သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 3, 2013

ကလေးတွေ ကို ကယ်ကြပါ။

Photo: ကလေးတွေ ကို ကယ်ကြပါ။

ကျွန်တော် ဟာ Calsome Quaker ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံ အနှံ့ 
မြို့များစွာမှာရှိတဲ့ အစိုးရကျောင်းများ၊ဘက ကျောင်းများနဲ့ 
မိဘမဲ့ကလေးကျောင်း များစွာ ( ၂၅၀ ကျော် ) ကို ၃ နှစ် 
ကာလအတွင်းသွားရောက်ခဲ့ပြီး Calsome ခွက်ဆင့်ကစားနည်း နဲ့ ဥာဏ်ရည်ထက်မြက် 
သွက်လက်စေမယ့် Edutainment program တွေကို စီစဉ်ပေးလျက်ရှိပါတယ်..

အဲ့ဒီမှာ ဝမ်းနည်း စိတ်မကောင်း ရင်လေး စရာ 
ဖြစ်ရပ်တွေနေ့စဉ်နဲ့အမျှဖြစ်ပေါ်နေပါတယ်......
တစ်ခြားမဟုတ်ပါ... နယ်မြို့ကျောင်း အကုန်လုံးမှာ ရှိတဲ့ မုန့်စားတန်းတွေ 
နဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဆင်ခြေဖုံး ကျောင်း မုန့်စားတန်းတွေ မှာ ဒီနေ့ 
ထက်ထိ အခုလို မုန့်ပဲသရေစာတွေ ကို ကလေး ထောင်သောင်းပေါင်းများစွာ 
စားနေခဲ့ရ/စားနေကြရဆဲ ဖြစ်ပါတယ်...မုန့် တစ်ချို့နဲ့ မိတ်ဆက်ပေးပါ့မယ်..
ပုံ ရဲ့ ဗယ် အပေါ် ကမုန့် ကို အာနီ လျှာနီ လို့ ခေါ်ပါတယ်..ရောင်းဈေး 
တစ်ထုပ် တစ်ပြား ကို တစ်ဆယ်ကျပ် ဖြစ်ပြီး ဝယ်ရင်း ၈ကျပ်ခွဲ အမြတ် 
တစ်ကျပ်ခွဲ ကျန်ပါတယ်..စားရင် ရမယ့်အကျိုးကျေးဇူးကတော့ သူ့မုန့်နာမည် 
အတိုင်း ၂၀၀ % နီရဲနေဖို့ အာမခံပါတယ်.ဘာဆိုးဆေးတွေနဲ့ ဘာဆေးသကြားတွေ ကို 
ဘယ်လိုနေရာမှာ ဘာနဲ့လုပ်ထားမှန်းလုံးဝ မသိရ.....
ဗယ် အောက် က မုန့် ကိုတော့ ဂျူးချောင်း/အစပ်ချောင်း လို့ ခေါ်ပြီး 
ညာအပေါ်ထောင့် က မုန့်ကို အစပ်ပြားလို့ခေါ်ပါတယ်...ရောင်းဈေး၅၀ ကျပ်မှာ 
ဝယ်ရင်း ၃၈/၄၀ ရှိပါတယ်.....
သူ့ အနံ့အရသာ ကတော့ ရာဘာဖိနပ်ကို နန်းပြား ဆွဲ ထားလိုက်လို့ 
ပါးလွှာနေတဲ့အပေါ် သေအောင်စပ်ရင်ပြီးရော ဆိုတဲ့ 
အစပ်မှုန့်တွေဖြူးထားပြီးတဲ့သကာလမှာ အထုပ်ဖွင့်ဖောက်ဖောက်ခြင်း ထောင်းခနဲ 
ထွက်လာတဲ့ အနံ့ နဲ့ တင် ဒီမုန့် စားကောင်းရင် စီးလာတဲ့ဖိနပ်နဲ့ 
ပါးသာရိုက်သွားဆိုတဲ့ အရသာပါ ( ကျွန်တော် ကိုယ်တိုင် ရှူကြည့် ဝါးကြည့် 
ဖူးတာပါ.အနံ့ နဲ့ အရသာကြောင့် ၅ စက္ကန့် ထက် ပိုမဝါးနိုင်လို့ 
ထွေးထုတ်ခဲ့ရပါတယ် )
ညာ အလယ် က မုန့်တွေ ကတော့ ၂၅ ကျပ်တန် ဂျယ်လီ နဲ့ ကြယ်ပုံ ဆေးသကြား 
ခဲတွေပါ...
ညာ အောက် က မုန့် ကြတော့ ၅၀ တန် ဟင်း အနေနဲ့ တစ်ချို့ ကလေးတွေက ထမင်း နဲ့ 
တွဲ စားကြပါတယ်တဲ့ .....
နောက်ထပ် ဆေးလိပ်ဗူး ပုံစံနဲ့ ဆေးသကြားချောင်းတွေရော အထုပ် ကို အပြင်ကနေ 
ကြည့်လိုက်တာနဲ့ လက်သည်းခွံ လောက်ရှိတဲ့ အချိုမှုန့်ခဲတွေ မြင်နေရတဲ့ 
မုန့်မျိုးစုံတွေ အများကြီးရှိပါသေးတယ်....
အများအားဖြင့် က တရုတ်နယ်စပ်က လာတယ်လို့သိရပါတယ်....

လက်ရှိ private school တွေနဲ့ ယှဉ်လျှင် အစိုးရကျောင်းတက်နေကြရတဲ့ 
ကလေးတွေဟာ တစ်နိုင်ငံလုံး မှာ ၉၀% နှုန်း အထက်ရှိပါတယ်.....

ကျွန်တော် က ကျန်းမာရေး ပညာရှင် / အစားအသောက် ကျွမ်းကျင် ပညာရှင် 
မဟုတ်ပေမယ့် အနာဂတ် မြန်မာ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို 
ထုဆစ်ပေးကြမယ့် လူငယ်တွေဟာ ဒီလိုမုန့်မျိုးတွေစားပြီးကြီးပြင်း 
လာကြရမယ်သာဆိုလျင်ဖြင့်.........

ကိုရွှေကျော်

http://myawadynews.blogspot.com/2013/09/blog-post_5526.html
ကျွန်တော် ဟာ Calsome Quaker ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံ အနှံ့ မြို့များစွာမှာရှိတဲ့ အစိုးရကျောင်းများ၊ဘက ကျောင်းများနဲ့ မိဘမဲ့ကလေးကျောင်း များစွာ ( ၂၅၀ ကျော် ) ကို ၃ နှစ် ကာလအတွင်းသွားရောက်ခဲ့ပြီး Calsome ခွက်ဆင့်ကစားနည်း နဲ့ ဥာဏ်ရည်ထက်မြက် သွက်လက်စေမယ့် Edutainment program တွေကို စီစဉ်ပေးလျက်ရှိပါတယ်..
အဲ့ဒီမှာ ဝမ်းနည်း စိတ်မကောင်း ရင်လေး စရာ ဖြစ်ရပ်တွေနေ့စဉ်နဲ့အမျှဖြစ်ပေါ်နေပါတယ်......
တစ်ခြားမဟုတ်ပါ... နယ်မြို့ကျောင်း အကုန်လုံးမှာ ရှိတဲ့ မုန့်စားတန်းတွေ နဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဆင်ခြေဖုံး ကျောင်း မုန့်စားတန်းတွေ မှာ ဒီနေ့ ထက်ထိ အခုလို မုန့်ပဲသရေစာတွေ ကို ကလေး ထောင်သောင်းပေါင်းများစွာ စားနေခဲ့ရ/စားနေကြရဆဲ ဖြစ်ပါတယ်...မုန့် တစ်ချို့နဲ့ မိတ်ဆက်ပေးပါ့မယ်..
ပုံ ရဲ့ ဗယ် အပေါ် ကမုန့် ကို အာနီ လျှာနီ လို့ ခေါ်ပါတယ်..ရောင်းဈေး တစ်ထုပ် တစ်ပြား ကို တစ်ဆယ်ကျပ် ဖြစ်ပြီး ဝယ်ရင်း ၈ကျပ်ခွဲ အမြတ် တစ်ကျပ်ခွဲ ကျန်ပါတယ်..စားရင် ရမယ့်အကျိုးကျေးဇူးကတော့ သူ့မုန့်နာမည် အတိုင်း ၂၀၀ % နီရဲနေဖို့ အာမခံပါတယ်.ဘာဆိုးဆေးတွေနဲ့ ဘာဆေးသကြားတွေ ကို ဘယ်လိုနေရာမှာ ဘာနဲ့လုပ်ထားမှန်းလုံးဝ မသိရ.....
ဗယ် အောက် က မုန့် ကိုတော့ ဂျူးချောင်း/အစပ်ချောင်း လို့ ခေါ်ပြီး ညာအပေါ်ထောင့် က မုန့်ကို အစပ်ပြားလို့ခေါ်ပါတယ်...ရောင်းဈေး၅၀ ကျပ်မှာ ဝယ်ရင်း ၃၈/၄၀ ရှိပါတယ်.....
သူ့ အနံ့အရသာ ကတော့ ရာဘာဖိနပ်ကို နန်းပြား ဆွဲ ထားလိုက်လို့ ပါးလွှာနေတဲ့အပေါ် သေအောင်စပ်ရင်ပြီးရော ဆိုတဲ့ အစပ်မှုန့်တွေဖြူးထားပြီးတဲ့သကာလမှာ အထုပ်ဖွင့်ဖောက်ဖောက်ခြင်း ထောင်းခနဲ ထွက်လာတဲ့ အနံ့ နဲ့ တင် ဒီမုန့် စားကောင်းရင် စီးလာတဲ့ဖိနပ်နဲ့ ပါးသာရိုက်သွားဆိုတဲ့ အရသာပါ ( ကျွန်တော် ကိုယ်တိုင် ရှူကြည့် ဝါးကြည့် ဖူးတာပါ.အနံ့ နဲ့ အရသာကြောင့် ၅ စက္ကန့် ထက် ပိုမဝါးနိုင်လို့ ထွေးထုတ်ခဲ့ရပါတယ် )
ညာ အလယ် က မုန့်တွေ ကတော့ ၂၅ ကျပ်တန် ဂျယ်လီ နဲ့ ကြယ်ပုံ ဆေးသကြား ခဲတွေပါ...
ညာ အောက် က မုန့် ကြတော့ ၅၀ တန် ဟင်း အနေနဲ့ တစ်ချို့ ကလေးတွေက ထမင်း နဲ့ တွဲ စားကြပါတယ်တဲ့ .....
နောက်ထပ် ဆေးလိပ်ဗူး ပုံစံနဲ့ ဆေးသကြားချောင်းတွေရော အထုပ် ကို အပြင်ကနေ ကြည့်လိုက်တာနဲ့ လက်သည်းခွံ လောက်ရှိတဲ့ အချိုမှုန့်ခဲတွေ မြင်နေရတဲ့ မုန့်မျိုးစုံတွေ အများကြီးရှိပါသေးတယ်....
အများအားဖြင့် က တရုတ်နယ်စပ်က လာတယ်လို့သိရပါတယ်....

လက်ရှိ private school တွေနဲ့ ယှဉ်လျှင် အစိုးရကျောင်းတက်နေကြရတဲ့ ကလေးတွေဟာ တစ်နိုင်ငံလုံး မှာ ၉၀% နှုန်း အထက်ရှိပါတယ်.....

ကျွန်တော် က ကျန်းမာရေး ပညာရှင် / အစားအသောက် ကျွမ်းကျင် ပညာရှင် မဟုတ်ပေမယ့် အနာဂတ် မြန်မာ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ထုဆစ်ပေးကြမယ့် လူငယ်တွေဟာ ဒီလိုမုန့်မျိုးတွေစားပြီးကြီးပြင်း လာကြရမယ်သာဆိုလျင်ဖြင့်.........

ကိုရွှေကျော်

http://myawadynews.blogspot.com/2013/09/blog-post_5526.html

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D