စိတ်မကောင်း စရာ၊ စိတ်မချမ်းသာစရာ သမိုင်းတကွေ့ ဖြစ်စဉ်တွေ.. ကျနော်ကတော့ မှတ်မှတ်ရရ မနေ့ က မူးယစ်ပြတိုက်မှာ ရဲအရာရှိကြီးတွေ ၂၀ ကျော်ကို crowd management and control, riot management and control သင်တန်းပို့ ချနေတဲ့ Belgian Police and Irish Police ကအရာရှိကြီး ၂ ယောက်နဲ့  ကျနော် ၈၈ အရေးအခင်းမှာ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ဖြစ်စဉ်သင်ခန်းစာတစ်ခုကို
ဒီဖြစ်စဉ်ကို ဘယ်သူ့ ကိုမှ တခါမှ ပြန်မပြောပြဘူးပါ။
တစ်နေ့်ညက အဲဒီဥရောပ ရဲအရာရှိ ကြီးတွေနဲ့  ညစာစားပွဲလေးတစ်ခုမှာ ကြုံဆုံရတော့ သူတို့  ဘာတွေသင်ကြားပို့ ချနေလဲ မေးမြန်း ဆွေးနွေးရင်းနဲ့  ကျနော်ကြုံခဲ့ဘူးတဲ့ ၈၈ အရေးအခင်း ကာလကဖြစ်စဉ်နဲ့  သူတို့ လိုလားတဲ့ ပုံစံကတိုက်ရိုက် ထပ်တူထပ်မျှ ဖြစ်နေတာ အံ့သြစွာသိ ခဲ့ရတယ်။ ဒါနဲ့ သူတို့ နားထောင်မယ်ဆိုရင် ပြောပြချင်တယ်..ဆိုပြီး ပထမဦးဆုံးအကြိမ် ဒီဖြစ်စဉ်ကို ပြောခဲ့တယ်။ သူတို့ တောင်းဆိုချက်ကြောင့် မနေ့ က ရဲအရာကြီးများသင်တန်းမှာ ထပ်မံ ရှင်းလင်းပြောပြခဲ့တယ်..ဒု
အခုဒါ တတိယအကြိမ်။ မပြောချင်တာကလည်း ၈၈ အရေးအခင်းအကြောင်းက ဝမ်းသာစရာ၊ အပျင်းပြေပြောဖို့ ၊ ဂုဏ်ယူစွာပြောဖို့ ၊ စကားစပ်လို့ တောင်ပြောဖို့  မကောင်းတဲ့ တိုင်းပြည်ရဲ့  ဝမ်းနည်းစရာ သမိုင်းမှတ်တိုင် ဖြစ်စဉ်ကြီးမဟုတ်လား..ဒြါေ
ဖတ်ကြည့်ပြီးမှသုံးသပ်ကြပါ
နေ့ စဉ်အစီရင်ခံစာတွေ ပြန်လှန် ရှာဖွေရင်တော့ရှိပါတယ်။ အဲဒီလောက် မသွားချင်တော့ဘူး။ အရေးအခင်းစဖြစ်တော့ ကျနော်တပ်ရင်းတရင်းမှာ ဒုတိယတပ်ရင်းမှူးတာဝန်ထမ်း
ရန်ကုန်ရောက်တော့ ဝန်ကြီးများရုံး၊ စက်ဆန်း၊ အသံလွှင့်ရုံ၊ သင်ကန်းကျွန်း၊ မီးရထားဝန်ကြီးဌာန (ယခု ဂရန်း မီးရထားဟော်တယ်လ်) တို့ မှာ လှဲ့ ပတ်ပြီး လုံခြုံရေး တာဝန် ထမ်းဆောင်ခဲ့ရတယ်။ အခု ပြောမဲ့ ဖြစ်စဉ်က မီးရထားဝန်ကြီးဌာနမှာ လုံခြုံရေးတာဝန်ကျစဉ်ကဖြစ်
ဆူးလေလမ်းအတိုင်း ဆူးလေဘုရားဘက်ချီတက်လာတဲ့ လူအုပ်နဲ့ မပေါင်းမိစေဖို့  အဓီကထားတားဆီးပိတ်ဆို့ ဖို့ ပဲ။ ကျနော်က တပ်ခွဲ ၂ ခွဲ စစ်ကြောင်းဆိုတော့ လူအင်အား ၂၀၀ နီးပါးရှိတယ်။ .5 machine gun mounted armored car ၂ စီးလည်း တွဲဖက်ပေး ထားတယ်။ အမှန်တော့ show of force အတွက်ပါ။ ဒါနဲ့  တပ်ခွဲတစ်ခွဲကို အခု စင်ထရယ် ဟိုတယ် and Traders Hotel junction ရှေ့  ဆူးလေလမ်းကို ပိတ်စေ ပြီး၊ တစ်ခွဲကို ရွှေတိဂုံဘုရားလမ်း နဲ့  ဗိုလ်ချုပ် လမ်းဆုံ မှာ နေရာချပိတ်စေခဲ့တယ်။
ပိတ်တယ်ဆိုတာ သံဆူးကြိုးတွေပါ barricades တွေပါ။ မနက် ၁၀ နာရီလောက်ကျတော့ ၂ ဖက်စလုံးမှာ လူထုတော်တော်များနေပြီ။ ဆူးလေလမ်း ဘက် ကတော့ ဗိုလ်ချုပ်လမ်းဖက်ကို မတိုးဘူး။ ဒါပေမဲ့ ပြည်သူ့ ဆေးရုံ ဗိုလ်ချုပ်လမ်းပေါ်က လူထုက ပိတ်ထားတာကို အတင်းတိုးနေတယ်။ လူအုပ်ကလည်း ထောင်နဲ့ ချီနေတယ်။ အော်ဟစ်ကြပေါ့။ အဆိုးဆုံးက မိန်းခလေးငယ်ငယ်တွေပဲ…ဆံပင်
ကျနော်ရှေ့ တက်သွားပြီး PA system အော်လံလေးနဲ့ အော်ပြီးသတိ ပေးရတယ်… barricade ကိုမကျော်ပါနဲ့  လို့ .. ကျနော်တို့ မှာ အမိန့် က တိကျပြတ်သားစွာ ပေးထားတယ်။
လုံးဝ မကျော်စေနဲ့ .. ဗိုလ်ချုပ်လမ်းအတိုင်း ကျော်ပြီး ဆူးလေလမ်းက လူထုနဲ့ ပေါင်းဖို့  ကြိုးစားရင် ပစ်ပါ ဆိုတဲ့ အမိန့် ပဲ။ တစ်ခုတော့ရှိတယ်။ ပစ်ဆိုတိုင်း ဇွတ်ရွတ်ပြီးပစ်ဖို့ တော့ မဟုတ်ပါ။ ပထမအဆင့် ကျော်လာလျှင် ခေါင်းပေါ် ၁ဝ ပေ လောက်အထက်ကို ချောက်လှန့် တဲ့အနေနဲ့  သတိပေးတဲ့ အနေနဲ့ ပစ်ပါ။ ပစ်တဲ့အခါမှာလည်း စက်လတ်လို calibre ကြီးတဲ့ သေနတ် လက်နက်ငယ်ကိုသုံးပါ။ (တော်ရုံ အရပ်သားတွေအနေနဲ့  ကိုယ့်ကို မျက်နှာချင်းဆိုင် ပစ်ခံရရင် ကျည်ဆန် ကိုယ့်ပေါ်က၊ ကိုယ်အနားက လေကို ခွင်းသွားတဲ့အသံကြားရုံနဲ့  သွေးလန့် နိုင် ပါ တယ်။ ပြန်ဆုတ်သွားမယ်လို့ တထစ်ချယုံကြည်တယ်။)
ဒုတိယအဆင့်အနေနဲ့ ကာဘိုင်လို calibre သေးပြီး ဒဏ်ရာပဲရစေနိုင်တဲ့ လက်နက်ငယ်နဲ့  ဒူးအောက် ကိုပစ်ရမယ်။ (ဒါက ဗီယက်နမ်စစ်တုန်းကလည်းသုံ
နောက်တစ်ချက်က ကျနော့်အမိန့် မရရင် လုံးဝ (လုံးဝ) ကျည် မထိုးရဘူး။ ပြောင်းထဲမှာ ကျည်မရှိဘူးဆိုတာ တပ်စုမှူးအရာရှိတွေကိုယ်တ
ဒီအတိုင်းပဲ တပ်ဖြန့် ထားတယ်။ ရှေ့ ဆုံးမှာ ကာဘိုင်သမားတွေ ဒူးထောက်ပြီး စောင့်တယ်။ ဒုတိယအဆင့်မှာ လက်နက်ငယ်နဲ့ မတ်တတ်ရပ်စောင့်တယ်။ နောက်ဆုံးမှာတော့ armored car နဲ့ ပေါ့။ ဆန်ဒပြတဲ့ လူအုပ်တဖက့်နဲ့  ကျနော့်တပ် တဖက်နဲ့  စောင်နေ တင်းနေကြတာ ၁၂ နာရီထိုး သွားတယ်။ တစ်ခုကတော့ သူတို့ ဖက်က barricades တွေကို တော့မကျော်ဘူး။ ရှေ့ ကို တွန်း တွန်းပြီးရွေှ့ နေတယ်။ ကျနော့်အထက် ကွပ်ကဲမှုကလည်း စကားပြောဆက်သွယ်ရေးစက်နဲ့  ညွှန်ကြား ချက်တွေပေးနေတယ်။ အခြေအနေတွေ အချိန်နဲ့ တပြေးညီတည်းမေးနေတယ်။ ကျော်ရင် ပစ်ဖို့ လည်း ခဏခဏသတိပေးညွှန်ကြားနေတယ်။
ကျနော်ဘာလုပ်ရမလဲ… သေချာတာကတော့ ဖြစ်နိုင်လျှင် ဒီလူထုကို ကျနော်မပစ်လိုပါ… ဒါပေမဲ့ အမိန့် ကလည်းရှိနေသည်.. ဒိလိုမျိုး အခြေအနေမကြုံဖူးပါ.. လက်နက်ကိုင်ထားတဲ့ ရန်သူနဲ့ ဆိုရင်တော့ဘာမှပြောစရာ မရှိပါ။ သူပစ်ကိုယ်ပစ်ပဲ.. ကျနော်တို့ ခေတ်မှာ rubber bullets, plastic bullets တွေ smoke bombs / water canons တွေ မရှိပါ။ live rounds တွေပဲပေးထားတယ်။ ကျနော်တို့ က ရဲတွေမဟုတ်ပါ။ စစ်တပ်ပါ။ နောက်ဆုံးတော့ ကျနော် အကြံတစ်ခုရသည်.. ကျနော် အော်ဟစ်နေတဲ့ လူထုနားကပ်သွားတယ်။ ပြီးတော့ သူတို့ ထဲက ကိုယ်စားလှယ် ၄ ဦးကို ဆွေးနွေးဖို့  ဖိတ်ခေါ်လိုက်တယ်။ လူငယ်အဖွဲ့ ထဲက ၂ ယောက်၊ ဘုန်းကြီးထဲက ၁ ပါး၊ မိန်းခလေးတွေထဲက တစ်ယောက် သူတို့ ဘာသာရွေးပြီး ကျနော်နဲ့ ဆွေးနွေးဖို့ ပါ။ အချိန် ၁ဝ မိနစ်ပေးလိုက်တယ်။
စကော့ဈေး ညာဘက် အခုကားတွေရပ်သည့်နေရာ ဓါတ်တိုင်အောက် တွင် စောင့် လိုက်တယ်။။ လူအုပ်ုထဲက ကိုယ်စားလှယ် ၃ ဦးထွက်လာတယ်။ လူငယ်အဖွဲ့ က ၁ ယောက်၊ အမျိုးသမီး ငယ်အဖွဲ့ က ၁ ယောက်နဲ့  ဘုန်းကြီးထဲက တစ်ပါး။ ကျနော် သူတို့ နဲ့  ၄ဝ မိနစ်လောက်ဆွေးနွေးတယ်။ အဓိက message ကတော့ ရှင်းရှင်းပဲ။ ကျနော်က စစ်သား။ အမိန့် ရထားတယ်။ ခင်ဗျားတို့  ဒီစည်းကျော်ရင်ပစ်ရမယ် ဆိုတာပဲ။ ဒါပေမဲ့ ကျနော်ဖြစ်နိုင်ရင်မပစ်ချင
ကျနော်တို့ ဟာ မြန်မာလူမျိုးအချင်းချင်းပဲ
ခင်ဗျားတို့  ကျနော့် နေရာမှာ ဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ…ဘာလုပ်စေချင်
အထူးသဖြင့် ဘုန်းကြီးက တကာကြီးပြောတာတရားပါတယ်..ဘု
ကျနော်က ဒါဆိုရင် တစ်ပါတ်ပတ်ပြီးရင် ခင်ဗျားတို့  သပိတ်လှန်မလား.. လူစုခွဲမလားလို့  အာ မခံချက်တောင်းလိုက်တယ်..သူ
လူအုပ်ကြီးက ရွှေတိဂုံ ဘုရားလမ်းအတိုင်း သိမ်ကြီးဈေးဘက်ဆင်းသွားတယ်
လူအုပ် ဆူးလေလမ်းဖက်မပေါင်းမိဘူး။ လူအုပ်လည်း သူတို့ ဆန်ဒပြည့်ဝသွားတယ်.. win win situation ပဲ။
ကျနော်ကတော့ ပိုစိတ်ချမ်းသာတာ ပေါ့… ဒီနေ့ အထိ အိပ်ပျော်တယ်.. ကျနော် ၈၈ အရေးအခင်းမှာ တစ်လကျော်လောက်ရန်ကုန်မှာရ
မှက်ချက်။ ။ ကျန်တဲ့အရာရှိကြီးများက အထက်တန်းကျောင်းသားဘဝပဲရြှိ
From : ..ကျနော့်ရဲ့ ဆရာ...ဦးခမ်း (မှုးယစ်ဗဟိုက ကချင်တိုင်းရင်းသားကြီး ဦးခမ်းအောင် ရေးတာပါ)
.. www.MyanmarExpress.net


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...