သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 3, 2013

မြိတ်ပင်လယ်ပြင်မှာ ဘင်္ဂါလီ ၃ ဦးကို AK-47 တစ်လက်၊ ကျည်အတောင့် ၂ဝ ပါ ကျည်ကပ် ၂ ခုနဲ့အတူ ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ မြိတ်ပင်လယ်ပြင်မှာ ဘင်္ဂလီလူမျိုး ၃ ဦးကို AK-47 အမျိုးအစား မောင်းပြန်ရိုင်ဖယ် သေနတ်တစ်လက်၊ ကျည်အတောင့် ၂ဝ ပါ ကျည်ကပ် ၂ ခုနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ ညသန်းခေါင်ယံအချိန်ခန့်မှာ ရေကြောင်းပြ မီးမထွန်းဘဲ ပင်လယ်ပြင်ကို တိတ်တဆိတ်ထွက်ခွာဖို့ ပြုလုပ်နေတဲ့ ကောင်းမြတ်ဟင်္သာဆိုတဲ့ ကုန်တင်လှေတစ်စီးအပေါ်ကနေ ကမ်းခြေစောင့်ရေတပ်က ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကုန်တင်လှေကို မြန်မာရေတပ် တိုက်ရေယာဉ်အမှတ် (၄ဝ၃) က ရပ်တန့်စစ်ဆေးရာမှာ စက်ခန်းထဲပုန်းအောင်းနေတဲ့ ဒီဘင်္ဂလီ ၃ ဦးကို လက်နက်နဲ့အတူ တွေ့ရှိခဲ့ပြီးနောက် ရေတပ်က မြိတ်ရဲစခန်းကို လာရောက်အမှုဖွင့်ခဲ့တယ်လို့ မြိတ်ရဲစခန်း တာဝန်ကျအရာရှိတစ်ဦးက RFAကို အခုလို အတည်ပြုပြောကြားပါတယ်။

“ဟုတ်ကဲ့ပါခင်ဗျ မိထားပါတယ်၊ ၁ ရက်နေ့က စစ်တပ်ကဖမ်းတာပါခင်ဗျ၊ စစ်ရေယာဉ်(၄ဝ၃)ကပါ၊ ဟုတ်ကဲ့ လက်နက်တစ်လက်ပါပါတယ်ခင်ဗျ၊ ကျနော်တို့ ရေတပ်ကပဲခင်ဗျ၊ ဖမ်းထားပါတယ်၊ လောလောဆယ်တော့ လှေပိုင်ရှင်ကတော့ ကျနော်တို့ ကော့သောင်းကခင်ဗျ၊ အဲဒါတော့ လောလောဆယ် ဖမ်းလို့မမိသေးပါဘူးခင်ဗျ၊ ကော့သောင်းဘက်ကလို့ ပြောပါတယ်၊ အဲဒီအပေါ်မှာ ကိုယ်စားလှယ်တစ်ဦးတော့ ပါတာပေါ့နော်၊ သူကတာဝန်ခံပြီးတော့ ခေါ်လာတာပါ၊ ဘယ်ကနေခေါ်လာတာလည်းဆိုတာ ကျနော်တို့ အတိအကျတော့မသိဘူး၊ ကျနော်တို့ဒီမြိတ်မှာ ဖမ်းမိတာနော်၊ မြိတ်မှာဖမ်းမိတော့ တပ်ကနေပြီးတော့ ကျနော်တို့ တရားလိုလုပ်ပြီးတော့ ဒီရဲစခန်းမှာ အမှုဖွင့်တာပေါ့နော် သူတို့ကတော့ အဲဒီရခိုင်ဘက်သွားမယ်လို့တော့ ပြောတယ်ခင်ဗျ၊ အဲဒါဒီ လှေသားတွေလည်း ပါတာပေါ့၊ လှေသားတွေက ၁၃ ဦးပေါ့၊ ဘင်္ဂလီကတော့ ၃ ဦးပေါ့၊ ဖမ်းမိထားတာ လောလောဆယ် ကျနော်တို့ ကြိုတင်အမှုဖွင့်အရေးယူထားတာ၊ သူတို့က နားတော့နားလည်ပါတယ်၊ သိပ်ကျွမ်းကျွမ်းကျင်ကျင်ကြီးတော့ မဟုတ်ဘူး၊ ဘင်္ဂလီစကားပြောတာဆိုတော့ မြန်မာစကားတော့ နားလည်ပါတယ်”

ဒီကုန်တင်လှေရဲ့ ရေယာဉ်လိုင်စင်ဟာလည်း ၂ဝ၁၃ ခုနှစ် ဧပြီလကတည်းက သက်တမ်းကုန်ဆုံးနေတယ်လို့ သိရပါတယ်၊ ယခုလောလောဆယ်မှာတော့ ဒီလှေကို အဆိုပါတိုက်ရေယာဉ်အနီးမှာ ရပ်တန့်ထားစေပြီး အသေးစိတ်စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D