွေ
တည်းခိုနိုင်ဖို့ လုပ်ဆောင် ထားပြီးတော့မှ လုပ်ငန်း လိုင်စင်တွေကို
ချထားပေးမှာ ပါ ၊ ချင်းပြည်နယ် အတွင်း ခရီးစဉ်တွေ လေ့လာနိုင်ဖို့ အတွက်လည်း
စီစဉ် ဆောင်ရွက် ပေးထားပါတယ် ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။
ချင်းပြည်နယ် အတွင်း
သွားရောက် လေ့လာမှုများ ပြုလုပ်ပါက တည်းခို နေထိုင်သည့် နေရာများမှာ
ရှားပါးနေပြီး နာမည်ကြီး " ရိဒ် " ရေကန်ကဲ့သို့ နေရာများသို့ သွားရောက်
လည်ပတ်ပါက တည်းခို နေထိုင်ရန် အတွက် နိုင်ငံခြားသား ခရီးသွားများ အနေဖြင့်
အခက်အခဲ များနှင့် ရင်ဆိုင် နေကြရကြောင်း ချင်းပြည်နယ် မှ လာသည့်
သတင်းများအရ သိရသည်။
ချင်းပြည်နယ် ၏ သဘာဝ
အခြေခံ ခရီးသွား လုပ်ငန်း ကို ပိုမိုတိုးတက် စေရန်အတွက် လက်ရှိ တည်းခို
နေကြသည့် အခန်းများကို အဆင့်မြှင့်တင် ကာ နိုင်ငံခြားသား ခရီးသွားများ
တည်းခို နေထိုင်နိုင်သော အဆင့်မြှင့် ဆောင်ရွက် ပြီးပါက အဆိုပါ အဆောက်အအုံ
များကို လုပ်ငန်း လိုင်စင်များ ချထားပေး သွားမည် ဖြစ်ကြောင်း ယင်းဌာန
အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။
ချင်းပြည်နယ် သို့
ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည်များ ယခင်ထက် စိတ်ဝင်စားစွာ ပိုမို
လာရောက်ကြ စေရန် အတွက် ကြော်ငြာခြင်း လုပ်ငန်းများ လုပ်ဆောင်၍ ချင်းပြည်နယ်
ခရီးစဉ် လေ့လာမှု အစီအစဉ် များကို ဆောင်ရွက် ပေးခြင်း ၊ အိန္ဒိယ နိုင်ငံမှ
ခရီးသွား လုပ်ငန်းရှင် များနှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ
အကြား အပြန်အလှန် လေ့လာမှု အစီအစဉ် များပြုလုပ်၍ ဆွေးနွေးခြင်းများ
လုပ်ကိုင် ဆောင်ရွက် နိုင်အောင် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။
MWD


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...