သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 6, 2013

လေဒီ ကိုင်ရာ ဗီစီဒီကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားဟု N ကိုင်ရာဆို

အတွဲခွေတွေမှာ ပါဝင်ခဲ့တဲ့ ကိုယ်မညာတော့ဘူး၊ ဒီရင်မှာ စတဲ့ သီချင်းတွေကြောင့် ပရိသတ် လက်ခံတဲ့ တေးသံရှင် တစ်ယောက် ဖြစ်ခဲ့တဲ့ N ကိုင်ရာက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် စီးရီး လေဒီ ကိုင်ရာကို စီဒီအဖြစ် ထွက်ရှိစဉ်က လိုအပ်ချက်တွေ များစွာ ရှိခဲ့တဲ့အတွက် အားမရ ခဲ့ပေမယ့် ဗီစီဒီကိုတော့ ပရိသတ်တွေအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြောင်း The Voice ကို ပြောပါတယ်။

“ဒီခွေအတွက် ကိုင်ရာ သီချင်း လေးပုဒ်လောက် ရိုက်ပြီးသွားပြီ။ ဆက်ရိုက်ဖို့ က ကိုင်ရာ့ အဖေရဲ့ ကျန်းမာရေးကြောင့် ခဏ နားထားတာပါ။ သီချင်းတွေ ကိုတော့ တရုတ်ပြည်ဘက်မှာ ရိုက်ထားတယ်။ ကိုင်ရာကတော့ အဆိုတော် တစ်ယောက် သီချင်းဆိုတဲ့ ပုံစံနဲ့ပဲ သရုပ်ဆောင်ထားပါတယ်။ အဖေ့ ကျန်းမာရေး ကောင်းတာနဲ့ မော်ဒယ်လ်တွေနဲ့ နယ်ဘက်တွေ ထွက်ပြီး ရိုက်ကူးဖို့ ရှိပါတယ်။ လေဒီကိုင်ရာ ခွေကို စီဒီ ထွက်ပြီးသွားတော့ ပရိသတ်တွေက ပါတဲ့ သီချင်းတွေကို ကြိုက်တယ်လို့ ပြောကြပေမယ့် ကိုင်ရာ ကိုယ်တိုင်တော့ သိပ် အားမရလိုက်ဘူး။ ဒါကြောင့် ဗီစီဒီမှာတော့ ပရိသတ်တွေအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ရိုက်ကူးမယ်လို့ ကိုင်ရာ ဆုံးဖြတ်ထားပါတယ်” လို့ N ကိုင်ရာ က ဆိုပါတယ်။

လတ်တလော N ကိုင်ရာရဲ့ အနုပညာ လှုပ်ရှားမှု အနေနဲ့ ကတော့ တေးရေး စောနဲသာရဲ့ အမှတ်တရ စီးရီးမှာ ပါဝင် သီဆိုဖို့ ရှိသလို ဟန်ထွန်း၊ Rဇာနည်၊ ဇော်ပိုင်၊ L ဆိုင်းဇီ စတဲ့ တေးသံရှင်တွေနဲ့ တွဲဖက် သီဆိုထားတဲ့ ရွှေရောင် နေ့ရက်များ ဗီစီဒီလည်း ထွက်လာဖို့ ရှိနေပါတယ်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D