မဖြီးလိမ်း နိုင်တော့ တဲ့ 
ငါ့ ဦးခေါင်းက ဆံနွယ်စတွေကို
ကျေးဇူးပြုပြီး လှောင်ရယ်ခြင်းမပြုပါနဲ့ 
တခါက အမိန့် တွေကို
ဒီဦးခေါင်းနဲ့  ဦးလတ်မသုန်ထမ်းဆောင်ခဲ့ ပါတယ်
ငါတနေ့  အိုမင်းသွားတဲ့ အခါ
အရင်လို လေးပင့်တဲ့  အရာဝတ္တုတွေကို
မထမ်းနိုင်တော့ တဲ့  အခါတိုင်း
အပြစ်တင် ဝေဖန်ခြင်း ကင်းနိင်ကြပါစေ
တခါက ကြီးလေးသော တာဝန်တွေကို
ဒီပုခုံးနဲ့  ငါ ထမ်းရွက်ခဲ့ ဖူးပါတယ်.................
ငါ တနေ့ အိုမင်းသွားတဲ့  အခါ
ဖျတ်လတ်သန်မာတဲ့  လက်ချောင်းတွေက
တစ်ဦးကို တစ်ဦး အမှီသဟဲဖြစ်ဖို့  မဆုပ်ကိုင်နိုင်တော့ တဲ့ အခါ
ရီမော လှောင်ပြောင်ခြင်းတွေ မပြုလုပ်ပါနဲ့ 
တခါက တိုင်းပြည်အတွက်
သေနတ်ကို ဆွဲကိုင်
မျိုးချစ်စိတ်တွေနဲ့  အပြိုင် ဒီလက်တစ်စုံနဲ့ ပဲ ရင်ဆိုင်ဖူးပါတယ်..............
ငါတနေ့  အိုမင်းသွားတဲ့  အခါ
ငါ တနေ့  အိုမင်းသွားတဲ့  အခါ
ငါ တနေ့  အိုမင်းသွားတဲ့  အခါ..............
ငါ့ နိုင်ငံတော်
ငါ့ နိုင်ငံသား
ငါ့ တပ်မတော်အတွက်
ငါ့ အသက်ကို လည်းပေးဆပ်ခဲ့ ပါတယ်
လူငယ်ဘ၀ရဲ့  တက္ကသိုလ်တက်ပြီး ကုန်ဆုံးရမဲ့  ပျော်ရွင်ခြင်းကျောင်းသားဘ၀တွေကိုလည်းစတေးခဲ့ ပါတယ်.............
နွေးထွေးတဲ့  မိသားစု အသိုက်အမြုံကိုလည်း ကျောခိုင်းခဲ့ ပါတယ်...........
ချစ်သူမရှာနိုင်ခဲ့ တဲ့  နှလုံးသား တစ်ခုလည်း စတေးခဲ့ ရပါတယ်............

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...